iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ရဲ႕စကားကေန သူ႕ရဲ႕စိတ္ဘယ္လုိရွိလဲဆိုတာ မွန္းလို႕ရပါတယ္။ သူ႕ဘက္က ငါမင္းကို စိတ္ကုန္ေနၿပီလုိ႕ ထုတ္မေျပာေပမဲ့ သြယ္ဝိုက္တဲ့နည္းေတြနဲ႕ဆႏၵျပတတ္ၾကပါတယ္။ ကဲ အဲ့စကားေတြက ဘာေတြျဖစ္မလဲ။

(၁) မင္းရူူးေနလား။

သင္ဟာ သူေဖာက္ျပန္ေနမွန္းသံသယ ရွိလုိ႕ေလေျပေလးနဲ႕ေခ်ာ့ေမးတယ္ ဆိုရင္ေတာင္ သူ႕ဘက္ကလုိတာထက္ပိုၿပီး ေဒါသထြက္္ေနပါလိမ့္မယ္။ ၿပီးရင္ ‘မင္းရူးေနလား၊ မင္းေခါင္းထဲမွာ အဲ့ဒါေတြပဲ ရွိတာလား၊ ငါက အဲ့လုိလုပ္မယ့္ပံု ေပါက္ေနလုိ႕လား’ ေျပာရင္ေတာ့ ေသခ်ာပါၿပီ။ သူသင့္ကို တကယ္စိတ္မဝင္စားေတာ့ပါဘူး။ တကယ္ခ်စ္တဲ့သူဆိုတာ မွားေနရင္ေတာင္ ေသေသခ်ာခ်ာ ရွွင္းျပတတ္တာမ်ိဳးပါ။

(၂) ငါ့ကို ေရြးမွာလား၊ အဲ့ဒါကို ေရြးမွာလား။

အဲ့ဒါဟာ သိပ္အႏုိင္က်င့္တဲ့ေမးခြန္းမ်ိဳးပါ။ သူ႕ကိုခ်စ္ေနရတာနဲ႕ ကိုယ္ဝါသနာ ပါတာစြန္႕လႊတ္ရမယ္ဆုိတာ သိပ္ေတာ့မဆုိင္ပါဘူး။ တကယ္ခ်စ္ရင္ သူနဲ႕ကုိယ္နဲ႕လုိက္ေလ်ာညီေထြ ျဖစ္ေအာင္ညွိႏႈိင္းရမွာပါ။

(၃) အဲ့ဒါ မင္းေလ၊ ငါမွမဟုတ္တာ။

သင္က သင့္ခ်စ္္သူနဲ႕ေတြ႕လို႕ ‘ငါတုိ႕ဆက္ဆံေရးေတြေအးေနၿပီေနာ္။ မေန႕က ဟိုတစ္ေယာက္နဲ႕ေတြ႕တယ္ သိလား။ ငါ့အေပၚစိမ္းေနသလုိပဲ’ လုိ႕ေျပာလုိက္ၿပီဆုိပါစို႕။ သူ႔ဘက္ကေန သူမဟုတ္ေၾကာင္း၊ သင့္ဘက္ကသာ တစ္ဖက္သတ္ျဖစ္ေနတာလုိ႕ စြပ္စြဲရင္ေသခ်ာပါၿပီ။ သင္ သူ႕ကုိ သြားခြင့္ေပးလုိက္ပါေတာ့။

(၄) ငါက မင္းကိုနာက်င္ေစတယ္ဆုိရင္ ေတာင္းပန္ပါတယ္။

သူဟာ သင့္ေနာက္ကြယ္မွာ တစ္ခုခုလုပ္ထားလုိ႕ သင္မိသြားၿပီဆုိပါစို႕။ သင္ဟာအရမ္းကုိ ထိခုိက္ခံစားရမွန္းသိရက္နဲ႕ ‘ငါမင္းကုိနာက်င္ေစတယ္ဆိုရင္ရင္ ေဆာရီးပါ’ လို႕ေျပာခဲ့ရင္ သူတကယ္ စိတ္ရင္းနဲ႕ေျပာတာမဟုတ္ပါဘူး။ ဆုိရင္ ဆုိတဲ့စကားဟာ နာက်င္ေနမွန္းသိတာေတာင္မွ တအားကို လ်စ္လ်ဴရႈၿပီး မသိခ်င္ေယာင္ေဆာင္တာမ်ိဳးပါ။ ကဲ ဒီလုိမ်ိဳးေတြသာ သူ႕ဘက္ကေျပာတတ္ေနၿပီဆုိရင္ ေသခ်ာပါတယ္။ သူ သင့္ကို တကယ္အေလးအနက္မထားေတာ့ပါဘူး။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Miko (For Her Myanmar)

