iMyanmarHouse.com - Best Property Website for Myanmar
×

မ်ိဳခ်လုိ႔ မရေအာင္ လည္ေခ်ာင္းနာရင္ မ်ိဳခ်လုိ႔ မရေအာင္ လည္ေခ်ာင္းနာရင္ လည္ေခ်ာင္းထဲရွတတ၊ တစ္ခါ တစ္ရံ အစာ သို႔မဟုတ္ ေရမ်ိဳခ်ရင္ နာလို႔ မမ်ိဳရဲ၊ မစားရဲ ေလာက္ေအာင္ ဆိုးဝါးတဲ့ လည္ေခ်ာင္းနာတဲ့ေဝဒနာ ကို ဘဝမွာ ၾကံဳဖူးခဲ့ၾကမွာပါ။ "လည္ ေခ်ာင္းနာတာေလာက္မ်ား မဆန္းပါ ဘူး၊ ရာသီဥတုေအးရင္၊ ေဆာင္း တြင္းေရာက္ ရင္၊ မိုးမိခဲ့ရင္၊ ေရခ်ိဳးတာ သိပ္ၾကာသြားရင္၊ အေအး ခဏခဏ ေသာက္ရင္ လည္ပင္းနာမွာေပါ့" လို႔ ဆင္ေျခေပးႏိုင္ပါတယ္။ မွန္ပါတယ္။ ေအးျမေျခာက္ေသြ႕ တဲ့ ေလစိမ္း၊ ရာသီဥတုႏွင့္ သက္ဆိုင္ တဲ့ ဓာတ္မတည့္မႈေတြ၊ ဒါမွမဟုတ္ ပံုမွန္ထက္ အလြန္ အမင္းေအးတဲ့ ရာသီဥတုေၾကာင့္ျဖစ္ေစ၊ မိုးမိ၊ အေႏြး ထည္မဝတ္၊ ေစာင္မျခံဳမိလို႔စတဲ့ အေျခအေနေတြေၾကာင့္ျဖစ္ေစ၊ ဒီ ထက္ဆိုး တာကေတာ့ ဗက္တီးရီးယား ပိုး ဝင္ေရာက္ခံရလို႔ျဖစ္ေစ လည္ ေခ်ာင္း တစ္ေလွ်ာက္မွာ ေရာင္ရမ္းျခင္း ေၾကာင့္ နာက်င္ ကိုက္ခဲတဲ့ေဝဒနာေတြ ျဖစ္ေပၚ ခံစားရျခင္းျဖစ္ပါတယ္။ အမ်ားအားျဖင့္ အေအးမိျခင္း ေၾကာင့္ျဖစ္ေစ၊ ဗိုင္းရပ္စ္ပိုးေၾကာင့္ ျဖစ္ေစ လည္ေခ်ာင္းနာေလ့ရွိပါတယ္။ ဗိုင္းရပ္စ္ပိုးေၾကာင့္ လည္ေခ်ာင္း ေရာင္ရမ္းမႈ ဟာ ေခတၲခဏေလာက္ သာ ေဝဒနာခံစားရၿပီး မၾကာမီ ေပ်ာက္ကင္းသက္သာသြားပါတယ္။ သို႔ေသာ္ ဗက္တီးရီးယားပိုးေၾကာင့္ ဆိုရင္ေတာ့ မကုသခဲ့ရင္ အၱရာယ္ ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ လည္ေခ်ာင္းနာတာ ၃ ရက္ေက်ာ္မယ္။ မသက္သာဘဲ ပိုမို ဆိုးဝါးလာမယ္။

