iMyanmarHouse.com - Best Property Website for Myanmar
×

မိန်းကလေးများ ခဏတာအတွက် တစ်ဘဝစာ မလဲမိစေနဲ့  ဒီပို့စ်လေးကို ဖတ်ရှု့ပြီး အချိန်မီပြင်ဆင်လိုက်ပါ မအားသေးရင် save ထားပါ အားအခါ ဖတ်ကြည့်ပါ တန်ဖိုးရှိပါတယ် ပန်းဆိုတာ ကြွေချိန်တန်မှ ကြွေပါ ပန်းဆိုတာ အပင်မှာရှိနေချိန်မှာတော့ အလှဆုံးပါ ကြွေချိန်မတန်သေးပဲ ကြွေကျသွားခဲ့ရင်တော့ ဘယ်လောက်လှတဲ့ ပန်းဖြစ်ဖြစ် တန်ဖိုးမဲ့သွားပြီး အနင်းချေခံရတတ်တယ် *ဖေဖေ*သမီး ဖေဖေ့ကို ပြောစရာရှိတယ်...... သမီးသူငယ်ချင်းတွေ ကျူ ရှင် ကိုဖုန်းယူလာတယ် ဖေဖေ... လှလိုက်တာဖေဖေရယ်..... သမီးလေး မျက်နှာငယ်ရတယ် ဖေဖေ.... ပြီးတော့ ပြောသေးတယ် ဖေဖေ သူတို့ကျူ ရှင်ဆင်းရင် အိမ် ဖုန်းဆက်လိုက်တော့ အိမ်ကတန်းလာကြိုတယ်တဲ့.... ဆရာမ သင်တဲ့စာတွေကိုလည်း အသံဖမ်းထားလို့ရတယ်တဲ့... ဖုန်းနဲ့ ဓာတ်ပုံရိုက်လို့ရတယ်တဲ့ ဖေဖေ.... သမီး သူငယ်ချင်း တယောက်က သူ့ပုံကို fbပေါ်တင်လိုက်တာ Like တွေအများကြီးရတယ်တဲ့..... ဖခင်ဖြစ်သူသည် သက်ပြင်းအကြိမ်ကြိမ်ချပြီး သမီးကိုပြောပါ တယ်...... ဖုန်းတလုံးတန်ဖိုးက သမီးလေးဘယ်လောက်ရှိတယ်လို့ထင်လဲ...? သမီးလေးက သမီးသူငယ်ချင်းပြောတာ (၁၅၀၀၀၀ကျပ်) လို့ပြော တယ်ဖေဖေ..... သမီးလေးတန်ဖိုးကရော ဘယ်လောက်ရှိမယ်လို့ထင်လဲ....? သမီးဖြစ်သူက နားမလည်စွာဖြင့် ဖေဖေ ဘယ်လိုအဓိပ္ပါယ်နဲ့ မေးတာလဲ ဖေဖေ...? ဖေဖေက...သမီးလေးက အဖေတို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာပါ...... သမီးလေးကို ဖေဖေ ဖုန်းတလုံးဝယ်ပေးဖို့ အပန်းမကြီးပါဘူး... ငါ့ သမီးလေးအတွက်ဆိုရင် ဖေဖေ့ဆီမှာမရှိရင်တောင် သူများ ကို အောက်ကျခံပြီး ၀ယ်ပေးဖို့ အဖေ့အတွက် ၀န်ထုတ်ဝန်ပိုး မဖြစ်ပါဘူး သမီး..... ဖုန်းတစ်လုံးတန်ဖိုးထက် ဖေဖေ့သမီးလေးလမ်းမှားပြီး တန်ဖိုး လျော့သွားမှာကို ဖေဖေ မလိုလားဘူး သမီး..... ဖုန်းဝယ်ပေးလိုက်ရင် သမီးလေးက ငယ်သေးတော့ လောကကြီးအကြောင်း သိပ့်မသိသေးဘူးလေ..... စာကြည့်ချိန်လျော့နည်း လာမယ်..... Fbလိုင်းပေါ်မှာ အချိန်ကုန်လာမယ်.... Fri အသစ်တွေတိုးလာပြီး အချိန်ကုန်လာမယ်..... နောက်ဆုံး...