iMyanmarHouse.com - Best Property Website for Myanmar
×

ဒီလူေတြက ဂ်င္းကို ေဖ်ာ္ရည္လုပ္ထားတာပဲျဖစ္ျဖစ္၊ ဟင္းထဲပါလို႔ ကိုက္စားတာျဖစ္ျဖစ္၊ ဂ်င္းသုပ္စားတာျဖစ္ျဖစ္ အလြန္အကၽြံ မစားသင့္ပါဘူး။

က်န္းမာေရး အတြက္ ေကာင္းမြန္တဲ့ အရာတစ္ခု ျဖစ္ေပမယ့္လည္း အႏၱရာယ္ ျဖစ္ေစႏုိင္မယ့္ အေၾကာင္းရင္းေတြ ရွိတဲ့အတြက္ က်န္းမာေရးဗဟုသုတအျဖစ္ ေဝမွ်ေပးလိုက္ပါတယ္။


ေသြးတိုး၊ ဆီးခ်ိဳေရာဂါသည္

ေနမေကာင္းတဲ့အခါ၊ အရမ္းခ်မ္းေအးတဲ့ ရာသီေတြမွာ ဂ်င္းျပဳတ္ရည္ တစ္က်ိဳက္ေလာက္ေမာ့လိုက္တာနဲ႔ ခ်က္ခ်င္းဆိုသလို ေႏြးေႏြးေထြးေထြး ျဖစ္သြားၿပီး အခ်မ္းေျပတာကို မွတ္မိၾကမွာပါ။ ဂ်င္းမွာ ေသြးလည္ပတ္မႈကို ခ်က္ခ်င္းျမန္ဆန္ေစၿပီး ေသြးအသြားအလာကို ျမန္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေသြးနဲ႔ ပတ္သက္ၿပီးေရာဂါရွိသူေတြအတြက္ ေသြးစီးဆင္းမႈကို သက္ေရာက္ေစႏိုင္တာမို႔ စားသံုးဖို႔ သိပ္ၿပီး မသင့္ေတာ္လွပါဘူး။ ဥပမာ ေသြးက်ဲၿပီး ေသြးထြက္မ်ားသူေတြအတြက္ ေသြးထြက္တာ မတိတ္ဘဲ ျဖစ္ေနတတ္ပါတယ္။ ေသြးတိုး၊ ဆီးခ်ိဳေရာဂါသည္ေတြ အေနနဲ႔လည္း ဂ်င္းေဖ်ာ္ရည္ကို မေသာက္သင့္ပါဘူး။

ကိုယ္အေလးခ်ိန္နည္းေနသူမ်ား

BMI နဲ႔ တြက္ၾကည့္လိုက္ၿပီး မိမိဟာ ရွိသင့္တဲ့အေလးခ်ိန္ေအာက္ေရာက္ေနမယ္ဆိုရင္ ဂ်င္းကို မစားသင့္ပါဘူး။ မရွိတဲ့ အဆီေတြကို ေလာင္ကၽြမ္းသြားေစမွာ ျဖစ္ၿပီး လိုအပ္တဲ့အဆီေတာင္ မရွိဘဲ အားနည္းသြားေစႏိုင္ပါတယ္။ ကုိယ္အေလးခ်ိန္နည္းတယ္ဆိုတာက အလြယ္ေျပာရရင္ေတာ့ အသက္ ၂၀ အထက္ကို ေပါင္ ၁၀၀ ေအာက္ ရွိေနရင္ ကိုယ္အေလးခ်ိန္နည္းတယ္လို႔ ဆုိႏိုင္ပါတယ္။

