iMyanmarHouse.com - Best Property Website for Myanmar
×

စင္ကာပူမွာ ၾကမ္းပိုးေတြေသာင္းက်န္းလွတယ္လို႔ နာမည္ႀကီးေနတာၾကာပါၿပီ။ ၾကမ္းပိုးဆိုတာ နီညိဳေရာင္ အင္းဆက္ပိုးငယ္ေလးေတြျဖစ္ၿပီး ညအိပ္ခ်ိန္မွာ လူ႔ထံမွေသြးကို အစာအျဖစ္ စုပ္ယူထား
ပါတယ္။ သူတို႔ေလးေတြ ခိုေအာင္းေလ့ရွိတဲ့ေနရာေတြကေတာ့ ေမြ႕ရာအေခါက္ေတြၾကား၊ အိမ္ေထာင္ပရိေဘာဂမ်ား၊ ကုလားထိုင္အၾကားေတြ၊ အစပ္ေတြမွာႏွင့္ သစ္သားျပားေတြရဲ႕ေအာက္ေတြ
စတဲ့အစပ္အၾကားေတြရဲ႕ေအာက္ေတြစတဲ့အစပ္အၾကားေတြမွာ ျဖစ္တယ္။မ်ားလာရင္ ေစာင္၊ ျခင္ေထာင္
ေထာင့္ေတြထဲလည္း ေတြ႕ရမွာျဖစ္သလို သူတို႔စုပ္တဲ့ေသြးနဲ႔ စြန္႔ပစ္တဲ့အညစ္အေၾကးေတြကိုလည္း အိပ္ရာ၊ ေစာင္၊ ျခင္ေထာင္တို႔မွာ စိတ္႐ႈပ္ေထြးစရာေတြ႕ရမွာျဖစ္တယ္။ လူ႔ထံမွ ေသြးစုပ္ယူတဲ့အခါ သူတို႔တံေတြးထဲမွာ ထံုေဆးကဲ့သို႔ေသာ ပစၥည္းပါတဲ့အတြက္လူ႕အေရျပားကို ထံုသြားၿပီး စုပ္ယူႏုိင္လို႔ လူကမနာလိုက္ေတာ့ ၾကမ္းပိုးကိုက္ေနမွန္း မသိလိုက္ပါဘုး။ ဒါေပမယ့္ အဲဒီၾကမ္းပိုးရဲ႕ တံေတြးထဲမွာ
 ေသြးမခဲေစတဲ့ (ေသြးက်ဲေစတဲ့)ပစၥည္းတစ္မ်ဳိးပါ၀င္ၿပီး ၎ဓာတ္က လူ႕အေရျပားကို ဓာတ္မတည့္
 ျဖစ္ေစတဲ့အတြက္ ၾကမ္းပိုးကိုက္ၿပီးရင္ အဖုအပိမ့္ႀကီး ထြက္လာေတာ့တာေပါ့။ ထိုဓာတ္မတည့္မႈက ပုဂၢိဳလ္တစ္ဦး ခ်င္းဆိုင္ရာခုခံတံု႔ျပန္မႈကဲ့သို႔ေသာ အခ်က္အလက္မ်ားစြာေပၚမူတည္၍ အေသးအဖြဲ႕ သို႔မဟုတ္ ဆိုးဆိုး၀ါး၀ါး ျဖစ္လာႏုိင္တယ္။