#Unicode Version

လူတစ်ယောက်ရဲ့စကားကနေ သူ့ရဲ့စိတ်ဘယ်လိုရှိလဲဆိုတာ မှန်းလို့ရပါတယ်။ သူ့ဘက်က ငါမင်းကို စိတ်ကုန်နေပြီလို့ ထုတ်မပြောပေမဲ့ သွယ်ဝိုက်တဲ့နည်းတွေနဲ့ဆန္ဒပြတတ်ကြပါတယ်။ ကဲ အဲ့စကားတွေက ဘာတွေဖြစ်မလဲ။

(၁) မင်းရူူးနေလား။

သင်ဟာ သူဖောက်ပြန်နေမှန်းသံသယ ရှိလို့လေပြေလေးနဲ့ချော့မေးတယ် ဆိုရင်တောင် သူ့ဘက်ကလိုတာထက်ပိုပြီး ဒေါသထွက်နေပါလိမ့်မယ်။ ပြီးရင် ‘မင်းရူးနေလား၊ မင်းခေါင်းထဲမှာ အဲ့ဒါတွေပဲ ရှိတာလား၊ ငါက အဲ့လိုလုပ်မယ့်ပုံ ပေါက်နေလို့လား’ ပြောရင်တော့ သေချာပါပြီ။ သူသင့်ကို တကယ်စိတ်မဝင်စားတော့ပါဘူး။ တကယ်ချစ်တဲ့သူဆိုတာ မှားနေရင်တောင် သေသေချာချာ ရှှင်းပြတတ်တာမျိုးပါ။

(၂) ငါ့ကို ရွေးမှာလား၊ အဲ့ဒါကို ရွေးမှာလား။

အဲ့ဒါဟာ သိပ်အနိုင်ကျင့်တဲ့မေးခွန်းမျိုးပါ။ သူ့ကိုချစ်နေရတာနဲ့ ကိုယ်ဝါသနာ ပါတာစွန့်လွှတ်ရမယ်ဆိုတာ သိပ်တော့မဆိုင်ပါဘူး။ တကယ်ချစ်ရင် သူနဲ့ကိုယ်နဲ့လိုက်လျောညီထွေ ဖြစ်အောင်ညှိနှိုင်းရမှာပါ။

(၃) အဲ့ဒါ မင်းလေ၊ ငါမှမဟုတ်တာ။

သင်က သင့်ချစ်သူနဲ့တွေ့လို့ ‘ငါတို့ဆက်ဆံရေးတွေအေးနေပြီနော်။ မနေ့က ဟိုတစ်ယောက်နဲ့တွေ့တယ် သိလား။ ငါ့အပေါ်စိမ်းနေသလိုပဲ’ လို့ပြောလိုက်ပြီဆိုပါစို့။ သူ့ဘက်ကနေ သူမဟုတ်ကြောင်း၊ သင့်ဘက်ကသာ တစ်ဖက်သတ်ဖြစ်နေတာလို့ စွပ်စွဲရင်သေချာပါပြီ။ သင် သူ့ကို သွားခွင့်ပေးလိုက်ပါတော့။

(၄) ငါက မင်းကိုနာကျင်စေတယ်ဆိုရင် တောင်းပန်ပါတယ်။

သူဟာ သင့်နောက်ကွယ်မှာ တစ်ခုခုလုပ်ထားလို့ သင်မိသွားပြီဆိုပါစို့။ သင်ဟာအရမ်းကို ထိခိုက်ခံစားရမှန်းသိရက်နဲ့ ‘ငါမင်းကိုနာကျင်စေတယ်ဆိုရင်ရင် ဆောရီးပါ’ လို့ပြောခဲ့ရင် သူတကယ် စိတ်ရင်းနဲ့ပြောတာမဟုတ်ပါဘူး။ ဆိုရင် ဆိုတဲ့စကားဟာ နာကျင်နေမှန်းသိတာတောင်မှ တအားကို လျစ်လျူရှုပြီး မသိချင်ယောင်ဆောင်တာမျိုးပါ။ ကဲ ဒီလိုမျိုးတွေသာ သူ့ဘက်ကပြောတတ်နေပြီဆိုရင် သေချာပါတယ်။ သူ သင့်ကို တကယ်အလေးအနက်မထားတော့ပါဘူး။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Miko (For Her Myanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top