အသံေတာင္မထြက္ ႏိုင္၊ စကားမေျပာႏိုင္၊ အစာမမ်ိဳခ်ႏိုင္ တဲ့ အခက္အခဲေတြ၊ ေဝဒနာေတြ ျဖစ္ ပြား ခံစားလာရပါက တတ္ကြ်မ္းတဲ့ ဆရာဝန္ႏွင့္ျပသ၍ ဗိုင္းရပ္စ္ပိုး ေၾကာင့္လား၊ ဗက္တီးရီးယားပိုး ေၾကာင့္လား ဆိုတာ ေရာဂါ အမွန္ရွာ ေဖြဖို႔ လိုပါလိမ့္မယ္။ "လည္ေခ်ာင္းနာတယ္" လို႔ မိသားစုဝင္ တစ္ဦးက ေျပာျပလာရင္ ပါးစပ္ေလးဟခိုင္းၿပီး "အား"လို႔ ေအာ္ ခိုင္းလိုက္ပါ။ လွ်ာရဲ႕ေနာက္ထဲကို ဓာတ္မီးေရာင္ သို႔မဟုတ္ အလင္း ေရာင္ ေကာင္းေကာင္း ရတဲ့ေနရာမွာ စစ္ေဆး ၾကည့္႐ႈ ၾကည့္ပါ ကဘာ့ေၾကာင့္ လည္ပင္းနာ ရသလဲဆိုတဲ့ သဲလြန္စကို ရွာေဖြေတြ႕ ရွိႏိုင္ ပါလိမ့္မယ္။ အာေခါင္ အလယ္ မွာရွိတဲ့ အာသီး ႏွစ္လံုး နီရဲ ေရာင္ရမ္းေနလားဆိုတာ ၾကည့္႐ႈပါ။ ဗက္တီးရီးယား ပိုးေၾကာင့္ ဆိုရင္ အျဖဴစက္ အကြက္ေလး ေတြေတာင္ ျမင္ရ တတ္ပါတယ္။

သိပ္ ဆိုးဝါးေန ရင္ ျပည္ေတြတည္ေနတာေတာင္ ျမင္ရ လိမ့္မယ္။ ဗိုင္းရပ္စ္ေၾကာင့္ တုပ္ေကြးျဖစ္ လို႔ လည္ေခ်ာင္းနာတာမ်ိဳးလည္း အျဖစ္မ်ားပါတယ္။ အဲဒီေရာဂါေဝဒနာ ကေတာ့ ႏွာရည္ယိုတာ၊ ႏွာေစးတာ ကစၿပီး ေခ်ာင္းေတြဆိုး၊ လည္ေခ်ာင္း နာလာတတ္ပါတယ္။ ပူလိုက္၊ ေအး လိုက္ရာသီဥတုေဖာက္ျပန္ခ်ိန္မွာ ျဖစ္ ေလ့ရွိၿပီး ကိုယ္ တစ္ေယာက္ တည္း ျဖစ္ တာ မဟုတ္ပါဘူး။ အမ်ားႏွင့္အတူ ဘတ္စ္ကားစီးရင္း၊ ရထားစီးရင္း အမ်ားသံုး လက္တန္း ေတြ ကိုင္မိျပဳမိ ရာက ကူးၾကတာပါ။ ဘတ္စ္ကား မွတ္တိုင္၊ ဘူတာ႐ံု ေတြမွာ ကား အလာ၊ ရထား အလာေစာင့္ရင္း တစ္ ေယာက္ေယာက္ က "ဟပ္ေခ်း" ႏွာေခ်တာ ေၾကာင့္ျဖစ္ေစ၊ ေခ်ာင္းဆိုး လိုက္တာ ေၾကာင့္ျဖစ္ေစ ၄င္းႏွာရည္ အမႈန္ အမႊားထဲမွ ဗိုင္းရပ္စ္ ပိုးေတြ ဟာ အသက္႐ွဴ လမ္းေၾကာင္းမွ တစ္ဆင့္ ကူးစက္ခ ရေတာ့ တာပါပဲ။