 အေရျပားယားယံျခင္း၊ အနီေရာင္ဖုထလာျခင္း သို႔မဟုတ္ မီးေလာင္ဖုလို ထလာတတ္ပါတယ္။ မ်က္ႏွာ၊ လည္ပင္း၊ ကုတ္သား၊ လက္ေတြ၊ ေျခေထာက္ေတြစတဲ့ ၾကမ္းပိုးအကိုက္ခံရတဲ့ေနရာေတြမွာ
 ေပၚလာတတ္ပါတယ္။ ၾကမ္းပိုးအကိုက္ခံရတဲ့ေနရာေတြမ်ားလာရင္ ဆိုး၀ါးလာပါက တစ္ကိုယ္လံုး
ဖုေတြခ်ည္းေတြ႕ရတတ္ပါတယ္။ ယားလို႔ကုတ္၊ ကုတ္ေတာ့ အေရျပားကိုျခစ္မိၿပီး ေသြးေတာင္
ထြက္တတ္တယ္။ အနာေပ်ာက္သြားတာေတာင္ အမာရြတ္မဲမဲေလးေတြအျဖစ္ က်န္ရစ္ခဲ့ပါတယ္။ လက္သည္းနဲ႔ကုတ္လို႔အေရျပားေတြၿပဲလန္လာတဲ့အခါ မသန္႔ရွင္းမႈေၾကာင့္ ပိုး၀င္တတ္ပါေသးတယ္။ တစ္ခါတစ္ရံ အနာက်က္ရန္ အေတာ္ေစာင့္ရပါတယ္။အဲဒီလိုရက္ၾကာလာရင္ေတာ့အေရျပားဆရာ၀န္ဆီ
 သြားရေတာ့တာပါပဲ။ နယ္ေဒသေတြမွာေတာ့ ေလေကာင္းေလသန္႔ရ၊ ေနရာကလည္း က်ယ္က်ယ္
၀န္း၀န္းရွိေတာ့ ေနပူထဲမွာ ကုတင္ပ်ဥ္ခ်ပ္ေတြ၊ ေစာင္၊ ျခင္ေထာင္ေတြ၊ ကုလားထိုင္ေတြကို တစ္ေန ကုန္ထုတ္လွမ္းေလ့ရွိတယ္။ ေနတအားပူရင္ ၾကမ္းပိုးေတြလည္း တရြရြထြက္ေျပးၾကတာပဲ။ ဒါေပမယ့္ အရိပ္ရွိတဲ့ အိမ္ထဲျပန္၀င္ခိုေတာ့တာပါပဲ။ ဒါနဲ႔ သံသရာမဆံုးႏုိင္ေပါ့။

 ဆရာ၀န္ဆီ ေဆးခန္းသြားျပရင္ဆရာ၀န္က ခရင္မ္လိမ္းေဆးေတြ၊အယားေပ်ာက္ေဆး၊စားေဆးေတြနဲ႔
အျခားအေရျပားအတြက္ လိုတဲ့ေဆး၀ါးေတြေပးၾကပါတယ္။ ပဋီဇီ၀လိမ္းေဆးသို႔မဟုတ္ ေသာက္ေဆး
ေတြလည္း အေရျပားကူးစက္ပိုးအတြက္ လိမ္းၾက သို႔မဟုတ္ ေသာက္ၾကရပါေသးတယ္။

အေကာင္းဆံုးကေတာ့ ၾကမ္းပိုးအကိုက္ခံရရင္ မကုတ္လိုက္ပါနဲ႔။ ခပ္ဖြဖြေလး ပြတ္သပ္ေပး႐ံုအယားေျဖ
လိုက္ပါ။ အဲဒီလိုမကုတ္မျခစ္ဘဲေအာင့္ေနလိုက္ျခင္းက အေရျပားမွာအမာရြတ္ျဖစ္တာတို႔ အမဲအစက္
အေျပာက္ေတြ ထင္က်န္ရစ္ခဲ့တာတို႔ကို ႀကိဳတင္ကာကြယ္လိုက္တာပါပဲ။ ဒီ့ျပင္ အမာရြတ္အျဖစ္ က်န္ရစ္တာလည္း နည္းပါးေစတယ္။


