iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္မတုိ႔ မိန္းကေလးေတြအကုန္လံုးကေတာ့ ၾကည္လင္စိုေျပတဲ့၊ အစက္အေျပာက္ကင္းတဲ့ အသားအေရကို ပိုင္ဆိုင္ခ်င္ၾကတာခ်ည္းပါပဲ။ လွပတဲ့ အေရျပားကို ပိုင္ဆုိင္ႏိုင္ဖုိ႔ရာလည္း အလွကုန္ပစၥည္းစံုေအာင္ကို သံုးျဖစ္ၾကတယ္ေလ။ သဘာဝပစၥည္းေတြကလည္း ေငြကုန္ေၾကးက်မမ်ားဘဲ အသားအေရကို လွပေစႏိုင္ပါတယ္။ အသားအေရကို ၾကည္လင္သန္႔႐ွင္းေစၿပီး စိုေျပေစမယ့္ နည္းလမ္းတစ္ခုကို အုန္းဆီနဲ႔ျပဳလုပ္ၾကည့္ရေအာင္ပါ။

လိုအပ္တာကေတာ့ မုန္႔ဖုတ္ဆုိဒါ - လက္ဖက္စားဇြန္း ၁ ဇြန္းနဲ႔ အုန္းဆီစစ္စစ္ - လက္ဖက္စားဇြန္း ၂ ဇြြန္းတို႔ ျဖစ္ပါတယ္။ ႏွစ္မ်ိဳးလံုးကို ခြက္တစ္ခုထဲမွာ ေရာေမႊလိုက္ရင္ အႏွစ္အသြင္ ရလာပါလိမ့္မယ္။ ဒီအႏွစ္ကို မ်က္ႏွာေပၚမွာလိမ္းထားၿပီး ၁၅ မိနစ္ၾကာမွ ေရၾကက္သီးေႏြးေလးနဲဲ႔ ေဆးခ်လိုက္ပါ။ လက္ေခ်ာင္းေလးေတြကို အသံုးျပဳၿပီး မ်က္ႏွာကို ၁ မိနစ္ခန္႔ စက္ဝိုင္းပံုလွည့္လည္ကာ ႏွိပ္ေပးလိုက္ပါဦး။ ၿပီးမွ ႐ိုး႐ိုးေရနဲ႔ ထပ္ေဆးလိုက္ပါ။

ဒါဆုိရင္ေတာ့ ၾကည္လင္စိုေျပေနတဲ့ မ်က္ႏွာအသားအေရကို ျမင္ရမွာျဖစ္ၿပီး စိတ္ေက်နပ္မႈု ရသြားပါလိမ့္မယ္။ ဒီနည္းကို တစ္ပတ္မွာ ႏွစ္ႀကိမ္၊ သံုးႀကိမ္ေလာက္ လုပ္လုိ႔ရပါတယ္။ အုန္းဆီဟာ အသားအေရကို ႏုပ်ိဳစိုေျပေစပါတယ္။ သဘာဝမိတ္ကပ္ဖ်က္ေဆးလည္း ျဖစ္တာေၾကာင့္ မ်က္ႏွာေပၚက အညစ္အေၾကးေတြဟာ ေရေဆးလိုက္တဲ့အခါ တစ္ပါတည္္း ကုန္စင္သြားမွာျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

ကျွန်မတို့ မိန်းကလေးတွေအကုန်လုံးကတော့ ကြည်လင်စိုပြေတဲ့၊ အစက်အပြောက်ကင်းတဲ့ အသားအရေကို ပိုင်ဆိုင်ချင်ကြတာချည်းပါပဲ။ လှပတဲ့ အရေပြားကို ပိုင်ဆိုင်နိုင်ဖို့ရာလည်း အလှကုန်ပစ္စည်းစုံအောင်ကို သုံးဖြစ်ကြတယ်လေ။ သဘာဝပစ္စည်းတွေကလည်း ငွေကုန်ကြေးကျမများဘဲ အသားအရေကို လှပစေနိုင်ပါတယ်။ အသားအရေကို ကြည်လင်သန့်ရှင်းစေပြီး စိုပြေစေမယ့် နည်းလမ်းတစ်ခုကို အုန်းဆီနဲ့ပြုလုပ်ကြည့်ရအောင်ပါ။

လိုအပ်တာကတော့ မုန့်ဖုတ်ဆိုဒါ - လက်ဖက်စားဇွန်း ၁ ဇွန်းနဲ့ အုန်းဆီစစ်စစ် - လက်ဖက်စားဇွန်း ၂ ဇွန်းတို့ ဖြစ်ပါတယ်။ နှစ်မျိုးလုံးကို ခွက်တစ်ခုထဲမှာ ရောမွှေလိုက်ရင် အနှစ်အသွင် ရလာပါလိမ့်မယ်။ ဒီအနှစ်ကို မျက်နှာပေါ်မှာလိမ်းထားပြီး ၁၅ မိနစ်ကြာမှ ရေကြက်သီးနွေးလေးနဲ့ ဆေးချလိုက်ပါ။ လက်ချောင်းလေးတွေကို အသုံးပြုပြီး မျက်နှာကို ၁ မိနစ်ခန့် စက်ဝိုင်းပုံလှည့်လည်ကာ နှိပ်ပေးလိုက်ပါဦး။ ပြီးမှ ရိုးရိုးရေနဲ့ ထပ်ဆေးလိုက်ပါ။

ဒါဆိုရင်တော့ ကြည်လင်စိုပြေနေတဲ့ မျက်နှာအသားအရေကို မြင်ရမှာဖြစ်ပြီး စိတ်ကျေနပ်မှုု ရသွားပါလိမ့်မယ်။ ဒီနည်းကို တစ်ပတ်မှာ နှစ်ကြိမ်၊ သုံးကြိမ်လောက် လုပ်လို့ရပါတယ်။ အုန်းဆီဟာ အသားအရေကို နုပျိုစိုပြေစေပါတယ်။ သဘာဝမိတ်ကပ်ဖျက်ဆေးလည်း ဖြစ်တာကြောင့် မျက်နှာပေါ်က အညစ်အကြေးတွေဟာ ရေဆေးလိုက်တဲ့အခါ တစ်ပါတည်း ကုန်စင်သွားမှာဖြစ်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top