iMyanmarHouse.com - Best Property Website for Myanmar
×

အဟင္းဟင္း၊ ေယာက္်ားဆုိတာက မိန္းကေလးကုိ ရည္းစားဘဝကတည္းက အခ်ိဳးေျပေနေအာင္ လုပ္ထားဖုိ႔လုိတယ္။ သိတယ္မလား အပုိးက်ိဳးေအာင္ေပါ့။ အားႏြဲ႕တဲ့မိန္းမသားဆုိၿပီး မညွာေလနဲ႔။ အတင္စီးခံလုိက္ရင္ ေခါင္းေပၚတက္လာလိမ့္မယ္ ဟုတ္တယ္ဟုတ္။ ဟိတ္ဆုိ ဟိတ္၊ တိတ္ဆို တိတ္ ဘာမွတ္ေနလဲ ႏုိင္ၿပီးသားပဲ။ ၂၁ရက္ထိေတာင္ ေစာင့္စရာမလုိဘူး၊ တစ္ပတ္အတြင္း စကီေလးကုိ အပုိးက်ိဳးသြားေအာင္ ဘယ္လုိလုပ္ရမလဲဆိုတာ အလင္းျပမယ္။ စိတ္ဝင္စားေနၿပီ ဟုတ္။
၁။ မုိးလင္းတာနဲ႔ စရစ္ေပေတာ့။

စကီေတြဆုိတာက ပုံမွန္အေျခအေနကုိ ရမ္ႏွစ္ပတ္ေလာက္ ေသာက္ထားတဲ့အတုိင္းပဲ၊ ရစ္ခ်င္ေနတာ။.အဲဒီေတာ့ သူ မရစ္ခင္ကတည္းက ကုိယ္ကဦးေအာင္ ရစ္ေပေတာ့။ “ေဟ့ မနက္ခင္း ငါ့ဖုိ႔ နန္းႀကီးသုတ္တစ္ပြဲလာပုိ႔စမ္း၊ ေကာ္ဖီေလးပါဆြဲခဲ့၊ ေန႔လယ္စာအတြက္ ထမင္းခ်ိဳင့္ထုတ္ထား ဒါပဲ” လုိ႔ ခပ္ျပတ္ျပတ္ပဲေျပာလုိက္။ ဘာမွလာမပုိ႔ရင္ေတာင္ မနက္ခင္းကတည္းက အပုိးက်ိဳးထားလုိ႔ တစ္ေနကုန္ျပန္မေျပာရဲေတာ့ဘူး။
၂။ စိတ္ေကာက္ေနတယ္မလား။

အဲလုိေျပာလုိက္ရင္ေတာ့ စကီေလးဘက္က စိတ္ေကာက္ေနမွာ ေသခ်ာၿပီ။ မိန္းကေလးေတြ စိတ္ေကာက္တယ္ဆုိတာ လုိက္ေခ်ာ့ေနတဲ့သူရွိလုိ႔။ ဘယ္သူကမွ မေခ်ာ့ရင္ စိတ္မေကာက္ရဲဘူး။ နင္ကပဲ စိတ္ေကာက္မလား၊ ငါကပဲ ေနႏုိင္မလား ေစာင့္ၾကည့္လုိက္။ ဟြန္းဟြန္း။ ရဲေဘာ္တုိ႔ အသဲမာလုိက္ပါ။

၃။ ဖုန္းဆက္ရင္ မသိခ်င္ေယာင္ေဆာင္။

အဟင္းဟင္း။ စကီေလးဘက္က ဖုန္းဆက္ရင္ မသိခ်င္ေယာင္ေဆာင္ၿပီး မကုိင္နဲ႔၊ ၿပီးမွ ကုိယ့္ဘက္က ျပန္ဆက္လုိက္။ “ခုနတုန္းက ဘာလု႔ိဖုန္းေခၚတာလဲ၊ ဘုရားရွိခုိးေနတာ အာရုံေနာက္တယ္ ေနာက္တစ္ခါမျဖစ္ေစနဲ႔ ဒါပဲ ဂြက္” ဆုိၿပီး ရုပ္တည္ႀကီးနဲ႔ မာန္တတ္ပါေစ။ သူေတာ္ေကာင္းႀကီးထင္ၿပီး ၾကည္ညိဳသြားလိမ့္မယ္။ အဲလုိေလး ၾသဇာသီးေကြ်းထားလုိက္ရင္ ေအးေဆးအနားယူေနတဲ့အခ်ိန္ေတြမွာ စကီေလးက ဖုန္းတဂြမ္ဂြမ္ မဆက္ရဲေတာ့ဘူး ဟုတ္တယ္ဟုတ္။
၄။ မ်က္ျခည္မျပတ္ ေစာင့္ၾကည့္ထား။

