iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္းအလိုခ်င္ဆုံးအရာက ဘာလဲေျပာပါဆိုရင္ ေပ်ာ္ရႊင္မႈလို႔ ေျပာလို႔ ရပါတယ္။ အလုပ္လုပ္တယ္၊ စာႀကိဳးစားတယ္၊ မိဘစကားနားေထာင္တယ္ စသျဖင့္ လုပ္တဲ့အရာေတြ အားလံုးက ေပ်ာ္မယ္ထင္လို႔ လုပ္ၾကတဲ့အရာေတြပါ။ ဒီလိုပဲ။ ေပ်ာ္ရႊင္စိတ္ခ်မ္းသာေနတဲ့သူတစ္ေယာက္က သူ႔အလုပ္၊ မိသားစုနဲ႔ ကိုယ္ေရးကိုယ္တာ ကိစၥေတြမွာ ပိုၿပီး စြမ္းေဆာင္ႏိုင္ၾကပါတယ္။ ကဲ... မေပ်ာ္ေနတဲ့သူေတြေကာ၊ ေပ်ာ္ေနတဲ့သူေတြေကာ အတြက္ အၾကံေကာင္း (၄) ခုေပးခ်င္ပါတယ္။

(၁) တစ္ေယာက္ေယာက္အတြက္တစ္ခုခုေကာင္းတာ လုပ္ေပးလိုက္ပါ

အမ်ားအက်ိဳးေဆာင္ ကိုယ့္အက်ိဳးေအာင္တယ္ ဆိုသလိုပါပဲ။ တစ္စံုတစ္ေယာက္အတြက္ တစ္ခုခု ေကာင္းတာ၊ သူေပ်ာ္ေစမယ့္အရာတစ္ခုခုလုပ္ေပးလိုက္ပါ။ သူ႔ဆီက အေပ်ာ္ေတြ ကူးစက္လာၿပီး သင္ပါ စိတ္ခ်မ္းသာသြားပါလိမ့္မယ္။ အလွဴလုပ္တာ၊ မုန္႔ဝယ္ေကၽြးတာ၊ ကေလးေလးေတြကို စာသင္ေပးတာ၊ အကူအညီေပးတာ စသျဖင့္ ကိုယ္တတ္ႏိုင္တာေလးေတြကို တတ္ႏိုင္သေလာက္ လုပ္ေပးပါ။

 (၂) အားကစားတစ္ခုခုလုပ္ပါ

ကုိယ္လက္လႈပ္ရွားအားကစားလုပ္တာက သင့္ကို ေရရွည္လုပ္မွ အက်ိဳးရွိေစတဲ့အရာ မဟုတ္ပါဘူး။ အခုလုပ္ရင္ အခုခ်က္ခ်င္း အေညာင္းအညာေျပေစပါတယ္။ ခႏၶာကိုယ္ထဲမွာ ရွိတဲ့ မေကာင္းတဲ့ အညစ္အေၾကးေတြ၊ အေရျပားေအာက္မွာ ခိုေနတဲ့ ေခၽြးနဲ႔ အဆီေတြ ထြက္လာၿပီး အသားအေရကို ၾကည္လင္လာေစပါတယ္။ အားကစားပံုမွန္လုပ္တဲ့သူေတြကို ၾကည့္လိုက္ရင္ သူတို႔ အသားအေရက အၿမဲတမ္းေတာက္ပေနတတ္ပါတယ္။

(၃) ဦးေႏွာက္လာစားတဲ့သူေတြနဲ႔ မေနပါနဲ႔

 သင့္ကို စိတ္ရႈပ္ေစတ့ဲသူေတြနဲ႔ မေနပါနဲ႔။ သူငယ္ခ်င္းမိတ္ေဆြေတြကို ေရြးေပါင္းပါ။ ကိုယ္ေပါင္းစိတ္ခြာေပါင္းပါ လို႔ေျပာေပမယ့္ တစ္ခ်ိဳ႕လူေတြက ကိုယ္ပါေပါင္းလို႔ မရတာေတြရွိပါတယ္။ သူတို႔ေၾကာင့္ စိတ္ရႈပ္သြားရင္ အဲဒီ ရႈပ္တဲ့စိတ္ကို ျပန္ရွင္းရတာကလည္း အခ်ိန္ကုန္ပါတယ္။

 (၄) ကိုယ့္ကိုယ္ကိုယ္ ဆုခ်ပါ

 တစ္ခါတစ္ေလက်ေတာ့လည္း သူမ်ားေတြကို ထည့္စဥ္းစားအားနာရလြန္းလို႔ ကိုယ့္ဖာသာကိုယ္ ဘာလိုအပ္မွန္း၊ ဘာလိုခ်င္မွန္းေတာင္မသိေတာ့တဲ့အခ်ိန္ေတြ ရွိပါတယ္။ စားခ်င္တာဘာရွိလဲ၊ လုပ္ခ်င္တာ ဘာရွိလဲ ေမးခံရရင္ ရပါတယ္၊ မေျပာတတ္ဘူး၊ ခါတိုင္းစားေနက်ပဲစားရင္ေကာင္းမလား၊ မေတြးတတ္ဘူးေတြ ဘာေတြ ျဖစ္ကုန္ပါတယ္။ လူဆိုတာက ဘက္ထရီတစ္လံုးလိုပါပဲ။ အားကုန္မယ္ဆို အားျပန္ျဖည့္ရပါတယ္။ ဝါသနာပါတာေတြ ျပန္လုပ္ပါ။ ေဘာလံုးဝါသနာအိုးဆို ေဘာပဲြသြားၾကည့္ပါ။ အရမ္းေညာင္းေနရင္ အႏွိပ္သြားခံလိုက္ပါ။ အစကေတာ့ အင္း အဲနဲ႔ စဥ္းစားေနေပမယ့္ သြားၿပီးရင္ သိပ္ေက်နပ္ေနပါလိမ့္မယ္။

