iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ့္ခ်စ္သူနဲ႕ပတ္သက္ျပီး စိတ္ထဲမသကၤာျဖစ္ေနတာၾကာျပီ။ အခ်ိန္တုိင္းဖုန္းတစ္လံုးနဲ႕ အလုပ္ရႈပ္ေနတတ္သလို ပံုတစ္ပံုပို႕စ္လုပ္ရင္ေတာင္ ႏွစ္ေယာက္တြဲပံု မဟုတ္ပဲ သူ႕တစ္ေယာက္တည္းပံုေတြခ်ညး္ ဆုိတာ့ နည္းနည္း စိတ္တုိလာတာအမွန္ပဲ။ သူ႕ကိုသြားျပီး ရွင့္မွာေနာက္တစ္ေယာက္ရွိေနလားလုိ႕ ေမးရေအာင္ကလည္း ကိုယ့္မွာ သူတျခားတစ္ေယာက္နဲ႕ ၾကဴထား၊ ေၾကာင္ထားတဲ့ လက္ဆုပ္လက္ကိုင္ျပစရာ ဘာမွမရွိေသး။ ျပသနာေတြတက္ျပီး အျပတ္ျပတ္နဲ႕ႏွာေခါင္းေသြးထြက္တာမ်ိးလည္း မၾကံဳခ်င္။ ဒီလိုျပသနာမ်ိဳးေတြ ၾကံဳေတြ႕ေနရတဲ့ ပ်ိဳေမေတြ အတြက္ ေအာက္မွာ ေဖာ္ျပေပးထားတဲ့ အခ်က္ကေလးေတြနဲ႕ အတည္ျပဳႏိုင္ပါတယ္။

၁။သူနဲ႕ကိုယ္ facebook မွာ သူငယ္ခ်င္းေတာင္ မျဖစ္ေသးဘူး။
ခ်စ္သူရည္းစားေတြျဖစ္ေနေပမယ့္ တစ္ဦးနဲ႕တစ္ဦး facebook မွာ သူငယ္ခ်င္းေတာင္ မျဖစ္ေသးဘူးဆုိတာ နည္းနည္းေတာ့ အူေၾကာင္ေၾကာင္ႏိုင္ပါတယ္။ ဒါေပမယ့္ ခုမွ ရည္းစားျဖစ္ခါစမုိ႕ facebook မွာ သူငယ္ခ်င္းမျဖစ္ေသးဘူးထား၊ လက္ခံႏိုင္ပါေသးတယ္။ အဲ့ဒီလို မဟုတ္ပဲလေတြၾကာလာတာေတာင္ သူက သင့္ရဲ႕ friend request ကို လက္မခံပဲ ထားထားမယ္။ ဒါမွမဟုတ္သင့္ကို ဘေလာ့ခ္လုပ္ထားမယ္ဆုိရင္ေတာ့ သင့္အေနနဲ႕ သူ႕ရဲ႕အေျခအေနကို ခန္႕မွန္းႏိုင္ေလာက္ ပါတယ္။

၂။တစ္ခ်ိန္လံုး facebook ခ်ည္းသံုးေနတယ္။                     
သူ႕အလုပ္နဲ႕လည္း ဘာမွမပတ္သက္၊ သံုးရမယ့္အေျခအေနတစ္ခုခုလညး္ မရွိပဲ တစ္ေန႕တစ္ေန႕ ဖုန္းနဲ႕မ်က္ႏွာနဲ႕မခြာပဲ facebookခ်ည္းသံုးတယ္ဆုိရင္ သူ ဘာ့ေၾကာင့္ ဒါကိုစြဲစြဲမက္မက္သံုးေနရသလဲဆုိတဲ့ ေမးခြန္းရွိလာပါျပီ။

၃။ facebook မွာ သူငယ္ခ်င္းဆုိေပမယ့္ သူပို႕စ္တင္တာ ဘာမွမျမင္ရဘူး။
facebook က်ြမ္းက်ြမ္းက်င္က်င္သံုးတတ္ရင္ ကိုယ္တင္တဲ့ပို႕စ္ကို ဘယ္သူ႕ကိုေတာ့ျဖင့္ မျမင္ေစခ်င္ဘူး၊ ဘယ္သူကိုေတာ့ျဖင့္ ျမင္ေစခ်င္တယ္ဆိုတာမ်ိဳး ေရြးခ်ယ္ထားလို႕ရပါတယ္။ သူ႕ wall မွာ သင္သြားၾကည့္တုိင္း ဘာမွမျမင္ရရင္ သူနဲ႕ သူငယ္ခ်င္းျဖစ္ျပီးသား အျခားသူေတြရဲ႕အေကာင့္ကေန ၀င္ၾကည့္ပါ။