သမီးလေးရည်းစားပါ ထားလာမယ်..... အသိဉာဏ်နုနယ်လွန်းတဲ့ သမီးတို့အရွယ်မှာ ဖေဖေကတော့ ဖုန်းမကိုင်သင့်သေးဘူးလို့ထင်တယ်...... ရည်းစားထားလာပြီး မဖြစ်သင့်တာတွေဖြစ်လာခဲ့ရင် ဖေဖေ တို့ ရင်ကျိုးရမှာ သမီး..... ဖုန်းကိုင်တိုင်းပျက်စီးနေတယ်လို့ ပြောတာမဟုတ်ဘူးနော် သမီး Onlineဆိုတာက သုံးတတ်ရင်အင်မတန်အနှစ်သာရပြည့်ဝတဲ့ အသိပညာတွေများသလို မသုံးတတ်ခဲ့ရင် ကြောက်စရာ ကောင်းတယ် သမီး..... တချို့ဆိုရင် online ပေါ်မှာ လိင် ပို့စ်တွေတင်ကြတယ်.... လူငယ်တချို့က အဲဒီပို့စ်တွေကြည့်ပြီး စမ်းသပ်ချင်လာကြတယ် နောက်ဆုံးမထိမ်းနိုင်မသိမ်းနိုင်ဖြစ်ပြီး မိမိကိုယ်ကိုသတ်သေတဲ့ အထိဖြစ်တတ်တယ်...... အရွယ်ရင့်ကျက်ပြီး အတွေးအခေါ်ရင့်ကျက်သူတွေကကျော် လွှားနိုင်ပေမယ့် သမီးတို့လိုနုနယ်သူတွေအတွက်တော့ အန္တရာယ် ဖြစ်နိုင်တယ်လို့ ဖေဖေထင်တယ်...... *ပန်းဆိုတာ အပင်မှာရှိနေချိန်မှာတော့ အလှဆုံးပါ သမီး..... ကြွေချိန်မတန်သေးပဲ ကြွေကျသွားခဲ့ရင်တော့ ဘယ်လောက် လှတဲ့ ပန်းဖြစ်ဖြစ် တန်ဖိုးမဲ့သွားပြီး အနင်းချေခံရတတ်တယ် သမီး.....* သမီးလိုချင်တဲ့ ဖုန်းကို ဖေဖေ၀ယ်ပေးမှာပါ.... ခုတော့မဟုတ်ဘူး..... သမီးလေး တက္ကသိုလ် ကျောင်းသူကြီးဖြစ်ရင် ဖေဖေ၀ယ်ပေး ပါ့မယ်လို့ ကတိပေးတယ်နော် သမီး...... သမီးဖြစ်သူက....ဟုတ်ကဲ့ပါ ဖေဖေ သမီးနားလည်ပါပြီ.... သမီးလေးတက္ကသိုလ်ရောက်ရင် ၀ယ်ပေးပါနော်..... ဖေဖေဆုံးမသွန်သင်ခဲ့သလို သမီး online ကို အကျိုးရှိ အောင် အသုံးပြုပါ့မယ်လို့ ကတိပေးပါတယ် ဖေဖေ..... သာဓကလေးကိုကြည့်ခြင်းအားဖြင့် ဖုန်းကိုင်ခြင်းသည် များစွာအကျိုးဖြစ်ထွန်းနိုင်သလို နုနယ်ငယ်ရွယ်သူတို့အတွက် သည် အန္တရာယ်ဖြစ်နိုင်သလို အကျိုးလည်းရှိနိုင်ပါသည်.... မိဘများအနေဖြင့် သတိထားပြီး သားသမီးများကို ချစ်တတ်ကြ ပါစေလို့ အကြံပြုတင်ပြပါတယ်....!!!

