iMyanmarHouse.com - Best Property Website for Myanmar
×

ေျခေထာက္ကြဲတာက အသက္အရြယ္မေရြးေတြ႕ရတတ္ၿပီး အမ်ားစုကေတာ့ ေျခေထာက္အစိုဓာတ္မရလို႔ ကြဲတတ္ၾကပါတယ္။ ေျခေထာက္ကြဲတာကို ျဖစ္ေစတဲ့ တျခားအေၾကာင္းအရာေတြကေတာ့ အခ်ိန္အၾကာႀကီး မတ္တပ္ရပ္ရတာ၊ အျပင္းစားဆပ္ျပာေတြကိုသံုးတာ၊ ရာသီဥတုေအးတာ၊ ေရပူေတြဆက္တိုက္သံုးတာ၊ အ၀လြန္တာ၊ ေျခေထာက္နဲ႔မသင့္ေတာ္ မကိုက္ညီတဲ့ဖိနပ္ေတြကိုစီးတာေတြျဖစ္ပါတယ္။ ဆီးခ်ိဳေရာဂါ၊ႏွင္းခူနာေရာဂါ၊ အေရျပားေရာဂါေတြေၾကာင့္လည္း ေျခေထာက္ေတြ ကြဲတတ္ပါတယ္။ ဒါဆို ဒီျပႆနာကို ဘယ္လိုေျဖရွင္းၾကမလဲ။

၁။Scrubbing
အသားမာတက္ေနတဲ့ေျခေထာက္က ဆဲလ္ေသေတြကို Scrubလုပ္ေပးတာက ေျခေထာက္ကြဲတာကို သက္သာေစပါတယ္။ Scrubမလုပ္ခင္ ေရေႏြးေႏြးထဲမွာ ေျခေထာက္ကို ႏူးညံ့သြားေအာင္ စိမ္ၿပီးမွ Scrubလုပ္မယ္ဆို ပိုၿပီး လြယ္ကူမွာပါ။ ပထမဆံုးအေနနဲ႔ အိမ္ယာ၀င္ခါနီးမွာ ဆပ္ျပာရည္အနည္းငယ္ကို ေရခ်ိဳးဇလံုထဲကို ထည့္ၿပီး ေရေႏြးေႏြးနဲ႔ ေရာစပ္ေပးပါ။ေျခေထာက္ကို ဇလံုထဲမွာ မိနစ္၂၀ေလာက္စိမ္ထားၿပီး ေခ်းတြန္းေက်ာက္နဲ႔ အသားမာေတြကို ဖယ္ရွားေပးပါ။ ၿပီးၿပီဆိုရင္ေတာ့ ေျခေထာက္ကို ေရအသန္႔နဲ႔ေဆးၿပီး ေရသုတ္ေပးပါ။ ေနာက္ဆံုးမွာေတာ့ Lotion သို႔မဟုတ္ Moisturizerတစ္ခုခုကို လိမ္းၿပီး သန္႔ရွင္းေျခာက္ေသြ႕တဲ့ ေျခအိတ္၀တ္အိပ္ပါ။ သင့္ ေျခေထာက္ကြဲတာ မသက္သာမခ်င္း ဒီနည္းလမ္းကို အသံုးျပဳလို႔ရပါတယ္။

၂။အုန္းဆီ
အုန္းဆီကလည္းေနာက္ထပ္ ေဆး၀ါးတစ္ခုပါပဲ။ အုန္းဆီက သင့္ေျခေထာက္ အစိုဓာတ္ရေအာင္ လုပ္ေပးႏိုုင္တဲ့အျပင္ ဘက္တီးရီးယားေတြနဲ႔ မႈိေရာဂါကိုလည္း ကာကြယ္ေပးပါတယ္။ အိပ္ယာမ၀င္ခင္ ေျခေထာက္ကို ေရေႏြးေႏြးထဲမွာ စိမ္ၿပီး ေျခေထာက္တိုက္ ဘရွပ္ရ္နဲ႔ တုိက္ေပးပါ။ သန္႔စင္ၿပီးတဲ့အခါ ေရသုတ္ၿပီး အုန္းသီးကို ေသခ်ာႏွ႔ံစပ္စြာ လိမ္းေပးပါ။ ညတစ္ညလံုး သန္႔ရွင္းၿပီး ေျခာက္ေသြ႕တဲ့ ေျခအိတ္၀တ္အိပ္ပါ။

