iMyanmarHouse.com - Best Property Website for Myanmar
×

လိင္မႈကိစၥနဲ႔ပတ္သက္လာရင္ ေယာကၤ်ားေလးေတြက အျမဲတမ္းစိတ္ပါတက္ၾကြတယ္လို႔ ထင္ထားၾကပါတယ္။ တကယ္ေတာ့ ဒီလိုထင္ျမင္ခ်က္က မွားယြင္းေနပါတယ္။ ေယာကၤ်ားေလးေတြမွာလည္း လိင္မႈကိစၥကို စိတ္မ၀င္စားတဲ့အခ်ိန္ေတြရွိပါတယ္။ ဒီလို စိတ္မ၀င္စားရတဲ့ အေၾကာင္းရင္းေတြအမ်ားစုထဲက (၁၀)ခုကေတာ့

၁။ တကိုယ္ရည္စိတ္ေျဖထားလို႔

ဟုတ္ပါတယ္။ ေယာကၤ်ားေလးေတြအေနနဲ႔ ကိုယ့္ဘာသာကိုယ္ လက္အသံုးျပဳၿပီး စိတ္ေျဖထားတာ သိပ္မၾကာေသးဘူးဆိုရင္ ခ်စ္တင္းေႏွာဖို႔ကို အာ႐ုံရဖို႔ သိပ္မလြယ္ပါဘူး။

၂။ စိတ္ႀကိဳက္အားကစားပြဲ ရွိေနလို႔

ဒီလိုေျပာလို႔ လိင္ကိစၥထက္ အားကစားကို ပိုႏွစ္သက္တယ္ဆိုတဲ့ သေဘာေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ ေယာကၤ်ားေလးအမ်ားစုက သူတို႔ သေဘာက်အားေပးတဲ့ အားကစားနည္းတစ္မ်ိဳးမ်ိဳးကို ၾကည့္ရမယ့္အခ်ိန္ဆိုရင္ ဘာညာကိစၥကို အာ႐ုံမရတတ္ၾကပါဘူး။ မိန္းကေလးေတြအေနနဲ႔ေရာ အႀကိဳက္ဆံုးအစီအစဥ္တစ္ခုလာေနခ်ိန္မွာ ခ်စ္တင္းေႏွာဖို႔ ႀကိဳးစားရင္ႀကိဳက္ပါသလား။ မႀကိဳက္ပါဘူး။ ဒီလိုသေဘာပါပဲ။

၃။ အရမ္းပင္ပန္းႏြမ္းနယ္ေနလို႔

ေယာကၤ်ားေလးတစ္ေယာက္က အလုပ္ထဲမွာ အရမ္းပင္ပန္းလာတယ္ဆိုရင္လည္း ခ်စ္တင္းေႏွာဖို႔ကို စိတ္ထက္သန္မႈရွိမွာမဟုတ္ပါဘူး။ မိန္းကေလးဖက္က ဦးေဆာင္မယ္ဆိုရင္ေတာင္မွ စိတ္တိုင္းက်ေက်နပ္မႈ ေပးစြမ္းႏိုင္မွာ မဟုတ္ပါဘူး။

၄။ စိတ္ပ်က္စရာတစ္ခုခုရွိေနလို႔

စိတ္ေပါက္ၿပီး ခပ္ၾကမ္းၾကမ္းခ်စ္တင္းေႏွာတာက မိုက္ပါတယ္။ ဒါေပမယ့္ ေယာကၤ်ားေလးတစ္ေယာက္က ေတာ္တန္႐ံုစိတ္အခ်ဥ္ေပါက္တာမ်ိဳး မဟုတ္ပဲ တစ္ခုခုကို အႀကီးအက်ယ္စိတ္ပ်က္ေဒါသျဖစ္ေနခ်ိန္မွာဆိုရင္ ေတာ့ အႏၱရာယ္မ်ားပါတယ္။ ဒီအခ်ိန္မ်ိဳးမွာ တစ္ခုခုကို ပစ္ထိုးလိုက္ခ်င္စိတ္ေတြေပါက္ေနတာေၾကာင့္ ခ်စ္တင္းေႏွာဖို႔ဆိုတာက မလြယ္ပါဘူး။

