iMyanmarHouse.com - Best Property Website for Myanmar
×

ေရွ႕အေခါက္ေတြတုန္းက နဖူးေျပာင္းတဲ့ အမ်ိဳးသားေတြအေၾကာင္း၊ မုတ္ဆိတ္ေမႊးထားတဲ့ အမ်ိဳးသားေတြ အေၾကာင္း ေရးသားခဲ့ေပမယ့္ ဒီတစ္ေခါက္ေတာ့ ၀၀ဖုိင့္ဖုိင့္ေကာင္ေလးေတြကို ရည္းစားေတာ္တဲ့အခါ သင့္အတြက္ ဘယ္လိုေကာင္းက်ိဳးေတြ ခံစားႏိုင္တယ္ဆုိတာ ေျပာျပေေပးခ်င္ပါတယ္။

၁။ ၀တဲ့အမ်ိဳးသားဆုိတာ တကယ္ေတာ့ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႕ သက္ေတာင့္သက္သာ ေနတတ္ၾကသူေတြပါ။
ပ်င္းရိလြယ္ျပီး၊ စိတ္ဓာတ္က်တတ္သူေတြဟာ ပိန္တယ္ဆုိတာ သင္ၾကားဖူးပါလိမ့္မယ္။ ဒီေတာ့ ၀တဲ့သူေတြဟာ ဘ၀ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းတတ္ၾကျပီး သက္ေတာင့္သက္သာရွိေအာင္ ေနထုိင္တတ္ၾကသူေတြပါ။ သူတို႕ေတြဟာ အပူအပင္ကင္းၾကပါတယ္။ ေလ့လာမႈေတြအရ အိမ္ေထာင္ေရးမွာေပ်ာ္ရႊင္ၾကရတဲ့သူေတြဟာ မဂၤလာေဆာင္ျပီး သိပ္မၾကာခင္မွာ ၀ိတ္ေတြတက္လာတတ္ၾကပါတယ္တဲ့။ ဒီေတာ့ မဂၤလာမေဆာင္ခင္ကတည္းက သင့္ခ်စ္သူဟာ ၀၀ဖုိင့္ဖုိင့္ဆုိရင္ေတာ့ သင္ဟာ မဂၤလာေဆာင္ျပီးေတာ့လည္း ေပ်ာ္ရႊင္ရမယ္ဆုိတာ ေသခ်ာပါတယ္။

၂။ သင္ ၀ိတ္တက္တဲ့ကိစၥနဲ႕ပတ္သက္ျပီး သူက နားလည္မႈေပးႏိုင္ပါတယ္။
တကယ္လုိ႕မ်ား သင္ဟာ ပိန္တဲ့အမ်ိဳးသားတစ္ေယာက္ ဒါမွမဟုတ္ ခႏၶာကိုယ္ၾကြက္သားေတာင့္ေတာင့္တင္းတင္း ဘဲတစ္ေပြနဲ႕မ်ား အီစီကလီျဖစ္ေနျပီဆုိရင္ တစ္ခ်က္သတိထားရမွာက သူတုိ႕ဟာ သင့္၀ိတ္တက္လာတဲ့အခါ ေလ်ွာ့ဖုိ႕ တုိက္တြန္းၾကပါလိမ့္မယ္။ သူကိုယ္တုိင္ ၀၀ဖုိင့္ဖုိင့္ ျဖစ္ေနျပီးသား အမ်ိဳးသားကေတာ့ သင္၀ိတ္တက္လာတာေလးေလာက္ အမႈထားမွာ မဟုတ္သလို သင့္ကို ၀ိတ္ေလ်ွာ့ဖုိ႕လည္း အျပင္းအထန္ တြန္းအားေပးမွာ မဟုတ္ပါဘူး။

၃။ သူတို႕ဟာ အေကာင္းဆံုးေပြ႕ဖက္ႏိုင္ၾကသူေတြပါ။
six-packs ရွိတဲ့ေယာက်ၤားေတြ၊ ေျခတံလက္တံရွည္တဲ့ အမ်ိဳးသားေတြကသာ သင့္ကို ေႏြးေထြးစြာေပြ႕ဖက္ထားနိုင္တာ မဟုတ္ပါဘူး။ ခႏၶာကိုယ္ျပည့္ျပည့္တင္းတင္းနဲ႕ ခပ္၀၀ အမ်ိဳးသားေတြကလည္း သင့္အတြက္ အေကာင္းဆံုးကူရွင္ပဲ မဟုတ္ပါလား။

