iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူရွိေနၿပီလို႕ဆိုလာသလုိ ခ်စ္သူမ်ားေန႕မွာ ေခ်ာကလက္ လုပ္ေကၽြးမဲ့သူရွိေနၿပီလို႕ဆိုလာသူကေတာ့ သြန္းဆက္ပါ။ သြန္းဆက္ဟာ လက္ရွိမွာ ဗီဒီယိုေတြကားေတြဆက္တိုက္ရုိက္ကူးျဖစ္ေနသလို သၾကၤန္သီခ်င္းတစ္ပုဒ္ကိုလဲ ေနေဒြးနဲ႕အတူ သီဆိုထားတယ္လို႕သိရပါတယ္။ ဒါ့အျပင္သြန္းဆက္ဟာ ဂီတပိုင္းနဲ႕ပတ္သက္ၿပီးေတာ့ ေရရွည္လုပ္ဖို႕စိတ္ကူးမရွိသလို သီခ်င္းဆိုျခင္းဟာလဲ သူ႕အတြက္ခက္ခဲလြန္းတယ္လို႕ဖြင့္ဟလာတဲ့ သြန္းဆက္ရဲ႕ အႏုပညာလႈပ္ရွားမႈမ်ားနဲ႕ ခ်စ္သူမ်ားေန႕ကိုဘယ္လိုျဖတ္သန္းမယ္ဆုိတဲ့အေၾကာင္း ေျပာျပလာတဲ့အခါ

ခ်စ္သူမ်ားေန႕ကုိ စိတ္လႈပ္ရွားစြာနဲ႕ ျဖတ္သန္းမဲ့ သြန္းဆက္က ‘ ခ်စ္သူမ်ားေန႕က ေခ်ာကလက္ေတာ့ရမယ္ထင္တယ္။ ဘာလို႕လဲဆိုေတာ့ ႏွစ္တိုင္းက သူငယ္ခ်င္းမိန္းကေလးေတြေရာ ၊ အစ္မေတြေရာက ေပးၾကေတာ့ေလ။ ေထြေထြထူးထူးေတာ့ ဘာမွမရွိဘူး။ ကိုယ္ကလဲစီစဥ္ထားတာဘာမွမရွိဘူး။ မိန္းကေလးကမေပးရဘူးထင္တယ္။ အိမ္ကမိသားစုက်ေတာ့လဲ ေခ်ာကလက္မၾကိဳက္ၾကဘူး။ ဆီးခ်ိဳရွိလို႕။ ဒါေပမဲ့သြန္းဆက္ကိုေတာ့ ေခ်ာကလက္ကို ကုိယ္တုိင္လုပ္ၿပီးလက္ေဆာင္ေပးမယ္လို႕ေျပာတဲ့သူေတာ့ရွိတယ္။' လို႕ ဆုိပါတယ္။

ေခ်ာကလက္ကုိယ္တိုင္လုပ္ေကၽြးမဲ့သူရွိတယ္ဆိုတဲ့ အေပၚ သူမရဲ႕ အခ်စ္ေရးုနဲ႕ပတ္သက္ၿပီး ‘ အခ်စ္ေရးက သာယာတယ္။ ေအးေအးေဆးေဆးပါ။ ဒီအႏုပညာေလာကထဲကလဲ မဟုတ္ပါဘူး။ အျပင္ကပါ။ ခ်စ္သူသက္တမ္းကေတာ့ မေျပာေတာ့ပါဘူး။ တကယ္က်ိန္းေသၿပီဆိုရင္ေတာ့ ပရိသတ္ကိုခ်ျပမွာပါ ‘ တဲ့။

လူမႈကြန္ယက္ေပၚမွာ ပ်ံ႕ႏွံ႕ေနတဲ့ ဦးကိုနီလုပ္ၾကံခံရတဲ့အေပၚမွာလဲ ‘ ညီမတို႕ႏုိင္ငံရဲ႕ ေခါင္းေဆာင္အၾကီးအကဲေတြထဲမွာပါတဲ့ ပညာတတ္တစ္ေယာက္ ဆံုးရံႈးသြားတဲ့အတြက္အရမ္းစိတ္မေကာင္းပါဘူး။ အဲ့ဒီေန႕ကလဲ Post ေတြအားလံုးကို share ျဖစ္တယ္။ ေနာက္သူ႕သမီးေျပာတဲ့ အင္တာဗ်ဴးေတြကိုလဲၾကည့္ျဖစ္တယ္။ ကုိယ့္အေဖသာဆိုရင္ဆိုတဲ့ စိတ္နဲ႕အရမ္းခံစားရပါတယ္။ စိတ္မေကာင္းပါဘူးရွင္။ တကၠစီသမားမိသားစုကိုလဲစိတ္မေကာင္းဘူး။ အဲ့ဒါေၾကာင့္ကိုခန္႕တို႕ ေမတၱာသိဂၤဟအဖြဲ႕နဲ႕အတူ သြန္းဆက္အလွဴေငြထည့္ထားပါတယ္။

