iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ႀကိမ္တစ္ခါ အသိတရား ကင္းလြတ္ သြားတာနဲ႔ သင့္ခႏၶာကိုယ္ထဲကို ေရာဂါပုိး ဝင္ေရာက္ သြားႏိုင္ပါတယ္ ။ တကယ္လို႔ သင္ဟာ အေပ်ာ္အပါးလိုက္စားရင္ အကာအကြယ္ ကြန္ဒံုးကုိ မသံုးဘူး ဆိုရင္ေပါ့။ “တစ္ခါတည္းပါ” ဆုိတဲ့ အမွားေၾကာင့္ ျဖစ္တတ္တဲ့ ေရာဂါပုိးေတြ ကေတာ့ အမ်ားႀကီး႐ွိပါတယ္။

ကလိုင္မိုင္ဒီးယား ကာလသားေရာဂါ
ကုသလို႔ရတဲ့ ဘက္တီးရီးယားပုိး ကူးစက္မႈပါ။ မကုသဘဲ ေနရင္ေတာ့ ဘဝအေဖာ္ထံ ကူးစက္ႏိုင္ပါတယ္။

ကာကြယ္မႈ
-    ကြန္ဒံုးသံုးပါ
-    တစ္လင္တစ္မယားစနစ္ က်င့္သံုးတာက အေကာင္းဆံုး ကာကြယ္မႈပါ။
-    အေပ်ာ္အပါး လိုက္စားမိရင္ ႏွစ္စဥ္ေရာဂါစစ္ေဆးပါ။

ေရာဂါလကၡဏာ
-    ဆီးသြားတဲ့အခါ ပူစပ္ပူေလာင္ျဖစ္ျခင္း
-    ဆီးနဲ႔သုက္ရည္ မဟုတ္တဲ့ ပံုမမွန္အရည္ထြက္ျခင္း
-    မကုသဘဲေနရင္ နာက်င္မႈ၊ ဖ်ားျခင္းစတာေတြ ခံစားရတတ္ပါတယ္။

ကုသမႈ
-    ပဋိဇီဝပိုးသတ္ေဆးေသာက္ေဆး

ဂႏိုဆီးပူေညာင္းက်ေရာဂါ
ဂႏိုပိုးေၾကာင့္ျဖစ္ၿပီး ေရာဂါကုိ အလြယ္တကူကုသႏိုင္ပါတယ္။

ကာကြယ္မႈ
-    ကြန္ဒံုးသံုးပါ (ဂႏိုပိုးဟာ သုက္ရည္နဲ႔ မိန္းမကုိယ္က ထြက္တဲ့အရည္ကတစ္ဆင့္ အဓိကကူးစက္ႏုိင္ပါတယ္)
-    ေရာဂါမျဖစ္ေအာင္ တစ္လင္တစ္မယားစနစ္ က်င့္သံုးပါ။

ေရာဂါလကၡဏာ
-    ေရာဂါပိုးကူးစက္ခံရၿပီး ၁၀ ရက္အတြင္း ေရာဂါျဖစ္ႏိုင္ပါတယ္။
-    ဆီးႁပြန္ေခ်ာင္းတစ္ဝိုက္နီရဲၿပီး ပံုမမွန္အရည္ထြက္တတ္ပါတယ္။
-    မၾကာခဏ ဆီးသြားတတ္ပါတယ္။
-    ဆီးသြားရင္း နာက်င္မႈနဲ႔ မသက္မသာျဖစ္မႈတို႔ ခံစားရတတ္ပါတယ္။

ကုသမႈ
-    ပဋိဇီဝပိုးသတ္ေဆးေသာက္ေဆး

ဆစ္ဖလစ္ကာလသားေရာဂါ
-    ဆစ္ဖလစ္ကာလသားေရာဂါဟာလည္း ဘက္တီးရီးယားပိုးေၾကာင့္ ျဖစ္တာပါ။