စကီေလး ဘာေတြလုပ္ေနတယ္ဆုိတာ အထူးဂရုျပဳပါေလ၊ Facebook ေပၚဘယ္သူနဲ႔ ဓာတ္ပုံတြဲရုိက္တာကအစ အျပင္မွာ ဘယ္သူေတြနဲ႔ Shopping ထြက္တယ္အဆုံး ေသခ်ာလုိက္ၾကည့္ထားပါ။ ၿပီးရင္ မသိခ်င္ေယာင္ေဆာင္ေနပါေစ။ ေယာက္်ားေလးပီပီ အရက္ေသာက္သြားတဲ့အခါမ်ိဳးမွာ စကီေလးဘက္က ခ်ဳပ္ခ်ယ္လာမယ္ဆုိရင္ အဲအခ်ိန္က်မွ ကုိယ့္ဘက္ကလည္း ဝွက္ဖဲေတြကုိ ထုတ္သုံးပစ္။ အလုိလုိ ပါးစပ္ပိတ္သြားလိမ့္မယ္။
၅။ မေလ်ာ့မတင္း ေစာင္းႀကိဳးညွင္း

အင္း . . ။ ဒီကိစၥအေရးအႀကီးဆုံးပဲ။ စကီေလးေတြကုိ ကုိင္တြယ္တဲ့ေနရာမွာ တင္းလြန္းရင္ ျပတ္သြားမယ္၊ ေလ်ာ့လြန္းရင္ ပတ္သြားမယ္၊ အဲဒီေတာ့ မေလ်ာ့မတင္း၊ အလယ္အလတ္လမ္းစဥ္နဲ႔သာ က်င့္ၾကံအားထုတ္ေပေတာ့။ တခ်ိဳ႕ေနရာေလးေတြမွာ ခပ္တင္းတင္းေလး ဆက္ဆံေပးသလုိ တစ္ခါတေလမွာေတာ့ စကီေလးအလုိက် ဆက္ဆံေပးလုိက္မယ္ဆုိရင္ တစ္ပတ္အတြင္းမွာပဲ “ထုိင္ဆုိထုိင္ ထဆုိထ” အထာက်လာပါလိမ့္မယ္။

Credit:ေက်ာ္စုိးေအာင္ (အခရာ)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
အဟင်းဟင်း၊ ယောက်ျားဆိုတာက မိန်းကလေးကို ရည်းစားဘဝကတည်းက အချိုးပြေနေအောင် လုပ်ထားဖို့လိုတယ်။ သိတယ်မလား အပိုးကျိုးအောင်ပေါ့။ အားနွဲ့တဲ့မိန်းမသားဆိုပြီး မညှာလေနဲ့။ အတင်စီးခံလိုက်ရင် ခေါင်းပေါ်တက်လာလိမ့်မယ် ဟုတ်တယ်ဟုတ်။ ဟိတ်ဆို ဟိတ်၊ တိတ်ဆို တိတ် ဘာမှတ်နေလဲ နိုင်ပြီးသားပဲ။ ၂၁ရက်ထိတောင် စောင့်စရာမလိုဘူး၊ တစ်ပတ်အတွင်း စကီလေးကို အပိုးကျိုးသွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အလင်းပြမယ်။ စိတ်ဝင်စားနေပြီ ဟုတ်။
၁။ မိုးလင်းတာနဲ့ စရစ်ပေတော့။

စကီတွေဆိုတာက ပုံမှန်အခြေအနေကို ရမ်နှစ်ပတ်လောက် သောက်ထားတဲ့အတိုင်းပဲ၊ ရစ်ချင်နေတာ။.အဲဒီတော့ သူ မရစ်ခင်ကတည်းက ကိုယ်ကဦးအောင် ရစ်ပေတော့။ “ဟေ့ မနက်ခင်း ငါ့ဖို့ နန်းကြီးသုတ်တစ်ပွဲလာပို့စမ်း၊ ကော်ဖီလေးပါဆွဲခဲ့၊ နေ့လယ်စာအတွက် ထမင်းချိုင့်ထုတ်ထား ဒါပဲ” လို့ ခပ်ပြတ်ပြတ်ပဲပြောလိုက်။ ဘာမှလာမပို့ရင်တောင် မနက်ခင်းကတည်းက အပိုးကျိုးထားလို့ တစ်နေကုန်ပြန်မပြောရဲတော့ဘူး။
၂။ စိတ်ကောက်နေတယ်မလား။

