iMyanmarHouse.com - Best Property Website for Myanmar
×

မိဘျဖစ္လာရျပီဆုိရင္ ကေလးအတြက္ ေန႕မအိပ္ညမအိပ္အလုပ္ေတြရႈပ္ေနၾကရတယ္လို႕ပဲ သင္ထင္ေနရင္ေတာ့ သင့္မွာ ေလ့လာစရာေတြ အမ်ားၾကီးရွိေနျပီလုိ႕ ဆုိပါရေစ။ သာမာန္အားျဖင့္ၾကည့္မယ္ဆုိရင္ေတာ့ ကေလးမရွိတဲ့ စံုတြဲေတြဟာ ကေလးရွိတဲ့စံုတြဲေတြေလာက္ အလုပ္မရႈပ္သလို ေငြေရးေၾကးေရးကိစၥပိုင္းမွာလည္း ပိုသက္သာလိမ့္မယ္ ထင္ျမင္ၾကပါလိမ့္မယ္။ ဒါေပမယ့္ စစ္တမ္းေကာက္ယူခ်က္အရ သိလာရတာက ကေလးရွိတဲ့စံုတြဲေတြဟာ မရွိတဲ့စံုတြဲေတြထက္ ပိုမိုေပ်ာ္ရႊင္ၾကရပါသတဲ့။ ဘာ့ေၾကာင့္လဲဆုိတာကို ေအာက္ပါအခ်က္ေတြ ဖတ္ၾကည့္ရင္ ရွင္းသြားပါလိမ့္မယ္။

၁။ ကေလးရွိတဲ့စံုတြဲေတြဟာ စိတ္ကူးယဥ္အိပ္မက္ေတြရွိေနၾကတယ္။
ကေလးမရွိတဲ့ စံုတြဲေတြ ကမ႓ာအႏွံ႕ခရီးထြက္ေနၾကခ်ိန္ ကေလးရွိတဲ့စံုတြဲေတြကေတာ့ ကေလးအတြက္ ေသးခံလဲေပးရတာ၊ ကေလးငိုရင္ေခ်ာ့သိပ္ရတာေတြနဲ႕ အလုပ္ေတြရႈပ္ေနပါလိမ့္မယ္။ ဒါေပမယ့္ သူတုိ႕ဟာ ကေလးေတြရဲ႕ အိပ္မက္ေတြ ဘာဆုိတာကုိ နားေထာင္ရင္း အရင္ကထက္ပိုလို႕ေတာင္ စိတ္ကူးယဥ္အိပ္မက္ေတြ မက္တတ္လာၾကပါတယ္။

၂။ ကေလးရွိတဲ့စံုတြဲေတြဟာ သူတုိ႕ရဲ႕ငယ္ဘ၀ကို ျပန္တမ္းတမိတတ္ၾကပါတယ္။
ကေလးမရွိတဲ့ စံုတြဲေတြ အလုပ္မွာရာထူးတိုးဖုိ႕၊ ဒါမွမဟုတ္ အရင္ကထက္ ေအာင္ျမင္ေက်ာ္ၾကားဖုိ႕ၾကိဳးစားေနၾကခ်ိန္မွာ  ကေလးရွိတဲ့စံုတြဲေတြဟာ သူတုိ႕ကေလးေတြကို ထိန္းေက်ာင္းရင္း ကိုယ္ေတြငယ္ငယ္တုန္းက ဘယ္လိုေလး ၾကီးျပင္းခဲ့ရတာ၊ ဘယ္လိုေဆာ့ခဲ့ၾကတာဆိုတာမ်ိဳး ငယ္ဘ၀ကို ျပန္လြမ္းဆြတ္မိေနတတ္ၾကပါတယ္။ ကေလးေတြနဲ႕အတူေဆာ့တုိင္း ငယ္ဘ၀က ေဆာ့ခဲ့တဲ့ကစားနည္းေတြအျပင္ ခုလက္ရွိကိုယ့္စိတ္ထဲက ေဆာ့ခ်င္ေနတဲ့ အရာမ်ိဳးေတြ ေပါင္းစပ္ကစားေပးတတ္ၾကပါတယ္။

