iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ္ႀကီးေရ ခ်စ္သူမ်ားေန႔ေရာက္ဖုိ႔ နီးနီးေလးပဲ လုိေတာ့တယ္ေနာ္။ ဒီႏွစ္ခ်စ္သူမ်ားေန႔အတြက္ ဘာအစီအစဥ္ေတြရွိလဲ။ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္တစ္ဦးျဖစ္တဲ႔ အဆုိေတာ္သရုပ္ေဆာင္ နန္းခင္ေဇယ်ာကေတာ့ ခ်စ္သူမ်ားေန႔အႀကိဳအျဖစ္နဲ႔ သူရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာေပၚမွာ အခ်စ္နဲ႔ပတ္သတ္တဲ႔အေၾကာင္းေလးေတြကုိ ေရးသားေဖာ္ျပသြားခဲ႔ပါတယ္။

Related image

" တစ္ကယ္ခ်စ္ၾကတဲ့ ခ်စ္သူေတြဆိုတာ အတူျဖတ္သန္းခဲ့ၾကတဲ့ ေန႔ရက္ေတြကို ျပန္ၾကည့္လိုက္ရင္ ရက္ေတြက ၾကာေနတတ္ေပမယ့္ မေန႔တစ္ေန႔ကလို အၿမဲတမ္း သစ္လြင္ေနတာပါ။ တစ္ေယာက္နဲ႔တစ္ေယာက္ အခ်ိန္တိုင္း အနားနားမွာ ၾကင္နာမႈအျပည့္နဲ႔ ေထြးေပြ႕ေပးထားခဲ့ၾကတယ္။ မအားတဲ့ၾကားထဲက အခ်ိန္ေတြ ေပးခဲ့ၾကတယ္။ စိတ္သေဘာထား ျပည့္ဝစြာနဲ႔ အနစ္နာခံခဲ့ၾကတယ္။ အၿမဲတမ္း ဦးစားေပးၿပီး ဂ႐ုစိုက္ခဲ့ၾကတယ္။ ရယူလိုျခင္း အလ်င္းမရွိ အၿမဲတမ္း ေပးဆပ္ေနခဲ့ၾကတယ္။ ေတာင္းဆိုမႈမရွိ အၿမဲတမ္းအေလွ်ာ့ေပး လိုက္ေလ်ာခဲ့ၾကတယ္။ အၿမဲတမ္း ရစ္ေနေပမယ့္ စိတ္ရွည္လက္ရွည္ ရွင္းျပၿပီး ၾကည္ျဖဴေနခဲ့ၾကတယ္ "
Image result for nan khin zayar  facebook photos


" တစ္ေယာက္ရဲ႕အားနည္းခ်က္ တစ္ေယာက္မဖြင့္ဟပဲ ရင္ထဲမွာ သိုဝွက္ထားခဲ့ၾကတယ္။ တစ္ခါတစ္ရံ ႏွလုံးသားကို နာက်င္ေစေပမယ့္ ဘယ္အရာမွ ေဝးကြာသြားေအာင္ အရွုံးေပးၿပီး ထြက္ေျပးမသြားေစႏိုင္ခဲ့ၾကဘူး။ စိတ္ကူးေတြ မေဝးေသးသ၍ အေတြးေတြ မေပ်ာက္ျပယ္ေသးသ၍ ေနာက္ထပ္အသစ္ေတြ မရွာေသးသ၍ေတာ့ အနားနားမွာ တစ္ဦးနဲ႔တစ္ဦး ေက်နပ္စြာ ရွိေနေပးၾကတယ္။ ေမွ်ာ္လင့္ခ်က္အသစ္ေတြ၊ မေမ့ႏိုင္စရာ အျဖစ္အပ်က္ေတြ အတူဖန္တီးႏုိင္ဖို႔ ဒီထက္မက စိတ္ေကာက္ၿပီး ရန္ျဖစ္ႏိုင္ဖို႔ ေခ်ာ့သိပ္ႏိုင္ဖို႔ အနာဂတ္ေန႔ရက္ေတြမွာ ဒီကမာၻေပၚမွာရွိတဲ့ ခ်စ္သူေတြ ဒီထက္မက က်န္းမာၿပီး ေပ်ာ္ရႊင္ႏိုင္ပါေစ "

