iMyanmarHouse.com - Best Property Website for Myanmar
×

စံုတြဲတိုင္းမွာ တစ္ခ်ိန္က် ျပန္ေျပာရေလာက္တဲ့ ၾကည္ႏူးစရာ အခိုက္အတန္႔ေလးေတြ ရွိတတ္ပါတယ္။ ဒီအျဖစ္အပ်က္ေတြဟာ သူတို႔ စိတ္ထဲမွာ ႏွစ္ေပါင္းမ်ားစြာ ၾကာေအာင္ စြဲစြဲနစ္နစ္ ရွိေနတာ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ အျဖစ္အပ်က္ေလးေတြဟာ စာဖြဲ႕ေလာက္စရာမဟုတ္ဘူးဆိုေပမဲ့ မေမ့ႏုိင္တာမ်ိဳးျဖစ္ပါတယ္။ စံုတြဲတိုင္းမွာ ရွိတတ္တဲ့ မေမ့ႏုိင္စရာ အခိုက္အတန္႔ေလးေတြကို ေအာက္မွာ ေဖာ္ျပေပးထားတာေၾကာင့္ သင့္မွာေရာ ဒီလို အခိုက္အတန္ေလးေတြရွိဖူးလား ၾကည့္ၾကည့္ေပးပါဦး။

၁ - ပထမဆံုးခ်ိန္းေတြ႕တဲ့ အခ်ိန္

ပထမဆံုးခ်ိန္းေတြ႕တဲ့အခ်ိန္ေလာက္ စိတ္လႈပ္ရွားစရာ ေကာင္းတာ မရွိပါဘူး။ ဆိုင္တစ္ဆိုင္မွာ ထိုင္ျပီး ေတြ႕တာမ်ိဳး ျဖစ္ႏုိင္ေပမဲ့ ေနာင္တစ္ခ်ိန္မွာ လက္ထပ္တဲ့ေန႔လို ၾကီးၾကီးမားမား ျပန္ေျပာရမယ့္ ေန႔ပါပဲ။ ဘယ္ေလာက္ပဲ အေတြ႕အၾကံဳရွိရွိ တကယ္ခ်စ္တဲ့လူနဲ႔ ပထမဆံုးခ်ိန္းေတြ႕တဲ့ေန႔ဟာ မေမ့ႏုိင္စရာပါပဲ။

၂ - ဘာမွမလုပ္တဲ့အခ်ိန္

အခြင့္အေရးယူလို႔ရေလာက္ေအာင္ ႏွစ္ေယာက္တည္းရွိေနေပမဲ့ ဘာအခြင့္အေရးမွ မယူခဲ့တဲ့ အခုိက္အတန္႔ ျဖစ္ပါတယ္။ ဒါဟာ မေမ့ႏိုင္စရာ ကိစၥရပ္တစ္ခုပါပဲ။ အဲ့ဒီအခ်ိန္မွာ တစ္ေယာက္နဲ႔တစ္ေယာက္အတူရွိေနခဲ့တာ၊ စကားေတြေျပာခဲ့တာ၊ ကတိေတြ ေပးခဲ့တာ စတဲ့ ျဖစ္ရပ္ေတြဟာ ၾကည္ႏူးစရာပဲ ျဖစ္ပါတယ္။



၃ - မိသားစု

သူ႔မိသားစုကို သင္သေဘာက်သြားတဲ့ အခ်ိန္ျဖစ္ပါတယ္။ သင့္လက္တြဲေဖာ္ရဲ႕ အိမ္ကို ေရာက္သြားျပီး သူ႕မိသားစုကို သင့္မိသားစုလို ဆက္ဆံႏိုင္တယ္ဆိုတာ သိလိုက္ရတဲ့ အခိုက္အတန္႔က ေက်နပ္စရာ ျဖစ္ပါတယ္။ စိုးရိမ္ေဝခြဲမရမႈကေန ေႏြးေထြးလံုျခံဳတယ္ဆိုတဲ့ ခံစားခ်က္ကို ေျပာင္းသြားတဲ့အခ်ိန္ေလး ျဖစ္ပါတယ္။

၄ - ၾကိဳတဲ့အခ်ိန္

အေဝးက သူျပန္လာတာကို ၾကိဳတဲ့အခ်ိန္ျဖစ္ပါတယ္။ လေတြႏွစ္ေတြ ခြဲျပီး ျပန္ဆံုရတဲ့ အခ်ိန္ျဖစ္ပါတယ္။ အၾကာၾကီး မခြဲဖူးတဲ့ စံုတြဲေတြကေတာ့ ဒီေပ်ာ္ရႊင္မႈကို သိဖို႔ခက္ပါမယ္။