၃-အလွဆီ
ဂလစ္စရင္းဟာ အသားအေရေျခာက္တာ၊ ဖေနာင္႔အက္တာေတြအတြက္ အေကာင္းဆံုးတစ္ခုလည္းျဖစ္ပါတယ္။ ဂလစ္စရင္းနဲ႔သံပုရာရည္ကိုဆတူေရာၿပီးေမႊပါ။ပိုၿပီးေကာင္းမြန္ခ်င္ရင္ေတာ့ RoseWaterကိုပါ ထည့္သြင္းႏိုင္ပါတယ္။ ေမႊထားတဲ႔အဆီကို ေျခေထာက္မွာ လိမ္းၿပီးမိနစ္ ၂၀ေလာက္ထားပါ။ ၿပီးမွေရေဆးပါ။ ဒီနည္းလမ္းကို ၂ပတ္ေလာက္ဆက္တုိက္လုပ္သြားရင္သိသာတဲ႔ရလဒ္ကို ခံစားရမွာပါ။

၄။အိမ္သံုးဆား
အိမ္သံုးဆား ခြက္တစ္၀က္ကို ဇလံုထဲမွာ ေရေႏြးေႏြးေလးနဲ႔ အရင္ေရာစပ္ပါ။ ေရာစပ္ၿပီးရင္ေတာ့ဇလံုထဲမွာ ေျခေထာက္ကို ဆယ္မိနစ္ေလာက္ စိမ္ေပးပါ။ ေျခေထာက္က အသားမာေတြကို ဂ်ီးတြန္းေက်ာက္ေလးနဲ႔ မိနစ္အနည္းငယ္ေလာက္ တိုက္ပါ။ ၿပီးရင္ ဇလံုထဲကို ျပန္ၿပီး ဆယ္မိနစ္ေလာက္ ထပ္စိမ္ပါ။ ေနာက္ဆံုးမွာေတာ့ ေရေဆးၿပီး အစုိဓာတ္ရမယ့္ ခရင္မ္တစ္ခုခုလိမ္းေပးပါ။ ဒီနည္းလမ္းကို ႏွစ္ရက္တစ္ခါ ၊သံုးရက္တစ္ခါ စမ္းၾကည့္ႏိုင္ပါတယ္။

၅။လိမ္းေဆး
ေျခေထာက္ကြဲတာကို သက္သာဖို႔အတြက္ လိမ္းေဆးေတြလည္းရွိပါတယ္။ မနက္အိပ္ယာထေရခ်ိဳးၿပီးခ်ိန္နဲ႔ ညအိပ္ခါနီးေတြမွာ ေျခဖေနာင့္ေတြကို လိမ္းေဆးစိမ့္၀င္ေအာင္လိမ္းပါ။ အသားမာအဖတ္ေတြကြာသြားတဲ့အထိ တစ္ေန႔ႏွစ္ႀကိမ္လိမ္းပါ။ ေဆးဆိုင္ေတြ၊ေဆးခန္းမွာ ေျခေထာက္ကြဲတာအတြက္ သင့္ေတာ္တဲ့ လိမ္းေဆး၀ယ္လို႔ရပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:trend myanmar

#Unicode Version
ခြေထောက်ကွဲတာက အသက်အရွယ်မရွေးတွေ့ရတတ်ပြီး အများစုကတော့ ခြေထောက်အစိုဓာတ်မရလို့ ကွဲတတ်ကြပါတယ်။ ခြေထောက်ကွဲတာကို ဖြစ်စေတဲ့ တခြားအကြောင်းအရာတွေကတော့ အချိန်အကြာကြီး မတ်တပ်ရပ်ရတာ၊ အပြင်းစားဆပ်ပြာတွေကိုသုံးတာ၊ ရာသီဥတုအေးတာ၊ ရေပူတွေဆက်တိုက်သုံးတာ၊ အဝလွန်တာ၊ ခြေထောက်နဲ့မသင့်တော် မကိုက်ညီတဲ့ဖိနပ်တွေကိုစီးတာတွေဖြစ်ပါတယ်။ ဆီးချိုရောဂါ၊နှင်းခူနာရောဂါ၊ အရေပြားရောဂါတွေကြောင့်လည်း ခြေထောက်တွေ ကွဲတတ်ပါတယ်။ ဒါဆို ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

