iMyanmarHouse.com - Best Property Website for Myanmar
×

ပီဇာက လွ်ာအတြက္ ထူးျခားတဲ့အရသာရိွေပမယ့္ က်န္းမာေရးအဖုိ႔ မေကာင္းတဲ့အရာတစ္ခု ျဖစ္ပါတယ္။ ပီဇာမွာ ရိွတဲ့ျပသနာက ကယ္လုိရီ၊ ဆိုဒီယမ္နဲ႔႔ ျပည့္ဝအဆီမ်ားလြန္းမႈပဲ ျဖစ္ပါတယ္။ ပီဇာမွာ ဘာေတြပါလဲ။ ပီဇာတစ္ခ်ပ္မွာ ကယ္လုိရီ ၃၀၀၊ အဆီ ၁၄ ဂရမ္နဲ႔ ဆုိဒီယမ္ ၇၀၀ မီလီဂရမ္ဝန္းက်င္ ပါဝင္တယ္လုိ႔ ဆိုပါတယ္။ ျပီးေတာ့ ပီဇာတစ္ခ်ပ္လုံးစားရင္ ဘာျဖစ္မလဲ။ က်န္းမာေရးေကာင္းေနရင္ တစ္လ ၁ ခ်ပ္စားတာ အႏၱရာယ္မရိွေပမယ့္ အျမဲတမ္းလုိလို စားပါက က်န္းမာေရးျပသနာေတြ ဖိတ္ေခၚေနတာပါ။ ပီဇာစားတာကလည္း ေဆးလိပ္နဲ႔ အရက္စြဲသလုိမ်ဳိး စြဲသြားတတ္ပါတယ္။

၁။ အရင္ဦးဆုံး… ပီဇာကို ဘာနဲ႔လုပ္ထားသလဲ။ သန္႔စင္ထားတဲ့ ဂ်ဳံနဲ႔ပါ။ သန္႔စင္ထားတဲ့ ဂ်ဳံေတြ မေကာင္းတာ လူတိုင္းသိပါတယ္။ ပီဇာမွာ ပါတဲ့ သတၱဳဓာတ္၊ ဗီတာမင္နဲ႔ အမွ်င္ဓာတ္ေတြက သန္႔စင္မႈျဖစ္စဥ္အတြင္း ဆုံးရႈံးသြားပါတယ္။ ျပီးေတာ့ သန္႔စင္ထားတဲ့ ဂ်ဳံက ဗိုက္အဆီတက္ေစႏုိင္ပါတယ္။

၂။ ပီဇာမွာ သုံးတဲ့ ဒိန္ခဲက ႏွလုံးျပသနာနဲ႔ ကိုလက္ထေရာျပသနာေတြ ျမင့္တက္ေစႏုိင္ပါတယ္။ သက္သတ္လြတ္ပီဇာစားလည္း ဆီပါဝင္မႈ ပိုမ်ားေနပါတယ္။

၃။ ပီဇာမွာ ေသြးတုိးအႏၱရာယ္ ျမင့္တက္ေစႏုိင္တဲ့ ဆုိဒီယမ္ေျမာက္မ်ားစြာ ပါဝင္ပါတယ္။ ပီဇာတစ္ခုလုံးစားမယ္ဆိုရင္ ေန႔စဥ္စားသုံးသင့္တဲ့ ဆိုဒီယမ္ပမာဏ ထက္ဝက္နီးပါး ရိွသြားပါျပီ။

၄။ ပီဇာရဲ႕ ပါဝင္ပစၥည္းေတြက ဦးေႏွာက္အတြင္း သာယာမႈရေအာင္ လႈ႔ံေဆာ္ေပးကာ စြဲလန္းေစတတ္ပါတယ္။

၅။ သၾကားဓာတ္ပမာဏ တဟုန္ထုိးျမင့္တက္ျပီး ကာလတစ္ခုၾကာျပီးေနာက္ အႏၱရာယ္ျဖစ္ပြားႏုိင္ပါတယ္။ ဒါဟာ သန္႔စင္ထားတဲ့ ဂ်ဳံနဲ႔ ပီဇာစြဲလန္းမႈေၾကာင့္ ျဖစ္ပါတယ္။

