iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ေရးမွာ အဆင္ေျပ ကံေကာင္းၾကတယ္လုိ႕ ဆုိသူေတြအတြက္ အဲ့ဒီအခ်စ္ေရးကို သူတုိ႕ဘယ္လို ထိန္းသိမ္းထားသလဲဆုိတာ သိခ်င္ၾကမွာပါ။ အားလံုးေျပာၾကသလို ယံုၾကည္မႈကလည္း အေရးပါသလို ေနာက္ထပ္အေရးပါတဲ့ အခ်က္တစ္ခ်က္ ရွိေနပါေသးတယ္။ အဲ့ဒါကေတာ့ ကိုယ့္ခ်စ္သူနဲ႕ ကိုယ္ နွစ္ဦးစလံုးဟာ တစ္ဦးနဲ႕တစ္ဦး သူငယ္ခ်င္းေတြလို ဆက္ဆံႏိုင္ျခင္းပါပဲ။

ေလ့လာခ်က္အသစ္ႏွစ္ခုရဲ႕ ေဖာ္ျပခ်က္အရ သူငယ္ခ်င္းေတြလိုေရာ၊ ခ်စ္သူေတြလိုပါ ခ်စ္ခင္ႏိုင္ၾကတဲ့ စံုေတြေတြဟာ ျမဲၾကျပီး အခ်စ္လည္း ပိုၾကပါတယ္တဲ့။ ဒါ့အျပင္ အတူေနတဲ့အခါမွာလည္း သူတုိ႕ဆက္ဆံေရးကို ေက်နပ္မႈ ပိုၾကေၾကာင္း ေဖာ္ျပလာပါတယ္။

ပထမေလ့လာခ်က္မွာ  သုေတသနပညာရွင္ေတြက တကၠသိုလ္ေက်ာင္းသူ၊ ေက်ာင္းသား ၁၉၀ကို ေလ့လာခဲ့ၾကျပီး သူတုိ႕ေတြရဲ႕ အခ်စ္ေရးအေၾကာင္း၊ သူတုိ႕ဒီအခ်စ္ေရးအတြက္ ဘယ္ေလာက္ေတာင္ အခ်ိန္ေပးခဲ့ၾကသလဲ၊ ဘယ္ေလာက္ထိ ေမ်ွာ္လင့္ထားၾကသလဲ စတာေတြကိုပါ သုေတသနျပဳလုပ္ခဲ့ပါတယ္။

အဲ့ဒီေနာက္ပုိင္း လအနည္းငယ္အၾကာမွာ ခုနထဲက ၂၇ရာခုိင္ႏႈန္းဟာ သူတုိ႕ခ်စ္သူေတြနဲ႕ ျပတ္သြားၾကျပီး က်န္ရွိေနတဲ့ စံုတြဲေတြဟာ သူတုိ႕ခ်စ္သူေတြနဲ႕ သူငယ္ခ်င္းလုိ၊ ခ်စ္သူလုိ ဆက္ဆံတတ္သူေတြ ျဖစ္ၾကတယ္ဆုိတာ ေလ့လာေတြ႔ရွိခဲ့ပါတယ္။ သူတုိ႕ဟာ သူငယ္ခ်င္းေတြလို ျပဳမူရာမွာေရာ၊ ရုိမန္တစ္ဆန္ဆန္ျပဳမူရာေတြမွာသာမက၊ အျခားေသာ အတူေနျခင္း ကိစၥရပ္ေတြမွာပါ အဆင္ေျပေခ်ာေမြ႔ေနၾကသလို သံေယာဇဥ္ပိုတိုးလာၾကတယ္လို႕ ဖြင့္ဟသြားၾကပါတယ္။

ေနာက္ထပ္ ေလ့လာမႈတစ္ခုမွာေတာ့ ေက်ာင္းသားေက်ာင္းသူ ၁၈၄ေယာက္ကို ေမးျမန္းခဲ့တာျဖစ္ျပီး သူတုိ႕ခ်စ္သူေတြအေပၚ ဘယ္ေလာက္တန္ဖိုးထားေၾကာင္း ဖြင့္ဟလာၾကရာမွာ သူတုိ႕ဟာ သူငယ္ခ်င္းအေဖာ္ အေနအထားကိုပါ ထည့္သြင္းေျပာၾကားေပးခဲ့ၾကျပီး သူတုိ႕ခ်စ္သူေတြနဲ႕ သူငယ္ခ်င္းတစ္ေယာက္လို အေတြ႔အၾကံဳအသစ္အဆန္းေတြ စူစမ္းရွာေဖြၾကတာကိုလည္း ေက်နပ္ၾကေၾကာင္း ဆုိသြားၾကပါတယ္။

