iMyanmarHouse.com - Best Property Website for Myanmar
×

ဒီေရာဂါဟာ ပံုမွန္ဆုိရင္ေတာ့ အမ်ိဳးသမီးေတြမွာပဲ ျဖစ္ေလ့ရွိပါတယ္။ ဒါေပမယ့္ ရင္သားကင္ဆာဟာ အမ်ိဳးသားေတြအေပၚမွာလည္း သက္ေရာက္မႈရွိေၾကာင္း သိရွိသူ အနည္းငယ္ေလာက္ပဲ ရွိပါတယ္။ ဒီေရာဂါျဖစ္ရင္ ႀကံဳေတြ႕ရႏုိင္တဲ့ လကၡဏာေတြကို တခ်က္ေလာက္ ေလ့လာၾကည့္ရေအာင္။

(၁)     အမ်ိဳးသားေတြမွာလည္း ရင္းသားကင္ဆာ ျဖစ္ႏုိင္ေခ်ရွိျခင္း

          အမ်ိဳးသားေတြဟာ ေယဘုယ်အားျဖင့္ ရင္သားကင္ဆာျဖစ္ႏုိင္ေခ် နည္းပါးပါတယ္။ ဒါေပမယ့္လည္း သူတုိ႕ရဲ႕ ရင္သားမွာ ေျပာင္းလဲမႈတစ္စံုတစ္ရာ ေတြ႕လာခဲ့မယ္ဆိုရင္ေတာ့ ဆရာ၀န္သြားျပသင့္ပါတယ္။ ဒါေပမယ့္ အမ်ိဳးသားေတြမွာ ဒီေရာဂါျဖစ္ႏုိင္ေခ်ႏႈန္းက ၁ ရာခိုင္ႏႈန္းေလာက္သာ ရွိပါတယ္။ ဒီေရာဂါ က်ေရာက္ႏုိင္ေခ်ႏႈန္းက အသက္အရြယ္အပိုင္းအျခားအလုိက္ တိုးလာႏုိင္ပါတယ္။

(၂)     ျဖစ္ႏုိင္သည့္ အေၾကာင္းအရင္းမ်ား

          အမ်ိဳးသားေတြဟာ ရင္သားတစ္သွ်ဴး ပိုင္ဆုိင္မႈနည္းပါးပါတယ္။ ဒီရင္းသားတစ္သွ်ဴးေတြကေတာ့ ႏို႕ရည္ မထုတ္ေပးႏိုင္ပါဘူး။ အဲဒီတစ္သွ်ဴးေတြက ရင္ဘတ္နံရံေပၚမွာရွိတဲ့ ႏုိ႕သီးေခါင္းအေနာက္မွာ စုေနပါတယ္။ အမ်ိဳးသမီးေတြမွာ ျဖစ္ေလ့ရွိတဲ့ ရင္သားကင္ဆာမ်ိဳးကဲ့သုိ႕ပဲ အမ်ိဳးသားေတြမွျဖစ္တဲ့ ရင္သားကင္ဆာဆုိတာ ဟာလည္း ပံုမွန္မဟုတ္တဲ့ ဆဲလ္ေတြ ႀကီးထားလာမႈႏႈန္းကို မထိန္းခ်ဳပ္ႏုိင္ေတာ့တာ ျဖစ္ပါတယ္။

(၃)     သေကၤတနဲ႕ ေရာဂါလကၡဏာမ်ား

          အက်ိတ္ (သို႕မဟုတ္) အသားပို ငယ္ရြယ္ၿပီး ကုသႏုိင္တဲ့အေျခအေနမွာ ရင္သားကင္ဆာဟာ ဘာေရာဂါ လကၡဏာမွ မျပပါဘူး။ ဒါေၾကာင့္ ရင္သားကင္ဆာကို အေစာပိုင္း အေျခအေနေတြမွာ ေတြ႕ရွိကုသ ႏုိင္ၿပီး ႀကိဳတင္ကာကြယ္ႏုိင္တဲ့ နည္းလမ္းေတြကို လုိက္နာထားဖုိ႕ဆိုတာ အလြန္ပဲခဲယဥ္းပါတယ္။ အျဖစ္အမ်ားဆံုး လကၡဏာကေတာ့ ႏုိ႕သီးေခါင္းအတြင္းပိုင္း နားတ၀ုိက္မွာ မာေက်ာၿပီး နာက်င္မႈမရွိတဲ့ အသားစိုင္တစ္ခု ျဖစ္လာႏုိင္တာပါပဲ။ တျခား ေရာဂါလကၡဏာမ်ိဳးကေတာ့ ရင္သားကင္ဆာနဲ႕ မပတ္သက္ပါဘူး။