ကိုယ္၀န္ေဆာင္မိခင္မ်ား

ဟင္းထဲမွာ ပါတဲ့ ဂ်င္းက ျပႆနာ မဟုတ္ေပမယ့္ ဂ်င္းျပဳတ္ရည္ေသာက္တာ ဂ်င္းေဖ်ာ္ရည္ေသာက္တာမ်ိဳးေတြကိုေတာ့ ေရွာင္သင့္ပါတယ္။ က်န္းမာေရး အတြက္ ေကာင္းတယ္ဆိုေပမယ့္ ကိုယ္၀န္ေဆာင္ေနခ်ိန္မွာ ေသာက္ရင္ ကိုယ္၀န္အတြက္ အႏၱရာယ္ရွိႏိုင္တဲ့အတြက္ မေသာက္သံုးသင့္ပါဘူး။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဒီလူတွေက ဂျင်းကို ဖျော်ရည်လုပ်ထားတာပဲဖြစ်ဖြစ်၊ ဟင်းထဲပါလို့ ကိုက်စားတာဖြစ်ဖြစ်၊ ဂျင်းသုပ်စားတာဖြစ်ဖြစ် အလွန်အကျွံ မစားသင့်ပါဘူး။

ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်ပေမယ့်လည်း အန္တရာယ် ဖြစ်စေနိုင်မယ့် အကြောင်းရင်းတွေ ရှိတဲ့အတွက် ကျန်းမာရေးဗဟုသုတအဖြစ် ဝေမျှပေးလိုက်ပါတယ်။


သွေးတိုး၊ ဆီးချိုရောဂါသည်

နေမကောင်းတဲ့အခါ၊ အရမ်းချမ်းအေးတဲ့ ရာသီတွေမှာ ဂျင်းပြုတ်ရည် တစ်ကျိုက်လောက်မော့လိုက်တာနဲ့ ချက်ချင်းဆိုသလို နွေးနွေးထွေးထွေး ဖြစ်သွားပြီး အချမ်းပြေတာကို မှတ်မိကြမှာပါ။ ဂျင်းမှာ သွေးလည်ပတ်မှုကို ချက်ချင်းမြန်ဆန်စေပြီး သွေးအသွားအလာကို မြန်စေနိုင်ပါတယ်။ ဒါကြောင့် သွေးနဲ့ ပတ်သက်ပြီးရောဂါရှိသူတွေအတွက် သွေးစီးဆင်းမှုကို သက်ရောက်စေနိုင်တာမို့ စားသုံးဖို့ သိပ်ပြီး မသင့်တော်လှပါဘူး။ ဥပမာ သွေးကျဲပြီး သွေးထွက်များသူတွေအတွက် သွေးထွက်တာ မတိတ်ဘဲ ဖြစ်နေတတ်ပါတယ်။ သွေးတိုး၊ ဆီးချိုရောဂါသည်တွေ အနေနဲ့လည်း ဂျင်းဖျော်ရည်ကို မသောက်သင့်ပါဘူး။

ကိုယ်အလေးချိန်နည်းနေသူများ

BMI နဲ့ တွက်ကြည့်လိုက်ပြီး မိမိဟာ ရှိသင့်တဲ့အလေးချိန်အောက်ရောက်နေမယ်ဆိုရင် ဂျင်းကို မစားသင့်ပါဘူး။ မရှိတဲ့ အဆီတွေကို လောင်ကျွမ်းသွားစေမှာ ဖြစ်ပြီး လိုအပ်တဲ့အဆီတောင် မရှိဘဲ အားနည်းသွားစေနိုင်ပါတယ်။ ကိုယ်အလေးချိန်နည်းတယ်ဆိုတာက အလွယ်ပြောရရင်တော့ အသက် ၂၀ အထက်ကို ပေါင် ၁၀၀ အောက် ရှိနေရင် ကိုယ်အလေးချိန်နည်းတယ်လို့ ဆိုနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များ

ဟင်းထဲမှာ ပါတဲ့ ဂျင်းက ပြဿနာ မဟုတ်ပေမယ့် ဂျင်းပြုတ်ရည်သောက်တာ ဂျင်းဖျော်ရည်သောက်တာမျိုးတွေကိုတော့ ရှောင်သင့်ပါတယ်။ ကျန်းမာရေး အတွက် ကောင်းတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်နေချိန်မှာ သောက်ရင် ကိုယ်ဝန်အတွက် အန္တရာယ်ရှိနိုင်တဲ့အတွက် မသောက်သုံးသင့်ပါဘူး။

Credit:Duwun



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top