iMyanmarHouse.com - Best Property Website for Myanmar
×

ပံုမွန္အိပ္ေရးပ်က္ေနသူမ်ားသည္ ကိုယ္ခံအားစနစ္အားနည္း လာႏုိင္ေၾကာင္း သုေတသနျပဳခ်က္တစ္ခုက ေဖာ္ျပသည္။

အိပ္စက္ခ်ိန္တုိေတာင္းလြန္းေသာေၾကာင့္ ေသြးျဖဴဥမ်ား လည္ပတ္မႈကုိ ကုိယ္ခံအားစနစ္က တုံ႔ျပန္ရာ၌ ပါ၀င္လုပ္ေဆာင္ေပး ေသာ အစီအစဥ္မ်ားကုိ ပ်က္သြားေစႏုိင္သည္ဟု ယင္းသုေတသန ျပဳခ်က္က ေဖာ္ျပသည္။

က်န္းမာေရးအတြက္ ခုနစ္နာရီ(သို႔မဟုတ္) ယင္းထက္ပို၍ အိပ္စက္ျခင္းမွာ အေကာင္းဆံုးျဖစ္ေၾကာင္း လမ္းၫႊန္ထားၿပီး အိပ္ေရး ၀ပါက ကုိယ္ခံအားစနစ္၏ လုပ္ေဆာင္ခ်က္မ်ား အေကာင္းဆံုး အေနအထားတြင္ရိွေၾကာင္း သုေတသီမ်ားက ေျပာသည္။

အိပ္ေရးပ်က္သူမ်ားကုိ ကာကြယ္ေဆးတိုက္ေကြၽးပါက ခႏၶာ ကုိယ္က တုံ႔ျပန္မႈအားနည္းၿပီး အိပ္ေရးပ်က္သူမ်ားသည္ ေရာဂါ ကူးစက္ခံရႏုိင္ေျခ ပုိမ်ားေၾကာင္း မိမိတုိ႔ ေလ့လာမႈက ေဖာ္ျပေန သည္ဟု ဆီယက္တဲလ္ၿမိဳ႕ရိွ ၀ါရွင္တန္တကၠသုိလ္မွ သုေတသီမ်ား က ေျပာသည္။

ယခုေလ့လာမႈတြင္ အိပ္စက္ခ်ိိန္မတူညီေသာ အႁမႊာပူးမ်ား၏ ေသြးနမူနာကို ရယူကာ ေလ့လာၿပီး အိပ္ေရးပ်က္သူမ်ားသည္ ကုိယ္ ခံအားစနစ္ အားနည္းေၾကာင္း သုေတသီမ်ားေလ့လာေတြ႕ရိွခဲ့သည္။

အိပ္စက္မႈသည္ မ်ိဳးဗီဇႏွင့္လည္း သက္ဆုိင္ေသာေၾကာင့္ သု ေတသီမ်ားက အႁမႊာပူးမ်ားႏွင့္ ေလ့လာမႈျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး အ ျခားေသာ အေၾကာင္းအရာမ်ားျဖစ္သည့္ ပတ္၀န္းက်င္အေျခအေန၊ အျပဳအမူစသည့္တုိ႔ကုိလည္း ထည့္သြင္းတြက္ခ်က္၍ ေလ့လာခဲ့ ျခင္းျဖစ္သည္။

အိပ္ေရးပ်က္ျခင္းေၾကာင့္ အ၀လြန္ျခင္း၊ ဆီးခ်ိဳေရာဂါႏွင့္ ေသြးတုိးေရာဂါတုိ႔ျဖစ္ႏုိင္ေၾကာင္း ယခင္ေလ့လာမႈမ်ားက ေဖာ္ျပသည္။

အိပ္ေရး၀ေအာင္ အိပ္ျခင္းေၾကာင့္ ကုိယ္ခံအားစနစ္ လုပ္ ေဆာင္ခ်က္မ်ား ေကာင္းမြန္လာေအာင္ အေထာက္အကူျပဳၿပီး အိပ္ ေရးပ်က္ျခင္းသည္ ကုိယ္ခံအားစနစ္ကုိ ထိခိုက္ႏုိင္သည့္ အႏၲရာယ္ ျဖစ္သည္။     

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:7day daily

#Unicode Version

ပုံမှန်အိပ်ရေးပျက်နေသူများသည် ကိုယ်ခံအားစနစ်အားနည်း လာနိုင်ကြောင်း သုတေသနပြုချက်တစ်ခုက ဖော်ပြသည်။

အိပ်စက်ချိန်တိုတောင်းလွန်းသောကြောင့် သွေးဖြူဥများ လည်ပတ်မှုကို ကိုယ်ခံအားစနစ်က တုံ့ပြန်ရာ၌ ပါဝင်လုပ်ဆောင်ပေး သော အစီအစဉ်များကို ပျက်သွားစေနိုင်သည်ဟု ယင်းသုတေသန ပြုချက်က ဖော်ပြသည်။

ကျန်းမာရေးအတွက် ခုနစ်နာရီ(သို့မဟုတ်) ယင်းထက်ပို၍ အိပ်စက်ခြင်းမှာ အကောင်းဆုံးဖြစ်ကြောင်း လမ်းညွှန်ထားပြီး အိပ်ရေး ဝပါက ကိုယ်ခံအားစနစ်၏ လုပ်ဆောင်ချက်များ အကောင်းဆုံး အနေအထားတွင်ရှိကြောင်း သုတေသီများက ပြောသည်။

အိပ်ရေးပျက်သူများကို ကာကွယ်ဆေးတိုက်ကျွေးပါက ခန္ဓာ ကိုယ်က တုံ့ပြန်မှုအားနည်းပြီး အိပ်ရေးပျက်သူများသည် ရောဂါ ကူးစက်ခံရနိုင်ခြေ ပိုများကြောင်း မိမိတို့ လေ့လာမှုက ဖော်ပြနေ သည်ဟု ဆီယက်တဲလ်မြို့ရှိ ဝါရှင်တန်တက္ကသိုလ်မှ သုတေသီများ က ပြောသည်။

ယခုလေ့လာမှုတွင် အိပ်စက်ချိန်မတူညီသော အမြွှာပူးများ၏ သွေးနမူနာကို ရယူကာ လေ့လာပြီး အိပ်ရေးပျက်သူများသည် ကိုယ် ခံအားစနစ် အားနည်းကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။

အိပ်စက်မှုသည် မျိုးဗီဇနှင့်လည်း သက်ဆိုင်သောကြောင့် သု တေသီများက အမြွှာပူးများနှင့် လေ့လာမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အ ခြားသော အကြောင်းအရာများဖြစ်သည့် ပတ်ဝန်းကျင်အခြေအနေ၊ အပြုအမူစသည့်တို့ကိုလည်း ထည့်သွင်းတွက်ချက်၍ လေ့လာခဲ့ ခြင်းဖြစ်သည်။

အိပ်ရေးပျက်ခြင်းကြောင့် အဝလွန်ခြင်း၊ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါတို့ဖြစ်နိုင်ကြောင်း ယခင်လေ့လာမှုများက ဖော်ပြသည်။

အိပ်ရေးဝအောင် အိပ်ခြင်းကြောင့် ကိုယ်ခံအားစနစ် လုပ် ဆောင်ချက်များ ကောင်းမွန်လာအောင် အထောက်အကူပြုပြီး အိပ် ရေးပျက်ခြင်းသည် ကိုယ်ခံအားစနစ်ကို ထိခိုက်နိုင်သည့် အန္တရာယ် ဖြစ်သည်။     

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:7day daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top