၄။facebook မွာ သူတိတ္တခိုးသေဘာက်ေနတဲ့သူ ရွိေနတယ္။
အႏုပညာရွင္မဟုတ္ပဲ သူတိတ္တခိုးသေဘာက်ေနတဲ့ သူရဲ႕ ဓာတ္ပံုေတြ၊ ပို႕စ္ေတြတုိင္းမွာ သူ႕ Like အျမဲေတြ႕ရတယ္။ ဒါကိုထားပါဦး။ ဆုိးသြားတဲ့အခ်က္ကေတာ့ သူက ကသင့္ရဲ႕ပံုေတြပို႕စ္ေတြသာ Like မလုပ္ရင္ေနရမယ္၊ သူသေဘာက်ေနတဲ့ သူေတြရဲ႕ပို႕စ္ေတြမွာေတာ့ အျမဲ Like မျပတ္ဘူးဆုိရင္ သင္စဥ္းစားေတြးေတာဖုိ႕ အခ်ိန္ေရာက္ပါျပီ။

၅။ သင္အနားကပ္လာတာနဲ႕ သူ႕ laptop ဒါမွမဟုတ္ ဖုန္းကို ပိတ္ပစ္လိုက္ေရာ။
သင္ကလူတစ္ေယာက္မွာ သူ႕လြတ္လပ္ခြင့္ေတာ့အနည္းဆံုးရွိရမယ္ဆုိတာ နားလည္ထားလို႕ သူ႕ရဲ႕ facebook password ကိုမေတာင္းပဲထားထားတာေတာင္ သင္ သူ႕နားေရာက္သြားတဲ့အခ်ိန္ သူ laptop ဖြင့္ထားရင္ ခ်က္ခ်င္းပိတ္ပစ္တာမ်ိဳး၊ ဖုန္းကိုဆုိလည္းဒီလိုပဲ facebook ကlog outလုပ္လိုက္တာမ်ိဳးေတြ ၾကံဳလာရင္ သူ႕အေျခအေန မဟန္လုိ႕သာ ျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:trend myanmar

#Unicode Version

ကိုယ့်ချစ်သူနဲ့ပတ်သက်ပြီး စိတ်ထဲမသင်္ကာဖြစ်နေတာကြာပြီ။ အချိန်တိုင်းဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်သလို ပုံတစ်ပုံပို့စ်လုပ်ရင်တောင် နှစ်ယောက်တွဲပုံ မဟုတ်ပဲ သူ့တစ်ယောက်တည်းပုံတွေချည်း ဆိုတာ့ နည်းနည်း စိတ်တိုလာတာအမှန်ပဲ။ သူ့ကိုသွားပြီး ရှင့်မှာနောက်တစ်ယောက်ရှိနေလားလို့ မေးရအောင်ကလည်း ကိုယ့်မှာ သူတခြားတစ်ယောက်နဲ့ ကြူထား၊ ကြောင်ထားတဲ့ လက်ဆုပ်လက်ကိုင်ပြစရာ ဘာမှမရှိသေး။ ပြသနာတွေတက်ပြီး အပြတ်ပြတ်နဲ့နှာခေါင်းသွေးထွက်တာမျိးလည်း မကြုံချင်။ ဒီလိုပြသနာမျိုးတွေ ကြုံတွေ့နေရတဲ့ ပျိုမေတွေ အတွက် အောက်မှာ ဖော်ပြပေးထားတဲ့ အချက်ကလေးတွေနဲ့ အတည်ပြုနိုင်ပါတယ်။

