iMyanmarHouse.com - Best Property Website for Myanmar
×

Q. ဆီးက်ိတ္ကင္ဆာ အေၾကာင္းရွင္းျပပါ။

A. ဆီးက်ိတ္မွာ ကင္ဆာျဖစ္တာကို ဆီးက်ိတ္ကင္ဆာလို႔ ေခၚပါတယ္။ အစာအိမ္ ဒါမွမဟုတ္ အူမႀကီး ကင္ဆာေလာက္ ႀကီးထြားႏႈန္း၊ ပ်ံ႕ႏွံ႔ႏႈန္းျမန္ဆန္မႈ မရွိပါဘူး။ သူႀကီးထြားဖို႔ဟာ အမ်ိဳးသား ေဟာ္မုန္းေပၚမွာ မူတည္ပါတယ္။ ဆီးက်ိတ္ကင္ဆာဟာ စင္ကာပူႏိုင္ငံမွာ အမ်ိဳးသားေတြမွာ တတိယအျဖစ္မ်ားဆံုး ကင္ဆာ ျဖစ္ပါတယ္။ ဆီးက်ိတ္ကင္ဆာကို ေစာေစာစီး စီးရွာေဖြႏိုင္တာ ဟာလည္း PSA (Prostatic Specific Antigen) အသားစ ယူၿပီး ရွာေဖြႏိုင္မႈ (Biopsy)ေတြေၾကာင့္ ေတြ႕ရွိႏႈန္း မ်ားလာပါတယ္။ ခြဲစိတ္ကုသမႈနဲ႔ ေဟာ္မုန္းနဲ႔ ကုသမႈေတြ အဆင့္ျမင့္ျပီး တိုးတက္ လာတာေၾကာင့္ ဆီးက်ိတ္ ကင္ဆာ ေပ်ာက္ကင္းႏႈန္း ပိုမိုေကာင္းလာၿပီး လူနာအေနနဲ႔ အသက္ရွည္ရွည္ေနႏိုင္ ၾကတယ္လို႔ သိရပါတယ္။

Q. ဘယ္သူေတြ ဆီးက်ိတ္ကင္ဆာျဖစ္ႏိုင္ပါသလဲ။ ဆီးက်ိတ္ကင္ဆာ ျဖစ္ႏိုင္ေျခမ်ားတဲ့ အခ်က္ေတြကို ေဖာ္ျပေပးပါ။

A. ေအာက္ပါအခ်က္ ေတြဟာ ဆီးက်ိတ္ ကင္ဆာ ျဖစ္ႏိုင္ေျခမ်ားတဲ့ အခ်က္ေတြပါ။

(က) အသက္အရြယ္

အသက္ႀကီး လာေလေလ ဆီးက်ိတ္ ကင္ဆာ ျဖစ္ႏိုင္ေျခ မ်ားေလေလပါ။ အသက္ ၃၉ ႏွစ္ေအာက္ အမ်ိဳးသားေတြမွာ လူ ၁၀ဝ၀ဝ မွာ တစ္ေယာက္ႏႈန္း ျဖစ္ေပမယ့္ အသက္ ၄၀ မွ ၅၉ အရြယ္ အမ်ိဳးသားေတြမွာ ၁၀၃ ေယာက္မွာ တစ္ေယာက္ႏႈန္းနဲ႔ အသက္ ၆၀ မွ ၇၉ ႏွစ္အရြယ္ အမ်ိဳးသားေတြမွာ လူရွစ္ေယာက္မွာ တစ္ေယာက္ႏႈန္းျဖစ္တယ္လို႔ သိရပါတယ္။

(ခ) မိသားစု၊ မ်ိဳး႐ိုးလိုက္ျခင္း

မိမိရဲ႕ဖခင္၊ အစ္ကိုေတြမွာ ဆီးက်ိတ္ကင္ဆာ ရွိသူေတြဟာ ေရာဂါ ျဖစ္ႏိုင္ေျခ ပိုျမင့္မား ပါတယ္။

(ဂ) ေဆးလိပ္ေသာက္ျခင္း

(ဃ) လူမ်ိဳး

အေမရိကန္၊ အာဖရိကန္လူမ်ိဳးေတြ မွာ တျခားလူမ်ိဳးေတြထက္ ဆီးက်ိတ္ကင္ဆာျဖစ္ႏိုင္ေျခ ပိုျမင့္မားပါတယ္။ အသက္ရွင္ႏႈန္းဟာလည္း တျခားလူမ်ိဳးေတြ ထက္ ပိုနည္းပါတယ္။