ဒီေတာ့နိဂံုးခ်ဳပ္ေျပာရမယ္ဆုိရင္ သင္ဟာ သင့္ခ်စ္သူကို ခ်စ္သူတစ္ေယာက္လို ဆက္ဆံရံုသာမက သူငယ္ခ်င္းတစ္ေယာက္လိုပါ ဖြင့္ဟတုိင္ပင္ ေျပာဆုိ ဆက္ဆံႏိုင္မယ္ဆုိရင္ သင္တုိ႕အခ်စ္ေရး ပိုအဆင္ေျပလိမ့္မယ္ဆုိတာပါပဲ။

Credit:womenshealthmag

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အချစ်ရေးမှာ အဆင်ပြေ ကံကောင်းကြတယ်လို့ ဆိုသူတွေအတွက် အဲ့ဒီအချစ်ရေးကို သူတို့ဘယ်လို ထိန်းသိမ်းထားသလဲဆိုတာ သိချင်ကြမှာပါ။ အားလုံးပြောကြသလို ယုံကြည်မှုကလည်း အရေးပါသလို နောက်ထပ်အရေးပါတဲ့ အချက်တစ်ချက် ရှိနေပါသေးတယ်။ အဲ့ဒါကတော့ ကိုယ့်ချစ်သူနဲ့ ကိုယ် နှစ်ဦးစလုံးဟာ တစ်ဦးနဲ့တစ်ဦး သူငယ်ချင်းတွေလို ဆက်ဆံနိုင်ခြင်းပါပဲ။

လေ့လာချက်အသစ်နှစ်ခုရဲ့ ဖော်ပြချက်အရ သူငယ်ချင်းတွေလိုရော၊ ချစ်သူတွေလိုပါ ချစ်ခင်နိုင်ကြတဲ့ စုံတွေတွေဟာ မြဲကြပြီး အချစ်လည်း ပိုကြပါတယ်တဲ့။ ဒါ့အပြင် အတူနေတဲ့အခါမှာလည်း သူတို့ဆက်ဆံရေးကို ကျေနပ်မှု ပိုကြကြောင်း ဖော်ပြလာပါတယ်။

ပထမလေ့လာချက်မှာ  သုတေသနပညာရှင်တွေက တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား ၁၉၀ကို လေ့လာခဲ့ကြပြီး သူတို့တွေရဲ့ အချစ်ရေးအကြောင်း၊ သူတို့ဒီအချစ်ရေးအတွက် ဘယ်လောက်တောင် အချိန်ပေးခဲ့ကြသလဲ၊ ဘယ်လောက်ထိ မျှော်လင့်ထားကြသလဲ စတာတွေကိုပါ သုတေသနပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း လအနည်းငယ်အကြာမှာ ခုနထဲက ၂၇ရာခိုင်နှုန်းဟာ သူတို့ချစ်သူတွေနဲ့ ပြတ်သွားကြပြီး ကျန်ရှိနေတဲ့ စုံတွဲတွေဟာ သူတို့ချစ်သူတွေနဲ့ သူငယ်ချင်းလို၊ ချစ်သူလို ဆက်ဆံတတ်သူတွေ ဖြစ်ကြတယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။ သူတို့ဟာ သူငယ်ချင်းတွေလို ပြုမူရာမှာရော၊ ရိုမန်တစ်ဆန်ဆန်ပြုမူရာတွေမှာသာမက၊ အခြားသော အတူနေခြင်း ကိစ္စရပ်တွေမှာပါ အဆင်ပြေချောမွေ့နေကြသလို သံယောဇဉ်ပိုတိုးလာကြတယ်လို့ ဖွင့်ဟသွားကြပါတယ်။

နောက်ထပ် လေ့လာမှုတစ်ခုမှာတော့ ကျောင်းသားကျောင်းသူ ၁၈၄ယောက်ကို မေးမြန်းခဲ့တာဖြစ်ပြီး သူတို့ချစ်သူတွေအပေါ် ဘယ်လောက်တန်ဖိုးထားကြောင်း ဖွင့်ဟလာကြရာမှာ သူတို့ဟာ သူငယ်ချင်းအဖော် အနေအထားကိုပါ ထည့်သွင်းပြောကြားပေးခဲ့ကြပြီး သူတို့ချစ်သူတွေနဲ့ သူငယ်ချင်းတစ်ယောက်လို အတွေ့အကြုံအသစ်အဆန်းတွေ စူစမ်းရှာဖွေကြတာကိုလည်း ကျေနပ်ကြကြောင်း ဆိုသွားကြပါတယ်။

ဒီတော့နိဂုံးချုပ်ပြောရမယ်ဆိုရင် သင်ဟာ သင့်ချစ်သူကို ချစ်သူတစ်ယောက်လို ဆက်ဆံရုံသာမက သူငယ်ချင်းတစ်ယောက်လိုပါ ဖွင့်ဟတိုင်ပင် ပြောဆို ဆက်ဆံနိုင်မယ်ဆိုရင် သင်တို့အချစ်ရေး ပိုအဆင်ပြေလိမ့်မယ်ဆိုတာပါပဲ။


Credit:womenshealthmag


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...







 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top