၅။ တက္တိုစတီ႐ုန္းပမာဏ ေလ်ာ့က်ေနလို႔

ေယာကၤ်ားေလးတစ္ေယာက္က ခ်စ္တင္းေႏွာလိုစိတ္မရွိျဖစ္ေနတာဟာ တက္စ္တိုစတီ႐ုန္းေဟာ္မုန္းပမာဏ ေလ်ာ့နည္းေနလို႔လည္း ျဖစ္တတ္ပါတယ္။ တက္စ္တိုစတီ႐ုန္းေဟာ္မုန္းဟာ ေယာကၤ်ားေလးေတြရဲ႕ လိင္စိတ္တက္ၾကြမႈနဲ႔ သက္ဆိုင္တာေၾကာင့္ ျဖစ္ပါတယ္။

 ၆။ လိင္ဆက္ဆံဖက္အေပၚမွာ တပ္မက္မႈသိပ္မရွိလို႔

ေယာကၤ်ားေလးတစ္ေယာက္ဟာ သူ႔ရဲ႕ပါတနာျဖစ္သူဆီက ဆြဲေဆာင္မႈ၊ ခ်စ္ျခင္းေမတၱာကို မခံစားရရင္လည္း လိင္စိတ္တက္ၾကြမႈမရွိတတ္ပါဘူး။ ေယာကၤ်ားေလးေတြက ခ်စ္ခင္ယုယမႈကို လိုအပ္ပါတယ္။

၇။ နာက်င္စရာတစ္ခုခုရွိေနလို႔

ခႏၶာကိုယ္မွာ သည္းမခံႏိုင္ေလာက္ေအာင္ နာက်င္ကိုက္ခဲမႈေတြ ရွိေနမယ္ဆိုရင္လည္း လိင္စိတ္ႏိုးၾကားဖို႔က မျဖစ္ႏိုင္ပါဘူး။ ဒီအခ်ိန္မ်ိဳးမွာဆိုရင္ မိန္းကေလးေတြအေနနဲ႔ ႏွိပ္နယ္ျပဳစုေပးတာမ်ိဳးက ပိုၿပီးအက်ိဳးရွိပါတယ္။ ႏွိပ္နယ္ေပးရင္သက္သာလာမယ္ဆိုရင္ေတာ့ မိန္းကေလးေတြရဲ႕ G-spot ကို ျပန္ႏွိပ္ေပးဖို႔ ျဖစ္လာႏိုင္ပါတယ္။

၈။ အရက္မူးေနလို႔

အရက္ေသစာေသာက္စားတတ္တဲ့ ေယာကၤ်ားေတြမွာ လိင္မႈကိစၥနဲ႔ ပတ္သက္ၿပီး ျပႆနာအခ်ိဳ႕ရွိတတ္ပါတယ္။ တစ္ခ်ိဳ႕ေတြက အရက္မူးေနၿပီဆိုရင္ ဖြားဖက္ေတာ္ေထာင္မတ္လာႏိုင္စြမ္း မရွိေတာ့တဲ့အထိ ျဖစ္တတ္ပါတယ္။ တစ္ခ်ိဳ႕ေတြကလည္း အိပ္ေပ်ာ္သြားတာ၊ အလြန္ၾကမ္းတမ္းလာတာနဲ႔ ကိစၥမၿပီးႏိုင္တာစတဲ့ ျပႆနာေတြ ၾကံဳေတြ႕ၾကရပါတယ္။

၉။ စိတ္မပါလို႔

တစ္ေန႔လံုး ေန႔လည္စာ၊ ညစာေတြမွာ အဆီအစိမ့္မ်ားတဲ့အစားအစာေတြ စားေသာက္မယ္ဆိုရင္လည္း ေယာကၤ်ားေလးေတြအေနနဲ႔ ေလးလံထိုင္းမႈိင္းၿပီး လိင္စိတ္တက္ၾကြမႈနည္းသြားတတ္ပါတယ္။ အထူးသျဖင့္ ခႏၶာကိုယ္၀ျဖိဳးသူေတြမွာ ျဖစ္တတ္ပါတယ္။

၁၀။ ပ်င္းရိေနလို႔

အရိုးသားဆံုး၀န္ခံၾကပါစို႔။ ခ်စ္တင္းေႏွာစပ္လ်က္မႈတစ္ခုလံုးရဲ႕ (၈၀)ရာခိုင္ႏႈန္းဟာ အမ်ိဳးသမီးေတြအတြက္ သာယာမႈျဖစ္သလို အမ်ိဳးသမီးေတြ ကိစၥၿပီးဖို႔ကလည္း ေယာကၤ်ားေတြထက္ အမ်ားႀကီး႐ႈပ္ေထြးၾကာေညာင္းပါတယ္။ စိတ္ပါတက္ၾကြလာဖို႔လည္း ေယာကၤ်ားေလးေတြထက္ ပိုၾကာပါတယ္။ တစ္ခါတစ္ေလမွာ ဒီကိစၥေတြကို အစအဆံုးလုပ္ေဆာင္ဖို႔ကုိ ေယာကၤ်ားေလးေတြက ပ်င္းရိေနတတ္ပါတယ္။ ဒါ့ေၾကာင့္ ခ်စ္တင္းေႏွာဖို႔ စိတ္မပါတာလည္း ျဖစ္ႏိုင္ပါတယ္။

