iMyanmarHouse.com - Best Property Website for Myanmar
×

ဒီေန႔ မနက္ခင္းကေတာ့ ေဆး႐ံုမွာ ေတာ္ေတာ္ေလးနဲ႕ ပ်ာယာခတ္ ဂာယက္႐ိုက္ၿပီး အလုပ္မ်ားတဲ့ မနက္ခင္းပါပဲ။ ဆရာ၀န္ေတြေကာ သူနာျပဳေတြပါ ဟိုေျပးဒီလႊားနဲ႕ တစ္ေယာက္မွ အနားမေနရပါဘူး။ အဲ့အခ်ိန္ သပ္ရပ္စြာ ၀တ္စားဆင္ယင္ထားတဲ့ အသက္ၾကီးၾကီး အဖိုးအိုတစ္ဦး ေဆး႐ံုကို ေရာက္လာခဲ့ပါတယ္။ အေၾကာင္းက သူ႕လက္မ မွာ ျဖစ္ေနတဲ့အနာကို ေဆးထည့္ဖို႕ပါ။   ေဆး႐ံုေရာက္ေရာက္ခ်င္း အဖိုးအုိဟာ ေနာက္ မိနစ္ ၃၀ ၾကာတဲ့အခါ သူ႕မွာ အေရးတၾကီး ခ်ိန္းထားတဲ့ ကိစၥေလးတစ္ခု သြားရမွာ ျဖစ္တဲ့အတြက္ သူ႕ကို ခပ္ျမန္ျမန္ေလး ကုသေပးဖို႕ ေျပာပါတယ္။ သိပ္မၾကာခင္မွာပဲ သူနာျပဳ တစ္ေယာက္ေရာက္လာၿပီး သူ႕အနာကို ေဆးထည့္ပတ္တီးစည္းေပးပါတယ္။ ေဆးထည့္ေပးေနတုန္း သူနာျပဳဆရာမေလးက ဘယ္သူနဲ႕ ခ်ိန္းထားၿပီး ဘယ္ကို သြားရမွာမို႕လို႕ ဒီေလာက္ အလ်င္လိုေနရတာလဲ လို႕ ေမးပါတယ္။

အဲ့အခါ အဖိုးအိုက အိမ္မွာ သူ႕အမ်ိဳးသမီးနဲ႕ မနက္စာ တူတူ စားဖို႕ ခ်ိန္းထားလို႕ပါလို႕ ျပန္ေျဖပါတယ္။ အဖြားေရာ က်န္းမာေရးေကာင္းရဲ႕လားလို႕ သူနာျပဳဆရာမေလး က ေမးၾကည့္တဲ့အခါ အဖြားအိုမွာ အယ္လ္ဇိုင္းမား ေရာဂါျဖစ္ေနေၾကာင္း သိရပါတယ္။

အကယ္၍ အဖိုးေနာက္က်သြားရင္ အဖြားက စိတ္မေကာင္းျဖစ္မွာလား ဆိုေတာ့ အဖိုးအိုက "သူစိတ္မေကာင္းျဖစ္မွာ မဟုတ္ပါဘူး လြန္ခဲ့တဲ့ ငါးႏွစ္တည္းက အဖိုးကို သူ ေမ့သြားၿပီ" လုိ႕ ျပန္ေျဖတယ္။  သူနာျပဳက တအံ့တၾသနဲ႕ အဖိုးကို မမွတ္မိေတာ့တာေတာင္ သူ႕ဆီကို ေန႕တိုင္း မနက္စာစားဖို႕ သြားတုန္းလား လို႕ ဆိုပါတယ္။

