iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါတုန္းက မိန္းကေလးတစ္ေယာက္ရွိပါသတဲ့။ သူဟာ အိမ္ေထာင္က်တဲ့အခါ ေယာင္ေနာက္ဆံထုံးပါ လင္ေယာက္်ားရွိရာလိုက္ေနရတာေပါ့။ လင္ေယာက္်ားကို ခ်စ္လို႔သာလိုက္ေနရတာ ေယာကၡမနဲ႔ေတာ့ အဆင္ေျပပါဘူး။ မ်ားမၾကာမီမွာပဲ မိန္းကေလးဟာသူ႔ေယာကၡမႀကီးနဲ႔ ေရရွည္စခန္း သြားလို႔ျဖစ္မွာ မဟုတ္ဘူးဆိုတာ သေဘာေပါက္လာတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္သေဘာထားခ်င္းက အလြန္ကြာျခားေန ပါတယ္။ ေခြ်းမလုပ္သူက ေယာကၡမရဲ ႔ လုပ္ရပ္ေတြကို မႀကိဳက္သလို ေယာကၡမကလည္း ေခြ်းမကို တစ္စက္မွ ၾကည့္မရျဖစ္ေနပါေတာ့တာေပါ့။
သူတို႔ႏွစ္ေယာက္က အၿမဲတက်က္က်က္ျဖစ္ေနေတာ့ မိန္းကေလးရဲ ႔ ခင္ပြန္းျဖစ္တဲ့ ေကာင္ေလးကလည္း အေတာ္စိတ္ဆင္းရဲေနရပါတယ္။ ေခြ်းမျဖစ္သူဟာ ေယာကၡမရဲ ႔ ဖိႏွိ္ပ္မႈဒဏ္ကို ဘယ္လိုမွ သည္းမခံႏိုင္ေတာ့တဲ့အဆုံးမွာေတာ့ ဆုံးျဖတ္ခ်က္တစ္ခုကို ခိုင္ခိုင္မာမာ ခ်လိုက္ပါတယ္။ ဒါေၾကာင့္ သူ႔အေဖရဲ ႔သူငယ္ခ်င္း တစ္ေယာက္ဆီ သြားၿပီး အကူအညီ ေတာင္းပါတယ္။ အဲဒီသူကေတာ့ ေစ်းထဲမွာ ပရေဆးေရာင္းတဲ့သူပါ။ မိန္းကေလးဟာ သူ႔နဲ႔ သူ႔ေယာကၡမရဲ ႔ အေျခအေန အေၾကာင္းစုံကို ရွင္းျပပါတယ္။

 ၿပီးေတာ့ဒီလိုေျပာတယ္။ ဒါ့ေၾကာင့္ ဦးေလးမွာ အဆိပ္ျဖစ္ေစတဲ့ ေဆးတစ္မ်ိဳးမ်ိဳးမ်ားမရွိဘူးလား စားတဲ့သူ မရိပ္မိေစတဲ့ဟာမ်ိဳးေပါ့ ဒါဆိုတစ္ခါတည္း ဒီမိန္းမႀကီးေသၿပီး ျပႆ နာေတြအကုန္ေအးေရာ ဆိုေတာ့ ဟိုလူႀကီးက တစ္ခ်က္စဥ္းစားလုိုက္ၿပီး ျပန္ေျပာတယ္ ေအးဟ ငါ့မွာ အဆိပ္တစ္မ်ိဳးေတာ့ရွိတယ္ ဒါေပမယ့္ နင္ ငါေျပာတဲ့အတိုင္း အတိအက်လိုက္နာဖို႔ ေတာ့လိုမယ္ တျခားဘယ္သူမွ ရိပ္မိလို႔လည္းမျဖစ္ဘူး ငါေျပာတဲ့အတိုင္းနင္မလိုက္နာရင္ နင္ေရာငါပါ ျပႆနာအႀကီးႀကီးတက္ကုန္လိမ့္မယ္ စိတ္ခ်ုပါဦးေလးရာ ဦးေလးေျပာတဲ့အတိုင္း က်မအတိအက် လိုက္နာပါမယ္ ဒီေတာ့ ဦးေလးႀကီးက ဆိုင္ေနာက္ထဲဝင္သြားၿပီး အေတာ္ၾကာေတာ့ လက္ထဲမွာအထုတ္ေလး တစ္ထုတ္ပါ လာတယ္။ ငါတို႔ ခ်က္ခ်င္းေသေစတဲ့ အဆိပ္ျပင္းကိုသုံးလို႔မရဘူးဟ လူေတြရိပ္မိကုန္မယ္ ဒီေတာ့ ငါအဆိပ္တစ္မ်ိဳး ေဖာ္ထားတာရွိတယ္ ဒီအဆိပ္က တျဖည္းျဖည္းခ်င္း အာနိသင္ျပတဲ့အဆိပ္မ်ိဳး ဘယ္သူမွလည္း မရိပ္မိ ေတာ့ ဘူးေပါ့ဟာ ေန႔စဥ္သူ႔ကို ဖြယ္ဖြယ္ရာရာဟင္းေတြခ်က္ၿပီး ဒီေဆးေလးေတြ နည္းနည္းခ်င္းခပ္ေပး သူကိုယ္တိုင္ေရာ တစ္ျခားသူေတြေရာမရိပ္မိေအာင္ နင့္ဘက္က ေတာ္ေတာ္ဂရုစိုက္ဖို႔လိုမယ္ သူ႔ကုိ ေကာင္းေကာင္းမြန္မြန္ဆက္ဆံ သူနဲ႔ၿပိဳင္ရန္မျဖစ္နဲ႔ အတတ္ႏိုင္ဆုံးသည္းခံေပး ကိုယ့္ရဲ ႔အရွင္သခင္ တစ္ေယာက္လိုသေဘာထားၿပီး သူေျပာသမွ်နာခံေပး ဒါဆို သူေသသြားခဲ့ရင္ နင့္ေၾကာင့္ဆိုတာ ဘယ္သူ မွ မရိပ္မိေတာ့ဘူး။ မိန္းကေလးဟာ ေပ်ာ္ရႊင္သြားၿပီး အိမ္ျပန္ကာ ေယာကၡမႀကီးကို သတ္ဖို႔စီမံကိန္းအား စတင္အေကာင္ အထည္ေဖာ္ပါေတာ့တယ္။ ရက္လေတြအေတာ္ၾကာေအာင္ ေခြ်းမေလးဟာ သူ႔ေယာကၡမအတြက္ ဖြယ္ဖြယ္ရာရာေတြ ကိုယ္တိုင္ခ်က္ ေဆးေလးေတြခပ္ခပ္ၿပီး ကိုယ္တိုင္ခူးခပ္ေကြ်းပါတယ္။ ပရေဆးေရာင္းတဲ့ ဦးေလးႀကီး မွာတဲ့အတိုင္း လည္း ဘယ္သူမွ မရိပ္မိေအာင္ သူ႔စိတ္ကိုသူထိန္းၿပီး ေယာကၡမေျပာသမွ်ကို သည္းခံေနပါသတဲ့။ သူရဲ ႔အေမအရင္းတစ္ေယာက္လို ဆက္ဆံပါတယ္။ ဒီလိုနဲ႔ ေျခာက္လေလာက္အၾကာမွာေတာ့ အိမ္တြင္းေရး အေျခအေနေတြက အရင္ကလုိ မဟုတ္ေတာ့ဘဲ ေျပာင္းလဲသြားပါသတဲ့.။ ေခြ်းမေလးဟာ သူစိတ္ကိုသူ ထိန္းတာၾကာလာေတာ့ အရင္လို ေဒါသစိတ္ေတြနဲ႔ ထူပူမေနေတာ့ဘဲ စိတ္ေအးခ်မ္းလာပါတယ္။ သူ႔ေယာကၡမႀကီးနဲ႔ ရန္မျဖစ္ဘဲ ေျခာက္လေလာက္ေနလာခဲ့ေတာ့မွ ေယာကၡ မႀကီးဟာ ၾကင္နာတတ္သူ ဆက္ဆံံေရးေကာင္းတဲ့သူမွန္း သိလာပါေတာ့တယ္။ ေယာကၡမႀကီးရဲ စိတ္သေဘာထားဟာလည္း ေခြ်းမေလးအေပၚ ေျပာင္းလဲလာပါတယ္။ သူ႔သမီးအရင္း ေလးတစ္ေယာက္လို ခ်စ္ခင္လာသတဲ့။ သူမိတ္ေဆြေတြ တျခားေဆြမ်ိဳးေတြနဲ႔ ေတြ႔ရင္လည္း သူ႔ေခြ်းမ ေလးဟာ သူေတြ႔ဖူးသမွ်ေခြ်းမေတြထဲမွာ အေတာ္ဆုံးပဲဆိုတာ ခ်ီးမြမ္းခန္းဖြင့္လို႔မဆုံးပါဘူးတဲ့။

 ဒီအခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ တကယ့္သားအမိအရင္းေတြလို ခ်စ္ခင္သြားၾကပါေတာ့သတဲ့။ မိန္းကေလးရဲ ႔ေယာက္်ားျဖစ္သူဟာလည္း ခုလိုအေမနဲ႔ မိန္းမ အဆင္ေျပသြားတာေတြ႔ေတာ့ အလြန္ဝမ္းသာေနပါေတာ့တယ္။ တစ္ေန႔မွာေတာ့ ေခြ်းမေလးဟာ ေစ်းထဲကိုအေျပးသြားၿပီး ပရေဆးေရာင္းတဲ့ ဦးေလးႀကီးကို မ်က္ရည္စက္လက္နဲ႔ ေျပာပါတယ္ ဦးေလးရယ္ ကယ္ပါဦး ဦးေလးတစ္ခါေပးလိုက္တဲ့ အဆိပ္ေတြ အတြက္ေျဖေဆးမရွိဘူးလား က်မ ေယာကၡမႀကီးက သူေတာ္ေကာင္းမႀကီးဆိုတာ ခုမွသိတယ္ က်မသူ႔ကို အေမအရင္းလိုပဲ သံေယာဇဥ္ျဖစ္ေနၿပီ က်မတိုက္တဲ့ အဆိပ္ေၾကာင့္သူ႔ကို မေသေစခ်င္ဘူး ဒီေတာ့ ဦးေလးႀကီးက သက္ျပင္းတစ္ခ်က္ခ်ရင္း ျပန္ေမးပါတယ္ ငါ့တူမ နင္ပဲ အဲဒီတုန္းကေျပာေတာ့ ဒီမိန္းမႀကီးမရွိမွ စိတ္ခ်မ္းသာမွာဆို အဲ့ဒါက အဲ့ဒီတုန္းကေလ ခုမွက်မ သူေကာင္းမွန္းသိရတာ ကယ္ႏိုင္ရင္ကယ္ပါဦး ဦးေလးရယ္ ေတာင္းပန္ပါတယ္ လို႔ေျပာကာမ်က္ရည္ေတြက်ဆင္းလာပါေတာ့သတဲ့ ဒီေတာ့မွ ဦးေလးႀကီးက မိန္းကေလးရဲ ႔ေခါင္းကို အသာပုတ္ၿပီး ဒီအတြက္ဘာမွ မစိုးရိမ္ပါနဲ႔ကြယ္ ဦးေလး နင့္ကို ဘာအဆိပ္မွမေပးလိုက္ပါဘူး ဦးေလးေပးလိုက္တာ အားေဆးေတြပါ သူ႔အတြက္ပိုုုုုလို႔ေတာင္ က်န္းမာေရး အေထာက္အကူျပဳေသးတယ္ တကယ္အဆိပ္သင့္ေနတာက တူမႀကီးရဲ ႔ စိတ္ေနသေဘာထားေတြပါ ဒါေပမယ့္ အဲ့ဒီအဆိပ္ေတြဟာလည္း တူမႀကီး သူ႔အေပၚထားတဲ့ေစတနာ ေမတၱာေတြက ေဆးေၾကာသန္႔စင္ႏိုင္ခဲ့ပါၿပီ။ လူအခ်င္းခ်င္း လွည့္ပတ္ျခင္း၊ မုန္းတီးျခင္း ကင္း႐ွင္း၍ ခ်စ္ျခင္းေမတၱာျဖင့္ တည္ေဆာက္ေသာ ဘ၀တစ္ခုကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။


Credit:bahuthuta
