iMyanmarHouse.com - Best Property Website for Myanmar
×

ႏြားတို႔၏ ေက်းဇူးကား လြန္စြာမွ ႀကီးမားလွ ေပ၏။ ႏြားတို႔သည္ ေမြးဖြားသည္မွ ေသလြန္သည့္ တိုင္ လူသားတို႔ကို အက်ဳိးျပဳလ်က္ရွိ၏။ ႏြားကေလး တစ္ေကာင္သည္ ေမြးဖြားလာသည္ႏွင့္ သဘာ၀က ေပးေသာ မိခင္ႏြားမႀကီး၏ႏုိ႔ရည္ခ်ဳိကို ေသာက္စို႔ခြင့္ ရရွိေလ၏။
သို႔ရာတြင္ ႏြားကေလးသည္ ႏုိ႔ရည္ခ်ဳိကို ၀လင္စြာ ေသာက္စို႔ခြင့္မရရွိေပ။ လူသားတို႔က ႏြား ကေလး၏ ရပိုင္ခြင့္ႏုိ႔ရည္ခ်ဳိတို႔ကို အာဟာရအျဖစ္မီွ၀ဲ ေသာက္သံုးရန္အတြက္လည္းေကာင္း၊ ေငြေၾကးအလို႔ ငွာ ေရာင္းခ်ျခင္းျပဳရန္အတြက္လည္းေကာင္း ႏြား ကေလး၏ မိခင္ႏြားမႀကီးထံမွ ႏုိ႔ရည္ခ်ဳိတို႔ကိုညႇစ္၍ ယူၾကေလ၏။
တစ္ဖန္ ႏြားကေလး အရြယ္ေရာက္လာေသာ အခါ လူသားတို႔သည္ ခိုင္းေစရန္အတြက္ ႏြားက ေလး၏ ႏွာႏုႏုကုိ တုတ္ခြၽန္၊ သံခြၽန္စသည္တို႔ျဖင့္ ထိုးေဖာက္၍ နဖားႀကိဳးထိုးကာ ခိုင္းေစၾကေတာ့၏။သို႔ရာတြင္ ႏြားကေလးကား အားေကာင္းေမာင္းသန္ အရြယ္ျဖစ္၍ ၿငိဳျငင္မႈမျပဳဘဲ ပခုံး(ကုပ္ပိုး)ထက္ ထမ္းပိုး တင္ကာ ဆန္စပါး ေကာက္ပဲသီးႏွံ စသည္တို႔ကို စိုက္ပ်ဳိးရန္အတြက္ ထြန္ယက္ၿပီး လူသားတို႔အား အလုပ္ေကြၽးျပဳ၏။ ကုန္စည္၀န္တို႔ ထမ္းပိုးေပးရွာ၏။ဤသို႔ျဖင့္ အတိတ္ဘ၀ကျပဳခဲ့ဖူးေသာ ၀ဋ္ေ<ကးကို ႏြားကေလးသည္ လူသားတို႔အတြက္ ခြန္အားျဖင့္ ႐ုန္းကန္ေပးဆပ္ကာ လူသားတို႔အား စား၊ ၀တ္၊ ေနေရးႏွင့္ စည္းစိမ္ဥစၥာတို႔ကို ေပးေလ၏။
သို႔ပါေသာ္လည္း လူသားတို႔ကား ညႇာတာ ေထာက္ထားမႈမရွိဘဲ စိတ္တိုင္းၾက ေစခိုင္း၍ မရမည္ စိုး၍ အရြယ္ေရာက္ ႏြားကေလး၏ အိမ္ေထာင္ျပဳ လိုစိတ္၊ ေမထုန္မီွ၀ဲလိုစိတ္၊ ဆန္႔ၾကင္ဖက္ ႏြားမမ်ား အေပၚ စိတ္ပါ၀င္စားလိုစိတ္တုိ႔ မရွိေစရန္ ႏြားက ေလး၏ ငယ္ပါကို ရက္စက္စြာသံညႇပ္ျဖင့္ ညႇပ္ျခင္း၊ တူျဖင့္ထုျခင္းတို႔ျဖင့္ ဖိုေအာင္ မ်ဳိးဆက္မျပန္႔ပြား ေအာင္ျပဳၾကေလ၏။
