iMyanmarHouse.com - Best Property Website for Myanmar
×

တကယ္ေျပာတာ သူတုိ႔ ဒီေမးခြန္းေတြ ဘယ္ေတာ့မွ ေျဖခ်င္မွာ မဟုတ္ၾကပါဘူး။ တစ္ဦးနဲ႔တစ္ဦး အၿမဲတမ္းထိေတြ႕ဆက္ဆံေနတာ အခ်စ္ေရးအတြက္ ေကာင္းပါတယ္။ ဒါေပမယ့္လည္း ကိုယ့္ခ်စ္သူေကာင္ေလးဟာ ကိုယ္ေမးတဲ့ ေမးခြန္းတုိင္းကို ေျဖဖုိ႔အတြက္ အသစ္ထုတ္လုပ္ထားတဲ့ ဂိမ္းမွ မဟုတ္တာေနာ္။ သူတုိ႔အေျဖရခက္တဲ့၊ အာရံုေနာက္ေစတဲ့ ေမးခြန္းေတြထဲက သင္လံုး၀မေမးသင့္တဲ့ ေမးခြန္း(၄)ခုကို ေျပာျပေပးလိုက္ပါတယ္။

၁။ကၽြန္မ ၀လာတယ္လုိ႔ မထင္ဘူးလား။

ဒီလိုေမးခြန္းေမးရင္ သူတုိ႔ခမ်ာ အက်ပ္ရိုက္ၿပီ။ မွန္မွန္ကန္ကန္ေျဖရမွာလား၊ ကိုယ့္ခ်စ္သူေကာင္မေလး စိတ္ေက်နပ္ေအာင္ ေျပာရမွာလား။ မ၀ပါဘူးကြာ လွပါတယ္လို႔ ေျဖရင္လည္း လိမ္ေနတယ္လုိ႔ ေျပာဦးမယ္။  ဒီလိုမွမဟုတ္ တစ္ေန႔ တစ္ေန႔ ဒီေလာက္စားေနတာ ၀ၿပီေပါ့လုိ႔ ေျပာလိုက္ျပန္ရင္လည္း ခ်စ္သူေကာင္မေလးက ခံစားသြားရဦးမယ္။ အမ်ိဳးသားေတြဟာ ကိုယ့္ကုိယ္ကုိယ္ ယံုၾကည္မႈရွိတဲ့ အမ်ိဳးသမီးေတြကို သေဘာက်ၾကတာ သဘာ၀ပဲေလ။ ဒီေတာ့ ကိုယ္ေျပာလိုက္မွ ငါေတာ့ ၀ေနၿပီ၊ ဘယ္လိုလုုပ္ရမလဲဆုိၿပီး ကိုယ့္ေကာင္မေလး ကိုယ့္ကိုယ္ကို ယံုၾကည္မႈမရွိေတာ့မွာလည္း ဆုိးရေသး။

၂။ရွင့္အရင္ေကာင္မေလးက ဘယ္လိုမ်ိဳးလဲ။

ဒီေမးခြန္းမေမးခင္ ကိုယ့္ကိုယ္ကို အရင္ဆံုး တစ္ဖက္သားက ျပန္ေျဖတဲ့အခါ သူေျဖလုိက္တဲ့ အေျဖကို ကိုယ့္ဘက္က ခံစားႏိုင္မွာလားဆိုတာ ေမးပါ။ သ၀န္မတုိဘူး၊ စိတ္ရႈပ္မသြားဘူး၊ အာရံုေနာက္မသြားဘူး ေသခ်ာေအာင္ေပါ့။ ဒီလိုေမးတဲ့အခ်ိန္ ကိုယ့္ကိုဆိုရင္ေရာလုိ႔ ျပန္ေမးၾကည့္လိုက္ပါ။ တစ္ဖက္သားက မင္းအရင္ေကာင္ေလးက ဘယ္လုိလဲလုိ႔ ေမးတဲ့အခါမွာ ႀကိဳက္မွာလားဆိုတာကိုေပါ့။ တကယ္ေတာ့ လက္ရွိကိုယ္နဲ႔အတူ ရွိေနေခ်ိန္၊ ခ်စ္ႀကိဳက္ေနတဲ့ အခ်ိန္မွာ အတိတ္ကအေၾကာင္းအရာေတြကို မတူးဆြတာ အေကာင္းဆံုးပါ။ ဒါဟာ ႏွစ္ဦးစလံုးအတြက္ ဘယ္လိုမွ မေကာင္းႏိုင္ပါဘူး။

၃။ဟိုကိုမသြားခင္ ဖုန္းေခၚမွာလား၊ ဟိုကိုေရာက္ရင္ sms ပို႔မွာလား၊ မအိပ္ခင္ ဖုန္းဆက္မယ္ဟုတ္။

