iMyanmarHouse.com - Best Property Website for Myanmar
×

သင္စိတ္၀င္စားေနတဲ့ ေကာင္မေလးက အသည္းကြဲေနတယ္ဆုိရင္ သူမကို ခ်ဥ္းကပ္ဖုိ႕ဘယ္လိုလုပ္ရမွန္းမသိျဖစ္ေနပါလိမ့္မယ္။ တျခားေကာင္မေလးေတြနဲ႕မတူပဲ အသည္းကြဲဖူးတဲ့ေကာင္မေလးတစ္ေယာက္ကို စိတ္၀င္စားေနျပီဆုိိရင္ေတာ့ သင့္အေနနဲ႕ ဒီအခ်က္ေတြကို ျပဳမူလုပ္ေဆာင္သင့္ပါတယ္။

စိတ္ရွည္ပါ။ အဆံုးစြန္ထိ စိတ္ရွည္ သည္းခံေပးပါ။ သူဟာ သူယံုၾကည္ျမတ္ႏိုးတန္ဖိုးထားရတဲ့ အရာကို ဆံုး႐ံႈးထားရတာ သင့္ရဲ႕ ဂ႐ုစိုက္ေဖးမမႈေတြ လိုအပ္ေနပါတယ္။ သူက သိပ္သန္မာေနသလို ဟန္ေဆာင္ေကာင္းဟန္ေဆာင္ေနလိမ့္မယ္။ ဒါေပမယ့္ တကယ္ေတာ့ အဲ့လို မဟုတ္ဘူးဆိုတာ နားလည္ေပးထားပါ။ သူဟာ နာက်င္လြယ္ ခံစားလြယ္ေနလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ အတိတ္က သူ႕ရဲ႕ တစ္ဦးတည္းေသာအေဖာ္က သူ႕ရဲ႕ ႏွလံုးသားကို ဖ်က္ဆီၿပီး သူ႕ကိုနာက်င္ေစခဲ့တယ္ ထားရစ္ခဲ့တယ္ ခံစားခ်က္ေတြ မာေၾကာေအးခဲသြားေအာင္ လုပ္ခဲ့တယ္ေလ။

သူ႕ကိုယ္သူ ျပန္လည္တည္ေဆာက္ဖို႕အခ်ိန္အတိုင္းအတာ တခုခု လိုအပ္တယ္ထင္ရင္ ေပးလိုက္ပါ။ သင့္ကို ထပ္ခ်စ္ႏိုင္ေတာ့မွာ မဟုတ္ဘူးလို႕လဲ မထင္ပါနဲ႕။ သူလည္းပဲ ျပန္လည္တည္ေဆာက္ႏို္င္ဖို႕ အခ်ိန္ေတြ လိုအပ္ပါတယ္။
သူက မနက္ျဖန္ဆိုတာ ရွိမလာေစခ်င္သလို မိနစ္တိုင္းဟာ သူ႕အတြက္ ေနာက္ဆံုးမိနစ္ျဖစ္ေစခ်င္သလို ျဖစ္ေနပါလိမ့္မယ္။ ၾကိဳးစားပါ။ သင့္ရဲ႕ ၾကိဳးစားအားထုတ္မႈဟာ အလြန္ကို အေရးပါပါတယ္။ သင့္အတြက္လည္း အခ်ိန္ေတြ ေပးဆပ္ရတာ အက်ိဳးရွိေစသလို သူ႕အတြက္လည္း သင္ဟာ အေရးပါ အရာေရာက္တဲ့ လူတစ္ေယာက္လို႕ ခံစားရေစပါလိမ့္မယ္။