ဤသို႔ႏွစ္ေပါင္းမ်ားစြာ လူသားတို႔အား ခြန္ အားျဖင့္ အလုပ္ေကြၽးျပဳၿပီးေနာက္ ႏြားကေလးသည္ ယခင္လို ႏုပ်ဳိသန္မာျခင္းမရွိေတာ့ဘဲ အိုမင္းမစြမ္း ျဖစ္လာ၏။ ႏြားအုိႀကီးျဖစ္လာ၏။ ထိုအခါ ]အိုမင္း မစြမ္း}ဟူေသာစကားအတိုင္း ]အိုရင္ မင္းမစြမ္းေတာ့ ဘူး}ဟုယူဆကာ လူသားတို႔သည္ ႏြားအိုႀကီးကို ရသည့္ေစ်းျဖင့္ သားသတ္သမားတို႔ထံ ေရာင္းခ်ရန္ အတင္းအက်ပ္ႀကိဳး ျဖင့္ ဆြဲေခၚၾကေလ၏။ ေသျခင္း တရားႏွင့္ ေနာက္ဆုံးရင္ဆိုင္ရေတာ့မည္ကို သိေန ေသာ ႏြားအိုႀကီးသည္ ေၾကာက္ရြံ႕တုန္လႈပ္စြာ ႐ုန္း ကန္ေလ၏။ ထိုအခါ လူသားတို႔က ျပဳခဲ့ဖူးေသာ ႏြားအိုႀကီး၏ ေက်းဇူးတရားကို မေထာက္ထား မစာ နာ ႐ုိက္နွက္၍ အတင္းအဓမၼ ဆြဲေခၚၾကေလ၏။ႏြားအိုႀကီး၏ သုသာန္တစ သခ်ဳႋင္း၀ကား နာက်င္ ေၾကကြဲမႈ မ်က္ရည္မ်ားစြာျဖင့္ နိဂုံးကမၸတ္ အဆုံး သတ္ရေလေတာ့၏။
ဤမွ်ႏွင့္ မၿပီးေသး။ ႏြားအိုႀကီး၏အသားႏွင့္ ႏြားအိုႀကီး ထြန္ယက္စိုက္ပ်ဳိးထားေသာ ဆန္စပါး၊ ေကာက္ပဲသီးႏွံတို႔ျဖင့္ လူသားမိသားစုတို႔ကား ၿမိန္ရွက္ စြာႏွင့္ စားရက္၊ ေသာက္ရက္၊ ၿမိဳရက္ၾကပါ၏။ႏြား အိုႀကီး၏ ဘ၀ခႏၶာခ်ဳပ္ၿငိမ္းၿပီးေသာ္လည္း က်န္ရစ္ ခဲ့ေသာ အ႐ုိး၊ အေရ၊ ဦးခ်ဳိစသည္တို႔ကို လူသား တို႔က အမ်ဳိးမ်ဳိး အသုံးျပဳကာ ေရာင္းခ်စားေသာက္ ခြင့္ပင္ ရရွိၾကပါေသး၏။ ထို႔ေၾကာင့္ ႏြားတို႔သည္ ေမြးဖြားသည္မွ ေသလြန္သည့္တိုင္ လူသားတို႔ကို အက်ဳိးျပဳ၍ လြန္စြာေက်းဇူးႀကီးမားလွေပ၏။ သို႔ပါ ေသာေၾကာင့္ လူသားတို႔သည္ ႏြားသားကို မစားသင့္၊ မစားအပ္ေပ။
ကြၽႏု္ပ္သည္ အထက္တြင္တင္ျပခဲ့ေသာ ႏြား ေမတၲာစာကို ႏြားကေလး၏ ေနရာမွေန၍ ခံစားေရးဖြဲ႕ ပါ၏။ ဤကဲ့သို႔ ႏြားေမတၱာစာကို ေက်းဇူးေတာ္ရွင္ လယ္တီဆရာေတာ္ဘုရားႀကီးသည္ ႀကီးမားေသာ က႐ုဏာတရားျဖင့္ ေရးဖြဲ႕ေတာ္မူခဲ့ပါ၏။ ထို႔ျပင္ေလာ ကနီတိက်မ္း ပကိဏၰက က႑ ဂါထာအမွတ္ (၁၄) တြင္ ႏြားတို႔သည္ လူသားတို႔အား အ၀တ္အထည္၊ စည္းစိမ္ဥစၥာ၊ အစားအေသာက္တို႔ကိုေပးပါေသာ ေၾကာင့္အမိçအဖတို႔ကဲ့သို႔ပင္ ႏြားမ်ားကို ျမတ္ႏိုးသင့္၊ ႐ုိေသသင့္ေၾကာင္းကို ေအာက္ပါအတိုင္းပါရွိ၏။