အမ်ိဳးသားေတြဟာ ကုိယ့္ခ်စ္သူေကာင္မေလးဆီကို ဖုန္းဆက္ဖုိ႔၊ စာပို႔ဖုိ႔ လုပ္ခ်င္ၾကပါတယ္။ ဒါေပမယ့္ သူတုိ႔တကယ္ပို႔ခ်င္တဲ့အခ်ိန္၊ တစ္နည္းအားျဖင့္ တကယ္ဖီးလ္လာတဲ့ အခ်ိန္မွာေပါ့။ သူတုိ႔စိတ္ထဲမွာလဲ ငါ့ခ်စ္သူေကာင္မေလးကို အသိေပးရမယ္၊ ေပးသင့္တယ္၊ ဖုန္းဆက္သင့္တယ္ဆိုတာေတြ အလိုလို သိၿပီးသားပါ။ ဒါကို ကိုယ္က မျဖစ္မေန လုပ္ရမယ္၊ ဘာလုပ္လုပ္ check in ၀င္ရမယ္ စသျဖင့္ သြားတြန္းအားေပးလုိက္ရင္ေတာ့ သူတုိ႔လုပ္ခ်င္ရင္ေတာင္ စိတ္ရႈပ္သြားႏိုင္ပါတယ္။

၄။ေနာက္ဆယ္ႏွစ္ဆုိ ငါတုိ႔ဘာေတြျဖစ္ေနၾကျပီလဲ။

ဒီေမးခြန္းကလည္း အမ်ိဳးသားေတြအတြက္ နည္းနည္းေျဖရခက္ခဲပါလိမ့္မယ္။ ဘာလုိ႔လဲဆုိေတာ့ အမ်ိဳးသားအမ်ားစုဟာ ၁၀ႏွစ္၊ ႏွစ္၂၀ စာအတြက္ ႀကိဳတင္ပလန္ခ်ထားတာမ်ိဳး၊ စီစဥ္ေတြးေတာထားတာမ်ိဳး မရွိတတ္ၾကပါဘူး။ သူတုိ႔ဟာ လက္ရွိအခ်ိန္ကို အေကာင္းဆံုးျဖစ္ေအာင္ေနၿပီး ကိုယ္ခ်စ္သူနဲ႔ အခ်ိန္ကုန္ဆံုးဖုိ႔သာ ေတြးတတ္ၾကလို႔ပါ။ ေတြးတာၿပီး ျဖစ္မလာတဲ့အခါ စိတ္ညစ္ရမယ့္အစား လက္ရွိအေျခအေနကို တစ္ေန႔စာတစ္ေန႔ အေကာင္းဆံုးျဖစ္ေအာင္ ဖန္တီးခ်င္တတ္ၾကပါတယ္။ ႏွစ္ဦးသား အိမ္ေထာင္ျပဳျပီး ဘာေတြ လုပ္မယ္ဆိုတာမ်ိဳး တုိင္ပင္ပါ။ ဒါါမ်ိဳးက အဆင္ေျပပါတယ္။ ဒါေပမယ့္ သူတုိ႔ကိုတန္းၿပီး ေနာက္ဆယ္ႏွစ္ဆုိရင္ ဘာျဖစ္ေနျပီလဲဆုိတာေတာ့ သြားတန္းမေမးလိုက္ပါနဲ႔။ သူတုိ႔မွာ အေျဖမရွိပါဘူး။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တကယ်ပြောတာ သူတို့ ဒီမေးခွန်းတွေ ဘယ်တော့မှ ဖြေချင်မှာ မဟုတ်ကြပါဘူး။ တစ်ဦးနဲ့တစ်ဦး အမြဲတမ်းထိတွေ့ဆက်ဆံနေတာ အချစ်ရေးအတွက် ကောင်းပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ချစ်သူကောင်လေးဟာ ကိုယ်မေးတဲ့ မေးခွန်းတိုင်းကို ဖြေဖို့အတွက် အသစ်ထုတ်လုပ်ထားတဲ့ ဂိမ်းမှ မဟုတ်တာနော်။ သူတို့အဖြေရခက်တဲ့၊ အာရုံနောက်စေတဲ့ မေးခွန်းတွေထဲက သင်လုံးဝမမေးသင့်တဲ့ မေးခွန်း(၄)ခုကို ပြောပြပေးလိုက်ပါတယ်။

၁။ကျွန်မ ဝလာတယ်လို့ မထင်ဘူးလား။

ဒီလိုမေးခွန်းမေးရင် သူတို့ခမျာ အကျပ်ရိုက်ပြီ။ မှန်မှန်ကန်ကန်ဖြေရမှာလား၊ ကိုယ့်ချစ်သူကောင်မလေး စိတ်ကျေနပ်အောင် ပြောရမှာလား။ မဝပါဘူးကွာ လှပါတယ်လို့ ဖြေရင်လည်း လိမ်နေတယ်လို့ ပြောဦးမယ်။  ဒီလိုမှမဟုတ် တစ်နေ့ တစ်နေ့ ဒီလောက်စားနေတာ ဝပြီပေါ့လို့ ပြောလိုက်ပြန်ရင်လည်း ချစ်သူကောင်မလေးက ခံစားသွားရဦးမယ်။ အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေကို သဘောကျကြတာ သဘာဝပဲလေ။ ဒီတော့ ကိုယ်ပြောလိုက်မှ ငါတော့ ဝနေပြီ၊ ဘယ်လိုလုုပ်ရမလဲဆိုပြီး ကိုယ့်ကောင်မလေး ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့မှာလည်း ဆိုးရသေး။