၁။သူနဲ့ကိုယ် facebook မှာ သူငယ်ချင်းတောင် မဖြစ်သေးဘူး။
ချစ်သူရည်းစားတွေဖြစ်နေပေမယ့် တစ်ဦးနဲ့တစ်ဦး facebook မှာ သူငယ်ချင်းတောင် မဖြစ်သေးဘူးဆိုတာ နည်းနည်းတော့ အူကြောင်ကြောင်နိုင်ပါတယ်။ ဒါပေမယ့် ခုမှ ရည်းစားဖြစ်ခါစမို့ facebook မှာ သူငယ်ချင်းမဖြစ်သေးဘူးထား၊ လက်ခံနိုင်ပါသေးတယ်။ အဲ့ဒီလို မဟုတ်ပဲလတွေကြာလာတာတောင် သူက သင့်ရဲ့ friend request ကို လက်မခံပဲ ထားထားမယ်။ ဒါမှမဟုတ်သင့်ကို ဘလော့ခ်လုပ်ထားမယ်ဆိုရင်တော့ သင့်အနေနဲ့ သူ့ရဲ့အခြေအနေကို ခန့်မှန်းနိုင်လောက် ပါတယ်။

၂။တစ်ချိန်လုံး facebook ချည်းသုံးနေတယ်။                    
သူ့အလုပ်နဲ့လည်း ဘာမှမပတ်သက်၊ သုံးရမယ့်အခြေအနေတစ်ခုခုလည်း မရှိပဲ တစ်နေ့တစ်နေ့ ဖုန်းနဲ့မျက်နှာနဲ့မခွာပဲ facebookချည်းသုံးတယ်ဆိုရင် သူ ဘာ့ကြောင့် ဒါကိုစွဲစွဲမက်မက်သုံးနေရသလဲဆိုတဲ့ မေးခွန်းရှိလာပါပြီ။

၃။ facebook မှာ သူငယ်ချင်းဆိုပေမယ့် သူပို့စ်တင်တာ ဘာမှမမြင်ရဘူး။
facebook ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ရင် ကိုယ်တင်တဲ့ပို့စ်ကို ဘယ်သူ့ကိုတော့ဖြင့် မမြင်စေချင်ဘူး၊ ဘယ်သူကိုတော့ဖြင့် မြင်စေချင်တယ်ဆိုတာမျိုး ရွေးချယ်ထားလို့ရပါတယ်။ သူ့ wall မှာ သင်သွားကြည့်တိုင်း ဘာမှမမြင်ရရင် သူနဲ့ သူငယ်ချင်းဖြစ်ပြီးသား အခြားသူတွေရဲ့အကောင့်ကနေ ဝင်ကြည့်ပါ။

၄။facebook မှာ သူတိတ်တခိုးသဘောကျနေတဲ့သူ ရှိနေတယ်။
အနုပညာရှင်မဟုတ်ပဲ သူတိတ်တခိုးသဘောကျနေတဲ့ သူရဲ့ ဓာတ်ပုံတွေ၊ ပို့စ်တွေတိုင်းမှာ သူ့ Like အမြဲတွေ့ရတယ်။ ဒါကိုထားပါဦး။ ဆိုးသွားတဲ့အချက်ကတော့ သူက ကသင့်ရဲ့ပုံတွေပို့စ်တွေသာ Like မလုပ်ရင်နေရမယ်၊ သူသဘောကျနေတဲ့ သူတွေရဲ့ပို့စ်တွေမှာတော့ အမြဲ Like မပြတ်ဘူးဆိုရင် သင်စဉ်းစားတွေးတောဖို့ အချိန်ရောက်ပါပြီ။

၅။ သင်အနားကပ်လာတာနဲ့ သူ့ laptop ဒါမှမဟုတ် ဖုန်းကို ပိတ်ပစ်လိုက်ရော။
သင်ကလူတစ်ယောက်မှာ သူ့လွတ်လပ်ခွင့်တော့အနည်းဆုံးရှိရမယ်ဆိုတာ နားလည်ထားလို့ သူ့ရဲ့ facebook password ကိုမတောင်းပဲထားထားတာတောင် သင် သူ့နားရောက်သွားတဲ့အချိန် သူ laptop ဖွင့်ထားရင် ချက်ချင်းပိတ်ပစ်တာမျိုး၊ ဖုန်းကိုဆိုလည်းဒီလိုပဲ facebook ကlog outလုပ်လိုက်တာမျိုးတွေ ကြုံလာရင် သူ့အခြေအနေ မဟန်လို့သာ ဖြစ်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top