အကယ္၍ အမဲအစက္အေျပာက္ေတြ က်န္ရစ္ခဲ့တယ္ဆိုရင္ေတာ့ ဘာေတြလိမ္းေပးသင့္သလဲဆိုရင္ Sun Screen တို႔၊ အသားျဖဴေဆးပါတဲ့ခရင္မ္ေတြ (အထူးသျဖင့္  hydroquinone ဟိုက္ၿဒိဳကြီႏုန္းလို tretinoin ထရက္တီႏုန္းပါတဲ့ခရင္မ္မ်ား) လိမ္းေပးႏုိင္ပါတယ္လို႔ အေရျပားဆရာ၀န္ေတြက အႀကံျပဳေပးခဲ့ပါတယ္။ ဒီ့ျပင္ ေလဆာေရာင္ျခည္နဲ႔ အစက္အေျပာက္ေတြကို ေပ်ာက္ေအာင္ေဖ်ာက္လို့ရ
 ပါတယ္လို႔လည္း ရွင္းျပခဲ့ပါတယ္။အမွန္ေတာ့ၾကာၾကာေစာင့္ေပးႏုိင္ရင္အမာရြတ္ေတြကသူ႕ဘာသာသူ
 အလိုလိုေမွးမွိန္သြားမွာပါ။ဒါလည္း ေငြမကုန္၊ဓာတုပစၥည္းမလိုတဲ့အခ်ိန္ဆိုတဲ့သဘာ၀ကုထံုးတစ္ခုပါပဲလို႔
မွတ္ယူႏုိင္ပါတယ္။


အမွန္ေတာ့ ၾကမ္းပိုးကိုက္လို႔လူ႔တစ္ကိုယ္လံုး ယားယံၿပီး အနာေတြျဖစ္၊ဒဏ္ရာေတြက်န္၊အမာရြတ္ေတြ
 ျဖစ္တာကိုမျဖစ္ပြားမခံစားႏုိင္ရင္ေတာ့ အင္းဆက္သတၱ၀ါေတြကို ႏွိမ္နင္းေပးမယ့္ပိုးသတ္ေဆး၀ါးမ်ားနဲ႔
 ၾကမ္းပိုး ဘယ္လိုသုတ္သင္ရမလဲဆိုတာ ပိုးသတ္ေဆးကုမၸဏီက ၀န္ထမ္းေတြနဲ႔တိုက္႐ိိုက္ေဆြးေႏြးၿပီး
 အကူအညီေတာင္းကာ ၾကမ္းပိုးတည္းဟူေသာ သတၱ၀ါေလးေတြကို ႏွိမ္နင္းႏုိင္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: ေဒါက္တာရည္ညႊန္႔ေမ(Health Digest Journal)


