iMyanmarHouse.com - Best Property Website for Myanmar
×

ကိုကာကိုလာခ်စ္သူတစ္ဦးျဖစ္ပါသလား။ ကိုကာကိုလာကို ေသာက္ရုံအျပင္ တျခားလုုပ္လို႔ရတာေတြ အမ်ားႀကီးရွိပါေသးတယ္။

(၁) ဆံပင္လိပ္မယ္

ေျခာက္ေသြ႕ေနတဲ့ ကၽြတ္ဆတ္ဆတ္ဆံပင္ေတြကို အပူေခ်ာင္းနဲ႔ မလိပ္ပဲ ကိုကာကိုလာနဲ႔ ေကာက္လို႔ ရပါတယ္။ ဆံပင္္ကို ကိုလာနဲ႔ စိုစြတ္ေအာင္လုပ္ၿပီး အလိပ္ေလးနဲ႔ ေကာက္ထားပါ။ မိနစ္ - ၁၅ မိနစ္ေနရင္ ဆံပင္ကို ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ခ်လိုက္ပါ။

(၂) ဆံပင္မွာ ကပ္ေနတဲ့ ပီေက

ပီေကဝါးရင္းနဲ႔ ရုုတ္တရက္ ဆံပင္ကလြင့္လာၿပီး ပီေကေတြကပ္သြားတဲ့အခါ ခံစားရတဲ့ ဝမ္းနည္းမႈကို ဆံပင္ရွည္ရွည္ေကာင္မေလးေတြ အသိဆံုးျဖစ္မွာပါ။ ဘာမွ မပူပါနဲ႔။ ကိုကာကိုလာနဲ႔ ပီေကေပၚေလာင္းခ်ထားၿပီး ၂ မိနစ္ ၃ မိနစ္ေလာက္ေနရင္ ျဖည္းျဖည္းခ်င္းခြာခ်လိုက္ပါ။ နည္းနည္းေတာ့ တိုင္ပတ္တယ္ဆိုေပမဲ့ ဆံပင္ကို တိခနဲညွပ္လိုက္ရတာထက္ေတာ့ အမ်ားႀကီးသာပါေသးတယ္။

(၃) ဆံပင္အေရာင္ခၽြတ္ျခင္း

ဆံပင္ဆိုးၿပီးလို႔ အေရာင္ႀကီးကို မႀကိဳက္ဘူးဆိုလည္း ကိုကာကိုလာကို သံုးႏိုင္ပါတယ္။ ဆံပင္ဆိုးေဆးအေရာင္ေတြ အမ်ားႀကီးကၽႊတ္သြားေစမွာပါ။

(၄) အဖုအပိန္႔ေတြကို သက္သာေစျဖင္း

အင္းဆက္ေတြ၊ ပုရြက္ဆိတ္ေတြ စတဲ့ အေကာင္ေတြအကိုက္ခံရတဲ့အခါ ထြက္လာတဲ့အဖုအပိန္႔ေပၚကို ကိုလာသုတ္ထားတဲ့ ဂြမ္းနဲ႔ အုပ္လိုက္ပါ။ ပင္လယ္ထဲမွာ ေရခူအကိုက္ခံရရင္လည္း ကိုလာေလာင္းခ်လိုက္လို႔ရပါတယ္။

(၅) သံေခ်းတက္ျခင္း

ကိုလာနဲ႔ သံေခ်းနဲ႔က အေတာ္မတည့္တာပါ။ ကိုလာေသာက္ရင္းနဲ႔ သံေခ်းတက္ေနတဲံ ေရပိုက္ေခါင္းကိုေတြ႔ရင္ ေကာက္သာေလာင္းလိုက္ပါ။ ၿပီးရင္ ေရျမွဳပ္နဲ႔ သုတ္ခ်လိုက္ရင္ ေျပာင္လက္သြားတာေတြ႔ရမွာပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:duwun

#Unicode Version

ကိုကာကိုလာချစ်သူတစ်ဦးဖြစ်ပါသလား။ ကိုကာကိုလာကို သောက်ရုံအပြင် တခြားလုုပ်လို့ရတာတွေ အများကြီးရှိပါသေးတယ်။

(၁) ဆံပင်လိပ်မယ်

ခြောက်သွေ့နေတဲ့ ကျွတ်ဆတ်ဆတ်ဆံပင်တွေကို အပူချောင်းနဲ့ မလိပ်ပဲ ကိုကာကိုလာနဲ့ ကောက်လို့ ရပါတယ်။ ဆံပင်ကို ကိုလာနဲ့ စိုစွတ်အောင်လုပ်ပြီး အလိပ်လေးနဲ့ ကောက်ထားပါ။ မိနစ် - ၁၅ မိနစ်နေရင် ဆံပင်ကို ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။

(၂) ဆံပင်မှာ ကပ်နေတဲ့ ပီကေ

ပီကေဝါးရင်းနဲ့ ရုုတ်တရက် ဆံပင်ကလွင့်လာပြီး ပီကေတွေကပ်သွားတဲ့အခါ ခံစားရတဲ့ ဝမ်းနည်းမှုကို ဆံပင်ရှည်ရှည်ကောင်မလေးတွေ အသိဆုံးဖြစ်မှာပါ။ ဘာမှ မပူပါနဲ့။ ကိုကာကိုလာနဲ့ ပီကေပေါ်လောင်းချထားပြီး ၂ မိနစ် ၃ မိနစ်လောက်နေရင် ဖြည်းဖြည်းချင်းခွာချလိုက်ပါ။ နည်းနည်းတော့ တိုင်ပတ်တယ်ဆိုပေမဲ့ ဆံပင်ကို တိခနဲညှပ်လိုက်ရတာထက်တော့ အများကြီးသာပါသေးတယ်။

(၃) ဆံပင်အရောင်ချွတ်ခြင်း

ဆံပင်ဆိုးပြီးလို့ အရောင်ကြီးကို မကြိုက်ဘူးဆိုလည်း ကိုကာကိုလာကို သုံးနိုင်ပါတယ်။ ဆံပင်ဆိုးဆေးအရောင်တွေ အများကြီးကျွှတ်သွားစေမှာပါ။

(၄) အဖုအပိန့်တွေကို သက်သာစေဖြင်း

အင်းဆက်တွေ၊ ပုရွက်ဆိတ်တွေ စတဲ့ အကောင်တွေအကိုက်ခံရတဲ့အခါ ထွက်လာတဲ့အဖုအပိန့်ပေါ်ကို ကိုလာသုတ်ထားတဲ့ ဂွမ်းနဲ့ အုပ်လိုက်ပါ။ ပင်လယ်ထဲမှာ ရေခူအကိုက်ခံရရင်လည်း ကိုလာလောင်းချလိုက်လို့ရပါတယ်။

(၅) သံချေးတက်ခြင်း

ကိုလာနဲ့ သံချေးနဲ့က အတော်မတည့်တာပါ။ ကိုလာသောက်ရင်းနဲ့ သံချေးတက်နေတဲံ ရေပိုက်ခေါင်းကိုတွေ့ရင် ကောက်သာလောင်းလိုက်ပါ။ ပြီးရင် ရေမြှုပ်နဲ့ သုတ်ချလိုက်ရင် ပြောင်လက်သွားတာတွေ့ရမှာပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top