iMyanmarHouse.com - Best Property Website for Myanmar
×

မွဲ႔ေျခာက္ေတြရွိလို႔ အျပင္ထြက္ခါနီးတိုင္း မိတ္ကပ္နဲ႔ သနပ္ခါးထူထူေတြ ဖံုးကာ လိမ္းေနရတာကို စိတ္ညစ္ေနၿပီဆိုရင္ မွဲ႔ေျခာက္ေတြ အေရာင္ေဖ်ာ့ကာ ေလ်ာ့နည္းသြားေအာင္ လုပ္ေဆာာင္သင့္တဲ့ နည္းလမ္းေကာင္းေလးေတြ ေဖာ္ျပေပးလိုက္ပါတယ္။
မွဲ႔ေျခာက္ျဖစ္ေပၚရတဲ့ အဓိက အေၾကာင္းအရင္းကေတာ့ ေနေရာင္ျခည္ဒဏ္ေၾကာင့္ပါ။ ေနပူထဲ သြားလာတဲ့အခါ မ်က္ႏွာကို ေနေရာင္ျခည္တိုက္ရိုက္ မသက္ေရာက္ေအာင္ ထီး၊ ဦးထုပ္တို႔ ေဆာင္းသင့္ပါတယ္။ ေနေရာင္ျခည္မ်ားမ်ား ထိေတြ႔တဲ့မ်က္ႏွာမွာ မဲွ႔ေျခာက္အမ်ားဆံုး ရွိေနတတ္ပါတယ္။ ဒါ့ေၾကာင့္ေနေရာင္ျခည္ မထိေအာင္ ဂရုစိုက္ရပါမယ္။

ငွက္ေပ်ာသီးအခြံ

ဒါကေတာ့ မွဲ႔ေျခာက္ေတြ ေလ်ာ့နည္းေပ်ာက္ကင္းေစမယ့္ အေကာင္းဆံုးနည္းလမ္းတစ္ခု ျဖစ္ပါတယ္။ မ်က္ႏွာကို ေရေအးေအးနဲ႔ စင္ၾကယ္ေအာင္ ေသခ်ာေလး မ်က္ႏွာသစ္ေပးပါ။ ၿပီးရင္ေတာ့ ငွက္ေပ်ာသီးရဲ႕ အခြံမွာရွိတဲ့ အျဖဴေရာင္အသားေလးေတြ မွဲ႔ေျခာက္ရွိတဲ့ေနရာကို ပြတ္တိုက္ေပးပါ။ ကပ္ထားေပးလည္းရပါတယ္။ ညအိပ္ခါနီးလုပ္မယ္ဆိုရင္ေတာ့ မ်က္ႏွာျပန္မသစ္ဘဲ လိမ္းထားတဲ့အတိုင္းအိပ္ေပးပါ။ တပတ္ကို (၃) ႀကိမ္ေလာက္ လုပ္တဲ့အခါ သိသိသာသာ မွဲ႔ေျခာက္အေရာင္ ေဖ်ာ့လာကာ တျဖည္းျဖည္း ေလ်ာ့နည္းေပ်ာက္ကင္းလာတာ ေတြ႔ရပါလိမ့္မယ္။

စေတာ္ဘယ္ရီသီး

စေတာ္ဘယ္ရီသီးကို အျပားအခ်ပ္ေလးေတြ ပါးပါးလွီးၿပီး မွဲ႔ေျခာက္ရွိတဲ့ ေနရာမွာ ကပ္ထားေပးပါ။ (၁၀) မိနစ္ေလာက္ၾကာေအာင္ ကပ္ထားေပးပါ။ မ်က္ႏွာသစ္ဆပ္ျပာ မသံုးဘဲ မ်က္ႏွာသစ္ေပးပါ။ မွဲ႔ေျခာက္ေတြ ေပ်ာက္ကင္းေစတာမို႔ မ်က္ႏွာေလး ျဖဴစင္ေခ်ာေမြ႔ေနေတာ့မွာ အေသအခ်ာပါပဲ။

ၾကက္သြန္ျဖဴ



ၾကက္သြန္ျဖဴကေတာ့ ထိခိုက္လြယ္၊ယားယံတတ္တဲ့ မ်က္ႏွာအသားအေရ ပိုင္ရွင္ေတြ မသံုးသင့္ပါဘူး။ မိမိရဲ႕ မ်က္ႏွာအသားအေရက ပံုမွန္အတိုင္း အဆင္ေျပတယ္ဆိုရင္ေတာ့ ၾကက္သြန္ျဖဴနဲ႔ မွဲ႔ေျခာက္ ေပ်ာက္ကင္းေအာင္ ျပဳလုပ္လို႔ ရပါတယ္။ ၾကက္သြန္ျဖဴကို အလယ္ကေန ျခမ္းလိုက္ရင္ အရည္ၾကည္ေလးေတြ ထြက္လာပါလိမ့္မယ္။ အဲဒီအရည္ၾကည္ေလးေတြကို မွဲ႔ေျခာက္ရွိတဲ့ေနရာကိုသာ အတိအက် သုတ္လိမ္းေပးပါ။ (၁၀) မိနစ္ၾကာေအာင္ ထားေပးပါ။ ၿပီးရင္ေတာ့ ေရေအးေအးနဲ႔ မ်က္ႏွာသစ္ေပးပါ( စပ္တာေတြ၊ နီရဲလာတာေတြရွိရင္ေတာ့ ခ်က္ခ်င္းမ်က္ႏွာသစ္ေပးပါ)။ မွဲ႔ေျခာက္ေတြ အျမန္ဆံုး ေပ်ာက္ကင္းေစႏိုင္မယ့္ အေကာင္းဆံုးနည္းလမ္း ျဖစ္ပါတယ္။