သရုပ္ေဆာင္တစ္ေယာက္ျဖစ္ေပမဲ့ သၾကၤန္သီခ်င္းေလးလဲသီဆိုထားျဖစ္ပံုကိုလဲ ‘ ဟုတ္တယ္။ ကိုေနေဒြးနဲ႕ေပါ့။ သၾကၤန္ေခြထဲမွာ တစ္ပုဒ္တြဲဆိုထားတယ္။ ကုိေ၀လွ်ံေရးေပးထားတာပါ။ သြန္းဆက္သီခ်င္းမဆိုဖူးဘူး။ ညီမရဲ႕ပရိသတ္ေတြကအသံၾကားခ်င္တယ္။ သီခ်င္းဆုိေပးပါဆုိၿပီးေျပာၾကတယ္။ ပရိသတ္အတြက္အဓိကတျခားရသေလးျဖစ္သြားေအာင္ဆိုျဖစ္တာပါ။ ေရရွည္မလုပ္ပါဘူး။ ေတာ္ေတာ္ေလးလဲခက္တယ္။ အဆင္ေျပေအာင္ဆိုထားရတာဆုိေတာ့ေလ။ သြန္းဆက္က သရုပ္ေဆာင္ရင္သာ အသံက်ယ္တာ သီခ်င္းဆိုရင္ အသံေလးကတိုးသြားေရာ ကီး၀င္ေအာင္ဆိုရတာဆုိေတာ့ သြန္းဆက္အတြက္ေတာ္ေတာ္ေလးခက္ခဲပါတယ္။ ‘ တဲ့။

လက္ရွိမွာ သြန္းဆက္က အိမ္ေထာင္လူလြတ္ဆိုတဲ့ ကားေလးကို ေအာင္မင္းခန္႕နဲ႕ အတူပါ၀င္သရုပ္ေဆာင္ေနၿပီး ဗီဒီယိုကားေတြဆက္တိုက္ရိုက္ကူးသြားဖို႕ရွိတယ္လို႕ေျပာပါတယ္။

Credit:Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချစ်သူရှိနေပြီလို့ဆိုလာသလို ချစ်သူများနေ့မှာ ချောကလက် လုပ်ကျွေးမဲ့သူရှိနေပြီလို့ဆိုလာသူကတော့ သွန်းဆက်ပါ။ သွန်းဆက်ဟာ လက်ရှိမှာ ဗီဒီယိုတွေကားတွေဆက်တိုက်ရိုက်ကူးဖြစ်နေသလို သင်္ကြန်သီချင်းတစ်ပုဒ်ကိုလဲ နေဒွေးနဲ့အတူ သီဆိုထားတယ်လို့သိရပါတယ်။ ဒါ့အပြင်သွန်းဆက်ဟာ ဂီတပိုင်းနဲ့ပတ်သက်ပြီးတော့ ရေရှည်လုပ်ဖို့စိတ်ကူးမရှိသလို သီချင်းဆိုခြင်းဟာလဲ သူ့အတွက်ခက်ခဲလွန်းတယ်လို့ဖွင့်ဟလာတဲ့ သွန်းဆက်ရဲ့ အနုပညာလှုပ်ရှားမှုများနဲ့ ချစ်သူများနေ့ကိုဘယ်လိုဖြတ်သန်းမယ်ဆိုတဲ့အကြောင်း ပြောပြလာတဲ့အခါ