၁။Scrubbing
အသားမာတက်နေတဲ့ခြေထောက်က ဆဲလ်သေတွေကို Scrubလုပ်ပေးတာက ခြေထောက်ကွဲတာကို သက်သာစေပါတယ်။ Scrubမလုပ်ခင် ရေနွေးနွေးထဲမှာ ခြေထောက်ကို နူးညံ့သွားအောင် စိမ်ပြီးမှ Scrubလုပ်မယ်ဆို ပိုပြီး လွယ်ကူမှာပါ။ ပထမဆုံးအနေနဲ့ အိမ်ယာဝင်ခါနီးမှာ ဆပ်ပြာရည်အနည်းငယ်ကို ရေချိုးဇလုံထဲကို ထည့်ပြီး ရေနွေးနွေးနဲ့ ရောစပ်ပေးပါ။ခြေထောက်ကို ဇလုံထဲမှာ မိနစ်၂၀လောက်စိမ်ထားပြီး ချေးတွန်းကျောက်နဲ့ အသားမာတွေကို ဖယ်ရှားပေးပါ။ ပြီးပြီဆိုရင်တော့ ခြေထောက်ကို ရေအသန့်နဲ့ဆေးပြီး ရေသုတ်ပေးပါ။ နောက်ဆုံးမှာတော့ Lotion သို့မဟုတ် Moisturizerတစ်ခုခုကို လိမ်းပြီး သန့်ရှင်းခြောက်သွေ့တဲ့ ခြေအိတ်ဝတ်အိပ်ပါ။ သင့် ခြေထောက်ကွဲတာ မသက်သာမချင်း ဒီနည်းလမ်းကို အသုံးပြုလို့ရပါတယ်။

၂။အုန်းဆီ
အုန်းဆီကလည်းနောက်ထပ် ဆေးဝါးတစ်ခုပါပဲ။ အုန်းဆီက သင့်ခြေထောက် အစိုဓာတ်ရအောင် လုပ်ပေးနိုုင်တဲ့အပြင် ဘက်တီးရီးယားတွေနဲ့ မှိုရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ အိပ်ယာမဝင်ခင် ခြေထောက်ကို ရေနွေးနွေးထဲမှာ စိမ်ပြီး ခြေထောက်တိုက် ဘရှပ်ရ်နဲ့ တိုက်ပေးပါ။ သန့်စင်ပြီးတဲ့အခါ ရေသုတ်ပြီး အုန်းသီးကို သေချာနှံ့စပ်စွာ လိမ်းပေးပါ။ ညတစ်ညလုံး သန့်ရှင်းပြီး ခြောက်သွေ့တဲ့ ခြေအိတ်ဝတ်အိပ်ပါ။

၃-အလှဆီ
ဂလစ်စရင်းဟာ အသားအရေခြောက်တာ၊ ဖနောင့်အက်တာတွေအတွက် အကောင်းဆုံးတစ်ခုလည်းဖြစ်ပါတယ်။ ဂလစ်စရင်းနဲ့သံပုရာရည်ကိုဆတူရောပြီးမွှေပါ။ပိုပြီးကောင်းမွန်ချင်ရင်တော့ RoseWaterကိုပါ ထည့်သွင်းနိုင်ပါတယ်။ မွှေထားတဲ့အဆီကို ခြေထောက်မှာ လိမ်းပြီးမိနစ် ၂၀လောက်ထားပါ။ ပြီးမှရေဆေးပါ။ ဒီနည်းလမ်းကို ၂ပတ်လောက်ဆက်တိုက်လုပ်သွားရင်သိသာတဲ့ရလဒ်ကို ခံစားရမှာပါ။

၄။အိမ်သုံးဆား
အိမ်သုံးဆား ခွက်တစ်ဝက်ကို ဇလုံထဲမှာ ရေနွေးနွေးလေးနဲ့ အရင်ရောစပ်ပါ။ ရောစပ်ပြီးရင်တော့ဇလုံထဲမှာ ခြေထောက်ကို ဆယ်မိနစ်လောက် စိမ်ပေးပါ။ ခြေထောက်က အသားမာတွေကို ဂျီးတွန်းကျောက်လေးနဲ့ မိနစ်အနည်းငယ်လောက် တိုက်ပါ။ ပြီးရင် ဇလုံထဲကို ပြန်ပြီး ဆယ်မိနစ်လောက် ထပ်စိမ်ပါ။ နောက်ဆုံးမှာတော့ ရေဆေးပြီး အစိုဓာတ်ရမယ့် ခရင်မ်တစ်ခုခုလိမ်းပေးပါ။ ဒီနည်းလမ်းကို နှစ်ရက်တစ်ခါ ၊သုံးရက်တစ်ခါ စမ်းကြည့်နိုင်ပါတယ်။

၅။လိမ်းဆေး
ခြေထောက်ကွဲတာကို သက်သာဖို့အတွက် လိမ်းဆေးတွေလည်းရှိပါတယ်။ မနက်အိပ်ယာထရေချိုးပြီးချိန်နဲ့ ညအိပ်ခါနီးတွေမှာ ခြေဖနောင့်တွေကို လိမ်းဆေးစိမ့်ဝင်အောင်လိမ်းပါ။ အသားမာအဖတ်တွေကွာသွားတဲ့အထိ တစ်နေ့နှစ်ကြိမ်လိမ်းပါ။ ဆေးဆိုင်တွေ၊ဆေးခန်းမှာ ခြေထောက်ကွဲတာအတွက် သင့်တော်တဲ့ လိမ်းဆေးဝယ်လို့ရပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:trend myanmar

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top