၃။ကေလးရွိတဲ့စံုတြဲေတြဟာ ေျပာဆုိဆက္ဆံရတာ ပိုအဆင္ေျပတတ္ၾကပါတယ္။
ကေလးနဲ႕ေန႕တိုင္းအတူရွိျပီး ထိန္းေက်ာင္းေပးေနရတဲ့ စံုတြဲေတြဟာ သူတုိ႕တစ္ဦးနဲ႕တစ္ဦးသာမက အျခားသူေတြနဲ႕ ေျပာဆုိဆက္ဆံရမွာလည္း အဆင္ေျပေျပေလး ရွိၾကပါတယ္။ သူတုိ႕က ကေလးေရွ႕အျခားသူေတြနဲ႕ ေကာင္းမြန္စြာ ဆက္ဆံျပမွသာလ်ွင္ ကေလးေတြအတြက္လည္း သင္ယူမွတ္သားစရာ စံျပမိခင္၊ဖခင္ေတြ ျဖစ္မယ္ မဟုတ္ပါလား။

၄။ကေလးရွိတဲ့စံုတြဲေတြဟာ ေပ်ာ္ရႊင္မႈအစစ္အမွန္ ဘာဆုိတာ သိၾကတယ္။
ေလ့လာမႈေတြက ရွင္းပါတယ္။ ေပ်ာ္ရႊင္မႈဆုိတာ အားလပ္ခ်ိန္ေတြ အမ်ားၾကီးရွိေနတာမ်ိဳး မဟုတ္သလို ကိုယ့္အတြက္ကိုယ္ ေငြေတြသံုးျဖဳန္းေနတာမ်ိဳးလည္း မဟတု္ပါဘူး။ ေပ်ာ္ရႊင္မႈဆုိတာ တျခားသူဘ၀ပိုမုိ ေကာင္းမြန္ေစဖုိ႕ ကိုယ့္မွာရွိတဲ့ အရည္းအခ်င္းနဲ႕ကူညီစြမ္းေဆာင္ေပးျခင္းမ်ိဳးပါ။ ကေလးရွိတဲ့စံုတြဲေတြဟာ သူတုိ႕ကေလးဘ၀ပိုမိုေကာင္းမြန္ သာယာေစဖုိ႕၊ ပိုအဓိပၸါယ္ျပည့္စံုေစဖုိ႕ အျမဲၾကိဳးစားစြမ္းေဆင္ေနရတာမို႕ ေပ်ာ္ရႊင္မႈအစစ္အမွန္ကို သူတုိ႕ခံစားသိရွိၾကပါတယ္။

၅။ေန႕စဥ္ေန႕တုိင္း သာယာၾကည္ႏူးမႈေတြ ခံစားၾကရတယ္။
အနည္းဆံုး ကိုယ့္ကေလး အိပ္ေနတာေလးကို ၾကည့္ျပီးသေဘာက် ျပံဳးမိၾကတယ္ မဟုတ္ပါလား။ ကိုယ္အျပင္က ျပန္လာခ်ိန္ ေဖေဖ၊ေမေမလုိ႕ ေခၚျပီး ကိုယ့္ဆီအေျပးလာတတ္တဲ့ သားသမီးေတြေၾကာင့္ ၾကည္ႏူးၾကရသလို၊ ကုိယ့္အေပၚ ကိုယ့္သားသမီးေတြက သိတတ္တယ္ဆုိရင္ ပိုလို႕ေတာင္ ၾကည္ႏူးပီတိျဖစ္ၾကရပါေသးတယ္။ ဒီအမွတ္တရေတြ က ဘ၀တစ္သက္လံုး ကုိယ္နဲ႕အတူရွိေနမယ့္ အရာမ်ိဳးေတြပဲေလ။