၄။ သူတုိ႕ဟာ သင္ထင္ထားတာထက္ကို ပိုက်န္းမာၾကပါတယ္။
ခႏၶာကိုယ္ျပည့္ျပီး ၀တဲ့သူေတြကို ၾကည့္လိုက္ရင္ က်န္းမာေရးတစ္ခုခုမ်ား ခ်ိဳ႕ယြင္းေနသလားလုိ႕ သင္ထင္ပါလိမ့္မယ္။ တကယ္ေတာ့ သာမာန္ထက္ ၀ိတ္ပိုမ်ားတဲ့လူေတြဟာ သာမာန္ကိုယ္အေလးခ်ိန္ရွိတဲ့လူေတြထက္ အသက္ပိုရွည္ၾကတယ္လို႕ အေမရိကုန္ေဆးဘက္ဆုိင္ရာအသင္းအဖြဲ႕ေတြက ဆုိထားပါတယ္။

၅။ သူတုိ႕ဟာ အခ်စ္ၾကီးၾကသူေတြပါ။
တကယ္ေတာ့ ဘ၀မွာအေရးၾကီးတဲ့အခ်က္က ကုိယ့္ကိုသစၥာရွိရွိခ်စ္တဲ့သူကို ပိုင္ဆုိင္ဖုိ႕ မဟုတ္ပါလား။ သူ႕ခႏၶာကိုယ္ဆုိဒ္ ဘယ္ေလာက္ရွိတယ္ဆုိတာ ထုိင္ေျပာေနဖုိ႕မွ မဟုတ္တာ။ ေနာက္တစ္ခ်က္က ၀၀ဖုိင့္ဖိုင့္ဘဲၾကီးေတြက တကယ့္ကို အခ်စ္ၾကီးသူေတြျဖစ္တာေၾကာင့္ သင့္ကိုတစ္သက္လံုး မခြဲမခြာ ဂရုစိုက္ခ်စ္ခင္ၾကင္နာေပးမယ့္သူေတြဆုိတာ သံသယရွိစရာ မလိုဘူးေနာ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:trend myanmar

#Unicode Verison
ရှေ့အခေါက်တွေတုန်းက နဖူးပြောင်းတဲ့ အမျိုးသားတွေအကြောင်း၊ မုတ်ဆိတ်မွှေးထားတဲ့ အမျိုးသားတွေ အကြောင်း ရေးသားခဲ့ပေမယ့် ဒီတစ်ခေါက်တော့ ၀၀ဖိုင့်ဖိုင့်ကောင်လေးတွေကို ရည်းစားတော်တဲ့အခါ သင့်အတွက် ဘယ်လိုကောင်းကျိုးတွေ ခံစားနိုင်တယ်ဆိုတာ ပြောပြေပေးချင်ပါတယ်။

၁။ ဝတဲ့အမျိုးသားဆိုတာ တကယ်တော့ ပျော်ပျော်ရွှင်ရွှင်နဲ့ သက်တောင့်သက်သာ နေတတ်ကြသူတွေပါ။
ပျင်းရိလွယ်ပြီး၊ စိတ်ဓာတ်ကျတတ်သူတွေဟာ ပိန်တယ်ဆိုတာ သင်ကြားဖူးပါလိမ့်မယ်။ ဒီတော့ ဝတဲ့သူတွေဟာ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်ကြပြီး သက်တောင့်သက်သာရှိအောင် နေထိုင်တတ်ကြသူတွေပါ။ သူတို့တွေဟာ အပူအပင်ကင်းကြပါတယ်။ လေ့လာမှုတွေအရ အိမ်ထောင်ရေးမှာပျော်ရွှင်ကြရတဲ့သူတွေဟာ မင်္ဂလာဆောင်ပြီး သိပ်မကြာခင်မှာ ဝိတ်တွေတက်လာတတ်ကြပါတယ်တဲ့။ ဒီတော့ မင်္ဂလာမဆောင်ခင်ကတည်းက သင့်ချစ်သူဟာ ၀၀ဖိုင့်ဖိုင့်ဆိုရင်တော့ သင်ဟာ မင်္ဂလာဆောင်ပြီးတော့လည်း ပျော်ရွှင်ရမယ်ဆိုတာ သေချာပါတယ်။