၅ - ရန္ပြဲ

တစ္ေယာက္နဲ႔ တစ္ေယာက္ နာက်င္ေအာင္ေျပာျပီး ရန္ျဖစ္ပါတယ္။ မၾကိဳက္တာေတြကို ေျပာပါတယ္။ ဒီလို ရန္ျဖစ္ေနခ်ိန္မွာပဲ သူနဲ႔ ကြဲမွာ မဟုတ္ဘူးဆိုတာ သိေနတဲ့ အခိုက္အတန္႔ျဖစ္ပါတယ္။ ဒါဟာ နားလည္ယံုၾကည္မႈတစ္ခု ရွိထားတဲ့ စံုတြဲေတြ သိတဲ့ အခိုက္အတန္႔ ျဖစ္ပါတယ္။

၆ - ခရီး

စံုတြဲေတြ သူတို႔ရဲ႕ အေကာင္းဆံုးအခ်ိန္လို႔ အမ်ားဆံုးေျပာေလ့ရွိၾကတဲ့ အခိုက္အတန္႔ ျဖစ္ပါတယ္။ ႏွစ္ဦးသား ခရီးထြက္ၾကတဲ့ အခ်ိန္ကို တသသ ျပန္ေျပာရေလာက္ေအာင္ အျမဲတမ္း သတိတရရွိၾကပါတယ္။ ႏွစ္ဦးစလံုး ငယ္ရြယ္လြပ္လပ္ေနတဲ့ အခ်ိန္မွာ အသစ္အဆန္းေတြနဲ႔ ထိေတြ႕ရတဲ့ အခိုက္အတန္႔ ျဖစ္ပါတယ္။

၇ - ရွင္သန္မႈ

သစ္ပင္တစ္ပင္ကို အတူစိုက္တာ၊ ေခြးေလးတစ္ေကာင္ေမြးၾကည့္တာမ်ိဳး ျဖစ္ပါတယ္။ သူတို႔ရွင္သန္လာတာကို ၾကည့္ရင္း ႏွစ္ဦးသား ၾကည္ႏူးရတဲ့ အခ်ိန္ေတြ ျဖစ္ပါတယ္။ တစ္ဦးနဲ႔ တစ္ဦး နားလည္မႈ ပိုရွိလာတ့ဲအခိုက္အတန္႔ေတြလည္း ျဖစ္ပါတယ္။

၈ - ဆံုးရႈံးခ်ိန္

အလုပ္ျပဳတ္သြားတဲ့အခ်ိန္မွာ သူ ကိုယ့္ကိုယ္ အားေပးခဲ့တာကို မေမ့ႏုိင္ပါဘူး။ ႏွစ္ေယာက္စလံုး အလုပ္မရွိတဲ့အခ်ိန္မွာ အတူေဝမွ်စားခဲ့ၾကတာဟာ ျပန္ေျပာရင္ ၾကည္ႏူးစရာပါ။ မိခင္၊ ဖခင္လို အေရးၾကီးတဲ့မိသားစုဝင္တစ္ဦး ဆံုးရႈံးသြားခ်ိန္မွာ သူ ကိုယ္ေဘးနား ရွိေပးခဲ့တာေတြဟာ မေမ့ႏုိင္စရာပါ။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:duwun

#Unicode Version

စုံတွဲတိုင်းမှာ တစ်ချိန်ကျ ပြန်ပြောရလောက်တဲ့ ကြည်နူးစရာ အခိုက်အတန့်လေးတွေ ရှိတတ်ပါတယ်။ ဒီအဖြစ်အပျက်တွေဟာ သူတို့ စိတ်ထဲမှာ နှစ်ပေါင်းများစွာ ကြာအောင် စွဲစွဲနစ်နစ် ရှိနေတာ ဖြစ်ပါတယ်။ တစ်ချို့ အဖြစ်အပျက်လေးတွေဟာ စာဖွဲ့လောက်စရာမဟုတ်ဘူးဆိုပေမဲ့ မမေ့နိုင်တာမျိုးဖြစ်ပါတယ်။ စုံတွဲတိုင်းမှာ ရှိတတ်တဲ့ မမေ့နိုင်စရာ အခိုက်အတန့်လေးတွေကို အောက်မှာ ဖော်ပြပေးထားတာကြောင့် သင့်မှာရော ဒီလို အခိုက်အတန်လေးတွေရှိဖူးလား ကြည့်ကြည့်ပေးပါဦး။

၁ - ပထမဆုံးချိန်းတွေ့တဲ့ အချိန်

ပထမဆုံးချိန်းတွေ့တဲ့အချိန်လောက် စိတ်လှုပ်ရှားစရာ ကောင်းတာ မရှိပါဘူး။ ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး တွေ့တာမျိုး ဖြစ်နိုင်ပေမဲ့ နောင်တစ်ချိန်မှာ လက်ထပ်တဲ့နေ့လို ကြီးကြီးမားမား ပြန်ပြောရမယ့် နေ့ပါပဲ။ ဘယ်လောက်ပဲ အတွေ့အကြုံရှိရှိ တကယ်ချစ်တဲ့လူနဲ့ ပထမဆုံးချိန်းတွေ့တဲ့နေ့ဟာ မမေ့နိုင်စရာပါပဲ။