ဗီဒီယို႐ံု၊ ႐ုပ္ရွင္႐ံု၊ ေဈး၊ ကုန္တိုက္ စတဲ့ လူစု လူေဝး မ်ားတဲ့ ေနရာ တို႔မွလည္း ကူးစက္ ႏိုင္ပါတယ္။ ဗုိင္းရပ္စ္ ပုိးေၾကာင့္လား။ ဘတ္တီးရီးယားပုိး ေၾကာင့္လား ဘယ္လုိ သိရမလဲ။ ဗိုင္းရပ္စ္ေၾကာင့္ အေအးမိရင္ ဖ်ားေလ့ရွိတယ္။ အဖ်ားသိပ္ႀကီးေလ့ မရွိပါ။ ဖ်ားလည္းဖ်ား၊ လည္ေခ်ာင္း လည္းနာၿပီး ကိုယ္အပူခ်ိန္ ၁၀၁ ဒီဂရီ ဖာရင္ဟိုက္ေလာက္ရွိတတ္တယ္။ ဗက္တီးရီးယား Streptococcus ေၾကာင့္ဆိုရင္ေတာ့ အဖ်ားႀကီးႏိုင္ပါ တယ္။ သို႔ေပမယ့္ ဒီပိုးကလည္း တစ္ခါတေလ အဖ်ားမႀကီးတတ္ပါ။ ဗက္တီးရီးယား ပိုးေၾကာင့္ လည္ေခ်ာင္း နာတာဆိုရင္ ခဏ ခဏ ျပန္ျဖစ္ တတ္ပါတယ္။ နာရင္လည္းၾကာတယ္။ ပိုဆိုးတယ္။ တစ္ခါတစ္ရံ အစား အေသာက္ပ်က္ၿပီး မစားခ်င္မေသာက္ ခ်င္ ျဖစ္တတ္တယ္။ ေခါင္းကိုက္၊ ဗိုက္နာလည္းျဖစ္တတ္တယ္။ လည္ပင္းနဲ႔ ရင္ဘတ္မွာ အနီ စက္ေလးေတြ ရွားရွားပါးပါး ေပၚလာ တတ္တယ္။ ၿပီးမွ တစ္ကိုယ္လံုးမွာ အစက္ေတြ ညီညီညာညာေပၚလာ တတ္ေသးတယ္။

ဒါမ်ိဳးျဖစ္တာက ေတာ့ ရွားပါတယ္။ ႐ိုး႐ိုး လည္ေခ်ာင္းနာတာက ေတာ့ ဗိုင္းရပ္စ္ပိုးေၾကာင့္ ျဖစ္ေလ့ ရွိၿပီး ရက္မၾကာခင္မွာ သက္သာသြား တတ္ပါတယ္။ တခ်ိဳ႕ ၁ ရက္ေလာက္ ပဲ လည္ေခ်ာင္းနာၿပီး ေနာက္ေန႔ေတာ့ အိုေကပါပဲ။ ဘာေဆးဝါးမွ ေသာက္ စရာမလိုဘဲ (လည္ေခ်ာင္းသိပ္နာ တယ္လို႔ ခံစားရရင္ေတာ့ ပါရာစီ တေမာလ္ ၁ လံုးေလာက္ ေသာက္႐ံု ျဖင့္) သက္သာ သြားပါတယ္။ ေရေႏြး ေႏြးေလး ထဲမွာ ဆားလက္ဖက္စား ဇြန္း တစ္ဇြန္းေလာက္ ထည့္ေမႊၿပီး ပလုတ္ က်င္းလိုက္႐ံုျဖင့္ လည္ေခ်ာင္းနာတာ သက္သာ သြား ေစႏိုင္ပါ တယ္။ ဒါမွ မဟုတ္ ငံုေဆး ျပားငံုတာ၊ ခံတြင္း သန္႔စင ္ေဆးရည္ျဖင့္ ပလုတ္က်င္း တာမ်ိဳး လုပ္ေပး ႏိုင္ပါတယ္။ လည္ေခ်ာင္း နာတာ ၃ ရက္ ေက်ာ္လာၿပီး ပိုဆိုးလာရင္ ဆရာ ဝန္ႏွင့္ ျပသပါ။ လိုအပ္ပါက ပဋိဇီဝ ေဆးေပး ပါလိမ့္မယ္။ ဗိုင္းရပ္စ္ ေၾကာင့္လား၊ ဗက္တီး ရီးယား Streptococcus ေၾကာင့္ လားခြဲျခားသိရန္ Rapid Strep Test လုပ္ေပးႏိုင္ပါတယ္။