Credit:Gentleman

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လိင်မှုကိစ္စနဲ့ပတ်သက်လာရင် ယောင်္ကျားလေးတွေက အမြဲတမ်းစိတ်ပါတက်ကြွတယ်လို့ ထင်ထားကြပါတယ်။ တကယ်တော့ ဒီလိုထင်မြင်ချက်က မှားယွင်းနေပါတယ်။ ယောင်္ကျားလေးတွေမှာလည်း လိင်မှုကိစ္စကို စိတ်မဝင်စားတဲ့အချိန်တွေရှိပါတယ်။ ဒီလို စိတ်မဝင်စားရတဲ့ အကြောင်းရင်းတွေအများစုထဲက (၁၀)ခုကတော့

၁။ တကိုယ်ရည်စိတ်ဖြေထားလို့

ဟုတ်ပါတယ်။ ယောင်္ကျားလေးတွေအနေနဲ့ ကိုယ့်ဘာသာကိုယ် လက်အသုံးပြုပြီး စိတ်ဖြေထားတာ သိပ်မကြာသေးဘူးဆိုရင် ချစ်တင်းနှောဖို့ကို အာရုံရဖို့ သိပ်မလွယ်ပါဘူး။

၂။ စိတ်ကြိုက်အားကစားပွဲ ရှိနေလို့

ဒီလိုပြောလို့ လိင်ကိစ္စထက် အားကစားကို ပိုနှစ်သက်တယ်ဆိုတဲ့ သဘောတော့မဟုတ်ပါဘူး။ ဒါပေမယ့် ယောင်္ကျားလေးအများစုက သူတို့ သဘောကျအားပေးတဲ့ အားကစားနည်းတစ်မျိုးမျိုးကို ကြည့်ရမယ့်အချိန်ဆိုရင် ဘာညာကိစ္စကို အာရုံမရတတ်ကြပါဘူး။ မိန်းကလေးတွေအနေနဲ့ရော အကြိုက်ဆုံးအစီအစဉ်တစ်ခုလာနေချိန်မှာ ချစ်တင်းနှောဖို့ ကြိုးစားရင်ကြိုက်ပါသလား။ မကြိုက်ပါဘူး။ ဒီလိုသဘောပါပဲ။

၃။ အရမ်းပင်ပန်းနွမ်းနယ်နေလို့

ယောင်္ကျားလေးတစ်ယောက်က အလုပ်ထဲမှာ အရမ်းပင်ပန်းလာတယ်ဆိုရင်လည်း ချစ်တင်းနှောဖို့ကို စိတ်ထက်သန်မှုရှိမှာမဟုတ်ပါဘူး။ မိန်းကလေးဖက်က ဦးဆောင်မယ်ဆိုရင်တောင်မှ စိတ်တိုင်းကျကျေနပ်မှု ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။

၄။ စိတ်ပျက်စရာတစ်ခုခုရှိနေလို့

စိတ်ပေါက်ပြီး ခပ်ကြမ်းကြမ်းချစ်တင်းနှောတာက မိုက်ပါတယ်။ ဒါပေမယ့် ယောင်္ကျားလေးတစ်ယောက်က တော်တန်ရုံစိတ်အချဉ်ပေါက်တာမျိုး မဟုတ်ပဲ တစ်ခုခုကို အကြီးအကျယ်စိတ်ပျက်ဒေါသဖြစ်နေချိန်မှာဆိုရင် တော့ အန္တရာယ်များပါတယ်။ ဒီအချိန်မျိုးမှာ တစ်ခုခုကို ပစ်ထိုးလိုက်ချင်စိတ်တွေပေါက်နေတာကြောင့် ချစ်တင်းနှောဖို့ဆိုတာက မလွယ်ပါဘူး။

