iMyanmarHouse.com - Best Property Website for Myanmar
×


ညီမေလး.......

ခဏတာသာယာမူွအတြက္ တစ္ဘဝစာ ထိမ္းသိမ္းလာတဲ့
အပ်ဳိစင္ဘဝကုိ ေခ်ာကလက္နဲ႔ လဲမစားလုိက္နဲ႔ေနာ္။

အပ်ဳိစင္ဆုိတာ အလြယ္တကူတုိင္းတာလုိ႔ရတဲ့ ကိရိယာ
မ႐ွိဘူးဆုိေပမယ့္ တစ္ဘဝစာေတာ့လိပ္ျပာလုံမွာမဟုတ္ပါ။

အေနာက္တုိင္းယဥ္ေက်းမူွကုိ အားက်မိရင္ေတာ့
အေနာက္တုိင္းလုိ ကုိတုိ႔ႏူိင္ငံက လက္မခံတတ္ၾကဘူးေလ။

လူ႔သဘာဝက အသစ္အသစ္ေတြကုိပဲ စိတ္ဝင္စားတတ္ပီး
ေဟာင္းႏြမ္း႐ုိးအီသြားရင္ေတာ့ ေခ်ာင္ထုိးသြားတတ္တယ္။

မ်က္ႏွာသုတ္ပုဝါတစ္ထည္ကုိ ဘယ္သူကမွ မီးဖုိေခ်ာင္မွာ
လက္ႏွီးစုတ္အျဖစ္မသုံးၾကသလုိ လက္ႏွီးစုတ္ကုိလည္း
မ်က္ႏွာသုတ္ပုဝါေနရာမွာ မသုံးၾကပါဘူး။

ပတၱျမားေက်ာက္စီဓါးလုိ ဧည့္ခန္းမွာတင့္တယ္ခ်င္ရင္
ရွိသင့္တဲ့တန္ဖုိးေတာ့ ႐ွိေနမွ တင့္တယ္မွာပါ။

ညစ္ေပေနတဲ့ အဝတ္အစားကုိ ေလ်ွာ္ဖြပ္လုိ႔ရေပမယ့္
ညစ္ပတ္သြားတဲ့ ဂုဏ္သိကၡာကေတာ့ အလြယ္တကူေလ်ွာ္ဖြပ္လုိ႔
မရတဲ့အျပင္ မ်ဳိးဆက္သစ္ေတြကုိပါ အေရာင္စြန္းထင္း သြားေစႏူိင္တယ္။

မေသခ်ာတဲ့ကံတရားကုိ ယုံၾကည္ပီး ခ်စ္တဲ့သူကုိ ျဖည့္ဆည္းေပးခ်င္တဲ့
ဆနၵတစ္ခုေၾကာင့္ လက္ႏွီးစုတ္ဘဝကုိ ေရာက္သြားႏူိင္ပါတယ္။

အုိင္ထဲကေရကုိ ေသာက္ေရအျဖစ္မသုံးၾကသလုိ
ေသာက္သုံးေရကုိလည္း ေျခမေဆးတတ္ၾကပါဘူး။

ကတိတစ္ခုကုိ လြယ္လြယ္ေပးပီး အေသြးအသားကုိ
စေတးခုိင္းရင္ လွည့္ျပန္ခဲ့ပါ ညီမေလး
အသည္းကြဲလုိ႔ ဘဝမေသပါဘူး
အ႐ွက္ကြဲရင္သာ အသက္ပါေသသြားႏူိင္ပါတယ္။

အေသြးအသားကုိရင္းမွ ေမတၱာစစ္ရမယ္ဆုိရင္
ေမတၱာစစ္ရမရေတာ့ မေသခ်ာပါဘူး
ေသခ်ာတာကေတာ့ အ႐ွက္နဲ႔ ဂုဏ္သိကၡာ ပြန္းပဲ့ကုန္မွာပါ။

မိန္းကေလးတစ္ေယာက္ရဲ႕ ဘဝက ဘယ္ေလာက္ပဲပညာေတြတတ္တတ္ ေငြဘယ္ေလာက္ပဲခ်မ္းသာပါေစ
ကုိယ့္တန္ဖုိးကုိ ကုိယ္ကုိယ္တုိင္ မထိမ္းသိမ္းႏူိင္ရင္
မတင့္တယ္ႏူိင္ပါဘူး။

ကုိယ့္တန္ဖုိးကုိ ဆင္ျခင္တုံတရား ေလးနဲ႔ထိမ္းပီး
ေမတၱာစစ္ကုိ ဂုဏ္သိကၡာ႐ွိ႐ွိ ျပသႏူိင္မွ
ပတၱျမား ေက်ာက္စီဓါးလုိ ညီမေလးဘဝ ဧည့္ခန္းမွာ တင့္တယ္ပါလိမ့္မယ္။

ေမတၱာျဖင့္ အၾကံေပးျခင္း ပါ

ေလးစားစြာျဖင့္ ♥ ♥ ♥
Credit:ဇင္းနစ္​ မေကြး(at 1:15 PM....4.2.2017)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 ညီမလေး.......