ကာကြယ္မႈ
-    ဆစ္ဖလစ္ပိုးဟာ ကြန္ဒံုးသံုးရင္ေတာင္ အျပည့္အဝ ကာကြယ္မႈမေပးႏိုင္ပါ။
-    တစ္လင္တစ္မယားစနစ္က်င့္သံုးတာက အေကာင္းဆံုး ကာကြယ္မႈပါ။

ေရာဂါလကၡဏာ
-    ပိုးဝင္တဲ့ေနရာမွာ အနာျဖစ္ျခင္း
-    ျပင္းထန္လာပါက လက္၊ ေျခေထာက္မွာ အေရျပား အနီကြက္ျဖစ္ျခင္း
-    ပါးစပ္ထဲအနာအျဖဴကြက္ေပါက္ျခင္း
-    လက္ဖဝါး၊ ေျခဖဝါးမွာ အနီစက္ေပၚျခင္း
-    ဖ်ားျခင္း၊ ေခါင္းကိုက္ျခင္း၊ အစာစားခ်င္စိတ္နည္းျခင္း၊ ကိုယ္အေလးခ်ိန္က်ျခင္း

ကုသမႈ
-    ပင္နီဆီလင္ လိင္အဂၤါေရယုန္ ေရယုန္ဗိုင္းရပ္စ္ (Herpes Simplex Virus) ေၾကာင့္ ျဖစ္တာပါ။

ကာကြယ္မႈ
-    ကြန္ဒံုးသံုးရင္ ကူးစက္မႈေလ်ာ့နည္းေပမယ့္ အေရျပားခ်င္း ထိေတြ႕မႈေၾကာင့္လည္း ေရယုန္ကူးတတ္ပါတယ္။
-    တစ္လင္တစ္မယားစနစ္က်င့္သံုးပါ။

ေရာဂါလကၡဏာ
-    ဗိုင္းရပ္စ္ပိုးဝင္ၿပီး ႏွစ္ပတ္အတြင္းျဖစ္ေလ့႐ွိပါတယ္။
-    လိင္အဂၤါတစ္ေလွ်ာက္ ယားယံျခင္း၊ ပူစပ္ျခင္း၊ နာက်င္ျခင္းခံစားရကာ အရည္ၾကည္ဖု အေသးေတြေပါက္ေလ့႐ွိပါတယ္။
-    ေရယုန္ကို ဆီးနဲ႔ထိေတြ႕မိရင္ နာက်င္တတ္ပါတယ္။
-    ေခါင္းကိုက္ျခင္း၊ ဖ်ားျခင္း ခံစားရတတ္ပါတယ္။

ကုသမႈ
ဗိုင္းရပ္တားေဆး

HIV
Human Immunodeficiency ဗိုင္းရပ္စ္ေၾကာင့္ျဖစ္ၿပီး လူ႔ခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္ကို အားနည္းေစပါတယ္။

ကာကြယ္မႈ
-    လိင္ဆက္ဆံမႈနဲ႔ Oral Sex အတြက္ ကြန္ဒံုးသံုးပါ။
-    တစ္လင္တစ္မယားစနစ္က်င့္သံုးတာက အထိေရာက္ဆံုး ကာကြယ္မႈပါ။

ေရာဂါလကၡဏာ
-    အေစာပိုင္းအဆင့္မွာ တုပ္ေကြးလိုဖ်ားနာမႈခံစားရျခင္း
-    CD4 ဆဲလ္ပမာဏဟာ ပံုမွန္ေအာက္ က်သြားတဲ့အခါ သားငံရည္က်ိတ္ေရာင္ရမ္းျခင္း၊ အေရျပားျပႆနာနဲ႔ ပါးစပ္အနာေပါက္ျခင္းတို႔ ျဖစ္ေပၚတတ္ပါတယ္။
-CD4 ဆဲလ္ ထပ္မံက်သြားတဲ့အခါ ေရယုန္နဲ႔ ခါးပတ္ေရယုန္လို အေရျပားျပႆနာ ျဖစ္လာတတ္ပါတယ္။
-    CD4 ဆဲလ္ အလြန္အမင္းက်သြားတဲ့အခါ AIDS ေရာဂါျဖစ္သြားပါတယ္။