၅။ တက်တိုစတီရုန်းပမာဏ လျော့ကျနေလို့

ယောင်္ကျားလေးတစ်ယောက်က ချစ်တင်းနှောလိုစိတ်မရှိဖြစ်နေတာဟာ တက်စ်တိုစတီရုန်းဟော်မုန်းပမာဏ လျော့နည်းနေလို့လည်း ဖြစ်တတ်ပါတယ်။ တက်စ်တိုစတီရုန်းဟော်မုန်းဟာ ယောင်္ကျားလေးတွေရဲ့ လိင်စိတ်တက်ကြွမှုနဲ့ သက်ဆိုင်တာကြောင့် ဖြစ်ပါတယ်။

 ၆။ လိင်ဆက်ဆံဖက်အပေါ်မှာ တပ်မက်မှုသိပ်မရှိလို့

ယောင်္ကျားလေးတစ်ယောက်ဟာ သူ့ရဲ့ပါတနာဖြစ်သူဆီက ဆွဲဆောင်မှု၊ ချစ်ခြင်းမေတ္တာကို မခံစားရရင်လည်း လိင်စိတ်တက်ကြွမှုမရှိတတ်ပါဘူး။ ယောင်္ကျားလေးတွေက ချစ်ခင်ယုယမှုကို လိုအပ်ပါတယ်။

၇။ နာကျင်စရာတစ်ခုခုရှိနေလို့

ခန္ဓာကိုယ်မှာ သည်းမခံနိုင်လောက်အောင် နာကျင်ကိုက်ခဲမှုတွေ ရှိနေမယ်ဆိုရင်လည်း လိင်စိတ်နိုးကြားဖို့က မဖြစ်နိုင်ပါဘူး။ ဒီအချိန်မျိုးမှာဆိုရင် မိန်းကလေးတွေအနေနဲ့ နှိပ်နယ်ပြုစုပေးတာမျိုးက ပိုပြီးအကျိုးရှိပါတယ်။ နှိပ်နယ်ပေးရင်သက်သာလာမယ်ဆိုရင်တော့ မိန်းကလေးတွေရဲ့ G-spot ကို ပြန်နှိပ်ပေးဖို့ ဖြစ်လာနိုင်ပါတယ်။

၈။ အရက်မူးနေလို့

အရက်သေစာသောက်စားတတ်တဲ့ ယောင်္ကျားတွေမှာ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာအချို့ရှိတတ်ပါတယ်။ တစ်ချို့တွေက အရက်မူးနေပြီဆိုရင် ဖွားဖက်တော်ထောင်မတ်လာနိုင်စွမ်း မရှိတော့တဲ့အထိ ဖြစ်တတ်ပါတယ်။ တစ်ချို့တွေကလည်း အိပ်ပျော်သွားတာ၊ အလွန်ကြမ်းတမ်းလာတာနဲ့ ကိစ္စမပြီးနိုင်တာစတဲ့ ပြဿနာတွေ ကြုံတွေ့ကြရပါတယ်။

၉။ စိတ်မပါလို့

တစ်နေ့လုံး နေ့လည်စာ၊ ညစာတွေမှာ အဆီအစိမ့်များတဲ့အစားအစာတွေ စားသောက်မယ်ဆိုရင်လည်း ယောင်္ကျားလေးတွေအနေနဲ့ လေးလံထိုင်းမှိုင်းပြီး လိင်စိတ်တက်ကြွမှုနည်းသွားတတ်ပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်ဝဖြိုးသူတွေမှာ ဖြစ်တတ်ပါတယ်။

၁၀။ ပျင်းရိနေလို့

အရိုးသားဆုံးဝန်ခံကြပါစို့။ ချစ်တင်းနှောစပ်လျက်မှုတစ်ခုလုံးရဲ့ (၈၀)ရာခိုင်နှုန်းဟာ အမျိုးသမီးတွေအတွက် သာယာမှုဖြစ်သလို အမျိုးသမီးတွေ ကိစ္စပြီးဖို့ကလည်း ယောင်္ကျားတွေထက် အများကြီးရှုပ်ထွေးကြာညောင်းပါတယ်။ စိတ်ပါတက်ကြွလာဖို့လည်း ယောင်္ကျားလေးတွေထက် ပိုကြာပါတယ်။ တစ်ခါတစ်လေမှာ ဒီကိစ္စတွေကို အစအဆုံးလုပ်ဆောင်ဖို့ကို ယောင်္ကျားလေးတွေက ပျင်းရိနေတတ်ပါတယ်။ ဒါ့ကြောင့် ချစ်တင်းနှောဖို့ စိတ်မပါတာလည်း ဖြစ်နိုင်ပါတယ်။



Credit:Gentleman



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top