iMyanmarHouse.com - Best Property Website for Myanmar
×







Credit : 7day daily






Unicode Version


 လေ့ကျင့်ခန်းလုပ်ခြင်းသည် ကျန်းမာရေးအကျိုးကျေးဇူးများသည်ဟု ယုံကြည်ခြင်းကြောင့် လူအများကို ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်လာစေရန် စေ့ဆော်မှုဖြစ်စေသည်သာမဟုတ်ဘဲ လေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးများပိုမိုရရှိနိုင်ကြောင်း လေ့လာ မှုအသစ်တစ်ခုက ဖော်ပြသည်။

စက်ဘီးစီးခြင်းကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိ သည်ဟု ယုံကြည်ထားသူများသည် လေ့ကျင့်ခန်းပိုလုပ်ရသည်ကို သဘောကျပြီး ပို၍ သက်သောင့်သက်သာရှိသောကြောင့် အလုံးစုံ အကျိုးကျေးဇူးများပို၍ ရရှိကြောင်း ဂျာမနီသုတေသီများက ပြော ကြားသည်။

လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိနိုင်သည်ဟု ယုံကြည်ထားသူများသည် စိုးရိမ်စိတ်များ သိသိသာ သာလျော့နည်းပြီး စိတ်ကျန်းမာရေးအားကောင်းကြောင်း သုတေသီ များလေ့လာတွေ့ရှိခဲ့သည်။

လမ်းလျှောက်ခြင်း၊ ပြေးခြင်းတို့ကဲ့သို့ ကိုယ်လက်လှုပ်ရှားမှုမျိုး ကို ကျန်းမာရေးယုံကြည်ချက်ဖြင့် ပြုလုပ်သူများလည်း လေ့ကျင့်ခန်း လုပ်ခြင်း၏ အကျိုးကျေးဇူးများ ပိုမိုခံစားရကြောင်း သုတေသီများက ပြောသည်။

မျှော်လင့်ချက်များနှင့် စိတ်အာရုံစူးစိုက်ခြင်းတို့ကြောင့် လေ့ ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးများအပေါ် သိသိသာသာလွှမ်းမိုးမှုရှိကြောင်း သုတေသီများက ပြောသည်။

ယုံကြည်မှုနှင့် မျှော်လင့်ချက်တို့ကြောင့် လေ့ကျင့်ခန်းပိုလုပ်ဖြစ် စေကြောင်း သုတေသီများက ပြောသည်။

Credit : 7day daily



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top