ေဂါဏာဟိ သဗၺဂီဟိနံ၊
ေပါသကာ ေဘာဂဒါယကာ။
တသၼာဟိ မာတာပိတူ၀၊
မာနေယ သကၠေရယ် စ။
အနက္
ေဂါဏာ-ႏြားတို႔သည္၊ သဗၺဂီဟိနံ-ခပ္သိမ္း ေသာသူတို႔ကို၊ ဟိ ယသၼာ-အၾကင္ေၾကာင့္၊ ေပါသ ကာ-ေကြၽးေမြးတတ္ကုန္၏။ ေဘာဂဒါယကာ-စည္း စိမ္တို႔ကို ေပးတတ္ကုန္၏။ တသၼာ ဟိ တသၼာ ဧ၀ - ထိုေၾကာင့္သာလွ်င္၊ မာတာပိတူ၀-အမိçအဖ တို႔ကဲ့သို႔၊ ေတ-ထိုႏြားတို႔ကို မာနေယ-ျမတ္ႏိုးရာ၏။သကၠေရယ် စ-အ႐ုိအေသလည္း ျပဳရာ၏။
ထို႔အျပင္ ႏြားတို႔ကို မသတ္ျဖတ္ၾကဘဲ သူ႕ အလိုလို အသက္တမ္းကုန္ဆုံးၿပီဆိုမွသာ ေရေမွ်ာ ျခင္း၊ လင္းတငွက္တို႔ကို ေပးျခင္းမ်ားျပဳလုပ္သင့္ ေၾကာင္းႏွင့္ ႏြားတို႔၏အသားကို စားသုံးပါက အမိç အဖတို႔၏အသားကိုသာ စားျခင္းမည္ေၾကာင္းကို ေလာကနီတိက်မ္း၊ ပကိဏၰက က႑၊ ဂါထာ အမွတ္ (၁၅)တြင္ ေအာက္ပါအတိုင္း ဆက္လက္ျပဆိုထား၏။
ေယ စ ခါဒနၲိ ေဂါမံသံ၊
မာတုမံသံ၀ ခါဒေယ။
မေတသု ေတသု ဂိဇၩာနံ၊
ဒေဒ ေသာေတစ ၀ါဟေယ။
အနက္
ေယ စ-အၾကင္သူတို႔သည္လည္း၊ ေဂါမံသံ- ႏြားတို႔၏ အသားကို၊ ခါဒႏၲိ-စားကုန္၏။ ေတ-ထိုသူတို႔သည္၊ မာတုမံသံ၀-အမိ၏ အသားကိုသာ လွ်င္။ ခါဒေယ-စားသည္မည္ကုန္၏။ ေတသု-ထိုႏြားတို႔သည္၊ မေတသု-ေသကုန္သည္ရွိေသာ္၊ ဂိဇၩာနံ-လင္းတတို႔အား၊ ဒေဒ-ေပးရာ၏။ ေသာေတ စ-ေရအလ်င္၌ေသာ္လည္း၊ ၀ါဟေယ-ေမွ်ာရာ၏။
]ႏြားတို႔အေပၚ ၾကင္နာႏုိင္ၾကပါေစ}
]ႏြားတို႔အေပၚ စာနာႏုိင္ၾကပါေစ}
အင္း၀ေခတ္ စာဆိုေတာ္
ရွင္မဟာရ႒သာရ၏ ဆုံးမစာအတိုင္း-]ကိုယ္ႏွင့္လည္း စာ၊ သတၱ၀ါကို၊ ၾကင္နာလွေစ၊ သူ႕အသက္ကို၊ ခ်စ္ပါေလ}ဟူ၍သာ ေျပာခ်င္ပါ ေတာ့၏။
ဗဟုသုတ အသိအလိမၼာတိုးပြားၾကပါေစ။

Credit:ေဇာ္လြင္ထြန္း
က်မ္းကိုး
(၁) ေညာင္ကန္ဆရာေတာ္ဘုရားႀကီး ဦးဗုဓ္ နိႆယ ျပန္ဆိုေသာ ေလာကနီတိက်မ္း။
(၂) လယ္တီဆရာေတာ္ဘုရားႀကီး၏ ႏြား ေမတၱာစာ။
(၃) ရွင္မဟာရ႒သာရ၏ ဆုံးမစာ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

-ဇော်လွင်ထွန်း-