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ခါတုန်းက မိန်းကလေးတစ်ယောက်ရှိပါသတဲ့။ သူဟာ အိမ်ထောင်ကျတဲ့အခါ ယောင်နောက်ဆံထုံးပါ လင်ယောက်ျားရှိရာလိုက်နေရတာပေါ့။ လင်ယောက်ျားကို ချစ်လို့သာလိုက်နေရတာ ယောက္ခမနဲ့တော့ အဆင်ပြေပါဘူး။ များမကြာမီမှာပဲ မိန်းကလေးဟာသူ့ယောက္ခမကြီးနဲ့ ရေရှည်စခန်း သွားလို့ဖြစ်မှာ မဟုတ်ဘူးဆိုတာ သဘောပေါက်လာတယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားချင်းက အလွန်ကွာခြားနေ ပါတယ်။ ချွေးမလုပ်သူက ယောက္ခမရဲ့ လုပ်ရပ်တွေကို မကြိုက်သလို ယောက္ခမကလည်း ချွေးမကို တစ်စက်မှ ကြည့်မရဖြစ်နေပါတော့တာပေါ့။
သူတို့နှစ်ယောက်က အမြဲတကျက်ကျက်ဖြစ်နေတော့ မိန်းကလေးရဲ့ ခင်ပွန်းဖြစ်တဲ့ ကောင်လေးကလည်း အတော်စိတ်ဆင်းရဲနေရပါတယ်။ ချွေးမဖြစ်သူဟာ ယောက္ခမရဲ့ ဖိနှိပ်မှုဒဏ်ကို ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်ပါတယ်။ ဒါကြောင့် သူ့အဖေရဲ့သူငယ်ချင်း တစ်ယောက်ဆီ သွားပြီး အကူအညီ တောင်းပါတယ်။ အဲဒီသူကတော့ ဈေးထဲမှာ ပရဆေးရောင်းတဲ့သူပါ။ မိန်းကလေးဟာ သူ့နဲ့ သူ့ယောက္ခမရဲ့ အခြေအနေ အကြောင်းစုံကို ရှင်းပြပါတယ်။

 ပြီးတော့ဒီလိုပြောတယ်။ ဒါ့ကြောင့် ဦးလေးမှာ အဆိပ်ဖြစ်စေတဲ့ ဆေးတစ်မျိုးမျိုးများမရှိဘူးလား စားတဲ့သူ မရိပ်မိစေတဲ့ဟာမျိုးပေါ့ ဒါဆိုတစ်ခါတည်း ဒီမိန်းမကြီးသေပြီး ပြဿ နာတွေအကုန်အေးရော ဆိုတော့ ဟိုလူကြီးက တစ်ချက်စဉ်းစားလိုက်ပြီး ပြန်ပြောတယ် အေးဟ ငါ့မှာ အဆိပ်တစ်မျိုးတော့ရှိတယ် ဒါပေမယ့် နင် ငါပြောတဲ့အတိုင်း အတိအကျလိုက်နာဖို့ တော့လိုမယ် တခြားဘယ်သူမှ ရိပ်မိလို့လည်းမဖြစ်ဘူး ငါပြောတဲ့အတိုင်းနင်မလိုက်နာရင် နင်ရောငါပါ ပြဿနာအကြီးကြီးတက်ကုန်လိမ့်မယ် စိတ်ချုပါဦးလေးရာ ဦးလေးပြောတဲ့အတိုင်း ကျမအတိအကျ လိုက်နာပါမယ် ဒီတော့ ဦးလေးကြီးက ဆိုင်နောက်ထဲဝင်သွားပြီး