iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္တုံးလုံး အိပ္တဲ့အခါမွာ ကိုယ္ခႏၶာက ကိုယ္အပူခ်ိန္က်ဆင္းသြားတဲ့အတြက္ ပိုၿပီး အိပ္ေပ်ာ္ေစတယ္လို႔ ဆုိပါတယ္။ တကယ္ထူးမထူးသိရေအာင္ တစ္သက္မွာ တစ္ခါေတာ့ အဝတ္မပါဘဲ အိပ္ၾကည့္လိုက္ပါ။

အသားအေရကို လွပေကာင္းမြန္ေစတယ္

အဝတ္အစား မဝတ္ဘဲ ခြ်တ္အိပ္ျခင္းေၾကာင့္ အက်ဳိးေက်းဇူးအႀကီးႀကီးခံစားရတာကေတာ့ အေရျပား ျဖစ္ပါတယ္။ အိပ္တဲ့အခါမွာ အေရျပားေခၽြးေပါက္ေတြကို ေလရႈဖို႔ ဖြင့္ေပးထားသလို ျဖစ္ေစပါတယ္။ ဝက္ၿခံနဲ႔ အျခားအပူကန္တတ္တဲ့သူေတြအတြက္ အရမ္းကို ေကာင္းတဲ့ အိပ္နည္းျဖစ္ပါတယ္။ ေဆးဝါးနဲ႔ တျခားကုသမႈေတြထက္စာရင္ ကိုယ္တုံးလုံး အိပ္ျခင္းက အေရျပားက်န္းမာေရးကို တုိးတက္ေကာင္းမြန္ေစပါလိမ့္မယ္။စိတ္ပ်ိဳ ကိုယ္ႏု ေနေစမယ္

ခႏၶာကိုယ္မွာ ကိုယ္အပူခ်ိန္က်ဆင္းသြားတဲ့အခါ ေဟာ္မုန္းထုတ္လုပ္မႈဟာ ျမန္ဆန္သြက္လက္လာေစပါတယ္။  ကိုယ္တုံးလုံး အိပ္တဲ့အခါမွာ ေအးေအးလူလူရွိတာေၾကာင့္ အသားအေရက သူ႔အလိုအေလ်ာက္ တင္းရင္းေစတဲ့ ေဟာ္မုန္းေတြထြက္လာကာ အလိုလို သဘာဝအတိုင္း ထိန္းသိမ္းျပီးသား ျဖစ္သြားပါတယ္။ အေရျပားတြန္႔တာ၊ အေရးအေၾကာင္းေပၚတာေတြကိုလည္း ခ်ဳပ္ခ်ယ္ထားတာမ်ိဳး မရွိေတာ့တာမို႔ လြတ္လြတ္လပ္လပ္ျပန္လည္ ဆဲလ္အသစ္ျဖည့္တင္းႏိုင္တဲ့အတြက္ အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈကို ကာကြယ္ေပးပါတယ္။

အိမ္ေထာင္ေရးသာယာေစတယ္

လူ႔သဘာဝအရ အသားခ်င္း ထိေတြ႔မႈရရိွတဲ့အခါမွာ ေအာက္စီတုိစင္ (Oxytocin) လို႔ ေခၚတဲ့ ေပ်ာ္ရႊင္တဲ့ ခံစားခ်က္ကို ေပးႏိုင္တဲ့ ေဟာ္မုန္း ထုတ္လုပ္ေပးပါတယ္။ ဒါဟာ အိမ္ေထာင္ေရးသာယာေစၿပီး မိမိလက္တြဲေဖာ္နဲ႔ ဆက္ဆံေရးအေပၚ ၾကီးမားတဲ့ အက်ဳိးသက္ေရာက္မႈ ုျဖစ္ေစပါတယ္။