နာေနတဲ့ေနရာမွာ ပိုးသန္႔ထားတဲ့ ဂြမ္းေလးနဲ႔ အသာ အယာ သုတ္ယူၿပီး ဓာတ္ခြဲခန္းမွာ ၅ မိနစ္မွ ၁၀ မိနစ္အတြင္း စစ္ေဆး ၾကည့္႐ႈ ေပးႏိုင္ ပါတယ္။ ဓာတ္ခြဲခန္း က ဗက္တီးရီးယား ပိုး မေတြ႕ပါလို႔ အေျဖ ရပါက ထပ္ၿပီး ပိုးေမြးကာ စစ္ႏိုင္ ပါေသး တယ္။ Throat Culture လုပ္တာ ကေတာ့ ရက္သတၲပတ္ အနည္းငယ္ ၾကာတတ္တယ္။ Streptococcus ပိုးေၾကာင့္ ျဖစ္တာေသခ်ာသြားၿပီ၊ အေျဖေပၚၿပီ ဆိုရင္ ဆရာဝန္က သင့္အား ပဋိဇီဝ ေဆး ၁၀ ရက္ခန္႔ ေသာက္ခိုင္းပါလိမ့္ မယ္။ Streptococcus ဗက္တီးရီး ယားပိုးေၾကာင့္ လည္ေခ်ာင္းနာရင္ သင့္အေနျဖင့္ သင့္လက္မ်ားအား ဆပ္ျပာျဖင့္ ေသခ်ာစြာေဆးေၾကာပါ။ မိမိ မိသားစုဝင္ တစ္ဦးဦးမွာ ဗက္တီး ရီးယားပိုး ေၾကာင့္ လည္ေခ်ာင္းနာ ပါက လက္ကို ဆပ္ျပာျဖင့္ မၾကာခဏ ေဆးေပးပါ။ လူနာ အသံုး အေဆာင္ အားလံုး သီးသန္႔ခြဲေပးထားၿပီးဆပ္ျပာ၊ ေရေႏြးတို႔ျဖင့္ ဖြပ္ေလွ်ာ္ ေဆးေၾကာ ေပးပါ။ သြား ပြတ္တံလို ပစၥည္းမ်ိဳးအား လူနာ ေရာဂါ ေပ်ာက္ ကင္းသြား ပါက လႊင့္ပစ္ပါ။ ေနာက္ထပ္ အသစ္တစ္ခု အသံုးျပဳပါ။ လူနာသံုးေနေသာ ပစၥည္းမ်ား ဥပမာ-မ်က္ႏွာ သုတ္ပဝါ၊ အဝတ္အစား မ်ားကို အတူ မသံုးစြဲ သင့္ပါ။