(င) အစားအစာမွရရွိသည့္ အဆီ

အစားအစာမွ အဆီမ်ားစြာရရွိသူေတြဟာ ဆီးက်ိတ္ကင္ဆာျဖစ္ႏိုင္ေျခ ပိုမ်ားပါတယ္။

(စ) ေဟာ္မုန္း

ဆီးက်ိတ္ ကင္ဆာ ႀကီးထြားမႈဟာ အမ်ိဳးသား ေဟာ္မုန္းေပၚမွာ မူတည္ပါတယ္။ အေမရိကန္ အာဖရိကန္ လူမ်ိဳးေတြမွာ တျခား လူမ်ိဳးေတြထက္ အမ်ိဳးသား ေဟာ္မုန္း ၁၅ ရာခိုင္ႏႈန္းခန္႔ ပိုျမင့္မား တတ္ပါတယ္။

Q. အသက္ ၆၀ ေက်ာ္အရြယ္ ဆီးက်ိတ္ ႀကီးေနသူမွာ ဆီးက်ိတ္ ကင္ဆာ ျဖစ္ႏိုင္သလား။

A.ဆီးက်ိတ္ႀကီးတာနဲ႔ ဆီးက်ိတ္ကင္ ဆာျဖစ္တာဟာ အသက္အရြယ္ႀကီးရင့္မႈ၊ တက္စတို စတီ႐ုန္းေၾကာင့္ ျဖစ္တတ္ၾက ေပမယ့္ ဆီးက်ိတ္ႀကီးတာဟာ ဆီးက်ိတ္ ကင္ဆာ ျဖစ္တာရဲ႕ အႀကိဳျဖစ္စဥ္မဟုတ္ ပါဘူး။ ဆီးက်ိတ္ႀကီးတာဟာ ဆီးက်ိတ္ ရဲ႕ အလယ္ဗဟို ေနရာမွာ ျဖစ္တတ္ၿပီး ဆီးက်ိတ္ကင္ဆာမွာမူ ဆီးက်ိတ္ရဲ႕ေဘး ေနရာမွာ ျဖစ္တတ္ ပါတယ္။

Q. ဆီးက်ိတ္ကင္ဆာေရာဂါရဲ႔ လကၡဏာ ေတြကို ေဖာ္ျပေပးပါ။

A.ဆီးက်ိတ္ ကင္ဆာရဲ႕ လကၡဏာ ေတြဟာ ဆီးက်ိတ္ႀကီး တာရဲ႕ လကၡဏာနဲ႔ ဆင္တူ တတ္ပါတယ္။ ဆီးလမ္းေၾကာင္း ေအာက္ပိုင္းဆိုင္ရာ လကၡဏာ၊ သုက္ ရည္ထဲ ေသြးပါတာနဲ႔ တစ္ခါတရံမွာ ဘာလကၡဏာမွ မျပတတ္ပါဘူး။ ေသြးအတြင္း PSA ကို စစ္ေဆးရာမွာ ေတြ႕ရွိတတ္ပါ တယ္။ လြန္ခဲ့တဲ့ ဆယ္ႏွစ္ခန္႔က ဆီး က်ိတ္ကင္ဆာရွိသူရဲ႕ ၈၀ ရာခိုင္ႏႈန္းဟာ အ႐ိုးနာက်င္တာ၊ အ႐ိုးက်ိဳးတာ (အ႐ိုး တြင္း ေရာဂါပ်ံ႕ႏွံ႔ရာမွ Pathological Fracture)၊ ဆီးထဲမွာ ေသြးပါတာနဲ႔ ေက်ာက္ကပ္ အလုပ္မလုပ္ႏိုင္တာ (ဆီးထြက္ျပြန္ကို ပိတ္ဆို႔မႈ ျဖစ္တာေၾကာင့္) လိုမ်ိဳးေဝဒနာေတြ ျပတတ္တာဟာ ေရာဂါ ျဖစ္မွန္း ေနာက္က်မွ သိရတာ ေၾကာင့္ပါ။ ယခု ဆီးက်ိတ္ ကင္ဆာ ရွိသူေတြရဲ႕ ၈၀ ရာ ခိုင္ႏႈန္းကို ေအာက္ပါ စမ္းသပ္ စစ္ေဆးမႈ ေတြနဲ႔ ရွာေဖြေတြ႕ရွိႏိုင္တယ္လို႔ သိရပါတယ္။