၆။ ကေလးေတြက စံုတြဲေတြရဲ႕အိမ္ေထာင္ေရး ပ်င္းရိျငိေငြ႕မႈမရွိေစဖုိ႕လည္း ကူညီေပးျပန္တယ္။
ကေလးရွိတဲ့စံုတြဲေတြဟာ တစ္ေန႕တစ္မ်ိဳး မရိုးရေအာင္ အေတြ႕အၾကံဳသစ္ေပါင္းမ်ားစြာနဲ႕ ျဖတ္သန္းၾကရပါတယ္။ ႏွစ္ဦးသား အတူရွိေနဖုိ႕ဆုိတာကလည္း အိပ္ယာ၀င္တဲ့အခ်ိန္သာ ေအးေအးေဆးေဆး ရွိမွာပါ။ အဲ့ဒီလိုအခ်ိန္မွာ ဘယ္လိုတန္ဖိုးရွိေအာင္ ကုန္ဆံုးရမယ္ဆုိတာ စံုတြဲေတြအသိဆံုးျဖစ္လာပါတယ္။ ေနာက္တစ္ေန႕အတြက္ ဘယ္လို စိန္ေခၚမႈ မ်ိဳးေတြ ရင္ဆုိင္ၾကရဦးမလဲဆုိတာ ရင္ခုန္ေမ်ွာ္လင့္ရင္း ဒီအိမ္ေထာင္ေရးအခ်စ္ေရးဟာ ပ်င္းရိစရာေတြေပ်ာက္ကြယ္ကုန္ပါတယ္။

၇။ ကေလးရွိတဲ့စံုတြဲေတြဟာ အျမဲတမ္း အသင္းအဖြဲ႕တစ္ခုအေနနဲ႕ရွိတတ္ပါတယ္။
မိသားစုျဖစ္လာျပီဆုိ သူသပ္သပ္၊ ကိုယ္သပ္သပ္ လုပ္ေဆာင္တာမ်ိဳးေတြ နည္းသြားတတ္ပါတယ္။ အထူးသျဖင့္ ကေလးရွိတဲ့ စံုတြဲေတြက ပိုပါတယ္။ သူတုိ႕ဟာ တစ္ေယာက္ခ်င္းစီ ခြဲထြက္လုပ္ေဆာင္တာမ်ိဳးထက္ တစ္မိသားစုလံုးအေနနဲ႕သာ  အျမဲလုပ္ေဆာင္တတ္ၾကပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိဘဖြစ်လာရပြီဆိုရင် ကလေးအတွက် နေ့မအိပ်ညမအိပ်အလုပ်တွေရှုပ်နေကြရတယ်လို့ပဲ သင်ထင်နေရင်တော့ သင့်မှာ လေ့လာစရာတွေ အများကြီးရှိနေပြီလို့ ဆိုပါရစေ။ သာမာန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ ကလေးမရှိတဲ့ စုံတွဲတွေဟာ ကလေးရှိတဲ့စုံတွဲတွေလောက် အလုပ်မရှုပ်သလို ငွေရေးကြေးရေးကိစ္စပိုင်းမှာလည်း ပိုသက်သာလိမ့်မယ် ထင်မြင်ကြပါလိမ့်မယ်။ ဒါပေမယ့် စစ်တမ်းကောက်ယူချက်အရ သိလာရတာက ကလေးရှိတဲ့စုံတွဲတွေဟာ မရှိတဲ့စုံတွဲတွေထက် ပိုမိုပျော်ရွှင်ကြရပါသတဲ့။ ဘာ့ကြောင့်လဲဆိုတာကို အောက်ပါအချက်တွေ ဖတ်ကြည့်ရင် ရှင်းသွားပါလိမ့်မယ်။

