iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Trend Myanmar
Unicode Version
အမျိုးသမီးတွေရဲ့ ခန္ဓာဗေဒအကြောင်းကို မယုံနိုင်ဖွယ်ကောင်းလောက်အောင် သိပ္ပံနည်းကျ သိရှိထားသူ Dr Daniel Dopps ဆိုသူက ရာသီသွေးထိန်းချုပ်ဖို့အတွက် မိန်းမကိုယ်နှုတ်ခမ်းနှစ်ခုကို ကော်နဲ့ကပ်သလို ကပ်စေနိုင်မယ့် နှုတ်ခမ်းနီတစ်မျိုးကို တီထွင်ခဲ့ပါတယ်။
Mensez Technologies ကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူ Dr Dopps က သူ့ရဲ့ ထူးခြားလှတဲ့ တီထွင်မှုအကြောင်းကို ရှင်းပြခဲ့ပါတယ်။ နှုတ်ခမ်းနီတောင့်ပုံစံထဲမှာ သဘာဝအမိုင်နိုအက်ဆစ်နဲ့ အဆီဒြပ်ပေါင်း တစ်မျိုးပါဝင်ပြီး မိန်းမကိုယ်နှုတ်ခမ်းနှစ်ခုမှာ သုတ်လိမ်းထားလိုက်ရင် မွေးလမ်းကြောင်းအဝနဲ့ ဆီးလမ်းကြောင်း ထိပ်မှာရှိတဲ့ ရာသီသွေးထွက်ရာ လမ်းကြောင်းကို ပိတ်ထားစေနိုင်ပါတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ထူးဆန်းတဲ့ တီထွင်မှုက ပုံမှန်စိတ်ရှိတဲ့ မိန်းမတစ်ယောက် တော်ရုံနဲ့ မသုံးဝံံ့နိုင်တဲ့ တီထွင်မှုတစ်ခုလို့ ဆိုနိုင်ပေမဲ့ Dr Dopps ကတော့ သူ့တို့ရဲ့ ထုတ်ကုန်က လုံခြုံစိတ်ချရပြီး သန့်ရှင်းမှုရှိတယ်လို့ အခိုင်အမာဆိုထားပါတယ်။
မနက်ခင်းအိပ်ယာနိုးတဲ့အချိန်မှာ နှုတ်ခမ်းနှစ်ခုကပ်နေတာမျိုး ကြုံဖူးကြမှာပါ။ အဲ့ဒီအခါ နှုတ်ခမ်းနှစ်ခုကို တံထွေးလေးနဲ့ဆွတ်ပြီး ဟကြည့်လိုက်ရင် ကပ်နေတာ ပျောက်သွားသလိုပါပဲ။ The Mensez ကော်နှုတ်ခမ်းနီတောင့်ကို ဒီအယူအဆကို သုံးပြီး တီထွင်ထားတာဖြစ်ပါတယ်။
မိန်းကလေးတွေအတွက် ရာသီသွေးထိန်းချုပ်တဲ့အခါ ဂွမ်းတောင့်တွေ၊ ဘောင်းဘီတွေ၊ လစဉ်သုံးပစ္စည်းတွေသုံးစရာမလိုတော့အောင် လုပ်ထားတာပါ။ ရာသီလာတဲ့အချိန် မိန်းမကိုယ်နှုတ်ခမ်းနှစ်ခုမှာ နှုတ်ခမ်းနီတောင့်က ကော်လေးကို သုတ်လိမ်းပေးထားရင် ဆီးမသွားမချင်း ရာသီသွေးတွေ စိမ့်ထွက်မသွားအောင် ထိန်းပေးထားနိုင်ပါတယ်။ ဆီးသွားချင်တဲ့အခါ နှုတ်ခမ်းနှစ်ခုမှာလိမ်းထားတဲ့ ကော်က အတွင်းက ဆီးနဲ့ထိပြီး ပွင့်သွားကာ ရာသီသွေးတွေရော၊ ဆီးတွေရော ထွက်သွားမှာပါ။ ပြီးမှတခါနှုတ်ခမ်းကို ပြန်ပြီးသုတ်လိမ်းပေးလိုက်ရင် ပြန်ပြီး ထိန်းထားပေးမှာ ဖြစ်ပါတယ်လို့ Dr Dopps ကရှင်းပြထားပါတယ်။
ဒီပစ္စည်းနဲ့ပတ်သက်ပြီး တစ်ကိုယ်ရည်ကျန်းမာရေးသုံးပစ္စည်းဖြစ်တဲ့အတွက် တခြားသူတွေနဲ့ မျှပြီး မသုံးသင့်ဘူးလို့ အကြံပြုထားပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top