iMyanmarHouse.com - Best Property Website for Myanmar
×

သားပ်က္သားေလွ်ာျဖစ္ျခင္းသည္ ကေလးလုိခ်င္တဲ့မိခင္ေလာင္းမ်ားအတြက္ ၀မ္းနည္းစရာ အေကာင္းဆံုးျဖစ္ရပ္ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကေလးအရမ္းလိုခ်င္တဲ့အမ်ိဳးသမီးေတြဟာ သားပ်က္သားေလွ်ာ့ျဖစ္ၿပီးေနာက္ မၾကာခင္မွာပင္ ကေလးထပ္ယူဖို႔ စိတ္အားထက္သန္ၾကပါတယ္။ ဒါေပမဲ့ ကိုယ္၀န္ပ်က္က်ၿပီး မ်ားမၾကာမီအခ်ိန္တိုအတြင္းမွာ ကိုယ္၀န္ေဆာင္သင့္ပါသလား။
 ေလ့လာၾကည့္ရေအာင္ သားပ်က္သားေလွ်ာျဖစ္ဖူးတဲ့ အမ်ိဳးသမီးေတြဟာ ေနာက္ထပ္
ကိုယ္၀န္မရေတာ့မွာကိုလည္း အလြန္စုိးရိမ္ၾကပါတယ္။

        သားပ်က္သားေလွ်ာျဖစ္တဲ့ အမ်ိဳးသမီးေတြမွာ ေနာက္ထပ္ကေလးရႏုိင္တဲ့ အခြင့္အလမ္းေတြ အမ်ားႀကီးရွိပါတယ္။ ဒါေပမဲ့ ကိုယ္၀န္ကို မလုိခ်င္လို႔ဖ်က္ခ်သူေတြကေတာ့ ကိုယ္၀န္ဖ်က္ခ်ျခင္း ရဲ႕ ေနာက္ဆက္တြဲဆုိးက်ိဳးေတြကိုခံစားရႏုိင္ပါတယ္။ ကေလးျပန္လိုခ်င္တဲ့ အမ်ိဳးသမီးေတြအေနျဖင့္ ဆရာ၀န္ႏွင့္ေသခ်ာတိုင္ပင္သင့္ပါတယ္။

        သားပ်က္သားေလွ်ာျဖစ္ထားတဲ့အမ်ိဳးသမီး ေနာင္တႀကိမ္ကိုယ္၀န္ျပန္ေဆာင္ဖို႔အတြက္ အနည္းဆံုး 3 လ ေစာင့္သင့္တယ္လို႔ ကၽြမ္းက်င္သူေတြကအႀကံျပဳထားပါတယ္။

1. ေစာင့္ဆိုင္းေနစဥ္အေတာအတြင္းမွာ ခႏၶာကိုယ္ကိုျပန္လည္အားျဖည့္ျခင္း၊ Folic Acid ကဲ့သို႔ေသာ သေႏၶသားအတြက္ လိုအပ္မည့္ေဆး၀ါးမ်ာ းေသာက္သံုးျခင္းတုိ႔ကို ျပဳလုပ္ထားပါ။

2. က်န္းမာတဲ့ ကိုယ္အေလးခ်ိန္ကိုထိန္းထားပါ။

3. ကဖင္းဓာတ္ေသာက္သံုးမႈကိုေလ်ာ့ခ်ပါ။

4. ေဆးလိပ္၊ အရက္နဲ႔ မူးယစ္ေဆးသံုးစြဲမႈေရွာင္ၾကဥ္ပါ။

5. အမ်ိဳးသမီးေတြအေနနဲ႔ ဘယ္ရက္ေတြမွာ မ်ိဳးဥေႂကြႏုိင္လဲဆိုတာကို သိထားဖုိ႔လိုအပ္ပါတယ္။ ေယဘုယ်အားျဖင့္ မ်ိဳးဥေႂကြတာဟာ ဓမၼတာရာသီစက္၀န္းရဲ႕အလယ္ ရာသီစလာတဲ့ရက္ကေနေရတြက္ရင္း 14 ရက္၀န္းက်င္ရက္အပိုင္းအျခားေတြမွာ အမ်ိဳးသားနဲ႔အတူေနရင္ ကိုယ္၀န္ရႏုိင္ေျခမ်ားျပားပါတယ္။