၁။ ကလေးရှိတဲ့စုံတွဲတွေဟာ စိတ်ကူးယဉ်အိပ်မက်တွေရှိနေကြတယ်။
ကလေးမရှိတဲ့ စုံတွဲတွေ ကမ္ဘာအနှံ့ခရီးထွက်နေကြချိန် ကလေးရှိတဲ့စုံတွဲတွေကတော့ ကလေးအတွက် သေးခံလဲပေးရတာ၊ ကလေးငိုရင်ချော့သိပ်ရတာတွေနဲ့ အလုပ်တွေရှုပ်နေပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ ကလေးတွေရဲ့ အိပ်မက်တွေ ဘာဆိုတာကို နားထောင်ရင်း အရင်ကထက်ပိုလို့တောင် စိတ်ကူးယဉ်အိပ်မက်တွေ မက်တတ်လာကြပါတယ်။

၂။ ကလေးရှိတဲ့စုံတွဲတွေဟာ သူတို့ရဲ့ငယ်ဘဝကို ပြန်တမ်းတမိတတ်ကြပါတယ်။
ကလေးမရှိတဲ့ စုံတွဲတွေ အလုပ်မှာရာထူးတိုးဖို့၊ ဒါမှမဟုတ် အရင်ကထက် အောင်မြင်ကျော်ကြားဖို့ကြိုးစားနေကြချိန်မှာ  ကလေးရှိတဲ့စုံတွဲတွေဟာ သူတို့ကလေးတွေကို ထိန်းကျောင်းရင်း ကိုယ်တွေငယ်ငယ်တုန်းက ဘယ်လိုလေး ကြီးပြင်းခဲ့ရတာ၊ ဘယ်လိုဆော့ခဲ့ကြတာဆိုတာမျိုး ငယ်ဘဝကို ပြန်လွမ်းဆွတ်မိနေတတ်ကြပါတယ်။ ကလေးတွေနဲ့အတူဆော့တိုင်း ငယ်ဘဝက ဆော့ခဲ့တဲ့ကစားနည်းတွေအပြင် ခုလက်ရှိကိုယ့်စိတ်ထဲက ဆော့ချင်နေတဲ့ အရာမျိုးတွေ ပေါင်းစပ်ကစားပေးတတ်ကြပါတယ်။

၃။ကလေးရှိတဲ့စုံတွဲတွေဟာ ပြောဆိုဆက်ဆံရတာ ပိုအဆင်ပြေတတ်ကြပါတယ်။
ကလေးနဲ့နေ့တိုင်းအတူရှိပြီး ထိန်းကျောင်းပေးနေရတဲ့ စုံတွဲတွေဟာ သူတို့တစ်ဦးနဲ့တစ်ဦးသာမက အခြားသူတွေနဲ့ ပြောဆိုဆက်ဆံရမှာလည်း အဆင်ပြေပြေလေး ရှိကြပါတယ်။ သူတို့က ကလေးရှေ့အခြားသူတွေနဲ့ ကောင်းမွန်စွာ ဆက်ဆံပြမှသာလျှင် ကလေးတွေအတွက်လည်း သင်ယူမှတ်သားစရာ စံပြမိခင်၊ဖခင်တွေ ဖြစ်မယ် မဟုတ်ပါလား။

၄။ကလေးရှိတဲ့စုံတွဲတွေဟာ ပျော်ရွှင်မှုအစစ်အမှန် ဘာဆိုတာ သိကြတယ်။
လေ့လာမှုတွေက ရှင်းပါတယ်။ ပျော်ရွှင်မှုဆိုတာ အားလပ်ချိန်တွေ အများကြီးရှိနေတာမျိုး မဟုတ်သလို ကိုယ့်အတွက်ကိုယ် ငွေတွေသုံးဖြုန်းနေတာမျိုးလည်း မဟတု်ပါဘူး။ ပျော်ရွှင်မှုဆိုတာ တခြားသူဘဝပိုမို ကောင်းမွန်စေဖို့ ကိုယ့်မှာရှိတဲ့ အရည်းအချင်းနဲ့ကူညီစွမ်းဆောင်ပေးခြင်းမျိုးပါ။ ကလေးရှိတဲ့စုံတွဲတွေဟာ သူတို့ကလေးဘဝပိုမိုကောင်းမွန် သာယာစေဖို့၊ ပိုအဓိပ္ပါယ်ပြည့်စုံစေဖို့ အမြဲကြိုးစားစွမ်းဆေင်နေရတာမို့ ပျော်ရွှင်မှုအစစ်အမှန်ကို သူတို့ခံစားသိရှိကြပါတယ်။

