iMyanmarHouse.com - Best Property Website for Myanmar
×

ဗိုလ္ခ်ဳပ္ရဲ႕အေၾကာင္းေတြကို ရွာဖတ္ရင္းနဲ႔ကေန ထူးထူးဆန္းဆန္း ဗိုလ္ခ်ဳပ္ရဲ႕အခ်စ္ဇာတ္လမ္းေတြကို သြားဖတ္မိသည္။ ဗိုလ္ခ်ဳပ္အေၾကာင္းေတာ္ေတာ္မ်ားမ်ားက သိၿပီးသားဆိုေပမယ့္ ဒီအေၾကာင္းေတြကိုေတာ့လူသိနည္းေနၾကေသးသည္။ သခင္တင္ေမာင္စခဲ့တဲ့ ဇာတ္လမ္းတစ္ပုဒ္ရယ္၊ မစၥတာ ဆူဇူးကီးေရးေပးတဲ့ဂ်ပန္ဘာသာရည္းစားစာရယ္၊ ဗိုလ္ခ်ဳပ္ရဲ႕ “လိုတိုရွင္း တဲ့တိုးမိန္းမပိုးနည္း” အားလံုးက စိတ္ဝင္စားဖို႔ေကာင္းသည္။

က်ံဳမေငးက မရင္ေအး

ဗိုလ္ခ်ဳပ္ရဲ႕ အခ်စ္ေရးရဲ႕ အစမွာ စေတြ႔ခဲ႔တဲ့ မိန္းကေလးက က်ံဳမေငးရြာက ေျမပိုင္ရွင္ စက္သူေဌးတစ္ဦးရဲ႕သမီးမရင္ေအးျဖစ္သည္။ ထုိအခ်ိန္ကေတာ့ သခင္ေအာင္ဆန္းဘဝသာရွိေသးသည္။  ေအာင္သြယ္ေပးတဲ့သူကသခင္တင္ေမာင္ျဖစ္သည္။ မရင္ေအး၏ဓါတ္ပံုကို ျပတဲ့အျပင္ အိမ္အထိပါေခၚသြားသည္။ ထိုအခ်ိန္က တိုင္းျပည္လြတ္လပ္ေရးအတြက္သာ အားသြန္ခိုက္စိုက္ ႀကိဳးစားေနတဲ့ ဗိုလ္ခ်ဳပ္က အင္းလဲမလုပ္၊ အဲလဲမလုပ္ပဲ ထံုေပေပေနေနသည္။ မရင္ေအးကေတာ့ သခင္ေအာင္ဆန္းတို႔ လြတ္လပ္ေရးႀကိဳးပမ္းမႈအတြက္ ေငြသံုးရာက်ပ္လွဴလို္က္ေသးသည္။ သခင္ေအာင္ဆန္း ဂ်ပန္ကျပန္လာေတာ့ မရင္ေအးကိုေမးေသးသည္။ ရန္ပံုေငြ ေထာက္ပံ့လွဴဒါန္းလို႔လားေတာ့မသိ။ သခင္တင္ေမာင္စခဲ့တဲ့ဇာတ္လမ္းကေတာ့ ဒီမွာတင္ဆံုးသြားသည္။