Credit:Momolay


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပရိသတ်ကြီးရေ ချစ်သူများနေ့ရောက်ဖို့ နီးနီးလေးပဲ လိုတော့တယ်နော်။ ဒီနှစ်ချစ်သူများနေ့အတွက် ဘာအစီအစဉ်တွေရှိလဲ။ ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးဖြစ်တဲ့ အဆိုတော်သရုပ်ဆောင် နန်းခင်ဇေယျာကတော့ ချစ်သူများနေ့အကြိုအဖြစ်နဲ့ သူရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ အချစ်နဲ့ပတ်သတ်တဲ့အကြောင်းလေးတွေကို ရေးသားဖော်ပြသွားခဲ့ပါတယ်။

Related image

" တစ်ကယ်ချစ်ကြတဲ့ ချစ်သူတွေဆိုတာ အတူဖြတ်သန်းခဲ့ကြတဲ့ နေ့ရက်တွေကို ပြန်ကြည့်လိုက်ရင် ရက်တွေက ကြာနေတတ်ပေမယ့် မနေ့တစ်နေ့ကလို အမြဲတမ်း သစ်လွင်နေတာပါ။ တစ်ယောက်နဲ့တစ်ယောက် အချိန်တိုင်း အနားနားမှာ ကြင်နာမှုအပြည့်နဲ့ ထွေးပွေ့ပေးထားခဲ့ကြတယ်။ မအားတဲ့ကြားထဲက အချိန်တွေ ပေးခဲ့ကြတယ်။ စိတ်သဘောထား ပြည့်ဝစွာနဲ့ အနစ်နာခံခဲ့ကြတယ်။ အမြဲတမ်း ဦးစားပေးပြီး ဂရုစိုက်ခဲ့ကြတယ်။ ရယူလိုခြင်း အလျင်းမရှိ အမြဲတမ်း ပေးဆပ်နေခဲ့ကြတယ်။ တောင်းဆိုမှုမရှိ အမြဲတမ်းအလျှော့ပေး လိုက်လျောခဲ့ကြတယ်။ အမြဲတမ်း ရစ်နေပေမယ့် စိတ်ရှည်လက်ရှည် ရှင်းပြပြီး ကြည်ဖြူနေခဲ့ကြတယ် "
Image result for nan khin zayar facebook photos


" တစ်ယောက်ရဲ့အားနည်းချက် တစ်ယောက်မဖွင့်ဟပဲ ရင်ထဲမှာ သိုဝှက်ထားခဲ့ကြတယ်။ တစ်ခါတစ်ရံ နှလုံးသားကို နာကျင်စေပေမယ့် ဘယ်အရာမှ ဝေးကွာသွားအောင် အရှုံးပေးပြီး ထွက်ပြေးမသွားစေနိုင်ခဲ့ကြဘူး။ စိတ်ကူးတွေ မဝေးသေးသ၍ အတွေးတွေ မပျောက်ပြယ်သေးသ၍ နောက်ထပ်အသစ်တွေ မရှာသေးသ၍တော့ အနားနားမှာ တစ်ဦးနဲ့တစ်ဦး ကျေနပ်စွာ ရှိနေပေးကြတယ်။ မျှော်လင့်ချက်အသစ်တွေ၊ မမေ့နိုင်စရာ အဖြစ်အပျက်တွေ အတူဖန်တီးနိုင်ဖို့ ဒီထက်မက စိတ်ကောက်ပြီး ရန်ဖြစ်နိုင်ဖို့ ချော့သိပ်နိုင်ဖို့ အနာဂတ်နေ့ရက်တွေမှာ ဒီကမ္ဘာပေါ်မှာရှိတဲ့ ချစ်သူတွေ ဒီထက်မက ကျန်းမာပြီး ပျော်ရွှင်နိုင်ပါစေ "

Credit:Momolay




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top