အတော်ကြာတော့ လက်ထဲမှာအထုတ်လေး တစ်ထုတ်ပါ လာတယ်။ ငါတို့ ချက်ချင်းသေစေတဲ့ အဆိပ်ပြင်းကိုသုံးလို့မရဘူးဟ လူတွေရိပ်မိကုန်မယ် ဒီတော့ ငါအဆိပ်တစ်မျိုး ဖော်ထားတာရှိတယ် ဒီအဆိပ်က တဖြည်းဖြည်းချင်း အာနိသင်ပြတဲ့အဆိပ်မျိုး ဘယ်သူမှလည်း မရိပ်မိ တော့ ဘူးပေါ့ဟာ နေ့စဉ်သူ့ကို ဖွယ်ဖွယ်ရာရာဟင်းတွေချက်ပြီး ဒီဆေးလေးတွေ နည်းနည်းချင်းခပ်ပေး သူကိုယ်တိုင်ရော တစ်ခြားသူတွေရောမရိပ်မိအောင် နင့်ဘက်က တော်တော်ဂရုစိုက်ဖို့လိုမယ် သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံ သူနဲ့ပြိုင်ရန်မဖြစ်နဲ့ အတတ်နိုင်ဆုံးသည်းခံပေး ကိုယ့်ရဲ့အရှင်သခင် တစ်ယောက်လိုသဘောထားပြီး သူပြောသမျှနာခံပေး ဒါဆို သူသေသွားခဲ့ရင် နင့်ကြောင့်ဆိုတာ ဘယ်သူ မှ မရိပ်မိတော့ဘူး။ မိန်းကလေးဟာ ပျော်ရွှင်သွားပြီး အိမ်ပြန်ကာ ယောက္ခမကြီးကို သတ်ဖို့စီမံကိန်းအား စတင်အကောင် အထည်ဖော်ပါတော့တယ်။ ရက်လတွေအတော်ကြာအောင် ချွေးမလေးဟာ သူ့ယောက္ခမအတွက် ဖွယ်ဖွယ်ရာရာတွေ ကိုယ်တိုင်ချက် ဆေးလေးတွေခပ်ခပ်ပြီး ကိုယ်တိုင်ခူးခပ်ကျွေးပါတယ်။ ပရဆေးရောင်းတဲ့ ဦးလေးကြီး မှာတဲ့အတိုင်း လည်း ဘယ်သူမှ မရိပ်မိအောင် သူ့စိတ်ကိုသူထိန်းပြီး ယောက္ခမပြောသမျှကို သည်းခံနေပါသတဲ့။ သူရဲ့အမေအရင်းတစ်ယောက်လို ဆက်ဆံပါတယ်။ ဒီလိုနဲ့ ခြောက်လလောက်အကြာမှာတော့ အိမ်တွင်းရေး အခြေအနေတွေက အရင်ကလို မဟုတ်တော့ဘဲ ပြောင်းလဲသွားပါသတဲ့.။ ချွေးမလေးဟာ သူစိတ်ကိုသူ ထိန်းတာကြာလာတော့ အရင်လို ဒေါသစိတ်တွေနဲ့ ထူပူမနေတော့ဘဲ စိတ်အေးချမ်းလာပါတယ်။ သူ့ယောက္ခမကြီးနဲ့ ရန်မဖြစ်ဘဲ ခြောက်လလောက်နေလာခဲ့တော့မှ ယောက္ခ မကြီးဟာ ကြင်နာတတ်သူ ဆက်ဆံံရေးကောင်းတဲ့သူမှန်း သိလာပါတော့တယ်။ ယောက္ခမကြီးရဲ စိတ်သဘောထားဟာလည်း ချွေးမလေးအပေါ် ပြောင်းလဲလာပါတယ်။ သူ့သမီးအရင်း လေးတစ်ယောက်လို ချစ်ခင်လာသတဲ့။ သူမိတ်ဆွေတွေ တခြားဆွေမျိုးတွေနဲ့ တွေ့ရင်လည်း သူ့ချွေးမ လေးဟာ သူတွေ့ဖူးသမျှချွေးမတွေထဲမှာ အတော်ဆုံးပဲဆိုတာ ချီးမွမ်းခန်းဖွင့်လို့မဆုံးပါဘူးတဲ့။

 ဒီအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ တကယ့်သားအမိအရင်းတွေလို ချစ်ခင်သွားကြပါတော့သတဲ့။ မိန်းကလေးရဲ့ယောက်ျားဖြစ်သူဟာလည်း ခုလိုအမေနဲ့ မိန်းမ အဆင်ပြေသွားတာတွေ့တော့ အလွန်ဝမ်းသာနေပါတော့တယ်။ တစ်နေ့မှာတော့ ချွေးမလေးဟာ ဈေးထဲကိုအပြေးသွားပြီး ပရဆေးရောင်းတဲ့ ဦးလေးကြီးကို မျက်ရည်စက်လက်နဲ့ ပြောပါတယ် ဦးလေးရယ် ကယ်ပါဦး ဦးလေးတစ်ခါပေးလိုက်တဲ့ အဆိပ်တွေ အတွက်ဖြေဆေးမရှိဘူးလား ကျမ ယောက္ခမကြီးက သူတော်ကောင်းမကြီးဆိုတာ ခုမှသိတယ် ကျမသူ့ကို အမေအရင်းလိုပဲ သံယောဇဉ်ဖြစ်နေပြီ ကျမတိုက်တဲ့ အဆိပ်ကြောင့်သူ့ကို မသေစေချင်ဘူး ဒီတော့ ဦးလေးကြီးက သက်ပြင်းတစ်ချက်ချရင်း ပြန်မေးပါတယ် ငါ့တူမ နင်ပဲ အဲဒီတုန်းကပြောတော့ ဒီမိန်းမကြီးမရှိမှ စိတ်ချမ်းသာမှာဆို အဲ့ဒါက အဲ့ဒီတုန်းကလေ ခုမှကျမ သူကောင်းမှန်းသိရတာ ကယ်နိုင်ရင်ကယ်ပါဦး ဦးလေးရယ် တောင်းပန်ပါတယ် လို့ပြောကာမျက်ရည်တွေကျဆင်းလာပါတော့သတဲ့ ဒီတော့မှ ဦးလေးကြီးက မိန်းကလေးရဲ့ခေါင်းကို အသာပုတ်ပြီး ဒီအတွက်ဘာမှ မစိုးရိမ်ပါနဲ့ကွယ် ဦးလေး နင့်ကို ဘာအဆိပ်မှမပေးလိုက်ပါဘူး ဦးလေးပေးလိုက်တာ အားဆေးတွေပါ သူ့အတွက်ပိုုုုုလို့တောင် ကျန်းမာရေး အထောက်အကူပြုသေးတယ် တကယ်အဆိပ်သင့်နေတာက တူမကြီးရဲ့ စိတ်နေသဘောထားတွေပါ ဒါပေမယ့် အဲ့ဒီအဆိပ်တွေဟာလည်း တူမကြီး သူ့အပေါ်ထားတဲ့စေတနာ မေတ္တာတွေက ဆေးကြောသန့်စင်နိုင်ခဲ့ပါပြီ။ လူအချင်းချင်း လှည့်ပတ်ခြင်း၊ မုန်းတီးခြင်း ကင်းရှင်း၍ ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ။


Credit:bahuthuta

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top