ခြင့္လႊတ္ေပးတတ္ပါေစ။ သူက ေအးတိေအးစက္နဲ႕ သင့္ကို မ်က္ရည္က်ေလာက္ေစတဲ့ အျပဳအမူမ်ိဳးေတြ တုန္႔ျပန္လာရင္ေတာင္ ခြင့္လႊတ္ေပးလိုက္ပါ။ သူကိုယ္တိုင္ေတာင္ မရည္ရြယ္ဘဲ လုပ္လိုက္မိတဲ့ အျပဳအမူသေဘာထားေတြဟာ သင့္ကို ေအာ္ဟစ္ၿပီး လက္ေျမွာက္အ႐ံႈးေပးေစေလာက္ေအာင္ ညွင္းပန္းေကာင္းညွင္းပန္းပါလိမ့္မယ္။ ဒါေပမယ့္ ခြင့္လႊတ္ေပးလိုက္ပါ။ သူဘာလုပ္မိေနသလဲဆိုတာေတာင္ သူ႕ကိုယ္သူ သတိထားမိမွာ မဟုတ္ေလာက္ပါဘူး။

ေနာက္ဆံုးအခ်က္က သူ႕ေဘးမွာ ရွိေနေပးပါ။ သင့္အတြက္ ဘယ္ေလာက္ထိ ခက္ခဲတဲ့ အေနအထားမ်ိဳးမွာပဲ ျဖစ္ျဖစ္ သူ႕ေဘးမွာ ရွိေနေပးလိုက္ပါ။ သင့္စိတ္ေတြ ႐ႈပ္ေထြးသြားေစမယ့္ ကိစၥမ်ိဳးေတြ ဘယ္ေလာက္ပဲ ျဖစ္လာျဖစ္လာ သင္ရင္ဆိုင္ေက်ာ္ျဖတ္ၿပီး သူ႕ေဘးမွာ ရွိေနေပးလိုက္ပါ။ သူ႕ကို ထားခဲ့တဲ့ လူေတြလို ဘယ္ေတာ့မွ ထပ္မလုပ္မိပါေစနဲ႕။ သူ႕နားမွာ ေနေပးပါ။ သူသင့္ကို လိုအပ္ပါတယ္။ သူဟန္ေဆာင္ေနေပမယ့္ သူ႕ေဘးမွာ သူ႕ကို သည္းခံနားလည္ၿပီး ဂ႐ုစိုက္တတ္တဲ့ သင္လိုလူတစ္ေယာက္ လိုအပ္ေနတယ္ဆိုတာ နားလည္ထားေပးပါ။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင်စိတ်ဝင်စားနေတဲ့ ကောင်မလေးက အသည်းကွဲနေတယ်ဆိုရင် သူမကို ချဉ်းကပ်ဖို့ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေပါလိမ့်မယ်။ တခြားကောင်မလေးတွေနဲ့မတူပဲ အသည်းကွဲဖူးတဲ့ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားနေပြီဆိိုရင်တော့ သင့်အနေနဲ့ ဒီအချက်တွေကို ပြုမူလုပ်ဆောင်သင့်ပါတယ်။

စိတ်ရှည်ပါ။ အဆုံးစွန်ထိ စိတ်ရှည် သည်းခံပေးပါ။ သူဟာ သူယုံကြည်မြတ်နိုးတန်ဖိုးထားရတဲ့ အရာကို ဆုံးရှုံးထားရတာ သင့်ရဲ့ ဂရုစိုက်ဖေးမမှုတွေ လိုအပ်နေပါတယ်။ သူက သိပ်သန်မာနေသလို ဟန်ဆောင်ကောင်းဟန်ဆောင်နေလိမ့်မယ်။ ဒါပေမယ့် တကယ်တော့ အဲ့လို မဟုတ်ဘူးဆိုတာ နားလည်ပေးထားပါ။ သူဟာ နာကျင်လွယ် ခံစားလွယ်နေလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အတိတ်က သူ့ရဲ့ တစ်ဦးတည်းသောအဖော်က သူ့ရဲ့ နှလုံးသားကို ဖျက်ဆီပြီး သူ့ကိုနာကျင်စေခဲ့တယ် ထားရစ်ခဲ့တယ် ခံစားချက်တွေ မာကြောအေးခဲသွားအောင် လုပ်ခဲ့တယ်လေ။