*************************
နွားတို့၏ ကျေးဇူးကား လွန်စွာမှ ကြီးမားလှ ပေ၏။ နွားတို့သည် မွေးဖွားသည်မှ သေလွန်သည့် တိုင် လူသားတို့ကို အကျိုးပြုလျက်ရှိ၏။ နွားကလေး တစ်ကောင်သည် မွေးဖွားလာသည်နှင့် သဘာဝက ပေးသော မိခင်နွားမကြီး၏နို့ရည်ချိုကို သောက်စို့ခွင့် ရရှိလေ၏။
သို့ရာတွင် နွားကလေးသည် နို့ရည်ချိုကို ဝလင်စွာ သောက်စို့ခွင့်မရရှိပေ။ လူသားတို့က နွား ကလေး၏ ရပိုင်ခွင့်နို့ရည်ချိုတို့ကို အာဟာရအဖြစ်မှီဝဲ သောက်သုံးရန်အတွက်လည်းကောင်း၊ ငွေကြေးအလို့ ငှာ ရောင်းချခြင်းပြုရန်အတွက်လည်းကောင်း နွား ကလေး၏ မိခင်နွားမကြီးထံမှ နို့ရည်ချိုတို့ကိုညှစ်၍ ယူကြလေ၏။
တစ်ဖန် နွားကလေး အရွယ်ရောက်လာသော အခါ လူသားတို့သည် ခိုင်းစေရန်အတွက် နွားက လေး၏ နှာနုနုကို တုတ်ချွန်၊ သံချွန်စသည်တို့ဖြင့် ထိုးဖောက်၍ နဖားကြိုးထိုးကာ ခိုင်းစေကြတော့၏။သို့ရာတွင် နွားကလေးကား အားကောင်းမောင်းသန် အရွယ်ဖြစ်၍ ငြိုငြင်မှုမပြုဘဲ ပခုံး(ကုပ်ပိုး)ထက် ထမ်းပိုး တင်ကာ ဆန်စပါး ကောက်ပဲသီးနှံ စသည်တို့ကို စိုက်ပျိုးရန်အတွက် ထွန်ယက်ပြီး လူသားတို့အား အလုပ်ကျွေးပြု၏။ ကုန်စည်ဝန်တို့ ထမ်းပိုးပေးရှာ၏။ဤသို့ဖြင့် အတိတ်ဘဝကပြုခဲ့ဖူးသော ဝဋ်ေ<ကးကို နွားကလေးသည် လူသားတို့အတွက် ခွန်အားဖြင့် ရုန်းကန်ပေးဆပ်ကာ လူသားတို့အား စား၊ ဝတ်၊ နေရေးနှင့် စည်းစိမ်ဥစ္စာတို့ကို ပေးလေ၏။
သို့ပါသော်လည်း လူသားတို့ကား ညှာတာ ထောက်ထားမှုမရှိဘဲ စိတ်တိုင်းကြ စေခိုင်း၍ မရမည် စိုး၍ အရွယ်ရောက် နွားကလေး၏ အိမ်ထောင်ပြု လိုစိတ်၊ မေထုန်မှီဝဲလိုစိတ်၊ ဆန့်ကြင်ဖက် နွားမများ အပေါ် စိတ်ပါဝင်စားလိုစိတ်တို့ မရှိစေရန် နွားက လေး၏ ငယ်ပါကို ရက်စက်စွာသံညှပ်ဖြင့် ညှပ်ခြင်း၊ တူဖြင့်ထုခြင်းတို့ဖြင့် ဖိုအောင် မျိုးဆက်မပြန့်ပွား အောင်ပြုကြလေ၏။