Credit:Mg Mandalay
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ကြိမ်တစ်ခါ အသိတရား ကင်းလွတ် သွားတာနဲ့ သင့်ခန္ဓာကိုယ်ထဲကို ရောဂါပိုး ဝင်ရောက် သွားနိုင်ပါတယ် ။ တကယ်လို့ သင်ဟာ အပျော်အပါးလိုက်စားရင် အကာအကွယ် ကွန်ဒုံးကို မသုံးဘူး ဆိုရင်ပေါ့။ “တစ်ခါတည်းပါ” ဆိုတဲ့ အမှားကြောင့် ဖြစ်တတ်တဲ့ ရောဂါပိုးတွေ ကတော့ အများကြီးရှိပါတယ်။

ကလိုင်မိုင်ဒီးယား ကာလသားရောဂါ
ကုသလို့ရတဲ့ ဘက်တီးရီးယားပိုး ကူးစက်မှုပါ။ မကုသဘဲ နေရင်တော့ ဘဝအဖော်ထံ ကူးစက်နိုင်ပါတယ်။

ကာကွယ်မှု
-    ကွန်ဒုံးသုံးပါ
-    တစ်လင်တစ်မယားစနစ် ကျင့်သုံးတာက အကောင်းဆုံး ကာကွယ်မှုပါ။
-    အပျော်အပါး လိုက်စားမိရင် နှစ်စဉ်ရောဂါစစ်ဆေးပါ။

ရောဂါလက္ခဏာ
-    ဆီးသွားတဲ့အခါ ပူစပ်ပူလောင်ဖြစ်ခြင်း
-    ဆီးနဲ့သုက်ရည် မဟုတ်တဲ့ ပုံမမှန်အရည်ထွက်ခြင်း
-    မကုသဘဲနေရင် နာကျင်မှု၊ ဖျားခြင်းစတာတွေ ခံစားရတတ်ပါတယ်။

ကုသမှု
-    ပဋိဇီဝပိုးသတ်ဆေးသောက်ဆေး

ဂနိုဆီးပူညောင်းကျရောဂါ
ဂနိုပိုးကြောင့်ဖြစ်ပြီး ရောဂါကို အလွယ်တကူကုသနိုင်ပါတယ်။

ကာကွယ်မှု
-    ကွန်ဒုံးသုံးပါ (ဂနိုပိုးဟာ သုက်ရည်နဲ့ မိန်းမကိုယ်က ထွက်တဲ့အရည်ကတစ်ဆင့် အဓိကကူးစက်နိုင်ပါတယ်)
-    ရောဂါမဖြစ်အောင် တစ်လင်တစ်မယားစနစ် ကျင့်သုံးပါ။

ရောဂါလက္ခဏာ
-    ရောဂါပိုးကူးစက်ခံရပြီး ၁၀ ရက်အတွင်း ရောဂါဖြစ်နိုင်ပါတယ်။
-    ဆီးပြွန်ချောင်းတစ်ဝိုက်နီရဲပြီး ပုံမမှန်အရည်ထွက်တတ်ပါတယ်။
-    မကြာခဏ ဆီးသွားတတ်ပါတယ်။
-    ဆီးသွားရင်း နာကျင်မှုနဲ့ မသက်မသာဖြစ်မှုတို့ ခံစားရတတ်ပါတယ်။

ကုသမှု
-    ပဋိဇီဝပိုးသတ်ဆေးသောက်ဆေး

ဆစ်ဖလစ်ကာလသားရောဂါ
-    ဆစ်ဖလစ်ကာလသားရောဂါဟာလည်း ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာပါ။