၅။နေ့စဉ်နေ့တိုင်း သာယာကြည်နူးမှုတွေ ခံစားကြရတယ်။
အနည်းဆုံး ကိုယ့်ကလေး အိပ်နေတာလေးကို ကြည့်ပြီးသဘောကျ ပြုံးမိကြတယ် မဟုတ်ပါလား။ ကိုယ်အပြင်က ပြန်လာချိန် ဖေဖေ၊မေမေလို့ ခေါ်ပြီး ကိုယ့်ဆီအပြေးလာတတ်တဲ့ သားသမီးတွေကြောင့် ကြည်နူးကြရသလို၊ ကိုယ့်အပေါ် ကိုယ့်သားသမီးတွေက သိတတ်တယ်ဆိုရင် ပိုလို့တောင် ကြည်နူးပီတိဖြစ်ကြရပါသေးတယ်။ ဒီအမှတ်တရတွေ က ဘဝတစ်သက်လုံး ကိုယ်နဲ့အတူရှိနေမယ့် အရာမျိုးတွေပဲလေ။

၆။ ကလေးတွေက စုံတွဲတွေရဲ့အိမ်ထောင်ရေး ပျင်းရိငြိငွေ့မှုမရှိစေဖို့လည်း ကူညီပေးပြန်တယ်။
ကလေးရှိတဲ့စုံတွဲတွေဟာ တစ်နေ့တစ်မျိုး မရိုးရအောင် အတွေ့အကြုံသစ်ပေါင်းများစွာနဲ့ ဖြတ်သန်းကြရပါတယ်။ နှစ်ဦးသား အတူရှိနေဖို့ဆိုတာကလည်း အိပ်ယာဝင်တဲ့အချိန်သာ အေးအေးဆေးဆေး ရှိမှာပါ။ အဲ့ဒီလိုအချိန်မှာ ဘယ်လိုတန်ဖိုးရှိအောင် ကုန်ဆုံးရမယ်ဆိုတာ စုံတွဲတွေအသိဆုံးဖြစ်လာပါတယ်။ နောက်တစ်နေ့အတွက် ဘယ်လို စိန်ခေါ်မှု မျိုးတွေ ရင်ဆိုင်ကြရဦးမလဲဆိုတာ ရင်ခုန်မျှော်လင့်ရင်း ဒီအိမ်ထောင်ရေးအချစ်ရေးဟာ ပျင်းရိစရာတွေပျောက်ကွယ်ကုန်ပါတယ်။

၇။ ကလေးရှိတဲ့စုံတွဲတွေဟာ အမြဲတမ်း အသင်းအဖွဲ့တစ်ခုအနေနဲ့ရှိတတ်ပါတယ်။
မိသားစုဖြစ်လာပြီဆို သူသပ်သပ်၊ ကိုယ်သပ်သပ် လုပ်ဆောင်တာမျိုးတွေ နည်းသွားတတ်ပါတယ်။ အထူးသဖြင့် ကလေးရှိတဲ့ စုံတွဲတွေက ပိုပါတယ်။ သူတို့ဟာ တစ်ယောက်ချင်းစီ ခွဲထွက်လုပ်ဆောင်တာမျိုးထက် တစ်မိသားစုလုံးအနေနဲ့သာ  အမြဲလုပ်ဆောင်တတ်ကြပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top