iMyanmarHouse.com - Best Property Website for Myanmar
×

ခုေနာက္ပိုင္းမွာ ဝက္ ျခံ ကုထုံးေတြနဲ႔ ဝက္ျခံ၊ ဆားဝက္ျခံေတြ ရွင္းလင္းေပးဖုိ႕အတြက္ ျဖည့္စြက္အစာေတြကို အာရုံစုိက္လာၾကပါတယ္။ ဒါေပမယ့္ အေရျပားကို အာဟာရဓာတ္ မျဖည့္တင္းဘူး၊ အသားအေရ အျပစ္အနာအဆာမရိွျဖစ္ဖုိ႔ သင့္ေတာ္မွန္ကန္တဲ့ အစားအစာေတြ မစားဘူးဆိုရင္ ဝက္ျခံေပ်ာက္ မ်က္ႏွာသစ္ေဆး၊ မ်က္ႏွာလိမ္းေဆးေတြလည္း သိပ္ထိေရာက္မွာ မဟုတ္ပါဘူး။ သင့္မ်က္ႏွာမွာ ဝက္ျခံရိွတယ္ဆုိရင္ သင့္အေနနဲ႕ လုံးဝမစားသင့္ သုိ႔မဟုတ္ အတန္အသင့္သာ စားသုံးသင့္တဲ့ အစားအစာေတြအေၾကာင္း သိဖုိ႔ အင္မတန္အေရးၾကီးပါတယ္။

ဆား

အစားအေသာက္ေတြထဲ ဆားလိုအပ္တာထက္ ပိုထည့္ျခင္းကို ေရွာင္ပါ။ ဆားမ်ားလြန္းတာ အသားအေရ ေျခာက္ေသြ႔ေစျပီး ေဖာေရာင္မႈ ျဖစ္ေစႏုိင္ပါတယ္။ ဆားက ဝက္ျခံေပ်ာက္ဖုိ႔ ပိုမိုခက္ခဲေစပါတယ္။

Glycemic ျမင့္မားတဲ့ အစားအစာမ်ား

ဒုိးနပ္စ္၊ ေပါင္မုန္႔နဲ႔ မုန္႔ၾကြပ္တုိ႔လုိ glycemic ျမင့္မားတဲ့ အစားအစာေတြက ေသြးတြင္းသၾကားဓာတ္ ပါဝင္မႈပမာဏ ရုတ္တရတ္ ျမင့္တက္ေစတတ္ပါတယ္။ ျမင့္တက္ေနတဲ့ ေသြးတြင္းသၾကားဓာတ္ဟာ ခႏၶာကုိယ္ကုိ သၾကားဓာတ္ထိန္းသိမ္းေပးတဲ့ အင္ဆူလင္ ေဝါခနဲထုတ္လုပ္ေအာင္ လႈံ႔ေဆာ္ျပီး ေဟာ္မုန္းအက်ဳိးသက္ေရာက္မႈစတင္ျဖစ္ပြားေစကာ ေခြ်းေပါက္ေတြ ပိတ္ေစပါတယ္။

ပင္လယ္စာ

ပုဇြန္၊ ဂဏန္းနဲ႔ ပုဇြန္တုပ္ၾကီးေတြမွာ ေခြ်းေပါက္ပိတ္မႈနဲ႔ ဝက္ျခံ ျဖစ္ေစႏုိင္တဲ့ အုိင္အုိဒင္းျဒပ္ ပါဝင္ပါတယ္။ အုိင္အုိဒင္းျဒပ္က အေရျပားအတြင္း က်ိန္းစပ္မႈ ျဖစ္ေစပါတယ္။ တကယ္လုိ႔ ေခြ်းေပါက္ပိတ္တတ္တယ္ဆုိရင္ ဝက္ျခံျဖစ္ေလ့ရိွသူေတြမွာ ဖူးေရာင္တဲ့ ဝက္ျခံျဖစ္ပြားမႈ လ်င္ျမန္ပါလိမ့္မယ္။

ႏုိ႔ထြက္ပစၥည္း

ေမးေစ့၊ ေမးရုိးနဲ႔ လည္ပင္းေတြမွာ ဝက္ျခံထြက္ေနပါက ႏုိ႔ေၾကာင့္ ျဖစ္ႏုိင္ပါတယ္။ ႏုိ႔က ဒီအေရျပားျပသနာကို ပိုမိုဆုိးရြားေစႏုိင္ပါတယ္။ ဒိန္ခ်ဥ္၊ ေရခဲမုန္႔နဲ႔ မလုိင္ေဆာ့ အပါအဝင္ ႏုိ႔ပါတဲ့ ဘယ္ႏုိ႔ထြက္ပစၥည္းမဆုိဟာ ဝက္ျခံ ျဖစ္ပြားေစႏုိင္ပါတယ္။

