iMyanmarHouse.com - Best Property Website for Myanmar
×

ပု၀ါပါးနဲ႔ ၾကက္‌သားထုပ္‌‌ေတာ့ စြန္‌းတတ္‌တယ္‌။ တစ္‌ရြာသားနဲ႔ ရည္‌းစားလုပ္‌‌ေတာ့ လြမ္‌းတတ္‌တယ္‌။` ဆိုတဲ့ ဆိုရိုးစကား‌ေလးကို ဖတ္‌မိ‌တဲ့အခါ ‌ေ႐ွးယခင္‌က လမ္‌းပန္‌းဆက္‌သြယ္‌‌ေရး ခက္‌ခဲမႇဳအ‌ေၾကာင္‌း တ‌ေစ့တ‌ေစာင္‌းကို ျမင္‌‌ေယာင္‌မိပါတယ္။ ယခုအခ်ိန္အခါမွာေတာ့ ‌ေျပာင္‌းလဲလာ‌တဲ့ ‌ေခတ္‌စနစ္‌ႏွင္‌့အညီ လမ္‌းပန္‌းဆက္‌သြယ္‌သြားလာ‌ေရးမွာ အဆင္‌‌ေျပလြယ္‌ကူလာခဲ့ပါျပီ ။ ျပည္‌တြင္‌းခရီးစဥ္‌ သာမက ျပည္‌ပခရီးစဥ္‌ပါ သက္‌‌ေတာင္‌့သက္‌သာ လြယ္‌ကူစြာ သြားလာႏိုင္‌ၿပီျဖစ္‌ပါတယ္။

အဲ့ဒါေၾကာင့္ ခရီးသြားလာျခင္‌းကို ၀ါသနာထံုသူေတြအဖို႔ အခ်ိန္‌ရာသီမ‌ေရြး သြားလာလည္‌ပတ္‌ႏိုင္‌ၾကျပီေပါ့ ။ လြန္‌ခဲ့‌ေသာ အပတ္‌က ကြ်န္‌မ အစ္‌ကိုနဲ႕ အစ္‌မ မိသားစုက သူတို႔နဲ႕ျပင္‌ဦးလြင္‌ကို ခရီးထြက္‌ဖို႕ ေခၚခ့ဲပါတယ္ ။ ကြ်န္‌မက အလုပ္‌တစ္‌ဖက္‌ျဖစ္‌‌ေနတာေၾကာင့္ ခြင္‌့ရက္‌႐ွည္‌ ယူဖို႕မလြယ္‌တဲ့အတြက္ လုိက္မသြားျဖစ္ခဲ့ပါဘူး။ ကြ်န္‌မ အစ္‌ကိုတို႔က‌ေတာ့ ခရီးစဥ္‌အ‌ေၾကာင္‌း ၀မ္‌းသာအားရ အစီစဥ္‌ဆြဲ‌ေနၾကတာေပါ့ေလ။ ျပင္‌ဦးလြင္‌မွာ ‌ေလးရက္‌‌ေလာက္‌‌ေနျပီး အျပန္‌မွာ မႏၱ‌ေလးသို႔ ၀င္‌ကာ လည္‌ပတ္‌မယ့္ အ‌ေၾကာင္‌းလည္‌း ေျပာၾကေသးတာ ။ မႏၱ‌ေလးလို႕ဆိုမွ ကြ်န္‌မ တစ္‌ခုသြားသတိရမိတာက မႏၱ‌ေလး ‌ေရႊစာရံဘုရား‌ေဘးက နား‌ေတာင္‌းက်‌ေခ်ာင္‌း။ အဲ့ဒီခ်ာင္‌းအနီးမွာ ေစာမြန္‌လွ ရင္‌ကြဲက်ျပီး ေသဆံုးခဲ့တာေၾကာင့္ အဲ့ဒီေနရာကို ခ်စ္‌သူစံုတြဲေတြ အတူတကြ သြားခဲ့မယ္ဆုိရင္ ကြဲတတ္‌တယ္လို႕ ေ႐ွးလဴႀကီးေတြက ‌ေျပာတာမွတ္သားခဲ့ဖူးပါတယ္။  အဲ့ေနရာလိုပဲ အျခား‌ေနရာမ်ားေတြလည္း ႐ွိပါ‌ေသးတယ္။