#Unicode Version
စင်ကာပူမှာ ကြမ်းပိုးတွေသောင်းကျန်းလှတယ်လို့ နာမည်ကြီးနေတာကြာပါပြီ။ ကြမ်းပိုးဆိုတာ နီညိုရောင် အင်းဆက်ပိုးငယ်လေးတွေဖြစ်ပြီး ညအိပ်ချိန်မှာ လူ့ထံမှသွေးကို အစာအဖြစ် စုပ်ယူထား
ပါတယ်။ သူတို့လေးတွေ ခိုအောင်းလေ့ရှိတဲ့နေရာတွေကတော့ မွေ့ရာအခေါက်တွေကြား၊ အိမ်ထောင်ပရိဘောဂများ၊ ကုလားထိုင်အကြားတွေ၊ အစပ်တွေမှာနှင့် သစ်သားပြားတွေရဲ့အောက်တွေ
စတဲ့အစပ်အကြားတွေရဲ့အောက်တွေစတဲ့အစပ်အကြားတွေမှာ ဖြစ်တယ်။များလာရင် စောင်၊ ခြင်ထောင်
ထောင့်တွေထဲလည်း တွေ့ရမှာဖြစ်သလို သူတို့စုပ်တဲ့သွေးနဲ့ စွန့်ပစ်တဲ့အညစ်အကြေးတွေကိုလည်း အိပ်ရာ၊ စောင်၊ ခြင်ထောင်တို့မှာ စိတ်ရှုပ်ထွေးစရာတွေ့ရမှာဖြစ်တယ်။ လူ့ထံမှ သွေးစုပ်ယူတဲ့အခါ သူတို့တံတွေးထဲမှာ ထုံဆေးကဲ့သို့သော ပစ္စည်းပါတဲ့အတွက်လူ့အရေပြားကို ထုံသွားပြီး စုပ်ယူနိုင်လို့ လူကမနာလိုက်တော့ ကြမ်းပိုးကိုက်နေမှန်း မသိလိုက်ပါဘုး။ ဒါပေမယ့် အဲဒီကြမ်းပိုးရဲ့ တံတွေးထဲမှာ
 သွေးမခဲစေတဲ့ (သွေးကျဲစေတဲ့)ပစ္စည်းတစ်မျိုးပါဝင်ပြီး ၎င်းဓာတ်က လူ့အရေပြားကို ဓာတ်မတည့်
 ဖြစ်စေတဲ့အတွက် ကြမ်းပိုးကိုက်ပြီးရင် အဖုအပိမ့်ကြီး ထွက်လာတော့တာပေါ့။ ထိုဓာတ်မတည့်မှုက ပုဂ္ဂိုလ်တစ်ဦး ချင်းဆိုင်ရာခုခံတုံ့ပြန်မှုကဲ့သို့သော အချက်အလက်များစွာပေါ်မူတည်၍ အသေးအဖွဲ့ သို့မဟုတ် ဆိုးဆိုးဝါးဝါး ဖြစ်လာနိုင်တယ်။

 အရေပြားယားယံခြင်း၊ အနီရောင်ဖုထလာခြင်း သို့မဟုတ် မီးလောင်ဖုလို ထလာတတ်ပါတယ်။ မျက်နှာ၊ လည်ပင်း၊ ကုတ်သား၊ လက်တွေ၊ ခြေထောက်တွေစတဲ့ ကြမ်းပိုးအကိုက်ခံရတဲ့နေရာတွေမှာ
 ပေါ်လာတတ်ပါတယ်။ ကြမ်းပိုးအကိုက်ခံရတဲ့နေရာတွေများလာရင် ဆိုးဝါးလာပါက တစ်ကိုယ်လုံး
ဖုတွေချည်းတွေ့ရတတ်ပါတယ်။ ယားလို့ကုတ်၊ ကုတ်တော့ အရေပြားကိုခြစ်မိပြီး သွေးတောင်
ထွက်တတ်တယ်။ အနာပျောက်သွားတာတောင် အမာရွတ်မဲမဲလေးတွေအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ လက်သည်းနဲ့ကုတ်လို့အရေပြားတွေပြဲလန်လာတဲ့အခါ မသန့်ရှင်းမှုကြောင့် ပိုးဝင်တတ်ပါသေးတယ်။ တစ်ခါတစ်ရံ အနာကျက်ရန် အတော်စောင့်ရပါတယ်။အဲဒီလိုရက်ကြာလာရင်တော့အရေပြားဆရာဝန်ဆီ
 သွားရတော့တာပါပဲ။ နယ်ဒေသတွေမှာတော့ လေကောင်းလေသန့်ရ၊ နေရာကလည်း ကျယ်ကျယ်
ဝန်းဝန်းရှိတော့ နေပူထဲမှာ ကုတင်ပျဉ်ချပ်တွေ၊ စောင်၊ ခြင်ထောင်တွေ၊ ကုလားထိုင်တွေကို တစ်နေ ကုန်ထုတ်လှမ်းလေ့ရှိတယ်။ နေတအားပူရင် ကြမ်းပိုးတွေလည်း တရွရွထွက်ပြေးကြတာပဲ။ ဒါပေမယ့် အရိပ်ရှိတဲ့ အိမ်ထဲပြန်ဝင်ခိုတော့တာပါပဲ။ ဒါနဲ့ သံသရာမဆုံးနိုင်ပေါ့။