Credit: Health Digest

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မျိုချလို့ မရအောင် လည်ချောင်းနာရင် မျိုချလို့ မရအောင် လည်ချောင်းနာရင် လည်ချောင်းထဲရှတတ၊ တစ်ခါ တစ်ရံ အစာ သို့မဟုတ် ရေမျိုချရင် နာလို့ မမျိုရဲ၊ မစားရဲ လောက်အောင် ဆိုးဝါးတဲ့ လည်ချောင်းနာတဲ့ဝေဒနာ ကို ဘဝမှာ ကြုံဖူးခဲ့ကြမှာပါ။ "လည် ချောင်းနာတာလောက်များ မဆန်းပါ ဘူး၊ ရာသီဥတုအေးရင်၊ ဆောင်း တွင်းရောက် ရင်၊ မိုးမိခဲ့ရင်၊ ရေချိုးတာ သိပ်ကြာသွားရင်၊ အအေး ခဏခဏ သောက်ရင် လည်ပင်းနာမှာပေါ့" လို့ ဆင်ခြေပေးနိုင်ပါတယ်။ မှန်ပါတယ်။ အေးမြခြောက်သွေ့ တဲ့ လေစိမ်း၊ ရာသီဥတုနှင့် သက်ဆိုင် တဲ့ ဓာတ်မတည့်မှုတွေ၊ ဒါမှမဟုတ် ပုံမှန်ထက် အလွန် အမင်းအေးတဲ့ ရာသီဥတုကြောင့်ဖြစ်စေ၊ မိုးမိ၊ အနွေး ထည်မဝတ်၊ စောင်မခြုံမိလို့စတဲ့ အခြေအနေတွေကြောင့်ဖြစ်စေ၊ ဒီ ထက်ဆိုး တာကတော့ ဗက်တီးရီးယား ပိုး ဝင်ရောက်ခံရလို့ဖြစ်စေ လည် ချောင်း တစ်လျှောက်မှာ ရောင်ရမ်းခြင်း ကြောင့် နာကျင် ကိုက်ခဲတဲ့ဝေဒနာတွေ ဖြစ်ပေါ် ခံစားရခြင်းဖြစ်ပါတယ်။ အများအားဖြင့် အအေးမိခြင်း ကြောင့်ဖြစ်စေ၊ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်စေ လည်ချောင်းနာလေ့ရှိပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် လည်ချောင်း ရောင်ရမ်းမှု ဟာ ခေတ္တခဏလောက် သာ ဝေဒနာခံစားရပြီး မကြာမီ ပျောက်ကင်းသက်သာသွားပါတယ်။ သို့သော် ဗက်တီးရီးယားပိုးကြောင့် ဆိုရင်တော့ မကုသခဲ့ရင် အ္တရာယ် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လည်ချောင်းနာတာ ၃ ရက်ကျော်မယ်။ မသက်သာဘဲ ပိုမို ဆိုးဝါးလာမယ်။

အသံတောင်မထွက် နိုင်၊ စကားမပြောနိုင်၊ အစာမမျိုချနိုင် တဲ့ အခက်အခဲတွေ၊ ဝေဒနာတွေ ဖြစ် ပွား ခံစားလာရပါက တတ်ကျွမ်းတဲ့ ဆရာဝန်နှင့်ပြသ၍ ဗိုင်းရပ်စ်ပိုး ကြောင့်လား၊ ဗက်တီးရီးယားပိုး ကြောင့်လား ဆိုတာ ရောဂါ အမှန်ရှာ ဖွေဖို့ လိုပါလိမ့်မယ်။ "လည်ချောင်းနာတယ်" လို့ မိသားစုဝင် တစ်ဦးက ပြောပြလာရင် ပါးစပ်လေးဟခိုင်းပြီး "အား"လို့ အော် ခိုင်းလိုက်ပါ။ လျှာရဲ့နောက်ထဲကို ဓာတ်မီးရောင် သို့မဟုတ် အလင်း ရောင် ကောင်းကောင်း ရတဲ့နေရာမှာ စစ်ဆေး ကြည့်ရှု ကြည့်ပါ ကဘာ့ကြောင့် လည်ပင်းနာ ရသလဲဆိုတဲ့ သဲလွန်စကို ရှာဖွေတွေ့ ရှိနိုင် ပါလိမ့်မယ်။ အာခေါင် အလယ် မှာရှိတဲ့ အာသီး နှစ်လုံး နီရဲ ရောင်ရမ်းနေလားဆိုတာ ကြည့်ရှုပါ။ ဗက်တီးရီးယား ပိုးကြောင့် ဆိုရင် အဖြူစက် အကွက်လေး တွေတောင် မြင်ရ တတ်ပါတယ်။