Credit : momolay

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မှဲ့ခြောက်တွေရှိလို့ အပြင်ထွက်ခါနီးတိုင်း မိတ်ကပ်နဲ့ သနပ်ခါးထူထူတွေ ဖုံးကာ လိမ်းနေရတာကို စိတ်ညစ်နေပြီဆိုရင် မှဲ့ခြောက်တွေ အရောင်ဖျော့ကာ လျော့နည်းသွားအောင် လုပ်ဆောာင်သင့်တဲ့ နည်းလမ်းကောင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
မှဲ့ခြောက်ဖြစ်ပေါ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ နေရောင်ခြည်ဒဏ်ကြောင့်ပါ။ နေပူထဲ သွားလာတဲ့အခါ မျက်နှာကို နေရောင်ခြည်တိုက်ရိုက် မသက်ရောက်အောင် ထီး၊ ဦးထုပ်တို့ ဆောင်းသင့်ပါတယ်။ နေရောင်ခြည်များများ ထိတွေ့တဲ့မျက်နှာမှာ မဲှ့ခြောက်အများဆုံး ရှိနေတတ်ပါတယ်။ ဒါ့ကြောင့်နေရောင်ခြည် မထိအောင် ဂရုစိုက်ရပါမယ်။

ငှက်ပျောသီးအခွံ

ဒါကတော့ မှဲ့ခြောက်တွေ လျော့နည်းပျောက်ကင်းစေမယ့် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မျက်နှာကို ရေအေးအေးနဲ့ စင်ကြယ်အောင် သေချာလေး မျက်နှာသစ်ပေးပါ။ ပြီးရင်တော့ ငှက်ပျောသီးရဲ့ အခွံမှာရှိတဲ့ အဖြူရောင်အသားလေးတွေ မှဲ့ခြောက်ရှိတဲ့နေရာကို ပွတ်တိုက်ပေးပါ။ ကပ်ထားပေးလည်းရပါတယ်။ ညအိပ်ခါနီးလုပ်မယ်ဆိုရင်တော့ မျက်နှာပြန်မသစ်ဘဲ လိမ်းထားတဲ့အတိုင်းအိပ်ပေးပါ။ တပတ်ကို (၃) ကြိမ်လောက် လုပ်တဲ့အခါ သိသိသာသာ မှဲ့ခြောက်အရောင် ဖျော့လာကာ တဖြည်းဖြည်း လျော့နည်းပျောက်ကင်းလာတာ တွေ့ရပါလိမ့်မယ်။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးကို အပြားအချပ်လေးတွေ ပါးပါးလှီးပြီး မှဲ့ခြောက်ရှိတဲ့ နေရာမှာ ကပ်ထားပေးပါ။ (၁၀) မိနစ်လောက်ကြာအောင် ကပ်ထားပေးပါ။ မျက်နှာသစ်ဆပ်ပြာ မသုံးဘဲ မျက်နှာသစ်ပေးပါ။ မှဲ့ခြောက်တွေ ပျောက်ကင်းစေတာမို့ မျက်နှာလေး ဖြူစင်ချောမွေ့နေတော့မှာ အသေအချာပါပဲ။

ကြက်သွန်ဖြူ



ကြက်သွန်ဖြူကတော့ ထိခိုက်လွယ်၊ယားယံတတ်တဲ့ မျက်နှာအသားအရေ ပိုင်ရှင်တွေ မသုံးသင့်ပါဘူး။ မိမိရဲ့ မျက်နှာအသားအရေက ပုံမှန်အတိုင်း အဆင်ပြေတယ်ဆိုရင်တော့ ကြက်သွန်ဖြူနဲ့ မှဲ့ခြောက် ပျောက်ကင်းအောင် ပြုလုပ်လို့ ရပါတယ်။ ကြက်သွန်ဖြူကို အလယ်ကနေ ခြမ်းလိုက်ရင် အရည်ကြည်လေးတွေ ထွက်လာပါလိမ့်မယ်။ အဲဒီအရည်ကြည်လေးတွေကို မှဲ့ခြောက်ရှိတဲ့နေရာကိုသာ အတိအကျ သုတ်လိမ်းပေးပါ။ (၁၀) မိနစ်ကြာအောင် ထားပေးပါ။ ပြီးရင်တော့ ရေအေးအေးနဲ့ မျက်နှာသစ်ပေးပါ( စပ်တာတွေ၊ နီရဲလာတာတွေရှိရင်တော့ ချက်ချင်းမျက်နှာသစ်ပေးပါ)။ မှဲ့ခြောက်တွေ အမြန်ဆုံး ပျောက်ကင်းစေနိုင်မယ့် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။


Credit : momolay



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top