 ဆရာဝန်ဆီ ဆေးခန်းသွားပြရင်ဆရာဝန်က ခရင်မ်လိမ်းဆေးတွေ၊အယားပျောက်ဆေး၊စားဆေးတွေနဲ့
အခြားအရေပြားအတွက် လိုတဲ့ဆေးဝါးတွေပေးကြပါတယ်။ ပဋီဇီဝလိမ်းဆေးသို့မဟုတ် သောက်ဆေး
တွေလည်း အရေပြားကူးစက်ပိုးအတွက် လိမ်းကြ သို့မဟုတ် သောက်ကြရပါသေးတယ်။

အကောင်းဆုံးကတော့ ကြမ်းပိုးအကိုက်ခံရရင် မကုတ်လိုက်ပါနဲ့။ ခပ်ဖွဖွလေး ပွတ်သပ်ပေးရုံအယားဖြေ
လိုက်ပါ။ အဲဒီလိုမကုတ်မခြစ်ဘဲအောင့်နေလိုက်ခြင်းက အရေပြားမှာအမာရွတ်ဖြစ်တာတို့ အမဲအစက်
အပြောက်တွေ ထင်ကျန်ရစ်ခဲ့တာတို့ကို ကြိုတင်ကာကွယ်လိုက်တာပါပဲ။ ဒီ့ပြင် အမာရွတ်အဖြစ် ကျန်ရစ်တာလည်း နည်းပါးစေတယ်။


အကယ်၍ အမဲအစက်အပြောက်တွေ ကျန်ရစ်ခဲ့တယ်ဆိုရင်တော့ ဘာတွေလိမ်းပေးသင့်သလဲဆိုရင် Sun Screen တို့၊ အသားဖြူဆေးပါတဲ့ခရင်မ်တွေ (အထူးသဖြင့်  hydroquinone ဟိုက်ဒြိုကွီနုန်းလို tretinoin ထရက်တီနုန်းပါတဲ့ခရင်မ်များ) လိမ်းပေးနိုင်ပါတယ်လို့ အရေပြားဆရာဝန်တွေက အကြံပြုပေးခဲ့ပါတယ်။ ဒီ့ပြင် လေဆာရောင်ခြည်နဲ့ အစက်အပြောက်တွေကို ပျောက်အောင်ဖျောက်လို့ရ
 ပါတယ်လို့လည်း ရှင်းပြခဲ့ပါတယ်။အမှန်တော့ကြာကြာစောင့်ပေးနိုင်ရင်အမာရွတ်တွေကသူ့ဘာသာသူ
 အလိုလိုမှေးမှိန်သွားမှာပါ။ဒါလည်း ငွေမကုန်၊ဓာတုပစ္စည်းမလိုတဲ့အချိန်ဆိုတဲ့သဘာဝကုထုံးတစ်ခုပါပဲလို့
မှတ်ယူနိုင်ပါတယ်။


အမှန်တော့ ကြမ်းပိုးကိုက်လို့လူ့တစ်ကိုယ်လုံး ယားယံပြီး အနာတွေဖြစ်၊ဒဏ်ရာတွေကျန်၊အမာရွတ်တွေ
 ဖြစ်တာကိုမဖြစ်ပွားမခံစားနိုင်ရင်တော့ အင်းဆက်သတ္တဝါတွေကို နှိမ်နင်းပေးမယ့်ပိုးသတ်ဆေးဝါးများနဲ့
 ကြမ်းပိုး ဘယ်လိုသုတ်သင်ရမလဲဆိုတာ ပိုးသတ်ဆေးကုမ္ပဏီက ဝန်ထမ်းတွေနဲ့တိုက်ရိုက်ဆွေးနွေးပြီး
 အကူအညီတောင်းကာ ကြမ်းပိုးတည်းဟူသော သတ္တဝါလေးတွေကို နှိမ်နင်းနိုင်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: ဒေါက်တာရည်ညွှန့်မေ(Health Digest Journal)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top