ဤသို့နှစ်ပေါင်းများစွာ လူသားတို့အား ခွန် အားဖြင့် အလုပ်ကျွေးပြုပြီးနောက် နွားကလေးသည် ယခင်လို နုပျိုသန်မာခြင်းမရှိတော့ဘဲ အိုမင်းမစွမ်း ဖြစ်လာ၏။ နွားအိုကြီးဖြစ်လာ၏။ ထိုအခါ ]အိုမင်း မစွမ်း}ဟူသောစကားအတိုင်း ]အိုရင် မင်းမစွမ်းတော့ ဘူး}ဟုယူဆကာ လူသားတို့သည် နွားအိုကြီးကို ရသည့်ဈေးဖြင့် သားသတ်သမားတို့ထံ ရောင်းချရန် အတင်းအကျပ်ကြိုး ဖြင့် ဆွဲခေါ်ကြလေ၏။ သေခြင်း တရားနှင့် နောက်ဆုံးရင်ဆိုင်ရတော့မည်ကို သိနေ သော နွားအိုကြီးသည် ကြောက်ရွံ့တုန်လှုပ်စွာ ရုန်း ကန်လေ၏။ ထိုအခါ လူသားတို့က ပြုခဲ့ဖူးသော နွားအိုကြီး၏ ကျေးဇူးတရားကို မထောက်ထား မစာ နာ ရိုက်နှက်၍ အတင်းအဓမ္မ ဆွဲခေါ်ကြလေ၏။နွားအိုကြီး၏ သုသာန်တစ သချုႋင်းဝကား နာကျင် ကြေကွဲမှု မျက်ရည်များစွာဖြင့် နိဂုံးကမ္ပတ် အဆုံး သတ်ရလေတော့၏။
ဤမျှနှင့် မပြီးသေး။ နွားအိုကြီး၏အသားနှင့် နွားအိုကြီး ထွန်ယက်စိုက်ပျိုးထားသော ဆန်စပါး၊ ကောက်ပဲသီးနှံတို့ဖြင့် လူသားမိသားစုတို့ကား မြိန်ရှက် စွာနှင့် စားရက်၊ သောက်ရက်၊ မြိုရက်ကြပါ၏။နွား အိုကြီး၏ ဘဝခန္ဓာချုပ်ငြိမ်းပြီးသော်လည်း ကျန်ရစ် ခဲ့သော အရိုး၊ အရေ၊ ဦးချိုစသည်တို့ကို လူသား တို့က အမျိုးမျိုး အသုံးပြုကာ ရောင်းချစားသောက် ခွင့်ပင် ရရှိကြပါသေး၏။ ထို့ကြောင့် နွားတို့သည် မွေးဖွားသည်မှ သေလွန်သည့်တိုင် လူသားတို့ကို အကျိုးပြု၍ လွန်စွာကျေးဇူးကြီးမားလှပေ၏။ သို့ပါ သောကြောင့် လူသားတို့သည် နွားသားကို မစားသင့်၊ မစားအပ်ပေ။
ကျွနု်ပ်သည် အထက်တွင်တင်ပြခဲ့သော နွား မေတ္တာစာကို နွားကလေး၏ နေရာမှနေ၍ ခံစားရေးဖွဲ့ ပါ၏။ ဤကဲ့သို့ နွားမေတ္တာစာကို ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးသည် ကြီးမားသော ကရုဏာတရားဖြင့် ရေးဖွဲ့တော်မူခဲ့ပါ၏။ ထို့ပြင်လော ကနီတိကျမ်း ပကိဏ္ဏက ကဏ္ဍ ဂါထာအမှတ် (၁၄) တွင် နွားတို့သည် လူသားတို့အား အဝတ်အထည်၊ စည်းစိမ်ဥစ္စာ၊ အစားအသောက်တို့ကိုပေးပါသော ကြောင့်အမိçအဖတို့ကဲ့သို့ပင် နွားများကို မြတ်နိုးသင့်၊ ရိုသေသင့်ကြောင်းကို အောက်ပါအတိုင်းပါရှိ၏။
ဂေါဏာဟိ သဗ္ဗဂီဟိနံ၊
ပေါသကာ ဘောဂဒါယကာ။