အဖိုးအိုက ျပံဳးရင္း သူနာျပဳဆရာမေလးရဲ႕ လက္ကို ခပ္ဖြဖြ ႐ိုက္ၿပီး အဖိုးကို သူမမွတ္မိေပမယ့္ အဖိုးက သူ႕ကို မွတ္မိေနတယ္ေလ သမီးရဲ႕ လို႕ ျပန္ေျဖလိုက္ပါတယ္။  တကယ္ေတာ့ အခ်စ္စစ္ ဆိုတာ အေၾကာင္းတစ္စံုတစ္ရာေၾကာင့္ ကိုယ့္ကိုသူ မသိႏိုင္ေတာ့ရင္ေတာင္ ကိုယ့္ဘက္က ၀တၱရားမပ်က္ ျဖည့္ဆည္းၿပီး အနားမွာ ရွိေနတတ္တာမ်ိဳးပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဒီနေ့ မနက်ခင်းကတော့ ဆေးရုံမှာ တော်တော်လေးနဲ့ ပျာယာခတ် ဂာယက်ရိုက်ပြီး အလုပ်များတဲ့ မနက်ခင်းပါပဲ။ ဆရာဝန်တွေကော သူနာပြုတွေပါ ဟိုပြေးဒီလွှားနဲ့ တစ်ယောက်မှ အနားမနေရပါဘူး။ အဲ့အချိန် သပ်ရပ်စွာ ဝတ်စားဆင်ယင်ထားတဲ့ အသက်ကြီးကြီး အဖိုးအိုတစ်ဦး ဆေးရုံကို ရောက်လာခဲ့ပါတယ်။ အကြောင်းက သူ့လက်မ မှာ ဖြစ်နေတဲ့အနာကို ဆေးထည့်ဖို့ပါ။   ဆေးရုံရောက်ရောက်ချင်း အဖိုးအိုဟာ နောက် မိနစ် ၃၀ ကြာတဲ့အခါ သူ့မှာ အရေးတကြီး ချိန်းထားတဲ့ ကိစ္စလေးတစ်ခု သွားရမှာ ဖြစ်တဲ့အတွက် သူ့ကို ခပ်မြန်မြန်လေး ကုသပေးဖို့ ပြောပါတယ်။ သိပ်မကြာခင်မှာပဲ သူနာပြု တစ်ယောက်ရောက်လာပြီး သူ့အနာကို ဆေးထည့်ပတ်တီးစည်းပေးပါတယ်။ ဆေးထည့်ပေးနေတုန်း သူနာပြုဆရာမလေးက ဘယ်သူနဲ့ ချိန်းထားပြီး ဘယ်ကို သွားရမှာမို့လို့ ဒီလောက် အလျင်လိုနေရတာလဲ လို့ မေးပါတယ်။

အဲ့အခါ အဖိုးအိုက အိမ်မှာ သူ့အမျိုးသမီးနဲ့ မနက်စာ တူတူ စားဖို့ ချိန်းထားလို့ပါလို့ ပြန်ဖြေပါတယ်။ အဖွားရော ကျန်းမာရေးကောင်းရဲ့လားလို့ သူနာပြုဆရာမလေး က မေးကြည့်တဲ့အခါ အဖွားအိုမှာ အယ်လ်ဇိုင်းမား ရောဂါဖြစ်နေကြောင်း သိရပါတယ်။

အကယ်၍ အဖိုးနောက်ကျသွားရင် အဖွားက စိတ်မကောင်းဖြစ်မှာလား ဆိုတော့ အဖိုးအိုက "သူစိတ်မကောင်းဖြစ်မှာ မဟုတ်ပါဘူး လွန်ခဲ့တဲ့ ငါးနှစ်တည်းက အဖိုးကို သူ မေ့သွားပြီ" လို့ ပြန်ဖြေတယ်။  သူနာပြုက တအံ့တသြနဲ့ အဖိုးကို မမှတ်မိတော့တာတောင် သူ့ဆီကို နေ့တိုင်း မနက်စာစားဖို့ သွားတုန်းလား လို့ ဆိုပါတယ်။

အဖိုးအိုက ပြုံးရင်း သူနာပြုဆရာမလေးရဲ့ လက်ကို ခပ်ဖွဖွ ရိုက်ပြီး အဖိုးကို သူမမှတ်မိပေမယ့် အဖိုးက သူ့ကို မှတ်မိနေတယ်လေ သမီးရဲ့ လို့ ပြန်ဖြေလိုက်ပါတယ်။  တကယ်တော့ အချစ်စစ် ဆိုတာ အကြောင်းတစ်စုံတစ်ရာကြောင့် ကိုယ့်ကိုသူ မသိနိုင်တော့ရင်တောင် ကိုယ့်ဘက်က ဝတ္တရားမပျက် ဖြည့်ဆည်းပြီး အနားမှာ ရှိနေတတ်တာမျိုးပါ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top