ချစ်သူများနေ့ကို စိတ်လှုပ်ရှားစွာနဲ့ ဖြတ်သန်းမဲ့ သွန်းဆက်က ‘ ချစ်သူများနေ့က ချောကလက်တော့ရမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ နှစ်တိုင်းက သူငယ်ချင်းမိန်းကလေးတွေရော ၊ အစ်မတွေရောက ပေးကြတော့လေ။ ထွေထွေထူးထူးတော့ ဘာမှမရှိဘူး။ ကိုယ်ကလဲစီစဉ်ထားတာဘာမှမရှိဘူး။ မိန်းကလေးကမပေးရဘူးထင်တယ်။ အိမ်ကမိသားစုကျတော့လဲ ချောကလက်မကြိုက်ကြဘူး။ ဆီးချိုရှိလို့။ ဒါပေမဲ့သွန်းဆက်ကိုတော့ ချောကလက်ကို ကိုယ်တိုင်လုပ်ပြီးလက်ဆောင်ပေးမယ်လို့ပြောတဲ့သူတော့ရှိတယ်။' လို့ ဆိုပါတယ်။

ချောကလက်ကိုယ်တိုင်လုပ်ကျွေးမဲ့သူရှိတယ်ဆိုတဲ့ အပေါ် သူမရဲ့ အချစ်ရေးုနဲ့ပတ်သက်ပြီး ‘ အချစ်ရေးက သာယာတယ်။ အေးအေးဆေးဆေးပါ။ ဒီအနုပညာလောကထဲကလဲ မဟုတ်ပါဘူး။ အပြင်ကပါ။ ချစ်သူသက်တမ်းကတော့ မပြောတော့ပါဘူး။ တကယ်ကျိန်းသေပြီဆိုရင်တော့ ပရိသတ်ကိုချပြမှာပါ ‘ တဲ့။

လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဦးကိုနီလုပ်ကြံခံရတဲ့အပေါ်မှာလဲ ‘ ညီမတို့နိုင်ငံရဲ့ ခေါင်းဆောင်အကြီးအကဲတွေထဲမှာပါတဲ့ ပညာတတ်တစ်ယောက် ဆုံးရှုံးသွားတဲ့အတွက်အရမ်းစိတ်မကောင်းပါဘူး။ အဲ့ဒီနေ့ကလဲ Post တွေအားလုံးကို share ဖြစ်တယ်။ နောက်သူ့သမီးပြောတဲ့ အင်တာဗျူးတွေကိုလဲကြည့်ဖြစ်တယ်။ ကိုယ့်အဖေသာဆိုရင်ဆိုတဲ့ စိတ်နဲ့အရမ်းခံစားရပါတယ်။ စိတ်မကောင်းပါဘူးရှင်။ တက္ကစီသမားမိသားစုကိုလဲစိတ်မကောင်းဘူး။ အဲ့ဒါကြောင့်ကိုခန့်တို့ မေတ္တာသိင်္ဂဟအဖွဲ့နဲ့အတူ သွန်းဆက်အလှူငွေထည့်ထားပါတယ်။

သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမဲ့ သင်္ကြန်သီချင်းလေးလဲသီဆိုထားဖြစ်ပုံကိုလဲ ‘ ဟုတ်တယ်။ ကိုနေဒွေးနဲ့ပေါ့။ သင်္ကြန်ခွေထဲမှာ တစ်ပုဒ်တွဲဆိုထားတယ်။ ကိုဝေလျှံရေးပေးထားတာပါ။ သွန်းဆက်သီချင်းမဆိုဖူးဘူး။ ညီမရဲ့ပရိသတ်တွေကအသံကြားချင်တယ်။ သီချင်းဆိုပေးပါဆိုပြီးပြောကြတယ်။ ပရိသတ်အတွက်အဓိကတခြားရသလေးဖြစ်သွားအောင်ဆိုဖြစ်တာပါ။ ရေရှည်မလုပ်ပါဘူး။ တော်တော်လေးလဲခက်တယ်။ အဆင်ပြေအောင်ဆိုထားရတာဆိုတော့လေ။ သွန်းဆက်က သရုပ်ဆောင်ရင်သာ အသံကျယ်တာ သီချင်းဆိုရင် အသံလေးကတိုးသွားရော ကီးဝင်အောင်ဆိုရတာဆိုတော့ သွန်းဆက်အတွက်တော်တော်လေးခက်ခဲပါတယ်။ ‘ တဲ့။

လက်ရှိမှာ သွန်းဆက်က အိမ်ထောင်လူလွတ်ဆိုတဲ့ ကားလေးကို အောင်မင်းခန့်နဲ့ အတူပါဝင်သရုပ်ဆောင်နေပြီး ဗီဒီယိုကားတွေဆက်တိုက်ရိုက်ကူးသွားဖို့ရှိတယ်လို့ပြောပါတယ်။


Credit:Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top