ကာကွယ်မှု
-    ဆစ်ဖလစ်ပိုးဟာ ကွန်ဒုံးသုံးရင်တောင် အပြည့်အဝ ကာကွယ်မှုမပေးနိုင်ပါ။
-    တစ်လင်တစ်မယားစနစ်ကျင့်သုံးတာက အကောင်းဆုံး ကာကွယ်မှုပါ။

ရောဂါလက္ခဏာ
-    ပိုးဝင်တဲ့နေရာမှာ အနာဖြစ်ခြင်း
-    ပြင်းထန်လာပါက လက်၊ ခြေထောက်မှာ အရေပြား အနီကွက်ဖြစ်ခြင်း
-    ပါးစပ်ထဲအနာအဖြူကွက်ပေါက်ခြင်း
-    လက်ဖဝါး၊ ခြေဖဝါးမှာ အနီစက်ပေါ်ခြင်း
-    ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာစားချင်စိတ်နည်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း

ကုသမှု
-    ပင်နီဆီလင် လိင်အင်္ဂါရေယုန် ရေယုန်ဗိုင်းရပ်စ် (Herpes Simplex Virus) ကြောင့် ဖြစ်တာပါ။

ကာကွယ်မှု
-    ကွန်ဒုံးသုံးရင် ကူးစက်မှုလျော့နည်းပေမယ့် အရေပြားချင်း ထိတွေ့မှုကြောင့်လည်း ရေယုန်ကူးတတ်ပါတယ်။
-    တစ်လင်တစ်မယားစနစ်ကျင့်သုံးပါ။

ရောဂါလက္ခဏာ
-    ဗိုင်းရပ်စ်ပိုးဝင်ပြီး နှစ်ပတ်အတွင်းဖြစ်လေ့ရှိပါတယ်။
-    လိင်အင်္ဂါတစ်လျှောက် ယားယံခြင်း၊ ပူစပ်ခြင်း၊ နာကျင်ခြင်းခံစားရကာ အရည်ကြည်ဖု အသေးတွေပေါက်လေ့ရှိပါတယ်။
-    ရေယုန်ကို ဆီးနဲ့ထိတွေ့မိရင် နာကျင်တတ်ပါတယ်။
-    ခေါင်းကိုက်ခြင်း၊ ဖျားခြင်း ခံစားရတတ်ပါတယ်။

ကုသမှု
ဗိုင်းရပ်တားဆေး

HIV
Human Immunodeficiency ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး လူ့ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို အားနည်းစေပါတယ်။

ကာကွယ်မှု
-    လိင်ဆက်ဆံမှုနဲ့ Oral Sex အတွက် ကွန်ဒုံးသုံးပါ။
-    တစ်လင်တစ်မယားစနစ်ကျင့်သုံးတာက အထိရောက်ဆုံး ကာကွယ်မှုပါ။

ရောဂါလက္ခဏာ
-    အစောပိုင်းအဆင့်မှာ တုပ်ကွေးလိုဖျားနာမှုခံစားရခြင်း
-    CD4 ဆဲလ်ပမာဏဟာ ပုံမှန်အောက် ကျသွားတဲ့အခါ သားငံရည်ကျိတ်ရောင်ရမ်းခြင်း၊ အရေပြားပြဿနာနဲ့ ပါးစပ်အနာပေါက်ခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။
-CD4 ဆဲလ် ထပ်မံကျသွားတဲ့အခါ ရေယုန်နဲ့ ခါးပတ်ရေယုန်လို အရေပြားပြဿနာ ဖြစ်လာတတ်ပါတယ်။
-    CD4 ဆဲလ် အလွန်အမင်းကျသွားတဲ့အခါ AIDS ရောဂါဖြစ်သွားပါတယ်။


Credit:Mg Mandalay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...






 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top