ဂ်ပန္မေလး ေအအိေကာစံ

ဟိုင္နန္ကၽြန္းစစ္ပညာသင္ေက်ာင္းမွာ စစ္ပညာသင္ၾကားေနတဲ့အခ်ိန္တုန္းက  ဗိုလ္ခ်ဳပ္ႏွလံုးသားမွာ ေမတၱာလႈိင္းေလးတစ္ခ်က္ေပၚဖူးသည္။ ျမန္မာစစ္ပညာသင္မ်ားကို ျပဳစုေကၽြးေမြးေစာင့္ေရွာက္ဖို႔ မစၥတာအီးဝါးစကီး၏ တူမေလးႏွစ္ေယာက္ရွိသည္။ အဲ့ဒီႏွစ္ေယာက္အနက္မွ ေအအိေကာစံဟု အမည္ရေသာမိန္းကေလးနဲ႔ ပိုမိုရင္းႏွီးကၽြမ္းဝင္လာၿပီး လူပ်ိဳလူလြတ္ ဗိုလ္ခ်ဳပ္လည္း ေမတၱာသက္ဝင္မိလာသည္။ အတူေနရဲေဘာ္မ်ားသာမကဂ်ပန္ဆရာမ်ားကလည္း ေျမွာက္ေပးေနၾကသည္။ ဗိုလ္ခ်ဳပ္လည္း ေအအိေကာစံကို ဖြင့္ေျပာမည္ဟု လုပ္ၿပီးမွ စိတ္ကိုထိန္းလိုက္ျပန္သည္။ ေနာက္ေတာ့ ဆရာလုိလည္းျဖစ္၊ သူငယ္ခ်င္းလိုလည္းျဖစ္ေသာ မီနာမီ အိုကာ ေခၚမစၥတာ ဆူဇူကီးကို ဂ်ပန္ဘာသာျဖင့္ ရည္းစားစာ တစ္ေစာင္ေရးခိုင္းသည္။ ဒီတစ္ခါေတာ့ ဗိုလ္ခ်ဳပ္စာတကယ္ေပးၿပီေပါ့။ ဒါေပမယ့္ ႏွလံုးသားအေရးထက္ တိုင္းျပည္အေရးကို ဦးစားေပးၿပီးေတာ့ ဖြင့္လဲမေျပာ၊ စာလည္းမေပးျဖစ္ခဲ့ပါ။ သမိိုင္းအရဆိုရင္ေတာ့ ေအအိေကာစံကို ဗိုလ္ခ်ဳပ္အခ်စ္ဦးလို႔ဆိုရမည္။ ဗိုလ္ခ်ဳပ္ရင္ခုန္ဖူးတဲ့အခ်စ္ဦးေပါ့။

သူနာျပဳဆရာမ မခင္ၾကည္

ဗိုလ္ခ်ဳပ္အျပင္းဖ်ားေတာ့ ေဆးရံုတက္ရသည္။ မခင္ၾကည္က အဲ့ဒီေဆးရံုမွာတာဝန္ထမ္းေဆာင္ေနသည့္ သူနာျပဳဆရာမတစ္ဦးျဖစ္သည္။ ဗိုလ္ခ်ဳပ္ ဘယ္ကေနဘယ္လိုစၿပီးေတာ့ ခ်စ္ကၽြမ္းဝင္သြားသည္ေတာ့ တိတိက်က်မသိရ။ ဗိုလ္ခ်ဳပ္ရဲ႕ ပိုးနည္းပန္းနည္းကေတာ့ လုိတိုရွင္းျဖစ္သည္။ တစ္ျခားဆရာမေတြ ေဆးတိုက္ရင္ ရုပ္တည္တည္နဲ႔မေသာက္ မခင္ၾကည္တိုက္မွေသာက္သည္။ လူပ်ိဳလွည့္တဲ့ပံုစံကလည္း ရယ္ရသည္။ တေယာထိုးတတ္ေသာ ေဒါက္တာျမင့္ေဆြကို မခင္ၾကည္တို႔ဆီ သြားလည္မည္ဟုေျပာကာ ေခၚသြားသည္။ ေရာက္လည္းေရာက္ေရာ စကားအနည္းေျပာေနရာကေန ဆိုင္းမဆင့္၊ ဗံုမဆင့္ မခင္ၾကည္ကို သီခ်င္းဆိုခိုင္းသည္။ ဆရာမလည္း ရွက္ရွက္နဲ႔ ဆိုျပရသည္။ အဲ့ဒီအခ်ိန္တုန္းက ဗိုလ္ခ်ဳပ္အသက္က ၂၇ ၊ ေဒၚခင္ၾကည္က ၃၁ ။ ခ်စ္ေရးဆိုတာကလည္း တုံုးတိႀကီးျဖစ္သည္။ ဆန္းဆန္းျပားျပားဘာမွမရွိ။ အရင္ဆံုးထမင္းဖိတ္ေကၽြးသည္။ ေနာက္ေတာ့အျပန္မွာ လက္ထပ္ခြင့္ေတာင္းပလုိက္သည္။ ဗိုလ္ခ်ဳပ္လို လူရုိးလူေကာင္း တိုင္းျပည္ေခါင္းေဆာင္ကို မခင္ၾကည္ ျငင္းဆန္ႏိုင္စြမ္းမရွိပါ။ ဖူးစာဖက္အမွန္နဲ႔ေတြ႕ေတာ့ ဗိုလ္ခ်ဳပ္လည္း ခပ္ျမန္ျမန္အိမ္ ေထာင္က်သြားသည္။

