iMyanmarHouse.com - Best Property Website for Myanmar
×









Credit:7Day Daily

#Unicode Version
လွန်ခဲ့သည့် ၂ နှစ်ကျော် က ထွက်ရှိခဲ့သော အဆိုတော် လေးဖြူ၏ ဒိုင်ယာရီ တေးစီးရီး ဒီဗီဒီကို ဖေဖော်ဝါရီ ၂ ရက်တွင် ဖြန့်ချိမည်ဖြစ်သည်။

ဒိုင်ယာရီ တေးစီးရီးကို ပြီးခဲ့ သည့် ၂၀၁၄ ဒီဇင်ဘာက ဖြန့်ချိခဲ့ပြီး အော်ဒီယိုစီဒီနှင့် ၂ နှစ် ကျော် အကြာတွင် ဒီဗီဒီထွက်ရှိခဲ့သည်။

အဆိုပါ ဒီဗီဒီတွင် သီချင်း စုစုပေါင်း ၁၁ ပုဒ် ပါဝင်ပြီး The Sun Music Production က တစ် နိုင်ငံလုံးသို့ ဖြန့်ချိမည်ဖြစ်သည်။

ဒီဗီဒီတွင် ပါဝင်မည့် သီချင်းများကို ဒီဗီဒီမထွက်မီ တစ်လခန့်စော၍ ပြည်တွင်းရုပ်သံလိုင်းတစ် ခု၌ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြသပေးခဲ့သည်။

ဒိုင်ယာရီသည် အဆိုတော် လေးဖြူ၏ ၁၁ ခွေမြောက် တစ် ကိုယ်တော်အခွေဖြစ်ပြီး တေးရေး အသစ်များ ရေးသားသော သီချင်းများ ပါဝင်ခဲ့သော်လည်း ပရိသတ်၏ အားပေးမှုရရှိသည့် အခွေဖြစ် သည်။

အိုင်းရင်းခရော့စ်အဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းရုံးဖြစ်မြောက်ရေး အတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ကို ဖေဖော်ဝါရီ ၃ ရက်တွင် မန္တလာသီရိအားကစားကွင်း၌ ပြုလုပ် မည်ဖြစ်သည်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:7Day Daily




 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top