(၄)     ေရာဂါအမည္ကို ခြဲျခားဆံုးျဖတ္နည္း

          အသက္အရြယ္မေရြး သက္ေရာက္ႏုိင္မႈရွိတဲ့ ေရာဂါတစ္ခုျဖစ္ပါတယ္။ ရင္သားကင္ဆာကို ေရာဂါအမည္ တပ္ႏုိင္ဖို႕အတြက္ ရရွိလာတဲ့ ကင္ဆာဆဲလ္ေတြကို စစ္ေဆးရမွာျဖစ္ပါတယ္။ စမ္းသပ္ႏုိင္တဲ့ နည္းလမ္းေလးမ်ိဳးကေတာ့

-       Breast self exam

-       Nipple discharge examination

-       Mammogram

-       Ultrasound တုိ႕ ျဖစ္ပါတယ္။

(၅)     ကုသနည္း

          ဒီေရာဂါကို ကုသမႈခံယူမယ္ဆုိရင္ေတာ့ ေရာဂါရဲ႕အဆင့္နဲ႕ လူနာရွင္ရဲ႕ ရုပ္ပိုင္းဆုိင္ရာ ႀကံ႕ခိုင္မႈ အေျခအေနအေတြေပၚမွာ မူတည္ေနပါတယ္။ အမ်ားစုကေတာ့ ခြဲစိတ္ကုသျခင္းနည္းလမ္းကို အသံုးျပဳၾက ပါတယ္။ အမ်ိဳးသားေတြမွာ ျဖစ္တဲ့ ရင္သားကင္ဆာကိုလဲ အလားတူ ကုသႏုိင္ပါတယ္။ တျခား ကုသႏုိင္တဲ့နည္းလမ္း ႏွစ္မ်ိဳးရွိပါေသးတယ္။

-       Radiation therapy: ခဲြစိတ္ၿပီးေနာက္ ရင္သားအတြင္း ၊ ရင္သားနံရံနဲ႕ လက္ျပင္ေအာက္နားတ၀ိုက္ က်န္ရွိေနတဲ့ ကင္ဆာဆဲလ္ေတြကို ဖ်က္ဆီးပစ္ျခင္းနဲ႕ ခဲြစိတ္ျခင္းမျပဳခင္ အက်ိတ္ကို ေသးေအာင္ အရင္ေလ်ာ့ခ်ျခင္း နည္းလမ္း

-       Systemic therapy: Anti-cancer ေဆး၀ါးေတြကို ေသြးျပန္ေၾကာမ်ားအတြင္း ထိုးသြင္းျခင္း နဲ႕ မွီ၀ဲျခင္းနည္းလမ္း စတာေတြပဲျဖစ္ပါတယ္။

ဒါေၾကာင့္ ရင္သားကင္ဆာဟာ အမ်ိဳးသားမ်ားမွာ အျဖစ္နည္းေပမယ့္ ျဖစ္ေလ့ရွိတတ္ၿပီး
 ျဖစ္ႏုိင္ေခ်လည္းရွိတာကို သိထားသင့္တယ္ထင္တာေၾကာင့္ က်န္းမာေရးဗဟုသုတအေနနဲ႕ တင္ျပလိုက္ရပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: Trend Myanmar

#Unicode Version
ဒီရောဂါဟာ ပုံမှန်ဆိုရင်တော့ အမျိုးသမီးတွေမှာပဲ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ရင်သားကင်ဆာဟာ အမျိုးသားတွေအပေါ်မှာလည်း သက်ရောက်မှုရှိကြောင်း သိရှိသူ အနည်းငယ်လောက်ပဲ ရှိပါတယ်။ ဒီရောဂါဖြစ်ရင် ကြုံတွေ့ရနိုင်တဲ့ လက္ခဏာတွေကို တချက်လောက် လေ့လာကြည့်ရအောင်။

(၁)     အမျိုးသားတွေမှာလည်း ရင်းသားကင်ဆာ ဖြစ်နိုင်ချေရှိခြင်း

          အမျိုးသားတွေဟာ ယေဘုယျအားဖြင့် ရင်သားကင်ဆာဖြစ်နိုင်ချေ နည်းပါးပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ရင်သားမှာ ပြောင်းလဲမှုတစ်စုံတစ်ရာ တွေ့လာခဲ့မယ်ဆိုရင်တော့ ဆရာဝန်သွားပြသင့်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေမှာ ဒီရောဂါဖြစ်နိုင်ချေနှုန်းက ၁ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ ဒီရောဂါ ကျရောက်နိုင်ချေနှုန်းက အသက်အရွယ်အပိုင်းအခြားအလိုက် တိုးလာနိုင်ပါတယ်။