ကိုးကား။  ။ ေစတနာမိခင္ မဟာသီရိသုွဓမၼ ေဒၚခင္ၾကည္၊ ဂ်ပန္ေခတ္ေဆးရံုႀကီးေပၚဝယ္


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:မင္းသုခ (အခရာ)

#Unicode Version
ဗိုလ်ချုပ်ရဲ့အကြောင်းတွေကို ရှာဖတ်ရင်းနဲ့ကနေ ထူးထူးဆန်းဆန်း ဗိုလ်ချုပ်ရဲ့အချစ်ဇာတ်လမ်းတွေကို သွားဖတ်မိသည်။ ဗိုလ်ချုပ်အကြောင်းတော်တော်များများက သိပြီးသားဆိုပေမယ့် ဒီအကြောင်းတွေကိုတော့လူသိနည်းနေကြသေးသည်။ သခင်တင်မောင်စခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ရယ်၊ မစ္စတာ ဆူဇူးကီးရေးပေးတဲ့ဂျပန်ဘာသာရည်းစားစာရယ်၊ ဗိုလ်ချုပ်ရဲ့ “လိုတိုရှင်း တဲ့တိုးမိန်းမပိုးနည်း” အားလုံးက စိတ်ဝင်စားဖို့ကောင်းသည်။
ကျုံမငေးက မရင်အေး

ဗိုလ်ချုပ်ရဲ့ အချစ်ရေးရဲ့ အစမှာ စတွေ့ခဲ့တဲ့ မိန်းကလေးက ကျုံမငေးရွာက မြေပိုင်ရှင် စက်သူဌေးတစ်ဦးရဲ့သမီးမရင်အေးဖြစ်သည်။ ထိုအချိန်ကတော့ သခင်အောင်ဆန်းဘဝသာရှိသေးသည်။  အောင်သွယ်ပေးတဲ့သူကသခင်တင်မောင်ဖြစ်သည်။ မရင်အေး၏ဓါတ်ပုံကို ပြတဲ့အပြင် အိမ်အထိပါခေါ်သွားသည်။ ထိုအချိန်က တိုင်းပြည်လွတ်လပ်ရေးအတွက်သာ အားသွန်ခိုက်စိုက် ကြိုးစားနေတဲ့ ဗိုလ်ချုပ်က အင်းလဲမလုပ်၊ အဲလဲမလုပ်ပဲ ထုံပေပေနေနေသည်။ မရင်အေးကတော့ သခင်အောင်ဆန်းတို့ လွတ်လပ်ရေးကြိုးပမ်းမှုအတွက် ငွေသုံးရာကျပ်လှူလိုက်သေးသည်။ သခင်အောင်ဆန်း ဂျပန်ကပြန်လာတော့ မရင်အေးကိုမေးသေးသည်။ ရန်ပုံငွေ ထောက်ပံ့လှူဒါန်းလို့လားတော့မသိ။ သခင်တင်မောင်စခဲ့တဲ့ဇာတ်လမ်းကတော့ ဒီမှာတင်ဆုံးသွားသည်။
ဂျပန်မလေး အေအိကောစံ

