iMyanmarHouse.com - Best Property Website for Myanmar
×

ခန္တာကိုယ်မှာ အဆီတွေစုနေတာက ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒီတော့ ကိုယ်အလေးချိန် လျှော့ချဖို့လိုပါတယ်။ ဒီဖျော်ရည်ကို အစာစားပြီးတိုင်းမှာ သောက်သုံးရမှာပါ။

ပါဝင်ပစ္စည်းတွေကတော့
တရုတ်နံနံပင် ၄၀၀ ဂရမ်

သံပုယိုသီး ၁ ကီလိုဂရမ်

ပြင်ဆင်ခြင်း
တရုတ်နံနံပင်ကို ဓါးနဲ့ ပါးပါးလှီးလိုက်ပြီး ရေ ၂ လီတာဘူးထဲ ထည့်ထားပါ။ ပြီးရင် သံပုယိုသီးကိုလည်း ၁ ကီလိုဂရမ်ကို အရည်ညှစ်ထုတ်ပြီး အဲဒီထဲက အခွံတစ်ချို့ကို ဓါးနဲ့ ပါးပါးလှီးပေးပါ။ ပြီးရင် မိနစ် ၂၀ လောက် သည်ထားပေးပြီး ၅ နာရီ ၆ နာရီလောင်အအေးခံပါ။

စောစောက ညှစ်ထုတ်ထားတဲ့ သံပုယိုရည်ကို စောစောက ပြုတ်ထားတဲ့ အရည်ထဲထည့်ပေးပါ။ ပြီးရင် ဇကာ (သို့) ရေဆစ်နဲ့ဆစ်ချပြီး ဖန်ပုလင်းထဲထည့်ထားပါ။

ဒီဖျော်ရည်ဟာ တစ်ပတ်အတွင်းမှာပဲ ၇ ပေါင်လောက်ကျစေမှာပါ။

သောက်သုံးခြင်း



ဒီဖျော်ရည်ကို မစာမစားခင် တစ်နေ့ ၃ ကြိမ်သောက်ပါ။ တစ်ခါသောက်ရင် ၁၀၀ မီလီလီတာ (၀.၁ လီတာ) လောက်သောက်ပေးပါ။ ရေနဲ့ရောပြီးတော့လည်း သောက်သုံးနိုင်ပါတယ်။

ပြီးရင် ရေခဲသေတ္တာထဲထည့်ထားပေးပါ။

Credit  : My Food Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top