iMyanmarHouse.com - Best Property Website for Myanmar
×




Credit: ချယ်ရီ

ပို့သပေးပါတယ်။


Unicode Version

မိန်းမက ပူညံပူညံ လုပ်လွန်းလို့ ငါ တော့ စိတ်ညစ်ပြီးသေတော့မယ်“ လို့ပြော တဲ့ အမျိုးသားတွေအများကြီး ရှိပါတယ်။ ဒါပေမဲ့ အဲဒီလို အိမ်ထောင်ရေး မသာယာ တဲ့အမျိုးသားတွေဟာ အိမ်ထောင်ရေးသာ ယာတဲ့ အမျိုးသားတွေထက် ပိုပြီးကျန်း မာလေ့ရှိတယ်လို့ လေ့လာချက်အသစ်က ဆိုပါတယ်။ နားပူနားဆာလုပ်တဲ့ဇနီး ရ ထားတဲ့အမျိုးသားဟာ ဆီးချိုရောဂါ ဖြစ် နိုင်ခြေ ပိုနည်းပြီး ဆီးချိုရောဂါ ဖြစ်လာပြီ ဟေ့ဆိုရင်လည်း အဲဒါကို သူများတွေထက် ပိုထိန်းနိုင်ပါသတဲ့။

ဘာကြောင့်ဒီလိုဖြစ်ရ သလဲဆိုတော့ ဇနီးက တစ်ချိန်လုံး ပူညံပူညံလုပ်နေတော့ ခင်ပွန်းဖြစ်သူက ကျန်းမာရေးအပြုအမူကို မထိန်းချင်လည်း ထိန်းလိုက်ရလို့ဖြစ်မယ်လို့ မီချီဂန်ပြည်နယ်တက်္ကသိုလ်ရဲ့ လေ့လာချက်မှာဖော်ပြ ထားပါတယ်။ တစ်ချိန်လုံး တဗျစ်တောက်တောက် ပြောနေတတ်တဲ့ ဇနီးသည်ကြောင့် ခင်ပွန်းဟာ ကျန်းမာရေးကောင်းကျိုး ခံ စားရပေမယ့် အဲဒါကြောင့်လည်း စိတ်ညစ် ညူးတာ၊ မကျေမနပ်ဖြစ်တာတွေလည်း ဖြစ်သွားနိုင်တယ်လို့ လေ့လာချက်မှာ ဖော် ပြထားပါတယ်။

အိမ်ထောင်ရေးမသာယာ တဲ့အမျိုးသားဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိပေမယ့် အိမ်
ထောင်ရေး မသာယာတဲ့ အမျိုးသမီးဟာတော့ ကျန်း မာရေးဆိုးကျိုးတွေကိုပဲ ခံစားရနိုင်တယ် လို့တွဲဖက်ပါမောက်္ခကဆိုပါတယ်။ သာယာ တဲ့အိမ်ထောင်ရေးကို ရထားတဲ့အမျိုး သမီးဟာဆီးချိုရောဂါဖြစ်နိုင်ခြေ နည်း ပါသတဲ့။


Credit: ချယ်ရီ



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top