သူ့ကိုယ်သူ ပြန်လည်တည်ဆောက်ဖို့အချိန်အတိုင်းအတာ တခုခု လိုအပ်တယ်ထင်ရင် ပေးလိုက်ပါ။ သင့်ကို ထပ်ချစ်နိုင်တော့မှာ မဟုတ်ဘူးလို့လဲ မထင်ပါနဲ့။ သူလည်းပဲ ပြန်လည်တည်ဆောက်နိုင်ဖို့ အချိန်တွေ လိုအပ်ပါတယ်။
သူက မနက်ဖြန်ဆိုတာ ရှိမလာစေချင်သလို မိနစ်တိုင်းဟာ သူ့အတွက် နောက်ဆုံးမိနစ်ဖြစ်စေချင်သလို ဖြစ်နေပါလိမ့်မယ်။ ကြိုးစားပါ။ သင့်ရဲ့ ကြိုးစားအားထုတ်မှုဟာ အလွန်ကို အရေးပါပါတယ်။ သင့်အတွက်လည်း အချိန်တွေ ပေးဆပ်ရတာ အကျိုးရှိစေသလို သူ့အတွက်လည်း သင်ဟာ အရေးပါ အရာရောက်တဲ့ လူတစ်ယောက်လို့ ခံစားရစေပါလိမ့်မယ်။

ခွင့်လွှတ်ပေးတတ်ပါစေ။ သူက အေးတိအေးစက်နဲ့ သင့်ကို မျက်ရည်ကျလောက်စေတဲ့ အပြုအမူမျိုးတွေ တုန့်ပြန်လာရင်တောင် ခွင့်လွှတ်ပေးလိုက်ပါ။ သူကိုယ်တိုင်တောင် မရည်ရွယ်ဘဲ လုပ်လိုက်မိတဲ့ အပြုအမူသဘောထားတွေဟာ သင့်ကို အော်ဟစ်ပြီး လက်မြှောက်အရှုံးပေးစေလောက်အောင် ညှင်းပန်းကောင်းညှင်းပန်းပါလိမ့်မယ်။ ဒါပေမယ့် ခွင့်လွှတ်ပေးလိုက်ပါ။ သူဘာလုပ်မိနေသလဲဆိုတာတောင် သူ့ကိုယ်သူ သတိထားမိမှာ မဟုတ်လောက်ပါဘူး။

နောက်ဆုံးအချက်က သူ့ဘေးမှာ ရှိနေပေးပါ။ သင့်အတွက် ဘယ်လောက်ထိ ခက်ခဲတဲ့ အနေအထားမျိုးမှာပဲ ဖြစ်ဖြစ် သူ့ဘေးမှာ ရှိနေပေးလိုက်ပါ။ သင့်စိတ်တွေ ရှုပ်ထွေးသွားစေမယ့် ကိစ္စမျိုးတွေ ဘယ်လောက်ပဲ ဖြစ်လာဖြစ်လာ သင်ရင်ဆိုင်ကျော်ဖြတ်ပြီး သူ့ဘေးမှာ ရှိနေပေးလိုက်ပါ။ သူ့ကို ထားခဲ့တဲ့ လူတွေလို ဘယ်တော့မှ ထပ်မလုပ်မိပါစေနဲ့။ သူ့နားမှာ နေပေးပါ။ သူသင့်ကို လိုအပ်ပါတယ်။ သူဟန်ဆောင်နေပေမယ့် သူ့ဘေးမှာ သူ့ကို သည်းခံနားလည်ပြီး ဂရုစိုက်တတ်တဲ့ သင်လိုလူတစ်ယောက် လိုအပ်နေတယ်ဆိုတာ နားလည်ထားပေးပါ။


Credit:Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top