Credit : duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူတိုင်းအလိုချင်ဆုံးအရာက ဘာလဲပြောပါဆိုရင် ပျော်ရွှင်မှုလို့ ပြောလို့ ရပါတယ်။ အလုပ်လုပ်တယ်၊ စာကြိုးစားတယ်၊ မိဘစကားနားထောင်တယ် စသဖြင့် လုပ်တဲ့အရာတွေ အားလုံးက ပျော်မယ်ထင်လို့ လုပ်ကြတဲ့အရာတွေပါ။ ဒီလိုပဲ။ ပျော်ရွှင်စိတ်ချမ်းသာနေတဲ့သူတစ်ယောက်က သူ့အလုပ်၊ မိသားစုနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ ပိုပြီး စွမ်းဆောင်နိုင်ကြပါတယ်။ ကဲ... မပျော်နေတဲ့သူတွေကော၊ ပျော်နေတဲ့သူတွေကော အတွက် အကြံကောင်း (၄) ခုပေးချင်ပါတယ်။

(၁) တစ်ယောက်ယောက်အတွက်တစ်ခုခုကောင်းတာ လုပ်ပေးလိုက်ပါ

အများအကျိုးဆောင် ကိုယ့်အကျိုးအောင်တယ် ဆိုသလိုပါပဲ။ တစ်စုံတစ်ယောက်အတွက် တစ်ခုခု ကောင်းတာ၊ သူပျော်စေမယ့်အရာတစ်ခုခုလုပ်ပေးလိုက်ပါ။ သူ့ဆီက အပျော်တွေ ကူးစက်လာပြီး သင်ပါ စိတ်ချမ်းသာသွားပါလိမ့်မယ်။ အလှူလုပ်တာ၊ မုန့်ဝယ်ကျွေးတာ၊ ကလေးလေးတွေကို စာသင်ပေးတာ၊ အကူအညီပေးတာ စသဖြင့် ကိုယ်တတ်နိုင်တာလေးတွေကို တတ်နိုင်သလောက် လုပ်ပေးပါ။

 (၂) အားကစားတစ်ခုခုလုပ်ပါ

ကိုယ်လက်လှုပ်ရှားအားကစားလုပ်တာက သင့်ကို ရေရှည်လုပ်မှ အကျိုးရှိစေတဲ့အရာ မဟုတ်ပါဘူး။ အခုလုပ်ရင် အခုချက်ချင်း အညောင်းအညာပြေစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ မကောင်းတဲ့ အညစ်အကြေးတွေ၊ အရေပြားအောက်မှာ ခိုနေတဲ့ ချွေးနဲ့ အဆီတွေ ထွက်လာပြီး အသားအရေကို ကြည်လင်လာစေပါတယ်။ အားကစားပုံမှန်လုပ်တဲ့သူတွေကို ကြည့်လိုက်ရင် သူတို့ အသားအရေက အမြဲတမ်းတောက်ပနေတတ်ပါတယ်။

(၃) ဦးနှောက်လာစားတဲ့သူတွေနဲ့ မနေပါနဲ့

 သင့်ကို စိတ်ရှုပ်စေတဲ့သူတွေနဲ့ မနေပါနဲ့။ သူငယ်ချင်းမိတ်ဆွေတွေကို ရွေးပေါင်းပါ။ ကိုယ်ပေါင်းစိတ်ခွာပေါင်းပါ လို့ပြောပေမယ့် တစ်ချို့လူတွေက ကိုယ်ပါပေါင်းလို့ မရတာတွေရှိပါတယ်။ သူတို့ကြောင့် စိတ်ရှုပ်သွားရင် အဲဒီ ရှုပ်တဲ့စိတ်ကို ပြန်ရှင်းရတာကလည်း အချိန်ကုန်ပါတယ်။

 (၄) ကိုယ့်ကိုယ်ကိုယ် ဆုချပါ

 တစ်ခါတစ်လေကျတော့လည်း သူများတွေကို ထည့်စဉ်းစားအားနာရလွန်းလို့ ကိုယ့်ဖာသာကိုယ် ဘာလိုအပ်မှန်း၊ ဘာလိုချင်မှန်းတောင်မသိတော့တဲ့အချိန်တွေ ရှိပါတယ်။ စားချင်တာဘာရှိလဲ၊ လုပ်ချင်တာ ဘာရှိလဲ မေးခံရရင် ရပါတယ်၊ မပြောတတ်ဘူး၊ ခါတိုင်းစားနေကျပဲစားရင်ကောင်းမလား၊ မတွေးတတ်ဘူးတွေ ဘာတွေ ဖြစ်ကုန်ပါတယ်။ လူဆိုတာက ဘက်ထရီတစ်လုံးလိုပါပဲ။ အားကုန်မယ်ဆို အားပြန်ဖြည့်ရပါတယ်။ ဝါသနာပါတာတွေ ပြန်လုပ်ပါ။ ဘောလုံးဝါသနာအိုးဆို ဘောပွဲသွားကြည့်ပါ။ အရမ်းညောင်းနေရင် အနှိပ်သွားခံလိုက်ပါ။ အစကတော့ အင်း အဲနဲ့ စဉ်းစားနေပေမယ့် သွားပြီးရင် သိပ်ကျေနပ်နေပါလိမ့်မယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top