၂ - ဘာမှမလုပ်တဲ့အချိန်

အခွင့်အရေးယူလို့ရလောက်အောင် နှစ်ယောက်တည်းရှိနေပေမဲ့ ဘာအခွင့်အရေးမှ မယူခဲ့တဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ ဒါဟာ မမေ့နိုင်စရာ ကိစ္စရပ်တစ်ခုပါပဲ။ အဲ့ဒီအချိန်မှာ တစ်ယောက်နဲ့တစ်ယောက်အတူရှိနေခဲ့တာ၊ စကားတွေပြောခဲ့တာ၊ ကတိတွေ ပေးခဲ့တာ စတဲ့ ဖြစ်ရပ်တွေဟာ ကြည်နူးစရာပဲ ဖြစ်ပါတယ်။

၃ - မိသားစု

သူ့မိသားစုကို သင်သဘောကျသွားတဲ့ အချိန်ဖြစ်ပါတယ်။ သင့်လက်တွဲဖော်ရဲ့ အိမ်ကို ရောက်သွားပြီး သူ့မိသားစုကို သင့်မိသားစုလို ဆက်ဆံနိုင်တယ်ဆိုတာ သိလိုက်ရတဲ့ အခိုက်အတန့်က ကျေနပ်စရာ ဖြစ်ပါတယ်။ စိုးရိမ်ဝေခွဲမရမှုကနေ နွေးထွေးလုံခြုံတယ်ဆိုတဲ့ ခံစားချက်ကို ပြောင်းသွားတဲ့အချိန်လေး ဖြစ်ပါတယ်။

၄ - ကြိုတဲ့အချိန်

အဝေးက သူပြန်လာတာကို ကြိုတဲ့အချိန်ဖြစ်ပါတယ်။ လတွေနှစ်တွေ ခွဲပြီး ပြန်ဆုံရတဲ့ အချိန်ဖြစ်ပါတယ်။ အကြာကြီး မခွဲဖူးတဲ့ စုံတွဲတွေကတော့ ဒီပျော်ရွှင်မှုကို သိဖို့ခက်ပါမယ်။

၅ - ရန်ပွဲ

တစ်ယောက်နဲ့ တစ်ယောက် နာကျင်အောင်ပြောပြီး ရန်ဖြစ်ပါတယ်။ မကြိုက်တာတွေကို ပြောပါတယ်။ ဒီလို ရန်ဖြစ်နေချိန်မှာပဲ သူနဲ့ ကွဲမှာ မဟုတ်ဘူးဆိုတာ သိနေတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ဒါဟာ နားလည်ယုံကြည်မှုတစ်ခု ရှိထားတဲ့ စုံတွဲတွေ သိတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။

၆ - ခရီး

စုံတွဲတွေ သူတို့ရဲ့ အကောင်းဆုံးအချိန်လို့ အများဆုံးပြောလေ့ရှိကြတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ နှစ်ဦးသား ခရီးထွက်ကြတဲ့ အချိန်ကို တသသ ပြန်ပြောရလောက်အောင် အမြဲတမ်း သတိတရရှိကြပါတယ်။ နှစ်ဦးစလုံး ငယ်ရွယ်လွပ်လပ်နေတဲ့ အချိန်မှာ အသစ်အဆန်းတွေနဲ့ ထိတွေ့ရတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။

၇ - ရှင်သန်မှု

သစ်ပင်တစ်ပင်ကို အတူစိုက်တာ၊ ခွေးလေးတစ်ကောင်မွေးကြည့်တာမျိုး ဖြစ်ပါတယ်။ သူတို့ရှင်သန်လာတာကို ကြည့်ရင်း နှစ်ဦးသား ကြည်နူးရတဲ့ အချိန်တွေ ဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး နားလည်မှု ပိုရှိလာတဲ့အခိုက်အတန့်တွေလည်း ဖြစ်ပါတယ်။

၈ - ဆုံးရှုံးချိန်

အလုပ်ပြုတ်သွားတဲ့အချိန်မှာ သူ ကိုယ့်ကိုယ် အားပေးခဲ့တာကို မမေ့နိုင်ပါဘူး။ နှစ်ယောက်စလုံး အလုပ်မရှိတဲ့အချိန်မှာ အတူဝေမျှစားခဲ့ကြတာဟာ ပြန်ပြောရင် ကြည်နူးစရာပါ။ မိခင်၊ ဖခင်လို အရေးကြီးတဲ့မိသားစုဝင်တစ်ဦး ဆုံးရှုံးသွားချိန်မှာ သူ ကိုယ်ဘေးနား ရှိပေးခဲ့တာတွေဟာ မမေ့နိုင်စရာပါ။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top