၂။ သင် ဝိတ်တက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သူက နားလည်မှုပေးနိုင်ပါတယ်။
တကယ်လို့များ သင်ဟာ ပိန်တဲ့အမျိုးသားတစ်ယောက် ဒါမှမဟုတ် ခန္ဓာကိုယ်ကြွက်သားတောင့်တောင့်တင်းတင်း ဘဲတစ်ပွေနဲ့များ အီစီကလီဖြစ်နေပြီဆိုရင် တစ်ချက်သတိထားရမှာက သူတို့ဟာ သင့်ဝိတ်တက်လာတဲ့အခါ လျှော့ဖို့ တိုက်တွန်းကြပါလိမ့်မယ်။ သူကိုယ်တိုင် ၀၀ဖိုင့်ဖိုင့် ဖြစ်နေပြီးသား အမျိုးသားကတော့ သင်ဝိတ်တက်လာတာလေးလောက် အမှုထားမှာ မဟုတ်သလို သင့်ကို ဝိတ်လျှော့ဖို့လည်း အပြင်းအထန် တွန်းအားပေးမှာ မဟုတ်ပါဘူး။

၃။ သူတို့ဟာ အကောင်းဆုံးပွေ့ဖက်နိုင်ကြသူတွေပါ။
six-packs ရှိတဲ့ယောကျၤားတွေ၊ ခြေတံလက်တံရှည်တဲ့ အမျိုးသားတွေကသာ သင့်ကို နွေးထွေးစွာပွေ့ဖက်ထားနိုင်တာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ပြည့်ပြည့်တင်းတင်းနဲ့ ခပ်၀၀ အမျိုးသားတွေကလည်း သင့်အတွက် အကောင်းဆုံးကူရှင်ပဲ မဟုတ်ပါလား။

၄။ သူတို့ဟာ သင်ထင်ထားတာထက်ကို ပိုကျန်းမာကြပါတယ်။
ခန္ဓာကိုယ်ပြည့်ပြီး ဝတဲ့သူတွေကို ကြည့်လိုက်ရင် ကျန်းမာရေးတစ်ခုခုများ ချို့ယွင်းနေသလားလို့ သင်ထင်ပါလိမ့်မယ်။ တကယ်တော့ သာမာန်ထက် ဝိတ်ပိုများတဲ့လူတွေဟာ သာမာန်ကိုယ်အလေးချိန်ရှိတဲ့လူတွေထက် အသက်ပိုရှည်ကြတယ်လို့ အမေရိကုန်ဆေးဘက်ဆိုင်ရာအသင်းအဖွဲ့တွေက ဆိုထားပါတယ်။

၅။ သူတို့ဟာ အချစ်ကြီးကြသူတွေပါ။
တကယ်တော့ ဘဝမှာအရေးကြီးတဲ့အချက်က ကိုယ့်ကိုသစ္စာရှိရှိချစ်တဲ့သူကို ပိုင်ဆိုင်ဖို့ မဟုတ်ပါလား။ သူ့ခန္ဓာကိုယ်ဆိုဒ် ဘယ်လောက်ရှိတယ်ဆိုတာ ထိုင်ပြောနေဖို့မှ မဟုတ်တာ။ နောက်တစ်ချက်က ၀၀ဖိုင့်ဖိုင့်ဘဲကြီးတွေက တကယ့်ကို အချစ်ကြီးသူတွေဖြစ်တာကြောင့် သင့်ကိုတစ်သက်လုံး မခွဲမခွာ ဂရုစိုက်ချစ်ခင်ကြင်နာပေးမယ့်သူတွေဆိုတာ သံသယရှိစရာ မလိုဘူးနော်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:trend myanmar




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top