6. ဒါ့အျပင္ အမ်ိဳးသားနဲ႔အတူေနၿပီးေနာက္ ပက္လက္အေနအထားႏွင့္ေနၿပီး တင္ပါးေအာက္မွာေခါင္းအံုးတစ္လံုးခံထားရင္ ကိုယ္၀န္ရႏုိင္ေျခကို ပိုမ်ားေစပါတယ္။

ဒါေပမဲ့ ေနာက္ထပ္ကိုယ္၀န္ေဆာင္ဖို႔ အဆင္သင့္မျဖစ္ေသးဘူးဆုိရင္ေတာ့ ကၽြမ္းက်င္တဲ့ဆရာ၀န္ႏွင့္တိုင္ပင္ၿပီး တစ္ပတ္အတြင္း ပဋိသေႏၶတားသင့္ပါတယ္။



♦ သားပ်က္သားေလွ်ာျဖစ္ၿပီးေနာက္ အျမန္ဆံုးျပန္လည္ေကာင္းမြန္လာေစရန္ ဘာေတြလုပ္သင့္ပါသလဲ။



-      ေရဓာတ္ျဖည့္တင္းပါ။

-      ပင္ပင္ပန္းပန္းလုပ္ရမယ့္ အလုပ္ေတြကိုေရွာင္ရွားပါ။

-      ဗီတာမင္နဲ႔ သတၳဳဓာတ္အမ်ားအျပားပါတဲ့ အစာအာဟာရေတြကိုစားသံုးၿပီး လိုအပ္ရင္ အားေဆးေသာက္ပါ။

-      အိပ္ေရး၀ေအာင္အိပ္ပါ။

-      ေလ့က်င့္ခန္းျပဳလုပ္ျခင္းကို 2 ပတ္မွ 1 လခန္႔ ေရွာင္ရွားပါ။

-      သားပ်က္သားေလွ်ာျဖစ္ၿပီး တစ္လေက်ာ္မွ အမ်ိဳးသားနဲ႔အတူေနပါ။

-      ေရပန္းအသံုးျပဳ၍ မိန္းမကိုယ္အားေဆးေၾကာျခင္း၊ tempon ကဲ့သို႔ေသာ ဂြမ္းေတာင့္အသံုးျပဳျခင္း စတာေတြကိုေရွာင္ရွားပါ။

-      ကိုယ္၀န္ကာလ 9 ပတ္ေက်ာ္မွ သားပ်က္သားေလွ်ာျဖစ္တဲ့ အမ်ိဳးသမီးေတြအေနျဖင့္ ဆရာ၀န္ႏွင့္တုိင္ပင္ၿပီး လိုအပ္ပါက ႏုိ႔ခမ္းေဆးေသာက္သင့္ပါတယ္။




 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...



Credit:DrMyanmar


#Unicode Version
သားပျက်သားလျှောဖြစ်ခြင်းသည် ကလေးလိုချင်တဲ့မိခင်လောင်းများအတွက် ဝမ်းနည်းစရာ အကောင်းဆုံးဖြစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် ကလေးအရမ်းလိုချင်တဲ့အမျိုးသမီးတွေဟာ သားပျက်သားလျှော့ဖြစ်ပြီးနောက် မကြာခင်မှာပင် ကလေးထပ်ယူဖို့ စိတ်အားထက်သန်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ပျက်ကျပြီး များမကြာမီအချိန်တိုအတွင်းမှာ ကိုယ်ဝန်ဆောင်သင့်ပါသလား။

 လေ့လာကြည့်ရအောင် သားပျက်သားလျှောဖြစ်ဖူးတဲ့ အမျိုးသမီးတွေဟာ နောက်ထပ်

ကိုယ်ဝန်မရတော့မှာကိုလည်း အလွန်စိုးရိမ်ကြပါတယ်။

        သားပျက်သားလျှောဖြစ်တဲ့ အမျိုးသမီးတွေမှာ နောက်ထပ်ကလေးရနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ကို မလိုချင်လို့ဖျက်ချသူတွေကတော့ ကိုယ်ဝန်ဖျက်ချခြင်း ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုခံစားရနိုင်ပါတယ်။ ကလေးပြန်လိုချင်တဲ့ အမျိုးသမီးတွေအနေဖြင့် ဆရာဝန်နှင့်သေချာတိုင်ပင်သင့်ပါတယ်။