သိပ် ဆိုးဝါးနေ ရင် ပြည်တွေတည်နေတာတောင် မြင်ရ လိမ့်မယ်။ ဗိုင်းရပ်စ်ကြောင့် တုပ်ကွေးဖြစ် လို့ လည်ချောင်းနာတာမျိုးလည်း အဖြစ်များပါတယ်။ အဲဒီရောဂါဝေဒနာ ကတော့ နှာရည်ယိုတာ၊ နှာစေးတာ ကစပြီး ချောင်းတွေဆိုး၊ လည်ချောင်း နာလာတတ်ပါတယ်။ ပူလိုက်၊ အေး လိုက်ရာသီဥတုဖောက်ပြန်ချိန်မှာ ဖြစ် လေ့ရှိပြီး ကိုယ် တစ်ယောက် တည်း ဖြစ် တာ မဟုတ်ပါဘူး။ အများနှင့်အတူ ဘတ်စ်ကားစီးရင်း၊ ရထားစီးရင်း အများသုံး လက်တန်း တွေ ကိုင်မိပြုမိ ရာက ကူးကြတာပါ။ ဘတ်စ်ကား မှတ်တိုင်၊ ဘူတာရုံ တွေမှာ ကား အလာ၊ ရထား အလာစောင့်ရင်း တစ် ယောက်ယောက် က "ဟပ်ချေး" နှာချေတာ ကြောင့်ဖြစ်စေ၊ ချောင်းဆိုး လိုက်တာ ကြောင့်ဖြစ်စေ ၎င်းနှာရည် အမှုန် အမွှားထဲမှ ဗိုင်းရပ်စ် ပိုးတွေ ဟာ အသက်ရှူ လမ်းကြောင်းမှ တစ်ဆင့် ကူးစက်ခ ရတော့ တာပါပဲ။

ဗီဒီယိုရုံ၊ ရုပ်ရှင်ရုံ၊ ဈေး၊ ကုန်တိုက် စတဲ့ လူစု လူဝေး များတဲ့ နေရာ တို့မှလည်း ကူးစက် နိုင်ပါတယ်။ ဗိုင်းရပ်စ် ပိုးကြောင့်လား။ ဘတ်တီးရီးယားပိုး ကြောင့်လား ဘယ်လို သိရမလဲ။ ဗိုင်းရပ်စ်ကြောင့် အအေးမိရင် ဖျားလေ့ရှိတယ်။ အဖျားသိပ်ကြီးလေ့ မရှိပါ။ ဖျားလည်းဖျား၊ လည်ချောင်း လည်းနာပြီး ကိုယ်အပူချိန် ၁၀၁ ဒီဂရီ ဖာရင်ဟိုက်လောက်ရှိတတ်တယ်။ ဗက်တီးရီးယား Streptococcus ကြောင့်ဆိုရင်တော့ အဖျားကြီးနိုင်ပါ တယ်။ သို့ပေမယ့် ဒီပိုးကလည်း တစ်ခါတလေ အဖျားမကြီးတတ်ပါ။ ဗက်တီးရီးယား ပိုးကြောင့် လည်ချောင်း နာတာဆိုရင် ခဏ ခဏ ပြန်ဖြစ် တတ်ပါတယ်။ နာရင်လည်းကြာတယ်။ ပိုဆိုးတယ်။ တစ်ခါတစ်ရံ အစား အသောက်ပျက်ပြီး မစားချင်မသောက် ချင် ဖြစ်တတ်တယ်။ ခေါင်းကိုက်၊ ဗိုက်နာလည်းဖြစ်တတ်တယ်။ လည်ပင်းနဲ့ ရင်ဘတ်မှာ အနီ စက်လေးတွေ ရှားရှားပါးပါး ပေါ်လာ တတ်တယ်။ ပြီးမှ တစ်ကိုယ်လုံးမှာ အစက်တွေ ညီညီညာညာပေါ်လာ တတ်သေးတယ်။