(က) ေသြးတြင္း PSA ပမာဏစစ္ေဆးျခင္း

PSA အဆင့္ျမင့္မားတာဟာ ၄ ထက္မ်ားေနရင္ အသားစယူၿပီး စစ္ေဆးမႈျပဳလုပ္ ရပါမယ္။

(ခ) စအိုအတြင္း လက္ႏိႈက္စစ္ေဆးျခင္း

ဆီးနဲ႔ ေက်ာက္ကပ္ဆိုင္ရာ အထူးကု ဆရာဝန္မွ စအိုအတြင္း လက္ႏိႈက္ကာ ဆီးက်ိတ္ရဲ႕ အေနအထားကို စစ္ေဆးပါတယ္။ Nodule ကို စမ္းသပ္မိရင္ အ သားစယူၿပီး စစ္ေဆးမႈ ျပဳလုပ္ဖို႔နဲ့ Ultrasound ႐ိုက္ဖို႔ အႀကံေပးပါတယ္။

ေဒါက္တာခင္မိုးမိုး

Credit:ျမ၀တီ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

Q. ဆီးကျိတ်ကင်ဆာ အကြောင်းရှင်းပြပါ။

A. ဆီးကျိတ်မှာ ကင်ဆာဖြစ်တာကို ဆီးကျိတ်ကင်ဆာလို့ ခေါ်ပါတယ်။ အစာအိမ် ဒါမှမဟုတ် အူမကြီး ကင်ဆာလောက် ကြီးထွားနှုန်း၊ ပျံ့နှံ့နှုန်းမြန်ဆန်မှု မရှိပါဘူး။ သူကြီးထွားဖို့ဟာ အမျိုးသား ဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ စင်ကာပူနိုင်ငံမှာ အမျိုးသားတွေမှာ တတိယအဖြစ်များဆုံး ကင်ဆာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာကို စောစောစီး စီးရှာဖွေနိုင်တာ ဟာလည်း PSA (Prostatic Specific Antigen) အသားစ ယူပြီး ရှာဖွေနိုင်မှု (Biopsy)တွေကြောင့် တွေ့ရှိနှုန်း များလာပါတယ်။ ခွဲစိတ်ကုသမှုနဲ့ ဟော်မုန်းနဲ့ ကုသမှုတွေ အဆင့်မြင့်ပြီး တိုးတက် လာတာကြောင့် ဆီးကျိတ် ကင်ဆာ ပျောက်ကင်းနှုန်း ပိုမိုကောင်းလာပြီး လူနာအနေနဲ့ အသက်ရှည်ရှည်နေနိုင် ကြတယ်လို့ သိရပါတယ်။

Q. ဘယ်သူတွေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ပါသလဲ။ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေကို ဖော်ပြပေးပါ။

A. အောက်ပါအချက် တွေဟာ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေပါ။

(က) အသက်အရွယ်

အသက်ကြီး လာလေလေ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ များလေလေပါ။ အသက် ၃၉ နှစ်အောက် အမျိုးသားတွေမှာ လူ ၁၀ဝဝဝ မှာ တစ်ယောက်နှုန်း ဖြစ်ပေမယ့် အသက် ၄၀ မှ ၅၉ အရွယ် အမျိုးသားတွေမှာ ၁၀၃ ယောက်မှာ တစ်ယောက်နှုန်းနဲ့ အသက် ၆၀ မှ ၇၉ နှစ်အရွယ် အမျိုးသားတွေမှာ လူရှစ်ယောက်မှာ တစ်ယောက်နှုန်းဖြစ်တယ်လို့ သိရပါတယ်။

(ခ) မိသားစု၊ မျိုးရိုးလိုက်ခြင်း

မိမိရဲ့ဖခင်၊ အစ်ကိုတွေမှာ ဆီးကျိတ်ကင်ဆာ ရှိသူတွေဟာ ရောဂါ ဖြစ်နိုင်ခြေ ပိုမြင့်မား ပါတယ်။

(ဂ) ဆေးလိပ်သောက်ခြင်း

(ဃ) လူမျိုး

အမေရိကန်၊ အာဖရိကန်လူမျိုးတွေ မှာ တခြားလူမျိုးတွေထက် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုမြင့်မားပါတယ်။ အသက်ရှင်နှုန်းဟာလည်း တခြားလူမျိုးတွေ ထက် ပိုနည်းပါတယ်။

(င) အစားအစာမှရရှိသည့် အဆီ

အစားအစာမှ အဆီများစွာရရှိသူတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။