ကိုယ့္ကိုယ္ကိုယ္ ပိုခ်စ္တတ္လာမယ္

ကိုယ္တုံးလုံး အိပ္ေတာ့မယ္လို႔ ဆုံးျဖတ္လိုက္တာနဲ႔ သင့္စိတ္ထဲမွာ အနည္းနဲ႔ အမ်ားေတာ့ တစ္ခုခုရင္းလိုက္ရသလို ခံစားရမွာပါ။ ဒါေပမဲ့လည္း အေနအထုိင္ သက္ေသာင့္သက္သာရွိေစမွာ ျဖစ္ၿပီး မိမိကုိယ္ကုိမိမိ တန္ဖုိးထားတတ္လာပါလိမ့္မယ္။ ဒီလို အိပ္ၾကည့္ၿပီး ေနာင္တလည္းရမွာ မဟုတ္တဲ့အတြက္ ကိုယ့္ဆံုးျဖတ္ခ်က္အေပၚ ယုံၾကည္မႈ တုိးျမင့္လာျပီး တစ္ေန႔ထက္တစ္ေန႔ ပိုမို ေက်နပ္အားရမႈရွိတဲ့အရသာကို ခံစားလာရမွာျဖစ္ပါတယ္။

ဆီးခ်ဳိေရာဂါနဲ႔ အျခားျပင္းထန္တဲ့ေရာဂါမ်ား ကာကြယ္

အဝတ္ဗလာအိပ္ျခင္းရဲ႕အံ့ၾသစရာအေကာင္းဆုံး အက်ဳိးေက်းဇူးတစ္ခုကို ေျပာရမယ္ဆိုရင္ေတာ့ ဆီးခ်ဳိေရာဂါရွိသူမ်ားဟာ ေအးတဲ့အခန္းတစ္ခုထဲမွာ အဝတ္ဗလာနဲ႔အိပ္မယ္ဆုိရင္ ဆီးခ်ိဳေရာဂါနဲ႔ ပတ္သတ္တဲ့ အျခားျပင္းထန္တဲ့ေရာဂါမ်ား ထပ္မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။

အၾကံေပးခ်င္တာတစ္ခုက အဝတ္ဗလာနဲ႔ အိပ္တယ္ဆိုေပမယ့္ အေအးမမိေစဖုိ႔ေတာ့ ေစာင္ထူထူၿခံဳထားသင့္တယ္လို႔ ထင္ပါတယ္။ ေစာင္အိအိကို ထူထူျခံဳေစတာက အိပ္မေပ်ာ္တဲ့ေရာဂါခံစားေနရသူမ်ားကို ကုသတဲ့အခါမွာ အလြန္ထိေရာက္တာကို ေတြ႔ရွိခဲ့ဖူးပါတယ္။ ထုိ႔အျပင္ အဝတ္မပါဘဲ ေစာင္ထူထူျခံဳၿပီးအိပ္ေစတာက စိတ္က်ေရာဂါခံစားေနရသူမ်ားကို စိတ္လံုျခံဳသြားေစၿပီး စိတ္ဓာတ္က်ဆင္းျခင္းအား သက္သာေစဖို႔ သံုးတဲ့ ကုသနည္းတစ္ခုလည္းျဖစ္ပါတယ္။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

unicode version

ကိုယ်တုံးလုံး အိပ်တဲ့အခါမှာ ကိုယ်ခန္ဓာက ကိုယ်အပူချိန်ကျဆင်းသွားတဲ့အတွက် ပိုပြီး အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။ တကယ်ထူးမထူးသိရအောင် တစ်သက်မှာ တစ်ခါတော့ အဝတ်မပါဘဲ အိပ်ကြည့်လိုက်ပါ။

အသားအရေကို လှပကောင်းမွန်စေတယ်

အဝတ်အစား မဝတ်ဘဲ ချွတ်အိပ်ခြင်းကြောင့် အကျိုးကျေးဇူးအကြီးကြီးခံစားရတာကတော့ အရေပြား ဖြစ်ပါတယ်။ အိပ်တဲ့အခါမှာ အရေပြားချွေးပေါက်တွေကို လေရှုဖို့ ဖွင့်ပေးထားသလို ဖြစ်စေပါတယ်။ ဝက်ခြံနဲ့ အခြားအပူကန်တတ်တဲ့သူတွေအတွက် အရမ်းကို ကောင်းတဲ့ အိပ်နည်းဖြစ်ပါတယ်။ ဆေးဝါးနဲ့ တခြားကုသမှုတွေထက်စာရင် ကိုယ်တုံးလုံး အိပ်ခြင်းက အရေပြားကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါလိမ့်မယ်။စိတ်ပျို ကိုယ်နု နေစေမယ်