တသ္မာဟိ မာတာပိတူဝ၊
မာနယေ သက္ကရေယျ စ။
အနက်
ဂေါဏာ-နွားတို့သည်၊ သဗ္ဗဂီဟိနံ-ခပ်သိမ်း သောသူတို့ကို၊ ဟိ ယသ္မာ-အကြင်ကြောင့်၊ ပေါသ ကာ-ကျွေးမွေးတတ်ကုန်၏။ ဘောဂဒါယကာ-စည်း စိမ်တို့ကို ပေးတတ်ကုန်၏။ တသ္မာ ဟိ တသ္မာ ဧ၀ - ထိုကြောင့်သာလျှင်၊ မာတာပိတူဝ-အမိçအဖ တို့ကဲ့သို့၊ တေ-ထိုနွားတို့ကို မာနယေ-မြတ်နိုးရာ၏။သက္ကရေယျ စ-အရိုအသေလည်း ပြုရာ၏။
ထို့အပြင် နွားတို့ကို မသတ်ဖြတ်ကြဘဲ သူ့ အလိုလို အသက်တမ်းကုန်ဆုံးပြီဆိုမှသာ ရေမျှော ခြင်း၊ လင်းတငှက်တို့ကို ပေးခြင်းများပြုလုပ်သင့် ကြောင်းနှင့် နွားတို့၏အသားကို စားသုံးပါက အမိç အဖတို့၏အသားကိုသာ စားခြင်းမည်ကြောင်းကို လောကနီတိကျမ်း၊ ပကိဏ္ဏက ကဏ္ဍ၊ ဂါထာ အမှတ် (၁၅)တွင် အောက်ပါအတိုင်း ဆက်လက်ပြဆိုထား၏။
ယေ စ ခါဒန္တိ ဂေါမံသံ၊
မာတုမံသံ၀ ခါဒယေ။
မတေသု တေသု ဂိဇ္ဈာနံ၊
ဒဒေ သောတေစ ဝါဟယေ။
အနက်
ယေ စ-အကြင်သူတို့သည်လည်း၊ ဂေါမံသံ- နွားတို့၏ အသားကို၊ ခါဒန္တိ-စားကုန်၏။ တေ-ထိုသူတို့သည်၊ မာတုမံသံဝ-အမိ၏ အသားကိုသာ လျှင်။ ခါဒယေ-စားသည်မည်ကုန်၏။ တေသု-ထိုနွားတို့သည်၊ မတေသု-သေကုန်သည်ရှိသော်၊ ဂိဇ္ဈာနံ-လင်းတတို့အား၊ ဒဒေ-ပေးရာ၏။ သောတေ စ-ရေအလျင်၌သော်လည်း၊ ဝါဟယေ-မျှောရာ၏။
]နွားတို့အပေါ် ကြင်နာနိုင်ကြပါစေ}
]နွားတို့အပေါ် စာနာနိုင်ကြပါစေ}
အင်းဝခေတ် စာဆိုတော်
ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာအတိုင်း-]ကိုယ်နှင့်လည်း စာ၊ သတ္တဝါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို၊ ချစ်ပါလေ}ဟူ၍သာ ပြောချင်ပါ တော့၏။
ဗဟုသုတ အသိအလိမ္မာတိုးပွားကြပါစေ။


Credit:ဇော်လွင်ထွန်း
ကျမ်းကိုး
(၁) ညောင်ကန်ဆရာတော်ဘုရားကြီး ဦးဗုဓ် နိဿယ ပြန်ဆိုသော လောကနီတိကျမ်း။
(၂) လယ်တီဆရာတော်ဘုရားကြီး၏ နွား မေတ္တာစာ။
(၃) ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာ။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top