ဒါမျိုးဖြစ်တာက တော့ ရှားပါတယ်။ ရိုးရိုး လည်ချောင်းနာတာက တော့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်လေ့ ရှိပြီး ရက်မကြာခင်မှာ သက်သာသွား တတ်ပါတယ်။ တချို့ ၁ ရက်လောက် ပဲ လည်ချောင်းနာပြီး နောက်နေ့တော့ အိုကေပါပဲ။ ဘာဆေးဝါးမှ သောက် စရာမလိုဘဲ (လည်ချောင်းသိပ်နာ တယ်လို့ ခံစားရရင်တော့ ပါရာစီ တမောလ် ၁ လုံးလောက် သောက်ရုံ ဖြင့်) သက်သာ သွားပါတယ်။ ရေနွေး နွေးလေး ထဲမှာ ဆားလက်ဖက်စား ဇွန်း တစ်ဇွန်းလောက် ထည့်မွှေပြီး ပလုတ် ကျင်းလိုက်ရုံဖြင့် လည်ချောင်းနာတာ သက်သာ သွား စေနိုင်ပါ တယ်။ ဒါမှ မဟုတ် ငုံဆေး ပြားငုံတာ၊ ခံတွင်း သန့်စင ်ဆေးရည်ဖြင့် ပလုတ်ကျင်း တာမျိုး လုပ်ပေး နိုင်ပါတယ်။ လည်ချောင်း နာတာ ၃ ရက် ကျော်လာပြီး ပိုဆိုးလာရင် ဆရာ ဝန်နှင့် ပြသပါ။ လိုအပ်ပါက ပဋိဇီဝ ဆေးပေး ပါလိမ့်မယ်။ ဗိုင်းရပ်စ် ကြောင့်လား၊ ဗက်တီး ရီးယား Streptococcus ကြောင့် လားခွဲခြားသိရန် Rapid Strep Test လုပ်ပေးနိုင်ပါတယ်။

နာနေတဲ့နေရာမှာ ပိုးသန့်ထားတဲ့ ဂွမ်းလေးနဲ့ အသာ အယာ သုတ်ယူပြီး ဓာတ်ခွဲခန်းမှာ ၅ မိနစ်မှ ၁၀ မိနစ်အတွင်း စစ်ဆေး ကြည့်ရှု ပေးနိုင် ပါတယ်။ ဓာတ်ခွဲခန်း က ဗက်တီးရီးယား ပိုး မတွေ့ပါလို့ အဖြေ ရပါက ထပ်ပြီး ပိုးမွေးကာ စစ်နိုင် ပါသေး တယ်။ Throat Culture လုပ်တာ ကတော့ ရက်သတ္တပတ် အနည်းငယ် ကြာတတ်တယ်။ Streptococcus ပိုးကြောင့် ဖြစ်တာသေချာသွားပြီ၊ အဖြေပေါ်ပြီ ဆိုရင် ဆရာဝန်က သင့်အား ပဋိဇီဝ ဆေး ၁၀ ရက်ခန့် သောက်ခိုင်းပါလိမ့် မယ်။ Streptococcus ဗက်တီးရီး ယားပိုးကြောင့် လည်ချောင်းနာရင် သင့်အနေဖြင့် သင့်လက်များအား ဆပ်ပြာဖြင့် သေချာစွာဆေးကြောပါ။ မိမိ မိသားစုဝင် တစ်ဦးဦးမှာ ဗက်တီး ရီးယားပိုး ကြောင့် လည်ချောင်းနာ ပါက လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးပေးပါ။ လူနာ အသုံး အဆောင် အားလုံး သီးသန့်ခွဲပေးထားပြီးဆပ်ပြာ၊ ရေနွေးတို့ဖြင့် ဖွပ်လျှော် ဆေးကြော ပေးပါ။ သွား ပွတ်တံလို ပစ္စည်းမျိုးအား လူနာ ရောဂါ ပျောက် ကင်းသွား ပါက လွှင့်ပစ်ပါ။ နောက်ထပ် အသစ်တစ်ခု အသုံးပြုပါ။ လူနာသုံးနေသော ပစ္စည်းများ ဥပမာ-မျက်နှာ သုတ်ပဝါ၊ အဝတ်အစား များကို အတူ မသုံးစွဲ သင့်ပါ။


Credit: Health Digest



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top