အဲလိုပြောလိုက်ရင်တော့ စကီလေးဘက်က စိတ်ကောက်နေမှာ သေချာပြီ။ မိန်းကလေးတွေ စိတ်ကောက်တယ်ဆိုတာ လိုက်ချော့နေတဲ့သူရှိလို့။ ဘယ်သူကမှ မချော့ရင် စိတ်မကောက်ရဲဘူး။ နင်ကပဲ စိတ်ကောက်မလား၊ ငါကပဲ နေနိုင်မလား စောင့်ကြည့်လိုက်။ ဟွန်းဟွန်း။ ရဲဘော်တို့ အသဲမာလိုက်ပါ။

၃။ ဖုန်းဆက်ရင် မသိချင်ယောင်ဆောင်။

အဟင်းဟင်း။ စကီလေးဘက်က ဖုန်းဆက်ရင် မသိချင်ယောင်ဆောင်ပြီး မကိုင်နဲ့၊ ပြီးမှ ကိုယ့်ဘက်က ပြန်ဆက်လိုက်။ “ခုနတုန်းက ဘာလု့ိဖုန်းခေါ်တာလဲ၊ ဘုရားရှိခိုးနေတာ အာရုံနောက်တယ် နောက်တစ်ခါမဖြစ်စေနဲ့ ဒါပဲ ဂွက်” ဆိုပြီး ရုပ်တည်ကြီးနဲ့ မာန်တတ်ပါစေ။ သူတော်ကောင်းကြီးထင်ပြီး ကြည်ညိုသွားလိမ့်မယ်။ အဲလိုလေး သြဇာသီးကျွေးထားလိုက်ရင် အေးဆေးအနားယူနေတဲ့အချိန်တွေမှာ စကီလေးက ဖုန်းတဂွမ်ဂွမ် မဆက်ရဲတော့ဘူး ဟုတ်တယ်ဟုတ်။
၄။ မျက်ခြည်မပြတ် စောင့်ကြည့်ထား။

စကီလေး ဘာတွေလုပ်နေတယ်ဆိုတာ အထူးဂရုပြုပါလေ၊ Facebook ပေါ်ဘယ်သူနဲ့ ဓာတ်ပုံတွဲရိုက်တာကအစ အပြင်မှာ ဘယ်သူတွေနဲ့ Shopping ထွက်တယ်အဆုံး သေချာလိုက်ကြည့်ထားပါ။ ပြီးရင် မသိချင်ယောင်ဆောင်နေပါစေ။ ယောက်ျားလေးပီပီ အရက်သောက်သွားတဲ့အခါမျိုးမှာ စကီလေးဘက်က ချုပ်ချယ်လာမယ်ဆိုရင် အဲအချိန်ကျမှ ကိုယ့်ဘက်ကလည်း ဝှက်ဖဲတွေကို ထုတ်သုံးပစ်။ အလိုလို ပါးစပ်ပိတ်သွားလိမ့်မယ်။
၅။ မလျော့မတင်း စောင်းကြိုးညှင်း

အင်း . . ။ ဒီကိစ္စအရေးအကြီးဆုံးပဲ။ စကီလေးတွေကို ကိုင်တွယ်တဲ့နေရာမှာ တင်းလွန်းရင် ပြတ်သွားမယ်၊ လျော့လွန်းရင် ပတ်သွားမယ်၊ အဲဒီတော့ မလျော့မတင်း၊ အလယ်အလတ်လမ်းစဉ်နဲ့သာ ကျင့်ကြံအားထုတ်ပေတော့။ တချို့နေရာလေးတွေမှာ ခပ်တင်းတင်းလေး ဆက်ဆံပေးသလို တစ်ခါတလေမှာတော့ စကီလေးအလိုကျ ဆက်ဆံပေးလိုက်မယ်ဆိုရင် တစ်ပတ်အတွင်းမှာပဲ “ထိုင်ဆိုထိုင် ထဆိုထ” အထာကျလာပါလိမ့်မယ်။

Credit:ကျော်စိုးအောင် (အခရာ)



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top