(၂)     ဖြစ်နိုင်သည့် အကြောင်းအရင်းများ

          အမျိုးသားတွေဟာ ရင်သားတစ်သျှူး ပိုင်ဆိုင်မှုနည်းပါးပါတယ်။ ဒီရင်းသားတစ်သျှူးတွေကတော့ နို့ရည် မထုတ်ပေးနိုင်ပါဘူး။ အဲဒီတစ်သျှူးတွေက ရင်ဘတ်နံရံပေါ်မှာရှိတဲ့ နို့သီးခေါင်းအနောက်မှာ စုနေပါတယ်။ အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတဲ့ ရင်သားကင်ဆာမျိုးကဲ့သို့ပဲ အမျိုးသားတွေမှဖြစ်တဲ့ ရင်သားကင်ဆာဆိုတာ ဟာလည်း ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ကြီးထားလာမှုနှုန်းကို မထိန်းချုပ်နိုင်တော့တာ ဖြစ်ပါတယ်။

(၃)     သင်္ကေတနဲ့ ရောဂါလက္ခဏာများ

          အကျိတ် (သို့မဟုတ်) အသားပို ငယ်ရွယ်ပြီး ကုသနိုင်တဲ့အခြေအနေမှာ ရင်သားကင်ဆာဟာ ဘာရောဂါ လက္ခဏာမှ မပြပါဘူး။ ဒါကြောင့် ရင်သားကင်ဆာကို အစောပိုင်း အခြေအနေတွေမှာ တွေ့ရှိကုသ နိုင်ပြီး ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို လိုက်နာထားဖို့ဆိုတာ အလွန်ပဲခဲယဉ်းပါတယ်။ အဖြစ်အများဆုံး လက္ခဏာကတော့ နို့သီးခေါင်းအတွင်းပိုင်း နားတဝိုက်မှာ မာကျောပြီး နာကျင်မှုမရှိတဲ့ အသားစိုင်တစ်ခု ဖြစ်လာနိုင်တာပါပဲ။ တခြား ရောဂါလက္ခဏာမျိုးကတော့ ရင်သားကင်ဆာနဲ့ မပတ်သက်ပါဘူး။

(၄)     ရောဂါအမည်ကို ခွဲခြားဆုံးဖြတ်နည်း

          အသက်အရွယ်မရွေး သက်ရောက်နိုင်မှုရှိတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ရင်သားကင်ဆာကို ရောဂါအမည် တပ်နိုင်ဖို့အတွက် ရရှိလာတဲ့ ကင်ဆာဆဲလ်တွေကို စစ်ဆေးရမှာဖြစ်ပါတယ်။ စမ်းသပ်နိုင်တဲ့ နည်းလမ်းလေးမျိုးကတော့

-       Breast self exam

-       Nipple discharge examination

-       Mammogram

-       Ultrasound တို့ ဖြစ်ပါတယ်။

(၅)     ကုသနည်း

          ဒီရောဂါကို ကုသမှုခံယူမယ်ဆိုရင်တော့ ရောဂါရဲ့အဆင့်နဲ့ လူနာရှင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အခြေအနေအတွေပေါ်မှာ မူတည်နေပါတယ်။ အများစုကတော့ ခွဲစိတ်ကုသခြင်းနည်းလမ်းကို အသုံးပြုကြ ပါတယ်။ အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာကိုလဲ အလားတူ ကုသနိုင်ပါတယ်။ တခြား ကုသနိုင်တဲ့နည်းလမ်း နှစ်မျိုးရှိပါသေးတယ်။

-       Radiation therapy: ခွဲစိတ်ပြီးနောက် ရင်သားအတွင်း ၊ ရင်သားနံရံနဲ့ လက်ပြင်အောက်နားတဝိုက် ကျန်ရှိနေတဲ့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်ခြင်းနဲ့ ခွဲစိတ်ခြင်းမပြုခင် အကျိတ်ကို သေးအောင် အရင်လျော့ချခြင်း နည်းလမ်း

-       Systemic therapy: Anti-cancer ဆေးဝါးတွေကို သွေးပြန်ကြောများအတွင်း ထိုးသွင်းခြင်း နဲ့ မှီဝဲခြင်းနည်းလမ်း စတာတွေပဲဖြစ်ပါတယ်။

ဒါကြောင့် ရင်သားကင်ဆာဟာ အမျိုးသားများမှာ အဖြစ်နည်းပေမယ့် ဖြစ်လေ့ရှိတတ်ပြီး

 ဖြစ်နိုင်ချေလည်းရှိတာကို သိထားသင့်တယ်ထင်တာကြောင့် ကျန်းမာရေးဗဟုသုတအနေနဲ့ တင်ပြလိုက်ရပါတယ်။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit: Trend Myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top