iMyanmarHouse.com - Best Property Website for Myanmar
×

ႏွာေခ်ျခင္းဟာ ခႏၶာကိုယ္ရဲ႕ ကာကြယ္ေရးလုပ္ငန္းတစ္ခုပါ။ မေကာင္းတဲ့အရာေတြ ႏွာေခါင္းထဲကိုဝင္လာလုိ႔ ႏွာေခ်ရင္း ထြက္သြားေစျခင္းျဖစ္ပါတယ္။ ဆက္တုိက္ဆုိသလို ႏွာေခ်ေနၿပီဆုိရင္ေတာ့ စိတ္႐ႈပ္စရာေကာင္းလာပါၿပီ။ ပထမဆံုး အၾကံေပးခ်င္တာကေတာ့ ျဖစ္ရျခင္းနည္းလမ္းကို သိဖုိ႔ပါပဲ။ ေလထုေၾကာင့္လည္း ႏွာေခ်တတ္ပါတယ္။ ေဆာင္းဦးရာသီမွာ ပန္းေတြပြင့္ၾကတဲ့အခါ ေလထုထဲက ပန္းဝတ္မႈန္ေတြေၾကာင့္ ႏွာေခ်တာ၊ ဓာတ္မတည့္မႈ (Allergy) ျဖစ္တာမ်ိဳးေတြ ရွိပါတယ္။ အခ်ိဳ႕ကလည္း ေနေရာင္လို အလင္းေရာင္စူးစူးေၾကာင့္ ႏွာေခ်တတ္ပါတယ္။ ဒါကိုသိရင္ ေ႐ွာင္႐ွားလို႔ရတာေပါ့။ အိမ္မွာဆုိရင္ေတာ့ ဒီနည္းလမ္းေတြကို အသံုးျပဳၾကည့္ပါ။

၁။ ကာမိုမိုင္းလ္ေရေႏြး (Chamomile Tea)

ကာမိုမုိင္းလ္က ဓာတ္္မတည့္မႈေတြကို သက္သာေစပါတယ္။ စိတ္ကိုလည္း တည္ၿငိမ္ေစႏိုင္လို႔ ညမအိပ္မီေသာက္ေပးရင္ ေကာင္းေကာင္းအိပ္ေပ်ာ္မွာပါ။ ႏွာေခ်ေနတယ္ဆုိရင္ေတာ့ ကာမိုမိုင္းလ္ေရေႏြးကို တစ္ေန႔ႏွစ္ႀကိမ္ေသာက္ေပးရပါမယ္။ ပ်ားရည္ေလးနည္းနည္း ထည့္ေသာက္ေပးလို႔လည္း ရပါတယ္။

၂။ ဗီတာမင္ စီ (Vitamin C )

ဓာတ္မတည့္မႈေတြကို တုိက္ထုတ္ႏိုင္စြမ္း႐ွိပါတယ္။ သံပ႐ိုရည္၊ လိေမၼာ္ရည္၊ သံပရာရည္တို႔ကို ေသာက္ေပးမယ္ဆုိ ႏွာေခ်တာလည္း သက္သာမွာပါ။ ေရေႏြးထဲ သံပရာရည္ေလး ႏွစ္စက္ေလာက္ထည့္ေသာက္ေပးရင္လည္း ေကာင္းပါတယ္။

၃။ ေရေႏြးေငြ႕

ျပင္ပက အမႈန္ေလးေတြ ႏွာေခါင္းထဲဝင္ေရာက္လာတဲဲ့အခါ ယားယံမႈ ျဖစ္ေပၚလာပါတယ္။ ခႏၶာကိုယ္ရဲ႕ ကိုယ္ခံစြမ္းအားစနစ္က ဒီအမႈန္ေတြကို ထုတ္ပစ္ဖုိ႔လုပ္ေဆာင္တဲ့အခါ ႏွာေခ်ေတာ့တာပါပဲ။ ႏွာေခ်တာ၊ ႏွာပိတ္တာ အတြက္ ေရေႏြးေငြ႔ကို ႐ႈ႐ႈိက္ေပးမယ္ဆုိ သက္သာေပ်ာက္ကင္းသြားမွာပါ။ ေရေႏြးပူပူကို ခြက္တစ္လံုးထဲထည့္ၿပီး ခြက္နဲ႔ေခါင္းကိုလံုေအာင္ ပုဝါတစ္ထည္နဲ႔ျခံဳထားပါ။ ေရေႏြးေငြ႔ကို ပိုရႈမိမွာျဖစ္ၿပီး မၾကာခင္ သက္သာသြားပါလိမ့္မယ္။ ေရေႏြးခြက္နဲ႔ မ်က္ႏွာကို သိပ္မနီးပါေစနဲ႔၊ အရမ္းပူလာရင္လည္း ပုဝါကိုဖယ္လိုက္ပါ။


