iMyanmarHouse.com - Best Property Website for Myanmar
×

ခုေနာက္ပိုင္း လူငယ္အမ်ားစုဟာ အိပ္သည့္အခါတြင္လည္း လၽွပ္စစ္မီးကို မပိတ္ေတာ့ပဲ တစ္ညလုံးထြန္းထားတတ္ၾကပါတယ္။ တခ်ိဳ႕သူေတြဆိုရင္ မီးဖြင့္ၿပီးအိပ္မွ အိပ္ေပ်ာ္ၾကပါတယ္။ လၽွပ္စစ္မီးဖြင့္ၿပီး အိပ္ျခင္းဟာ ကိုယ္ခံအားစနစ္ကို ဆိုးဆုိးရြားရြား ထိခိုက္ေစႏိုင္တယ္လို႔ ေဆးသုေတသနတစ္ခုက စမ္းသပ္ေတြ႕ရွိခဲ့ပါတယ္။ မီးဖြင့္ၿပီး အိပ္တယ္ဆိုတာ  ညအိပ္မီးမွိန္မွိန္ေလးထြန္းတာကို ေျပာျခင္းမဟုတ္ဘဲ ပုံမွန္လၽွပ္စစ္ မီးသီးနဲ႔ မီးေခ်ာင္းမ်ားကို ဆိုလိုျခင္း ျဖစ္ပါတယ္။

အလုပ္လုပ္စဥ္မွာလည္း အခန္းတြင္း လၽွပ္စစ္မီးနဲ႔ လုပ္တယ္၊ အိမ္ေရာက္ေတာ့လည္း အခန္းတြင္းလၽွပ္စစ္မီးနဲ႔ ေနတတ္ၾကပါတယ္။ ျပင္ပအလင္းေရာင္နဲ႔ ပုံမွန္ထိေတြ႕မႈမရွိတဲ့အခါမွာ အဲဒီလိုလူေတြဟာ အခ်ိန္ၾကာလာတာနဲ႔ အမၽွ ေနရထိုင္ရ မအီမသာျဖစ္လာတတ္ပါတယ္။ လၽွပ္စစ္မီးအလင္းေရာင္ေအာက္မွာပဲ အၿမဲလိုလို ေနရတဲ့အတြက္ စိတ္မၾကည္လင္ပဲ ထိုင္းမိႈင္းလာျခင္း ၊ ေရာဂါမ်ားအလြယ္တကူျဖစ္တတ္သည္အထိ ကိုယ္ခံအားက်ဆင္းျခင္းမ်ားကို ျဖစ္လာေစပါတယ္။

နယ္သာလန္နိုင္ငံ လိုင္ဒန္ေဆးတကၠသိုလ္မွာ ၾကြက္မ်ားကို စမ္းသပ္တဲ့အခါ မီးအလင္းေရာင္ေအာက္မွာ လေပါင္းမ်ားစြာ အထားခံရတဲ့ ႂကြက္ေတြဟာ ကိုယ္ခံအားနည္းေလ်ာ႔နည္းလာၿပီး က်န္းမာေရးဆိုးရြားလာတာကို ေတြ႕ရွိရပါတယ္။ ဒါကိုၾကည့္ၿပီး လၽွပ္စစ္မီးေတြဟာ ကၽြန္ေတာ္တို႔ ခႏၶာကိုယ္ကိုလည္း ထိခိုက္ေစနိုင္တယ္ဆိုတာကို ခန္႔မွန္းႏိုင္ပါတယ္။ ညအိပ္တဲ့အခါမွာ မီးဖြင့္ၿပီး အိပ္တဲ့အခါမွာ လူရဲ့ ဦးေႏွာက္လုပ္ငန္းစဥ္ (၇၀) ရာခိုင္ႏွုန္းခန္႔ကို ကေမာက္ကမ ျဖစ္ေစၿပီး ၊ ႂကြက္သားမ်ား ခ်ိနဲ႔ေစၿပီး အရိုးပြနိုင္ေျခမ်ားေၾကာင္းလည္း ေတြ႕ရွိခဲ့ရပါတယ္။ လၽွပ္စစ္မီးအလင္းနဲ႔ ညအိပ္သူမ်ားဟာ မီးပိတ္အိပ္သူမ်ားေလာက္ အိပ္ေရးမဝတဲ့အျပင္ နိုးလာရင္လည္း မလန္းဆန္းၾကတာကို ေတြ႕ၾကရမွာပါ။