၆။ ၎ရဲ႕အရသာေၾကာင့္ ပီဇာကို ထပ္ထပ္ စားခ်င္ျပီး အဲဒီအက်င့္က ေရရွည္မွာ အဝလြန္ေရာဂါ၊ ေသြးတုိး၊ ဆီးခ်ဳိနဲ႔ ႏွလုံးေသြးေၾကာေရာဂါအႏၱရာယ္ေတြ ပိုမ်ားေစပါလိမ့္မယ္။

Credit : Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပီဇာက လျှာအတွက် ထူးခြားတဲ့အရသာရှိပေမယ့် ကျန်းမာရေးအဖို့ မကောင်းတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ပီဇာမှာ ရှိတဲ့ပြသနာက ကယ်လိုရီ၊ ဆိုဒီယမ်နဲ့ ပြည့်ဝအဆီများလွန်းမှုပဲ ဖြစ်ပါတယ်။ ပီဇာမှာ ဘာတွေပါလဲ။ ပီဇာတစ်ချပ်မှာ ကယ်လိုရီ ၃၀၀၊ အဆီ ၁၄ ဂရမ်နဲ့ ဆိုဒီယမ် ၇၀၀ မီလီဂရမ်ဝန်းကျင် ပါဝင်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ပီဇာတစ်ချပ်လုံးစားရင် ဘာဖြစ်မလဲ။ ကျန်းမာရေးကောင်းနေရင် တစ်လ ၁ ချပ်စားတာ အန္တရာယ်မရှိပေမယ့် အမြဲတမ်းလိုလို စားပါက ကျန်းမာရေးပြသနာတွေ ဖိတ်ခေါ်နေတာပါ။ ပီဇာစားတာကလည်း ဆေးလိပ်နဲ့ အရက်စွဲသလိုမျိုး စွဲသွားတတ်ပါတယ်။

၁။ အရင်ဦးဆုံး… ပီဇာကို ဘာနဲ့လုပ်ထားသလဲ။ သန့်စင်ထားတဲ့ ဂျုံနဲ့ပါ။ သန့်စင်ထားတဲ့ ဂျုံတွေ မကောင်းတာ လူတိုင်းသိပါတယ်။ ပီဇာမှာ ပါတဲ့ သတ္တုဓာတ်၊ ဗီတာမင်နဲ့ အမျှင်ဓာတ်တွေက သန့်စင်မှုဖြစ်စဉ်အတွင်း ဆုံးရှုံးသွားပါတယ်။ ပြီးတော့ သန့်စင်ထားတဲ့ ဂျုံက ဗိုက်အဆီတက်စေနိုင်ပါတယ်။

၂။ ပီဇာမှာ သုံးတဲ့ ဒိန်ခဲက နှလုံးပြသနာနဲ့ ကိုလက်ထရောပြသနာတွေ မြင့်တက်စေနိုင်ပါတယ်။ သက်သတ်လွတ်ပီဇာစားလည်း ဆီပါဝင်မှု ပိုများနေပါတယ်။

၃။ ပီဇာမှာ သွေးတိုးအန္တရာယ် မြင့်တက်စေနိုင်တဲ့ ဆိုဒီယမ်မြောက်များစွာ ပါဝင်ပါတယ်။ ပီဇာတစ်ခုလုံးစားမယ်ဆိုရင် နေ့စဉ်စားသုံးသင့်တဲ့ ဆိုဒီယမ်ပမာဏ ထက်ဝက်နီးပါး ရှိသွားပါပြီ။

၄။ ပီဇာရဲ့ ပါဝင်ပစ္စည်းတွေက ဦးနှောက်အတွင်း သာယာမှုရအောင် လှုံ့ဆော်ပေးကာ စွဲလန်းစေတတ်ပါတယ်။

၅။ သကြားဓာတ်ပမာဏ တဟုန်ထိုးမြင့်တက်ပြီး ကာလတစ်ခုကြာပြီးနောက် အန္တရာယ်ဖြစ်ပွားနိုင်ပါတယ်။ ဒါဟာ သန့်စင်ထားတဲ့ ဂျုံနဲ့ ပီဇာစွဲလန်းမှုကြောင့် ဖြစ်ပါတယ်။

၆။ ၎င်းရဲ့အရသာကြောင့် ပီဇာကို ထပ်ထပ် စားချင်ပြီး အဲဒီအကျင့်က ရေရှည်မှာ အဝလွန်ရောဂါ၊ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးသွေးကြောရောဂါအန္တရာယ်တွေ ပိုများစေပါလိမ့်မယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...






 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top