အရက္ေသစာ

အရက္ေသစာက အသားအေရ ေျခာက္ေသြ႔ေစျပီး အေရျပားတြန္႔တြဲမႈ ပိုမိုသိသာထင္ရွားေစပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ခုနောက်ပိုင်းမှာ ဝက်ခြံကုထုံးတွေနဲ့ ဝက်ခြံ၊ ဆားဝက်ခြံတွေ ရှင်းလင်းပေးဖို့အတွက် ဖြည့်စွက်အစာတွေကို အာရုံစိုက်လာကြပါတယ်။ ဒါပေမယ့် အရေပြားကို အာဟာရဓာတ် မဖြည့်တင်းဘူး၊ အသားအရေ အပြစ်အနာအဆာမရှိဖြစ်ဖို့ သင့်တော်မှန်ကန်တဲ့ အစားအစာတွေ မစားဘူးဆိုရင် ဝက်ခြံပျောက် မျက်နှာသစ်ဆေး၊ မျက်နှာလိမ်းဆေးတွေလည်း သိပ်ထိရောက်မှာ မဟုတ်ပါဘူး။ သင့်မျက်နှာမှာ ဝက်ခြံရှိတယ်ဆိုရင် သင့်အနေနဲ့ လုံးဝမစားသင့် သို့မဟုတ် အတန်အသင့်သာ စားသုံးသင့်တဲ့ အစားအစာတွေအကြောင်း သိဖို့ အင်မတန်အရေးကြီးပါတယ်။

ဆား

အစားအသောက်တွေထဲ ဆားလိုအပ်တာထက် ပိုထည့်ခြင်းကို ရှောင်ပါ။ ဆားများလွန်းတာ အသားအရေ ခြောက်သွေ့စေပြီး ဖောရောင်မှု ဖြစ်စေနိုင်ပါတယ်။ ဆားက ဝက်ခြံပျောက်ဖို့ ပိုမိုခက်ခဲစေပါတယ်။

Glycemic မြင့်မားတဲ့ အစားအစာများ

ဒိုးနပ်စ်၊ ပေါင်မုန့်နဲ့ မုန့်ကြွပ်တို့လို glycemic မြင့်မားတဲ့ အစားအစာတွေက သွေးတွင်းသကြားဓာတ် ပါဝင်မှုပမာဏ ရုတ်တရတ် မြင့်တက်စေတတ်ပါတယ်။ မြင့်တက်နေတဲ့ သွေးတွင်းသကြားဓာတ်ဟာ ခန္ဓာကိုယ်ကို သကြားဓာတ်ထိန်းသိမ်းပေးတဲ့ အင်ဆူလင် ဝေါခနဲထုတ်လုပ်အောင် လှုံ့ဆော်ပြီး ဟော်မုန်းအကျိုးသက်ရောက်မှုစတင်ဖြစ်ပွားစေကာ ချွေးပေါက်တွေ ပိတ်စေပါတယ်။

ပင်လယ်စာ

ပုဇွန်၊ ဂဏန်းနဲ့ ပုဇွန်တုပ်ကြီးတွေမှာ ချွေးပေါက်ပိတ်မှုနဲ့ ဝက်ခြံ ဖြစ်စေနိုင်တဲ့ အိုင်အိုဒင်းဒြပ် ပါဝင်ပါတယ်။ အိုင်အိုဒင်းဒြပ်က အရေပြားအတွင်း ကျိန်းစပ်မှု ဖြစ်စေပါတယ်။ တကယ်လို့ ချွေးပေါက်ပိတ်တတ်တယ်ဆိုရင် ဝက်ခြံဖြစ်လေ့ရှိသူတွေမှာ ဖူးရောင်တဲ့ ဝက်ခြံဖြစ်ပွားမှု လျင်မြန်ပါလိမ့်မယ်။

နို့ထွက်ပစ္စည်း

မေးစေ့၊ မေးရိုးနဲ့ လည်ပင်းတွေမှာ ဝက်ခြံထွက်နေပါက နို့ကြောင့် ဖြစ်နိုင်ပါတယ်။ နို့က ဒီအရေပြားပြသနာကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒိန်ချဉ်၊ ရေခဲမုန့်နဲ့ မလိုင်ဆော့ အပါအဝင် နို့ပါတဲ့ ဘယ်နို့ထွက်ပစ္စည်းမဆိုဟာ ဝက်ခြံ ဖြစ်ပွားစေနိုင်ပါတယ်။

အရက်သေစာ

အရက်သေစာက အသားအရေ ခြောက်သွေ့စေပြီး အရေပြားတွန့်တွဲမှု ပိုမိုသိသာထင်ရှားစေပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top