ေနလို႔ထိုင္လို႔ ပိုေကာင္းၿပီး က်န္းမာေရးေကာင္းမြန္ေစဖို႔ သဘာဝအလင္းေရာင္နဲ႔ ထိေတြ႕ေပးဖို႔လိုအပ္သလို ညအခါမွာလည္း လွ်ပ္စစ္မီးကို ပိတ္ၿပီးအိပ္ဖို႔ လိုအပ္ပါတယ္။

Credit : duwun


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ခုနောက်ပိုင်း လူငယ်အများစုဟာ အိပ်သည့်အခါတွင်လည်း လျှပ်စစ်မီးကို မပိတ်တော့ပဲ တစ်ညလုံးထွန်းထားတတ်ကြပါတယ်။ တချို့သူတွေဆိုရင် မီးဖွင့်ပြီးအိပ်မှ အိပ်ပျော်ကြပါတယ်။ လျှပ်စစ်မီးဖွင့်ပြီး အိပ်ခြင်းဟာ ကိုယ်ခံအားစနစ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်လို့ ဆေးသုတေသနတစ်ခုက စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ မီးဖွင့်ပြီး အိပ်တယ်ဆိုတာ  ညအိပ်မီးမှိန်မှိန်လေးထွန်းတာကို ပြောခြင်းမဟုတ်ဘဲ ပုံမှန်လျှပ်စစ် မီးသီးနဲ့ မီးချောင်းများကို ဆိုလိုခြင်း ဖြစ်ပါတယ်။

အလုပ်လုပ်စဉ်မှာလည်း အခန်းတွင်း လျှပ်စစ်မီးနဲ့ လုပ်တယ်၊ အိမ်ရောက်တော့လည်း အခန်းတွင်းလျှပ်စစ်မီးနဲ့ နေတတ်ကြပါတယ်။ ပြင်ပအလင်းရောင်နဲ့ ပုံမှန်ထိတွေ့မှုမရှိတဲ့အခါမှာ အဲဒီလိုလူတွေဟာ အချိန်ကြာလာတာနဲ့ အမျှ နေရထိုင်ရ မအီမသာဖြစ်လာတတ်ပါတယ်။ လျှပ်စစ်မီးအလင်းရောင်အောက်မှာပဲ အမြဲလိုလို နေရတဲ့အတွက် စိတ်မကြည်လင်ပဲ ထိုင်းမှိုင်းလာခြင်း ၊ ရောဂါများအလွယ်တကူဖြစ်တတ်သည်အထိ ကိုယ်ခံအားကျဆင်းခြင်းများကို ဖြစ်လာစေပါတယ်။

နယ်သာလန်နိုင်ငံ လိုင်ဒန်ဆေးတက္ကသိုလ်မှာ ကြွက်များကို စမ်းသပ်တဲ့အခါ မီးအလင်းရောင်အောက်မှာ လပေါင်းများစွာ အထားခံရတဲ့ ကြွက်တွေဟာ ကိုယ်ခံအားနည်းလျော့နည်းလာပြီး ကျန်းမာရေးဆိုးရွားလာတာကို တွေ့ရှိရပါတယ်။ ဒါကိုကြည့်ပြီး လျှပ်စစ်မီးတွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေနိုင်တယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ ညအိပ်တဲ့အခါမှာ မီးဖွင့်ပြီး အိပ်တဲ့အခါမှာ လူရဲ့ ဦးနှောက်လုပ်ငန်းစဉ် (၇၀) ရာခိုင်နှုန်းခန့်ကို ကမောက်ကမ ဖြစ်စေပြီး ၊ ကြွက်သားများ ချိနဲ့စေပြီး အရိုးပွနိုင်ခြေများကြောင်းလည်း တွေ့ရှိခဲ့ရပါတယ်။ လျှပ်စစ်မီးအလင်းနဲ့ ညအိပ်သူများဟာ မီးပိတ်အိပ်သူများလောက် အိပ်ရေးမဝတဲ့အပြင် နိုးလာရင်လည်း မလန်းဆန်းကြတာကို တွေ့ကြရမှာပါ။

နေလို့ထိုင်လို့ ပိုကောင်းပြီး ကျန်းမာရေးကောင်းမွန်စေဖို့ သဘာဝအလင်းရောင်နဲ့ ထိတွေ့ပေးဖို့လိုအပ်သလို ညအခါမှာလည်း လျှပ်စစ်မီးကို ပိတ်ပြီးအိပ်ဖို့ လိုအပ်ပါတယ်။

Credit : duwun




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top