ဟိုင်နန်ကျွန်းစစ်ပညာသင်ကျောင်းမှာ စစ်ပညာသင်ကြားနေတဲ့အချိန်တုန်းက  ဗိုလ်ချုပ်နှလုံးသားမှာ မေတ္တာလှိုင်းလေးတစ်ချက်ပေါ်ဖူးသည်။ မြန်မာစစ်ပညာသင်များကို ပြုစုကျွေးမွေးစောင့်ရှောက်ဖို့ မစ္စတာအီးဝါးစကီး၏ တူမလေးနှစ်ယောက်ရှိသည်။ အဲ့ဒီနှစ်ယောက်အနက်မှ အေအိကောစံဟု အမည်ရသောမိန်းကလေးနဲ့ ပိုမိုရင်းနှီးကျွမ်းဝင်လာပြီး လူပျိုလူလွတ် ဗိုလ်ချုပ်လည်း မေတ္တာသက်ဝင်မိလာသည်။ အတူနေရဲဘော်များသာမကဂျပန်ဆရာများကလည်း မြှောက်ပေးနေကြသည်။ ဗိုလ်ချုပ်လည်း အေအိကောစံကို ဖွင့်ပြောမည်ဟု လုပ်ပြီးမှ စိတ်ကိုထိန်းလိုက်ပြန်သည်။ နောက်တော့ ဆရာလိုလည်းဖြစ်၊ သူငယ်ချင်းလိုလည်းဖြစ်သော မီနာမီ အိုကာ ခေါ်မစ္စတာ ဆူဇူကီးကို ဂျပန်ဘာသာဖြင့် ရည်းစားစာ တစ်စောင်ရေးခိုင်းသည်။ ဒီတစ်ခါတော့ ဗိုလ်ချုပ်စာတကယ်ပေးပြီပေါ့။ ဒါပေမယ့် နှလုံးသားအရေးထက် တိုင်းပြည်အရေးကို ဦးစားပေးပြီးတော့ ဖွင့်လဲမပြော၊ စာလည်းမပေးဖြစ်ခဲ့ပါ။ သမိုင်းအရဆိုရင်တော့ အေအိကောစံကို ဗိုလ်ချုပ်အချစ်ဦးလို့ဆိုရမည်။ ဗိုလ်ချုပ်ရင်ခုန်ဖူးတဲ့အချစ်ဦးပေါ့။
သူနာပြုဆရာမ မခင်ကြည်

ဗိုလ်ချုပ်အပြင်းဖျားတော့ ဆေးရုံတက်ရသည်။ မခင်ကြည်က အဲ့ဒီဆေးရုံမှာတာဝန်ထမ်းဆောင်နေသည့် သူနာပြုဆရာမတစ်ဦးဖြစ်သည်။ ဗိုလ်ချုပ် ဘယ်ကနေဘယ်လိုစပြီးတော့ ချစ်ကျွမ်းဝင်သွားသည်တော့ တိတိကျကျမသိရ။ ဗိုလ်ချုပ်ရဲ့ ပိုးနည်းပန်းနည်းကတော့ လိုတိုရှင်းဖြစ်သည်။ တစ်ခြားဆရာမတွေ ဆေးတိုက်ရင် ရုပ်တည်တည်နဲ့မသောက် မခင်ကြည်တိုက်မှသောက်သည်။ လူပျိုလှည့်တဲ့ပုံစံကလည်း ရယ်ရသည်။ တယောထိုးတတ်သော ဒေါက်တာမြင့်ဆွေကို မခင်ကြည်တို့ဆီ သွားလည်မည်ဟုပြောကာ ခေါ်သွားသည်။ ရောက်လည်းရောက်ရော စကားအနည်းပြောနေရာကနေ ဆိုင်းမဆင့်၊ ဗုံမဆင့် မခင်ကြည်ကို သီချင်းဆိုခိုင်းသည်။ ဆရာမလည်း ရှက်ရှက်နဲ့ ဆိုပြရသည်။ အဲ့ဒီအချိန်တုန်းက ဗိုလ်ချုပ်အသက်က ၂၇ ၊ ဒေါ်ခင်ကြည်က ၃၁ ။ ချစ်ရေးဆိုတာကလည်း တုံးတိကြီးဖြစ်သည်။ ဆန်းဆန်းပြားပြားဘာမှမရှိ။ အရင်ဆုံးထမင်းဖိတ်ကျွေးသည်။ နောက်တော့အပြန်မှာ လက်ထပ်ခွင့်တောင်းပလိုက်သည်။ ဗိုလ်ချုပ်လို လူရိုးလူကောင်း တိုင်းပြည်ခေါင်းဆောင်ကို မခင်ကြည် ငြင်းဆန်နိုင်စွမ်းမရှိပါ။ ဖူးစာဖက်အမှန်နဲ့တွေ့တော့ ဗိုလ်ချုပ်လည်း ခပ်မြန်မြန်အိမ်ထောင်ကျသွားသည်။

ကိုးကား။  ။ စေတနာမိခင် မဟာသီရိသုှဓမ္မ ဒေါ်ခင်ကြည်၊ ဂျပန်ခေတ်ဆေးရုံကြီးပေါ်ဝယ်

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:မင်းသုခ (အခရာ)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top