iMyanmarHouse.com - Best Property Website for Myanmar
×
Credit:trend myamar
#Unicode Version
 အဆီပြန်ခြင်းဟာ ကျွန်မတို့အတွက် စိတ်ညစ်စရာကောင်းတဲ့ ပြသနာတွေထဲက တစ်ခုပေါ့။ ဘာကြောင့်မျက်နှာအဆီပြန်တတ်ကြသလဲ။ ဘာတွေမှားယွင်းနေသလဲ ..ကဲ ဆန်းစစ်ကြည့်လိုက်ရအောင်။
၁။ သင်တစ်ယောက်တည်းမဟုတ်ပါ။
အရေပြားအဆီပြန်ခြင်းကို ခံစားနေရတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ဒါက အမျိုးသမီးတွေကြား တွေ့ရလေ့ရှိတဲ့ ပြသနာတစ်ခုပါ။မျက်နှာမှာကအဆီပြန်ခြင်းကိုအမြဲကြုံနေရတတ်ပြီး တစ်ချို့အမျိုးသမီးတွေမှာ ဦးရေပြားအဆီပြန်တာကိုပါ ခံစားရတတ်ပါတယ်။
၂။ဟော်မုန်းတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။
သင်ထိန်းချုပ်မထားရင်တောင်မှ သင့်ရဲ့လစဉ် ရာသီစက်ဝန်းက တစ်ပတ်ကနေတစ်ပတ် ပြောင်းလဲသွားတဲ့အခါမှာ အရေပြားမှာရှိတဲ့ အဆီဂလန်းရဲ့ လှုပ်ရှားမှုတွေကို တိုးပွားစေပါတယ်။ ဒါကသင်အတွက် ဓမ္မတာလာနေစဉ်အတွင်း အရေပြားဟာ ပိုအဆီပြန်တယ်လို့ ခံစားရစေတာဖြစ်ပါတယ်။
၃။မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အရေပြားဂလန်းတွေနဲ့ သူတို့ရဲ့ လှုံ့ဆော်နိုင်မှုဟာ ရှုပ်ထွေးပြီးတော့ သင့်ရဲ့ မျိုးရိုးဗီဇ လွှမ်းမိုးမှုကလည်း အများကြီး သက်ဆိုင်ပါတယ်။သင့်အရေပြားရဲ့ အောက်ခံအခြေအနေ၊အဆီထုတ်လုပ်မှုနဲ့သူများတွေထက်ပိုပြီး အဆီဂလန်းတွေရှိနေတာတွေက မျိုးရိုးဗီဇကြောင့်ပါ။
၄။မျက်နှာကို သေချာသန့်စင်တာကလည်း သော့ချက်တစ်ခုပါ။
သင့်မျက်နှာကို သေချာမသန့်စင်ဘူးဆိုရင် ဒါမှမဟုတ် မိတ်ကပ်တွေသေချာမဖျက်ဘူးဆိုရင် အသားအရေထိခိုက်နိုင်ပြီး ပျက်စီးစေပါတယ်။မျက်နှာမှာ ကပ်ကျန်နေခဲ့တဲ့ အညစ်အကြေးတွေက ချွေးပေါက်တွေ ပိုပိတ်စေပြီး အဆီပြန်စေပါတယ်။
၅။သင့်သုံးတဲ့ပစ္စည်းမှားယွင်းနေရင်လည်း အဆီပြန်စေပါတယ်။
တစ်ချို့တွေက ကိုယ့်အသားအရေနဲ့ ကိုယ်သုံးနေတဲ့ မိတ်ကပ်ပစ္စည်း သင်ေ့တာ်လား အဆင်ပြေရဲ့လားဆိုတာ ဆန်းစစ်ဖို့မေ့နေတတ်ကြပါတယ်။ဥပမာကိုယ်ကအဆီပြန်တတ်တယ်ပေမယ့် အစိုဓာတ်ဖြည့်ပေးတဲ့ခရင်မ်တွေ အလွန်အကျွံသုံးမိနေတာမျိုး၊ကိုယ်ကအသားခြောက်ပေမယ့် အစိုဓာတ်ရမယ့်ခရင်မ်တွေ မလိမ်းတာမျိုးပေါ့။
၆။Oil-Free Productတွေနဲ့ Loose Powderတွေက အသင့်တော်ဆုံးပါ
ဖြစ်တဲ့ အမျိုးအစားမိတ်ကပ်တွေနဲ့ ရေဓာတ်ကိုပဲ အခြေခံထားတဲ့ ဖောင်ဒေးရှင်းတွေက သင့်အသားအရေအတွက်အကောင်းဆုံးပါပဲ။ဒါ့အပြင် မိတ်ကပ်တွေက ချွေးပေါက်တွေကို မပိတ်စေတဲ့အတွက် သင့်တော်တဲ့စာရင်းထဲမှာ ပါဝင်ပါတယ်။ Primerကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်ပေးနိုင်မယ့် နောက်ထပ်သော့ချက်တစ်ခုပေါ့။ ဒါပေမယ့် Oil-freeဖြစ်ဖို့တော့လိုအပ်ပါတယ်။သင်ကအောက်ခံဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး ခေါင်းစားခံမယ့်သူမျိုး မဟုတ်ရင်တော့ အိတ်ထဲမှာ Loose Powder ဆောင်ထားတာအကောင်းဆုံးပါပဲ။Loose Powderကို  မျက်နှာအနှံ့အသာအယာလိမ်းပေးပါ။အထူးသဖြင့် T Zone လို အဆီပြန်တတ်တဲ့နေရာမျိုးပေါ့။ဒီနည်းလမ်းကလည်း သင့်ကို စိတ်သက်သာရာရစေမှာပါ။
၇။Retinoid Creamကလည်း ကူညီပေးနိုင်ပါတယ်။
ညအိပ်ခါနီး တွေကို Oil-Free Retinoid Creamလိမ်းပေးခြင်းအားဖြင့် အဆီပြန်တာကို လျှော့ချပေးနိုင်ပါတယ်။အဲလိုမှမဟုတ်ရင်လည်း အရေပြားဆရာဝန်တွေနဲ့တိုင်ပင်ပြီးအဆီနဲ့ ဝက်ခြံတွေကို ထိန်းပေးတဲ့ ဆေးတွေသောက်လို့ရပါတယ်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:trend myamar
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top