Credit:ဇင်းနစ် မကွေး

ပို့သပေးပါတယ်။


Unicode Version

မိန်းကလေးများ ခဏတာအတွက် တစ်ဘဝစာ မလဲမိစေနဲ့ ဒီပို့စ်လေးကို ဖတ်ရှု့ပြီး အချိန်မီပြင်ဆင်လိုက်ပါ မအားသေးရင် save ထားပါ အားအခါ ဖတ်ကြည့်ပါ တန်ဖိုးရှိပါတယ် ပန်းဆိုတာ ကြွေချိန်တန်မှ ကြွေပါ ပန်းဆိုတာ အပင်မှာရှိနေချိန်မှာတော့ အလှဆုံးပါ ကြွေချိန်မတန်သေးပဲ ကြွေကျသွားခဲ့ရင်တော့ ဘယ်လောက်လှတဲ့ ပန်းဖြစ်ဖြစ် တန်ဖိုးမဲ့သွားပြီး အနင်းချေခံရတတ်တယ် *ဖေဖေ*သမီး ဖေဖေ့ကို ပြောစရာရှိတယ်...... သမီးသူငယ်ချင်းတွေ ကျူ ရှင် ကိုဖုန်းယူလာတယ် ဖေဖေ... လှလိုက်တာဖေဖေရယ်..... သမီးလေး မျက်နှာငယ်ရတယ် ဖေဖေ.... ပြီးတော့ ပြောသေးတယ် ဖေဖေ သူတို့ကျူ ရှင်ဆင်းရင် အိမ် ဖုန်းဆက်လိုက်တော့ အိမ်ကတန်းလာကြိုတယ်တဲ့.... ဆရာမ သင်တဲ့စာတွေကိုလည်း အသံဖမ်းထားလို့ရတယ်တဲ့... ဖုန်းနဲ့ ဓာတ်ပုံရိုက်လို့ရတယ်တဲ့ ဖေဖေ.... သမီး သူငယ်ချင်း တယောက်က သူ့ပုံကို fbပေါ်တင်လိုက်တာ Like တွေအများကြီးရတယ်တဲ့..... ဖခင်ဖြစ်သူသည် သက်ပြင်းအကြိမ်ကြိမ်ချပြီး သမီးကိုပြောပါ တယ်...... ဖုန်းတလုံးတန်ဖိုးက သမီးလေးဘယ်လောက်ရှိတယ်လို့ထင်လဲ...? သမီးလေးက သမီးသူငယ်ချင်းပြောတာ (၁၅၀၀၀၀ကျပ်) လို့ပြော တယ်ဖေဖေ..... သမီးလေးတန်ဖိုးကရော ဘယ်လောက်ရှိမယ်လို့ထင်လဲ....? သမီးဖြစ်သူက နားမလည်စွာဖြင့် ဖေဖေ ဘယ်လိုအဓိပ္ပါယ်နဲ့ မေးတာလဲ ဖေဖေ...? ဖေဖေက...သမီးလေးက အဖေတို့အတွက် တန်ဖိုးမဖြတ်နိူင်တဲ့ ရတနာပါ...... သမီးလေးကို ဖေဖေ ဖုန်းတလုံးဝယ်ပေးဖို့ အပန်းမကြီးပါဘူး... ငါ့ သမီးလေးအတွက်ဆိုရင် ဖေဖေ့ဆီမှာမရှိရင်တောင် သူများ ကို အောက်ကျခံပြီး ဝယ်ပေးဖို့ အဖေ့အတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်ပါဘူး သမီး..... ဖုန်းတစ်လုံးတန်ဖိုးထက် ဖေဖေ့သမီးလေးလမ်းမှားပြီး တန်ဖိုး လျော့သွားမှာကို ဖေဖေ မလိုလားဘူး သမီး..... ဖုန်းဝယ်ပေးလိုက်ရင် သမီးလေးက ငယ်သေးတော့ လောကကြီးအကြောင်း သိပ့်မသိသေးဘူးလေ..... စာကြည့်ချိန်လျော့နည်း လာမယ်..... Fbလိုင်းပေါ်မှာ အချိန်ကုန်လာမယ်.... Fri အသစ်တွေတိုးလာပြီး အချိန်ကုန်လာမယ်..... နောက်ဆုံး...