(စ) ဟော်မုန်း

ဆီးကျိတ် ကင်ဆာ ကြီးထွားမှုဟာ အမျိုးသား ဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ အမေရိကန် အာဖရိကန် လူမျိုးတွေမှာ တခြား လူမျိုးတွေထက် အမျိုးသား ဟော်မုန်း ၁၅ ရာခိုင်နှုန်းခန့် ပိုမြင့်မား တတ်ပါတယ်။

Q. အသက် ၆၀ ကျော်အရွယ် ဆီးကျိတ် ကြီးနေသူမှာ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်သလား။

A.ဆီးကျိတ်ကြီးတာနဲ့ ဆီးကျိတ်ကင် ဆာဖြစ်တာဟာ အသက်အရွယ်ကြီးရင့်မှု၊ တက်စတို စတီရုန်းကြောင့် ဖြစ်တတ်ကြ ပေမယ့် ဆီးကျိတ်ကြီးတာဟာ ဆီးကျိတ် ကင်ဆာ ဖြစ်တာရဲ့ အကြိုဖြစ်စဉ်မဟုတ် ပါဘူး။ ဆီးကျိတ်ကြီးတာဟာ ဆီးကျိတ် ရဲ့ အလယ်ဗဟို နေရာမှာ ဖြစ်တတ်ပြီး ဆီးကျိတ်ကင်ဆာမှာမူ ဆီးကျိတ်ရဲ့ဘေး နေရာမှာ ဖြစ်တတ် ပါတယ်။

Q. ဆီးကျိတ်ကင်ဆာရောဂါရဲ့ လက္ခဏာ တွေကို ဖော်ပြပေးပါ။

A.ဆီးကျိတ် ကင်ဆာရဲ့ လက္ခဏာ တွေဟာ ဆီးကျိတ်ကြီး တာရဲ့ လက္ခဏာနဲ့ ဆင်တူ တတ်ပါတယ်။ ဆီးလမ်းကြောင်း အောက်ပိုင်းဆိုင်ရာ လက္ခဏာ၊ သုက် ရည်ထဲ သွေးပါတာနဲ့ တစ်ခါတရံမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ သွေးအတွင်း PSA ကို စစ်ဆေးရာမှာ တွေ့ရှိတတ်ပါ တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ဆီး ကျိတ်ကင်ဆာရှိသူရဲ့ ၈၀ ရာခိုင်နှုန်းဟာ အရိုးနာကျင်တာ၊ အရိုးကျိုးတာ (အရိုး တွင်း ရောဂါပျံ့နှံ့ရာမှ Pathological Fracture)၊ ဆီးထဲမှာ သွေးပါတာနဲ့ ကျောက်ကပ် အလုပ်မလုပ်နိုင်တာ (ဆီးထွက်ပြွန်ကို ပိတ်ဆို့မှု ဖြစ်တာကြောင့်) လိုမျိုးဝေဒနာတွေ ပြတတ်တာဟာ ရောဂါ ဖြစ်မှန်း နောက်ကျမှ သိရတာ ကြောင့်ပါ။ ယခု ဆီးကျိတ် ကင်ဆာ ရှိသူတွေရဲ့ ၈၀ ရာ ခိုင်နှုန်းကို အောက်ပါ စမ်းသပ် စစ်ဆေးမှု တွေနဲ့ ရှာဖွေတွေ့ရှိနိုင်တယ်လို့ သိရပါတယ်။

(က) သွေးတွင်း PSA ပမာဏစစ်ဆေးခြင်း

PSA အဆင့်မြင့်မားတာဟာ ၄ ထက်များနေရင် အသားစယူပြီး စစ်ဆေးမှုပြုလုပ် ရပါမယ်။

(ခ) စအိုအတွင်း လက်နှိုက်စစ်ဆေးခြင်း

ဆီးနဲ့ ကျောက်ကပ်ဆိုင်ရာ အထူးကု ဆရာဝန်မှ စအိုအတွင်း လက်နှိုက်ကာ ဆီးကျိတ်ရဲ့ အနေအထားကို စစ်ဆေးပါတယ်။ Nodule ကို စမ်းသပ်မိရင် အ သားစယူပြီး စစ်ဆေးမှု ပြုလုပ်ဖို့နဲ့ Ultrasound ရိုက်ဖို့ အကြံပေးပါတယ်။

ဒေါက်တာခင်မိုးမိုး

Credit:မြဝတီ



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top