iMyanmarHouse.com - Best Property Website for Myanmar
×

အမည္မသိေရာဂါတစ္ခုက အိႏၵိယႏုိင္ငံ Muzzafarpur ျမိဳ႕ေန ဆင္းရဲသားကေလးေတြကို ႏွစ္စဥ္ႏွစ္တုိင္း ကပ္ေဘးဆုိက္ေရာက္ေစခဲ့ပါတယ္။ Bihar ေဒသက ကေလးငယ္ ၁၀၀ ထက္မနည္းဟာ ရုတ္တရက္ဦးေႏွာက္ထိခုိက္မႈနဲ႔ အသိစိတ္ကင္းလြတ္မႈစတဲ့ နားလည္ရခက္တဲ့ေရာဂါကို ခံစားခဲ့ၾကရပါတယ္။ အဲဒီကေလးငယ္ေတြထဲက ၃ပုံ ၁ပုံ ဟာ ေသလုေမ်ာပါး ျဖစ္ခဲ့ၾကရတာပါ။

ဒီလ်ဳိ႕ဝွက္ဆန္းၾကယ္တဲ့ ေရာဂါျဖစ္ပြားရျခင္း အေၾကာင္းအရင္းကို သုေသသီေတြ ေဖာ္ထုတ္ျပီး ဗုိက္ထဲ အစာမရိွဘဲ လုိင္ခ်ီးသီးအလြန္အကြ်ံစားသုုံးျခင္းေၾကာင့္လုိ႔ အတိအက်ေျပာဆိုခဲ့ပါတယ္။ လုိင္ခ်ီးမွာ ေသြးထဲ သၾကားဓာတ္ပါဝင္မႈပမာဏ ေလ်ာ့နည္းေစႏုိင္တဲ့ အမိုင္ႏုိအက္ဆစ္ပါဝင္ျပီး အစာအိမ္အတြင္း အစာမရိွဘဲ သူ႕ကိုစားတဲ့အခါ ေသြးတြင္း သၾကားဓာတ္ပါဝင္ပမာဏနည္းပါးျခင္း (hypoglycemia) ကို ျဖစ္ေစပါတယ္။

အိႏိၵယႏုိင္ငံမွာ ဒီေရာဂါျဖစ္ေစတဲ့ အေၾကာင္းအရင္း ရွာေဖြေတြ႔ရိွျပီးေနာက္ က်န္းမာေရးအရာရိွေတြဟာ ကေလးေတြကို ညေန အစားအစာအျပည့္ေကြ်းျပီး လိုင္ခ်ီးစားေလ်ာ့စားေစဖုိ႔ မိဘေတြကို အၾကံျပဳခဲ့ပါတယ္။ အဲဒီအခ်ိန္ကစျပီး ဒီျပသနာေတြ ေလ်ာ့နည္းသြားခဲ့ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit;trend myanmar

#Unicode Version

အမည်မသိရောဂါတစ်ခုက အိန္ဒိယနိုင်ငံ Muzzafarpur မြို့နေ ဆင်းရဲသားကလေးတွေကို နှစ်စဉ်နှစ်တိုင်း ကပ်ဘေးဆိုက်ရောက်စေခဲ့ပါတယ်။ Bihar ဒေသက ကလေးငယ် ၁၀၀ ထက်မနည်းဟာ ရုတ်တရက်ဦးနှောက်ထိခိုက်မှုနဲ့ အသိစိတ်ကင်းလွတ်မှုစတဲ့ နားလည်ရခက်တဲ့ရောဂါကို ခံစားခဲ့ကြရပါတယ်။ အဲဒီကလေးငယ်တွေထဲက ၃ပုံ ၁ပုံ ဟာ သေလုမျောပါး ဖြစ်ခဲ့ကြရတာပါ။

ဒီလျို့ဝှက်ဆန်းကြယ်တဲ့ ရောဂါဖြစ်ပွားရခြင်း အကြောင်းအရင်းကို သုသေသီတွေ ဖော်ထုတ်ပြီး ဗိုက်ထဲ အစာမရှိဘဲ လိုင်ချီးသီးအလွန်အကျွံစားသုုံးခြင်းကြောင့်လို့ အတိအကျပြောဆိုခဲ့ပါတယ်။ လိုင်ချီးမှာ သွေးထဲ သကြားဓာတ်ပါဝင်မှုပမာဏ လျော့နည်းစေနိုင်တဲ့ အမိုင်နိုအက်ဆစ်ပါဝင်ပြီး အစာအိမ်အတွင်း အစာမရှိဘဲ သူ့ကိုစားတဲ့အခါ သွေးတွင်း သကြားဓာတ်ပါဝင်ပမာဏနည်းပါးခြင်း (hypoglycemia) ကို ဖြစ်စေပါတယ်။

အိန္ဒိယနိုင်ငံမှာ ဒီရောဂါဖြစ်စေတဲ့ အကြောင်းအရင်း ရှာဖွေတွေ့ရှိပြီးနောက် ကျန်းမာရေးအရာရှိတွေဟာ ကလေးတွေကို ညနေ အစားအစာအပြည့်ကျွေးပြီး လိုင်ချီးစားလျော့စားစေဖို့ မိဘတွေကို အကြံပြုခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဒီပြသနာတွေ လျော့နည်းသွားခဲ့ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit;trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top