၁. ပန္‌ထြာမင္‌းသမီးရဲ႕ ဗိသန္ိုးၿမိဳ႕‌ေဟါင္‌းတစ္‌‌ေနရာ။

၂.လြိဳင္‌‌ေကာ္‌ၿမိဳ႕ ‌ေတာင္‌ကြဲ‌ေတာင္‌‌ေပၚ ။

၃.သန္‌လ်င္‌ၿမိဳ႕က ႐ွင္‌‌ေမြ့ႏြမ္‌းကုန္‌းႏွင္‌့ လြမ္‌း‌ေစတီဘုရား‌ေဘး။

၄.သု၀ဏၰဘဴမိ သထံုၿမိဳ႕‌ေဟာင္‌း ၿမိဳ႕‌ေတာ္‌၀န္ရဲ႕သမီးက မိမိ၏ခ်စ္‌သူ လူစြမ္‌း‌ေကာင္‌းဗ်က္‌၀ိအား အထင္‌မွားကာ ကြမ္‌းတစ္‌ယာ‌ေရတစ္‌မွဳတ္‌‌ေပးျပီး ကားစင္‌ဓားတင္‌ သတ္‌ခဲ့ရာ လူသတ္‌ကုန္‌း ။
အစ႐ွိ‌တ့ဲေနရာေတြကလည္‌း ‌ ခ်စ္‌သူႏွစ္‌ဦးအတူတကြ မသြားသင္‌့‌တဲ့ေနရာေတြ ျဖစ္တယ္လို႕ၾကားဖူးပါတယ္။ ဒီေနရာမ်ားကို ခ်စ္သူနဲ႕ အတူတကြ သြားခဲ့မယ္ဆုိရင္ ႐ွင္‌ကြဲ‌ေသာ္‌လည္‌း‌ေကာင္‌း ‌ေသကြဲ‌ေသာ္‌လည္‌း‌ေကာင္‌း ကြဲရတတ္‌လို႕ ဆိုၾကပါတယ္ ။

'ပိ‌ေရဟိ ၀္ိပၸ‌ေယာ‌ေဂါ ဒု‌ေကၡာ '
'ခ်စ္‌ခင္‌ႏွစ္‌သက္‌‌ေသာ သတၱ၀ါ သခၤာရတို႔ႏွင္‌့ ‌ကင္‌းကြာဖဲၾကဥ္‌ မ‌ေပါင္‌းယွဥ္‌ရျခင္‌းသည္‌ ဒုကၡမည္‌ပါ‌ေပ၏' လို႕ ဓမၼစၾကာတရား‌ေတာ္‌မွာ ပါ႐ွိသည္‌့အတိုင္‌း ပုထုဇဥ္‌ ဟူသမွ်ဟာ မိမိခ်စ္‌ျမတ္‌ႏိုး‌သူေတြနဲ႕ မခဲြခြာလိုၾကတာဟာ သဘာ၀ပင္‌ျဖစ္‌ပါတယ္ ။ ဒါ့ေၾကာင့္ဘာရယ္‌မဟုတ္‌‌ေသာ အ‌ေသးအဖြဲ႔ကိစၥ‌ေလးမ်ားကအစ သတိျပဳသင္‌့တယ္လို႕ ထင္ျမင္ယူဆတာေၾကာင့္ ခုလိုေရးသားလိုက္ရျခင္းပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Verison

ပုဝါပါးနဲ့ ကြက်‌သားထုပ်‌‌တော့ စွန်‌းတတ်‌တယ်‌။ တစ်‌ရွာသားနဲ့ ရည်‌းစားလုပ်‌‌တော့ လွမ်‌းတတ်‌တယ်‌။` ဆိုတဲ့ ဆိုရိုးစကား‌လေးကို ဖတ်‌မိ‌တဲ့အခါ ‌ရှေးယခင်‌က လမ်‌းပန်‌းဆက်‌သွယ်‌‌ရေး ခက်‌ခဲမှုအ‌ကြောင်‌း တ‌စေ့တ‌စောင်‌းကို မြင်‌‌ယောင်‌မိပါတယ်။ ယခုအချိန်အခါမှာတော့ ‌ပြောင်‌းလဲလာ‌တဲ့ ‌ခေတ်‌စနစ်‌နှင်‌့အညီ လမ်‌းပန်‌းဆက်‌သွယ်‌သွားလာ‌ရေးမှာ အဆင်‌‌ပြေလွယ်‌ကူလာခဲ့ပါပြီ ။ ပြည်‌တွင်‌းခရီးစဉ်‌ သာမက ပြည်‌ပခရီးစဉ်‌ပါ သက်‌‌တောင်‌့သက်‌သာ လွယ်‌ကူစွာ သွားလာနိုင်‌ပြီဖြစ်‌ပါတယ်။