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:duwun

#Unicode Version
နှာချေခြင်းဟာ ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးလုပ်ငန်းတစ်ခုပါ။ မကောင်းတဲ့အရာတွေ နှာခေါင်းထဲကိုဝင်လာလို့ နှာချေရင်း ထွက်သွားစေခြင်းဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလို နှာချေနေပြီဆိုရင်တော့ စိတ်ရှုပ်စရာကောင်းလာပါပြီ။ ပထမဆုံး အကြံပေးချင်တာကတော့ ဖြစ်ရခြင်းနည်းလမ်းကို သိဖို့ပါပဲ။ လေထုကြောင့်လည်း နှာချေတတ်ပါတယ်။ ဆောင်းဦးရာသီမှာ ပန်းတွေပွင့်ကြတဲ့အခါ လေထုထဲက ပန်းဝတ်မှုန်တွေကြောင့် နှာချေတာ၊ ဓာတ်မတည့်မှု (Allergy) ဖြစ်တာမျိုးတွေ ရှိပါတယ်။ အချို့ကလည်း နေရောင်လို အလင်းရောင်စူးစူးကြောင့် နှာချေတတ်ပါတယ်။ ဒါကိုသိရင် ရှောင်ရှားလို့ရတာပေါ့။ အိမ်မှာဆိုရင်တော့ ဒီနည်းလမ်းတွေကို အသုံးပြုကြည့်ပါ။

၁။ ကာမိုမိုင်းလ်ရေနွေး (Chamomile Tea)

ကာမိုမိုင်းလ်က ဓာတ်မတည့်မှုတွေကို သက်သာစေပါတယ်။ စိတ်ကိုလည်း တည်ငြိမ်စေနိုင်လို့ ညမအိပ်မီသောက်ပေးရင် ကောင်းကောင်းအိပ်ပျော်မှာပါ။ နှာချေနေတယ်ဆိုရင်တော့ ကာမိုမိုင်းလ်ရေနွေးကို တစ်နေ့နှစ်ကြိမ်သောက်ပေးရပါမယ်။ ပျားရည်လေးနည်းနည်း ထည့်သောက်ပေးလို့လည်း ရပါတယ်။

၂။ ဗီတာမင် စီ (Vitamin C )

ဓာတ်မတည့်မှုတွေကို တိုက်ထုတ်နိုင်စွမ်းရှိပါတယ်။ သံပရိုရည်၊ လိမ္မော်ရည်၊ သံပရာရည်တို့ကို သောက်ပေးမယ်ဆို နှာချေတာလည်း သက်သာမှာပါ။ ရေနွေးထဲ သံပရာရည်လေး နှစ်စက်လောက်ထည့်သောက်ပေးရင်လည်း ကောင်းပါတယ်။

၃။ ရေနွေးငွေ့

ပြင်ပက အမှုန်လေးတွေ နှာခေါင်းထဲဝင်ရောက်လာတဲ့အခါ ယားယံမှု ဖြစ်ပေါ်လာပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်က ဒီအမှုန်တွေကို ထုတ်ပစ်ဖို့လုပ်ဆောင်တဲ့အခါ နှာချေတော့တာပါပဲ။ နှာချေတာ၊ နှာပိတ်တာ အတွက် ရေနွေးငွေ့ကို ရှုရှိုက်ပေးမယ်ဆို သက်သာပျောက်ကင်းသွားမှာပါ။ ရေနွေးပူပူကို ခွက်တစ်လုံးထဲထည့်ပြီး ခွက်နဲ့ခေါင်းကိုလုံအောင် ပုဝါတစ်ထည်နဲ့ခြုံထားပါ။ ရေနွေးငွေ့ကို ပိုရှုမိမှာဖြစ်ပြီး မကြာခင် သက်သာသွားပါလိမ့်မယ်။ ရေနွေးခွက်နဲ့ မျက်နှာကို သိပ်မနီးပါစေနဲ့၊ အရမ်းပူလာရင်လည်း ပုဝါကိုဖယ်လိုက်ပါ။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top