ခဏတာသာယာမူှအတွက် တစ်ဘဝစာ ထိမ်းသိမ်းလာတဲ့
အပျိုစင်ဘဝကို ချောကလက်နဲ့ လဲမစားလိုက်နဲ့နော်။

အပျိုစင်ဆိုတာ အလွယ်တကူတိုင်းတာလို့ရတဲ့ ကိရိယာ
မရှိဘူးဆိုပေမယ့် တစ်ဘဝစာတော့လိပ်ပြာလုံမှာမဟုတ်ပါ။

အနောက်တိုင်းယဉ်ကျေးမူှကို အားကျမိရင်တော့
အနောက်တိုင်းလို ကိုတို့နိူင်ငံက လက်မခံတတ်ကြဘူးလေ။

လူ့သဘာဝက အသစ်အသစ်တွေကိုပဲ စိတ်ဝင်စားတတ်ပီး
ဟောင်းနွမ်းရိုးအီသွားရင်တော့ ချောင်ထိုးသွားတတ်တယ်။

မျက်နှာသုတ်ပုဝါတစ်ထည်ကို ဘယ်သူကမှ မီးဖိုချောင်မှာ
လက်နှီးစုတ်အဖြစ်မသုံးကြသလို လက်နှီးစုတ်ကိုလည်း
မျက်နှာသုတ်ပုဝါနေရာမှာ မသုံးကြပါဘူး။

ပတ္တမြားကျောက်စီဓါးလို ဧည့်ခန်းမှာတင့်တယ်ချင်ရင်
ရှိသင့်တဲ့တန်ဖိုးတော့ ရှိနေမှ တင့်တယ်မှာပါ။

ညစ်ပေနေတဲ့ အဝတ်အစားကို လျှော်ဖွပ်လို့ရပေမယ့်
ညစ်ပတ်သွားတဲ့ ဂုဏ်သိက္ခာကတော့ အလွယ်တကူလျှော်ဖွပ်လို့
မရတဲ့အပြင် မျိုးဆက်သစ်တွေကိုပါ အရောင်စွန်းထင်း သွားစေနိူင်တယ်။

မသေချာတဲ့ကံတရားကို ယုံကြည်ပီး ချစ်တဲ့သူကို ဖြည့်ဆည်းပေးချင်တဲ့
ဆန္ဒတစ်ခုကြောင့် လက်နှီးစုတ်ဘဝကို ရောက်သွားနိူင်ပါတယ်။

အိုင်ထဲကရေကို သောက်ရေအဖြစ်မသုံးကြသလို
သောက်သုံးရေကိုလည်း ခြေမဆေးတတ်ကြပါဘူး။

ကတိတစ်ခုကို လွယ်လွယ်ပေးပီး အသွေးအသားကို
စတေးခိုင်းရင် လှည့်ပြန်ခဲ့ပါ ညီမလေး
အသည်းကွဲလို့ ဘဝမသေပါဘူး
အရှက်ကွဲရင်သာ အသက်ပါသေသွားနိူင်ပါတယ်။

အသွေးအသားကိုရင်းမှ မေတ္တာစစ်ရမယ်ဆိုရင်
မေတ္တာစစ်ရမရတော့ မသေချာပါဘူး
သေချာတာကတော့ အရှက်နဲ့ ဂုဏ်သိက္ခာ ပွန်းပဲ့ကုန်မှာပါ။

မိန်းကလေးတစ်ယောက်ရဲ့ ဘဝက ဘယ်လောက်ပဲပညာတွေတတ်တတ် ငွေဘယ်လောက်ပဲချမ်းသာပါစေ
ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင် မထိမ်းသိမ်းနိူင်ရင်
မတင့်တယ်နိူင်ပါဘူး။

ကိုယ့်တန်ဖိုးကို ဆင်ခြင်တုံတရား လေးနဲ့ထိမ်းပီး
မေတ္တာစစ်ကို ဂုဏ်သိက္ခာရှိရှိ ပြသနိူင်မှ
ပတ္တမြား ကျောက်စီဓါးလို ညီမလေးဘဝ ဧည့်ခန်းမှာ တင့်တယ်ပါလိမ့်မယ်။

မေတ္တာဖြင့် အကြံပေးခြင်း ပါ

လေးစားစွာဖြင့် ♥ ♥ ♥
Credit:ဇင်းနစ် မကွေး(at 1:15 PM....4.2.2017)


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top