အဲ့ဒါကြောင့် ခရီးသွားလာခြင်‌းကို ဝါသနာထုံသူတွေအဖို့ အချိန်‌ရာသီမ‌ရွေး သွားလာလည်‌ပတ်‌နိုင်‌ကြပြီပေါ့ ။ လွန်‌ခဲ့‌သော အပတ်‌က ကျွန်‌မ အစ်‌ကိုနဲ့ အစ်‌မ မိသားစုက သူတို့နဲ့ပြင်‌ဦးလွင်‌ကို ခရီးထွက်‌ဖို့ ခေါ်ခဲ့ပါတယ် ။ ကျွန်‌မက အလုပ်‌တစ်‌ဖက်‌ဖြစ်‌‌နေတာကြောင့် ခွင်‌့ရက်‌ရှည်‌ ယူဖို့မလွယ်‌တဲ့အတွက် လိုက်မသွားဖြစ်ခဲ့ပါဘူး။ ကျွန်‌မ အစ်‌ကိုတို့က‌တော့ ခရီးစဉ်‌အ‌ကြောင်‌း ဝမ်‌းသာအားရ အစီစဉ်‌ဆွဲ‌နေကြတာပေါ့လေ။ ပြင်‌ဦးလွင်‌မှာ ‌လေးရက်‌‌လောက်‌‌နေပြီး အပြန်‌မှာ မန္တ‌လေးသို့ ဝင်‌ကာ လည်‌ပတ်‌မယ့် အ‌ကြောင်‌းလည်‌း ပြောကြသေးတာ ။ မန္တ‌လေးလို့ဆိုမှ ကျွန်‌မ တစ်‌ခုသွားသတိရမိတာက မန္တ‌လေး ‌ရွှေစာရံဘုရား‌ဘေးက နား‌တောင်‌းကျ‌ချောင်‌း။ အဲ့ဒီချာင်‌းအနီးမှာ စောမွန်‌လှ ရင်‌ကွဲကျပြီး သေဆုံးခဲ့တာကြောင့် အဲ့ဒီနေရာကို ချစ်‌သူစုံတွဲတွေ အတူတကွ သွားခဲ့မယ်ဆိုရင် ကွဲတတ်‌တယ်လို့ ရှေးလူကြီးတွေက ‌ပြောတာမှတ်သားခဲ့ဖူးပါတယ်။  အဲ့နေရာလိုပဲ အခြား‌နေရာများတွေလည်း ရှိပါ‌သေးတယ်။

၁. ပန်‌ထွာမင်‌းသမီးရဲ့ ဗိသနိုးမြို့‌ဟေါင်‌းတစ်‌‌နေရာ။

၂.လွိုင်‌‌ကော်‌မြို့ ‌တောင်‌ကွဲ‌တောင်‌‌ပေါ် ။

၃.သန်‌လျင်‌မြို့က ရှင်‌‌မွေ့နွမ်‌းကုန်‌းနှင်‌့ လွမ်‌း‌စေတီဘုရား‌ဘေး။

၄.သုဝဏ္ဏဘူမိ သထုံမြို့‌ဟောင်‌း မြို့‌တော်‌ဝန်ရဲ့သမီးက မိမိ၏ချစ်‌သူ လူစွမ်‌း‌ကောင်‌းဗျက်‌ဝိအား အထင်‌မှားကာ ကွမ်‌းတစ်‌ယာ‌ရေတစ်‌မှုတ်‌‌ပေးပြီး ကားစင်‌ဓားတင်‌ သတ်‌ခဲ့ရာ လူသတ်‌ကုန်‌း ။
အစရှိ‌တဲ့နေရာတွေကလည်‌း ‌ ချစ်‌သူနှစ်‌ဦးအတူတကွ မသွားသင်‌့‌တဲ့နေရာတွေ ဖြစ်တယ်လို့ကြားဖူးပါတယ်။ ဒီနေရာများကို ချစ်သူနဲ့ အတူတကွ သွားခဲ့မယ်ဆိုရင် ရှင်‌ကွဲ‌သော်‌လည်‌း‌ကောင်‌း ‌သေကွဲ‌သော်‌လည်‌း‌ကောင်‌း ကွဲရတတ်‌လို့ ဆိုကြပါတယ် ။

'ပိ‌ရေဟိ ဝိပ္ပ‌ယော‌ဂေါ ဒု‌က္ခော '
'ချစ်‌ခင်‌နှစ်‌သက်‌‌သော သတ္တဝါ သင်္ခာရတို့နှင်‌့ ‌ကင်‌းကွာဖဲကြဉ်‌ မ‌ပေါင်‌းယှဉ်‌ရခြင်‌းသည်‌ ဒုက္ခမည်‌ပါ‌ပေ၏' လို့ ဓမ္မစကြာတရား‌တော်‌မှာ ပါရှိသည်‌့အတိုင်‌း ပုထုဇဉ်‌ ဟူသမျှဟာ မိမိချစ်‌မြတ်‌နိုး‌သူတွေနဲ့ မခွဲခွာလိုကြတာဟာ သဘာဝပင်‌ဖြစ်‌ပါတယ် ။ ဒါ့ကြောင့်ဘာရယ်‌မဟုတ်‌‌သော အ‌သေးအဖွဲ့ကိစ္စ‌လေးများကအစ သတိပြုသင်‌့တယ်လို့ ထင်မြင်ယူဆတာကြောင့် ခုလိုရေးသားလိုက်ရခြင်းပါ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top