သမီးလေးရည်းစားပါ ထားလာမယ်..... အသိဉာဏ်နုနယ်လွန်းတဲ့ သမီးတို့အရွယ်မှာ ဖေဖေကတော့ ဖုန်းမကိုင်သင့်သေးဘူးလို့ထင်တယ်...... ရည်းစားထားလာပြီး မဖြစ်သင့်တာတွေဖြစ်လာခဲ့ရင် ဖေဖေ တို့ ရင်ကျိုးရမှာ သမီး..... ဖုန်းကိုင်တိုင်းပျက်စီးနေတယ်လို့ ပြောတာမဟုတ်ဘူးနော် သမီး Onlineဆိုတာက သုံးတတ်ရင်အင်မတန်အနှစ်သာရပြည့်ဝတဲ့ အသိပညာတွေများသလို မသုံးတတ်ခဲ့ရင် ကြောက်စရာ ကောင်းတယ် သမီး..... တချို့ဆိုရင် online ပေါ်မှာ လိင် ပို့စ်တွေတင်ကြတယ်.... လူငယ်တချို့က အဲဒီပို့စ်တွေကြည့်ပြီး စမ်းသပ်ချင်လာကြတယ် နောက်ဆုံးမထိမ်းနိူင်မသိမ်းနိူင်ဖြစ်ပြီး မိမိကိုယ်ကိုသတ်သေတဲ့ အထိဖြစ်တတ်တယ်...... အရွယ်ရင့်ကျက်ပြီး အတွေးအခေါ်ရင့်ကျက်သူတွေကကျော် လွှားနိုင်ပေမယ့် သမီးတို့လိုနုနယ်သူတွေအတွက်တော့ အန္တရာယ် ဖြစ်နိူင်တယ်လို့ ဖေဖေထင်တယ်...... *ပန်းဆိုတာ အပင်မှာရှိနေချိန်မှာတော့ အလှဆုံးပါ သမီး..... ကြွေချိန်မတန်သေးပဲ ကြွေကျသွားခဲ့ရင်တော့ ဘယ်လောက် လှတဲ့ ပန်းဖြစ်ဖြစ် တန်ဖိုးမဲ့သွားပြီး အနင်းချေခံရတတ်တယ် သမီး.....* သမီးလိုချင်တဲ့ ဖုန်းကို ဖေဖေဝယ်ပေးမှာပါ.... ခုတော့မဟုတ်ဘူး..... သမီးလေး တက္ကသိုလ် ကျောင်းသူကြီးဖြစ်ရင် ဖေဖေဝယ်ပေး ပါ့မယ်လို့ ကတိပေးတယ်နော် သမီး...... သမီးဖြစ်သူက....ဟုတ်ကဲ့ပါ ဖေဖေ သမီးနားလည်ပါပြီ.... သမီးလေးတက္ကသိုလ်ရောက်ရင် ဝယ်ပေးပါနော်..... ဖေဖေဆုံးမသွန်သင်ခဲ့သလို သမီး online ကို အကျိုးရှိ အောင် အသုံးပြုပါ့မယ်လို့ ကတိပေးပါတယ် ဖေဖေ..... သာဓကလေးကိုကြည့်ခြင်းအားဖြင့် ဖုန်းကိုင်ခြင်းသည် များစွာအကျိုးဖြစ်ထွန်းနိုင်သလို နုနယ်ငယ်ရွယ်သူတို့အတွက် သည် အန္တရာယ်ဖြစ်နိူင်သလို အကျိုးလည်းရှိနိူင်ပါသည်.... မိဘများအနေဖြင့် သတိထားပြီး သားသမီးများကို ချစ်တတ်ကြ ပါစေလို့ အကြံပြုတင်ပြပါတယ်....!!!

Credit:ဇင်းနစ် မကွေး



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top