၂။ရှင့်အရင်ကောင်မလေးက ဘယ်လိုမျိုးလဲ။

ဒီမေးခွန်းမမေးခင် ကိုယ့်ကိုယ်ကို အရင်ဆုံး တစ်ဖက်သားက ပြန်ဖြေတဲ့အခါ သူဖြေလိုက်တဲ့ အဖြေကို ကိုယ့်ဘက်က ခံစားနိုင်မှာလားဆိုတာ မေးပါ။ သဝန်မတိုဘူး၊ စိတ်ရှုပ်မသွားဘူး၊ အာရုံနောက်မသွားဘူး သေချာအောင်ပေါ့။ ဒီလိုမေးတဲ့အချိန် ကိုယ့်ကိုဆိုရင်ရောလို့ ပြန်မေးကြည့်လိုက်ပါ။ တစ်ဖက်သားက မင်းအရင်ကောင်လေးက ဘယ်လိုလဲလို့ မေးတဲ့အခါမှာ ကြိုက်မှာလားဆိုတာကိုပေါ့။ တကယ်တော့ လက်ရှိကိုယ်နဲ့အတူ ရှိနေချေိန်၊ ချစ်ကြိုက်နေတဲ့ အချိန်မှာ အတိတ်ကအကြောင်းအရာတွေကို မတူးဆွတာ အကောင်းဆုံးပါ။ ဒါဟာ နှစ်ဦးစလုံးအတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။

၃။ဟိုကိုမသွားခင် ဖုန်းခေါ်မှာလား၊ ဟိုကိုရောက်ရင် sms ပို့မှာလား၊ မအိပ်ခင် ဖုန်းဆက်မယ်ဟုတ်။

အမျိုးသားတွေဟာ ကိုယ့်ချစ်သူကောင်မလေးဆီကို ဖုန်းဆက်ဖို့၊ စာပို့ဖို့ လုပ်ချင်ကြပါတယ်။ ဒါပေမယ့် သူတို့တကယ်ပို့ချင်တဲ့အချိန်၊ တစ်နည်းအားဖြင့် တကယ်ဖီးလ်လာတဲ့ အချိန်မှာပေါ့။ သူတို့စိတ်ထဲမှာလဲ ငါ့ချစ်သူကောင်မလေးကို အသိပေးရမယ်၊ ပေးသင့်တယ်၊ ဖုန်းဆက်သင့်တယ်ဆိုတာတွေ အလိုလို သိပြီးသားပါ။ ဒါကို ကိုယ်က မဖြစ်မနေ လုပ်ရမယ်၊ ဘာလုပ်လုပ် check in ဝင်ရမယ် စသဖြင့် သွားတွန်းအားပေးလိုက်ရင်တော့ သူတို့လုပ်ချင်ရင်တောင် စိတ်ရှုပ်သွားနိုင်ပါတယ်။

၄။နောက်ဆယ်နှစ်ဆို ငါတို့ဘာတွေဖြစ်နေကြပြီလဲ။

ဒီမေးခွန်းကလည်း အမျိုးသားတွေအတွက် နည်းနည်းဖြေရခက်ခဲပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အမျိုးသားအများစုဟာ ၁၀နှစ်၊ နှစ်၂၀ စာအတွက် ကြိုတင်ပလန်ချထားတာမျိုး၊ စီစဉ်တွေးတောထားတာမျိုး မရှိတတ်ကြပါဘူး။ သူတို့ဟာ လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင်နေပြီး ကိုယ်ချစ်သူနဲ့ အချိန်ကုန်ဆုံးဖို့သာ တွေးတတ်ကြလို့ပါ။ တွေးတာပြီး ဖြစ်မလာတဲ့အခါ စိတ်ညစ်ရမယ့်အစား လက်ရှိအခြေအနေကို တစ်နေ့စာတစ်နေ့ အကောင်းဆုံးဖြစ်အောင် ဖန်တီးချင်တတ်ကြပါတယ်။ နှစ်ဦးသား အိမ်ထောင်ပြုပြီး ဘာတွေ လုပ်မယ်ဆိုတာမျိုး တိုင်ပင်ပါ။ ဒါါမျိုးက အဆင်ပြေပါတယ်။ ဒါပေမယ့် သူတို့ကိုတန်းပြီး နောက်ဆယ်နှစ်ဆိုရင် ဘာဖြစ်နေပြီလဲဆိုတာတော့ သွားတန်းမမေးလိုက်ပါနဲ့။ သူတို့မှာ အဖြေမရှိပါဘူး။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top