iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္မတို႔အမ်ားစုက လူတစ္ေယာက္ကို ကိုယ္လိုခ်င္တဲ့အတုိင္း ေျပာင္းလဲႏုိင္တဲ့အစြမ္းရွိပါတယ္။ ကိုယ့္ကိုခ်စ္ရင္ သူျပင္မွာေပါ့လို႔ ယုံၾကည္တတ္ၾကပါတယ္။ ပုံျပင္ထဲကလို အခ်စ္နဲ႔ အရာရာကို အႏုိင္ယူႏုိင္မယ္လို႔ထင္တတ္ၾကတယ္လို႔ စိတၱေဗဒပညာရွင္ ေဒါက္တာ Walter Mischel က ေျပာပါတယ္။ တကယ္ေတာ့ လူတစ္ေယာက္နဲ႔ တစ္ေယာက္တစ္ဘဝလုံး ေရရွည္လက္တြဲေတာ့မယ္ဆိုရင္ ညွိႏႈိင္းမႈေတြ၊ ေျပာင္းလဲမႈေတြလုပ္ရမွာပါပဲ။ ဥပမာ-တစ္ေယာက္က ေၾကာင္ေတြကို မုန္းတဲ့သူျဖစ္ျပီး ေနာက္တစ္ေယာက္က ေၾကာင္ေလးေတြေမြးရတာကို ႏွစ္သက္တဲ့သူတစ္ေယာက္ဆုိပါစို႔။ သူတို႔ႏွစ္ေယာက္မွာ တစ္ေယာက္ကေတာ့ ဆႏၵကို ခ်ိဳးႏွိမ္ထားရမွာ ျဖစ္ပါတယ္။

ဒါေပမဲ့ လူတစ္ေယာက္ရဲ႕ ပင္ကိုဗီဇနဲ႔ ပတ္သက္လာျပီးဆုိရင္ေတာ့ တကယ္ပဲ ေျပာင္းလဲႏုိင္ပါ့မလား။

လူတစ္ေယာက္ရဲ႕ ပင္ကိုယ္ဗီဇနဲ႔ ပတ္သက္ျပီးေတာ့ ပညာရွင္ေတြက သုေတသနအမ်ားအျပား လုပ္ခဲ့ၾကပါတယ္။ ရင့္က်က္လာမႈေတြ၊ ကိုယ္တုိင္ေျပာင္းလဲလိုတဲ့ တြန္းအားေတြေၾကာင့္ လူတစ္ေယာက္က ကိုယ္ဘာသာကိုယ္ ကိုယ့္ရဲ႕ ပင္ကိုအရည္အေသြးကို ေျပာင္းလဲေကာင္းေျပာင္းလဲႏုိင္ပါတယ္။ ဒါေပမဲ့ တျခားတစ္ေယာက္ရဲ႕ ပင္ကိုဗီဇကိုေတာ့ ေျပာင္းလဲႏုိင္စြမ္းမရွိပါဘူးဆိုတာ ေတြ႔ရွိခဲ့ပါတယ္။

လူတစ္ေယာက္ရဲ႕ မေကာင္းတဲ့ အမူအက်င့္ေတြျဖစ္တဲ့ ပစၥည္းေတြကို စည္းကမ္းမရွိထားတတ္တာ၊ ခ်ိန္းတဲ့အခါတုိင္း ေနာက္က်မွေရာက္တတ္တာ၊ အစားစားတဲ့အခါ ပလုတ္ပေလာင္းစားတတ္တာမ်ဳိးေတြက ျပင္လို႔ရႏုိင္တဲ့ အမူအက်င့္ေတြပါ။ စိတ္ေလးနည္းနည္းရွည္ေပးျပီး သည္းခံေပးလိုက္ရင္ ကိုယ္လိုခ်င္တဲ့ပုံစံမ်ဳိး ရႏိုင္ေကာင္းပါတယ္။

ဒါေပမဲ့ ဆတ္ဆတ္ထိမခံတတ္တာ၊ စိတ္မရွည္တတ္တာ၊ ပြင့္ပြင့္လင္းလင္းမရွိ အုံ႔ပုန္းလုပ္တတ္တာမ်ဳိး ေတြက်ေတာ့ ဗီဇျဖစ္ျပီး ျပင္ဖို႔အတြက္ ပိုခက္ခဲပါတယ္။ ဒီေတာ့ လက္တြဲေဖာ္တစ္ေယာက္ေရြးေတာ့မယ္ဆုိရင္ အဓိက ကိုယ္လက္မခံႏုိင္တဲ့ ဗီဇမ်ဳိးရွိတယ္ဆုိရင္ ေနာက္မွျပင္ယူမွာေပါ့ဆုိတဲ့အေတြးနဲ႔ လြယ္လြယ္ မေရြးခ်ယ္ လိုက္ဖို႔ အၾကံေပးခ်င္ပါတယ္။