        သားပျက်သားလျှောဖြစ်ထားတဲ့အမျိုးသမီး နောင်တကြိမ်ကိုယ်ဝန်ပြန်ဆောင်ဖို့အတွက် အနည်းဆုံး 3 လ စောင့်သင့်တယ်လို့ ကျွမ်းကျင်သူတွေကအကြံပြုထားပါတယ်။

1. စောင့်ဆိုင်းနေစဉ်အတောအတွင်းမှာ ခန္ဓာကိုယ်ကိုပြန်လည်အားဖြည့်ခြင်း၊ Folic Acid ကဲ့သို့သော သန္ဓေသားအတွက် လိုအပ်မည့်ဆေးဝါးမျာ းသောက်သုံးခြင်းတို့ကို ပြုလုပ်ထားပါ။

2. ကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုထိန်းထားပါ။

3. ကဖင်းဓာတ်သောက်သုံးမှုကိုလျော့ချပါ။

4. ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးသုံးစွဲမှုရှောင်ကြဉ်ပါ။

5. အမျိုးသမီးတွေအနေနဲ့ ဘယ်ရက်တွေမှာ မျိုးဥကြွေနိုင်လဲဆိုတာကို သိထားဖို့လိုအပ်ပါတယ်။ ယေဘုယျအားဖြင့် မျိုးဥကြွေတာဟာ ဓမ္မတာရာသီစက်ဝန်းရဲ့အလယ် ရာသီစလာတဲ့ရက်ကနေရေတွက်ရင်း 14 ရက်ဝန်းကျင်ရက်အပိုင်းအခြားတွေမှာ အမျိုးသားနဲ့အတူနေရင် ကိုယ်ဝန်ရနိုင်ခြေများပြားပါတယ်။

6. ဒါ့အပြင် အမျိုးသားနဲ့အတူနေပြီးနောက် ပက်လက်အနေအထားနှင့်နေပြီး တင်ပါးအောက်မှာခေါင်းအုံးတစ်လုံးခံထားရင် ကိုယ်ဝန်ရနိုင်ခြေကို ပိုများစေပါတယ်။

ဒါပေမဲ့ နောက်ထပ်ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်နှင့်တိုင်ပင်ပြီး တစ်ပတ်အတွင်း ပဋိသန္ဓေတားသင့်ပါတယ်။



♦ သားပျက်သားလျှောဖြစ်ပြီးနောက် အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရန် ဘာတွေလုပ်သင့်ပါသလဲ။



-      ရေဓာတ်ဖြည့်တင်းပါ။

-      ပင်ပင်ပန်းပန်းလုပ်ရမယ့် အလုပ်တွေကိုရှောင်ရှားပါ။

-      ဗီတာမင်နဲ့ သတ္ထုဓာတ်အများအပြားပါတဲ့ အစာအာဟာရတွေကိုစားသုံးပြီး လိုအပ်ရင် အားဆေးသောက်ပါ။

-      အိပ်ရေးဝအောင်အိပ်ပါ။

-      လေ့ကျင့်ခန်းပြုလုပ်ခြင်းကို 2 ပတ်မှ 1 လခန့် ရှောင်ရှားပါ။

-      သားပျက်သားလျှောဖြစ်ပြီး တစ်လကျော်မှ အမျိုးသားနဲ့အတူနေပါ။

-      ရေပန်းအသုံးပြု၍ မိန်းမကိုယ်အားဆေးကြောခြင်း၊ tempon ကဲ့သို့သော ဂွမ်းတောင့်အသုံးပြုခြင်း စတာတွေကိုရှောင်ရှားပါ။

-      ကိုယ်ဝန်ကာလ 9 ပတ်ကျော်မှ သားပျက်သားလျှောဖြစ်တဲ့ အမျိုးသမီးတွေအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်ပြီး လိုအပ်ပါက နို့ခမ်းဆေးသောက်သင့်ပါတယ်။



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:DrMyanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top