သာမန္ေန႔စဥ္အက်င့္စရိုက္ကို ျပင္သလို ပင္ကိုယ္အရည္အေသြးကို ျပင္လို႔မရတာေၾကာင့္ ေနာင္မွ ေနာင္တမရခ်င္ရင္ ဗီဇေကာင္းတဲ့သူကုိ ေရြးခ်ယ္ဖို႔သာ တုိက္တြန္းခ်င္ပါတယ္။
Credit : TrendMyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကျွန်မတို့အများစုက လူတစ်ယောက်ကို ကိုယ်လိုချင်တဲ့အတိုင်း ပြောင်းလဲနိုင်တဲ့အစွမ်းရှိပါတယ်။ ကိုယ့်ကိုချစ်ရင် သူပြင်မှာပေါ့လို့ ယုံကြည်တတ်ကြပါတယ်။ ပုံပြင်ထဲကလို အချစ်နဲ့ အရာရာကို အနိုင်ယူနိုင်မယ်လို့ထင်တတ်ကြတယ်လို့ စိတ္တဗေဒပညာရှင် ဒေါက်တာ Walter Mischel က ပြောပါတယ်။ တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက်တစ်ဘဝလုံး ရေရှည်လက်တွဲတော့မယ်ဆိုရင် ညှိနှိုင်းမှုတွေ၊ ပြောင်းလဲမှုတွေလုပ်ရမှာပါပဲ။ ဥပမာ-တစ်ယောက်က ကြောင်တွေကို မုန်းတဲ့သူဖြစ်ပြီး နောက်တစ်ယောက်က ကြောင်လေးတွေမွေးရတာကို နှစ်သက်တဲ့သူတစ်ယောက်ဆိုပါစို့။ သူတို့နှစ်ယောက်မှာ တစ်ယောက်ကတော့ ဆန္ဒကို ချိုးနှိမ်ထားရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ လူတစ်ယောက်ရဲ့ ပင်ကိုဗီဇနဲ့ ပတ်သက်လာပြီးဆိုရင်တော့ တကယ်ပဲ ပြောင်းလဲနိုင်ပါ့မလား။

လူတစ်ယောက်ရဲ့ ပင်ကိုယ်ဗီဇနဲ့ ပတ်သက်ပြီးတော့ ပညာရှင်တွေက သုတေသနအများအပြား လုပ်ခဲ့ကြပါတယ်။ ရင့်ကျက်လာမှုတွေ၊ ကိုယ်တိုင်ပြောင်းလဲလိုတဲ့ တွန်းအားတွေကြောင့် လူတစ်ယောက်က ကိုယ်ဘာသာကိုယ် ကိုယ့်ရဲ့ ပင်ကိုအရည်အသွေးကို ပြောင်းလဲကောင်းပြောင်းလဲနိုင်ပါတယ်။ ဒါပေမဲ့ တခြားတစ်ယောက်ရဲ့ ပင်ကိုဗီဇကိုတော့ ပြောင်းလဲနိုင်စွမ်းမရှိပါဘူးဆိုတာ တွေ့ရှိခဲ့ပါတယ်။

လူတစ်ယောက်ရဲ့ မကောင်းတဲ့ အမူအကျင့်တွေဖြစ်တဲ့ ပစ္စည်းတွေကို စည်းကမ်းမရှိထားတတ်တာ၊ ချိန်းတဲ့အခါတိုင်း နောက်ကျမှရောက်တတ်တာ၊ အစားစားတဲ့အခါ ပလုတ်ပလောင်းစားတတ်တာမျိုးတွေက ပြင်လို့ရနိုင်တဲ့ အမူအကျင့်တွေပါ။ စိတ်လေးနည်းနည်းရှည်ပေးပြီး သည်းခံပေးလိုက်ရင် ကိုယ်လိုချင်တဲ့ပုံစံမျိုး ရနိုင်ကောင်းပါတယ်။

ဒါပေမဲ့ ဆတ်ဆတ်ထိမခံတတ်တာ၊ စိတ်မရှည်တတ်တာ၊ ပွင့်ပွင့်လင်းလင်းမရှိ အုံ့ပုန်းလုပ်တတ်တာမျိုး တွေကျတော့ ဗီဇဖြစ်ပြီး ပြင်ဖို့အတွက် ပိုခက်ခဲပါတယ်။ ဒီတော့ လက်တွဲဖော်တစ်ယောက်ရွေးတော့မယ်ဆိုရင် အဓိက ကိုယ်လက်မခံနိုင်တဲ့ ဗီဇမျိုးရှိတယ်ဆိုရင် နောက်မှပြင်ယူမှာပေါ့ဆိုတဲ့အတွေးနဲ့ လွယ်လွယ် မရွေးချယ် လိုက်ဖို့ အကြံပေးချင်ပါတယ်။

သာမန်နေ့စဉ်အကျင့်စရိုက်ကို ပြင်သလို ပင်ကိုယ်အရည်အသွေးကို ပြင်လို့မရတာကြောင့် နောင်မှ နောင်တမရချင်ရင် ဗီဇကောင်းတဲ့သူကို ရွေးချယ်ဖို့သာ တိုက်တွန်းချင်ပါတယ်။

Credit : TrendMyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top