ခန္ဓာကိုယ်မှာ ကိုယ်အပူချိန်ကျဆင်းသွားတဲ့အခါ ဟော်မုန်းထုတ်လုပ်မှုဟာ မြန်ဆန်သွက်လက်လာစေပါတယ်။  ကိုယ်တုံးလုံး အိပ်တဲ့အခါမှာ အေးအေးလူလူရှိတာကြောင့် အသားအရေက သူ့အလိုအလျောက် တင်းရင်းစေတဲ့ ဟော်မုန်းတွေထွက်လာကာ အလိုလို သဘာဝအတိုင်း ထိန်းသိမ်းပြီးသား ဖြစ်သွားပါတယ်။ အရေပြားတွန့်တာ၊ အရေးအကြောင်းပေါ်တာတွေကိုလည်း ချုပ်ချယ်ထားတာမျိုး မရှိတော့တာမို့ လွတ်လွတ်လပ်လပ်ပြန်လည် ဆဲလ်အသစ်ဖြည့်တင်းနိုင်တဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။

အိမ်ထောင်ရေးသာယာစေတယ်

လူ့သဘာဝအရ အသားချင်း ထိတွေ့မှုရရှိတဲ့အခါမှာ အောက်စီတိုစင် (Oxytocin) လို့ ခေါ်တဲ့ ပျော်ရွှင်တဲ့ ခံစားချက်ကို ပေးနိုင်တဲ့ ဟော်မုန်း ထုတ်လုပ်ပေးပါတယ်။ ဒါဟာ အိမ်ထောင်ရေးသာယာစေပြီး မိမိလက်တွဲဖော်နဲ့ ဆက်ဆံရေးအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ုဖြစ်စေပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာမယ်

ကိုယ်တုံးလုံး အိပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ သင့်စိတ်ထဲမှာ အနည်းနဲ့ အများတော့ တစ်ခုခုရင်းလိုက်ရသလို ခံစားရမှာပါ။ ဒါပေမဲ့လည်း အနေအထိုင် သက်သောင့်သက်သာရှိစေမှာ ဖြစ်ပြီး မိမိကိုယ်ကိုမိမိ တန်ဖိုးထားတတ်လာပါလိမ့်မယ်။ ဒီလို အိပ်ကြည့်ပြီး နောင်တလည်းရမှာ မဟုတ်တဲ့အတွက် ကိုယ့်ဆုံးဖြတ်ချက်အပေါ် ယုံကြည်မှု တိုးမြင့်လာပြီး တစ်နေ့ထက်တစ်နေ့ ပိုမို ကျေနပ်အားရမှုရှိတဲ့အရသာကို ခံစားလာရမှာဖြစ်ပါတယ်။

ဆီးချိုရောဂါနဲ့ အခြားပြင်းထန်တဲ့ရောဂါများ ကာကွယ်

အဝတ်ဗလာအိပ်ခြင်းရဲ့အံ့သြစရာအကောင်းဆုံး အကျိုးကျေးဇူးတစ်ခုကို ပြောရမယ်ဆိုရင်တော့ ဆီးချိုရောဂါရှိသူများဟာ အေးတဲ့အခန်းတစ်ခုထဲမှာ အဝတ်ဗလာနဲ့အိပ်မယ်ဆိုရင် ဆီးချိုရောဂါနဲ့ ပတ်သတ်တဲ့ အခြားပြင်းထန်တဲ့ရောဂါများ ထပ်မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အကြံပေးချင်တာတစ်ခုက အဝတ်ဗလာနဲ့ အိပ်တယ်ဆိုပေမယ့် အအေးမမိစေဖို့တော့ စောင်ထူထူခြုံထားသင့်တယ်လို့ ထင်ပါတယ်။ စောင်အိအိကို ထူထူခြုံစေတာက အိပ်မပျော်တဲ့ရောဂါခံစားနေရသူများကို ကုသတဲ့အခါမှာ အလွန်ထိရောက်တာကို တွေ့ရှိခဲ့ဖူးပါတယ်။ ထို့အပြင် အဝတ်မပါဘဲ စောင်ထူထူခြုံပြီးအိပ်စေတာက စိတ်ကျရောဂါခံစားနေရသူများကို စိတ်လုံခြုံသွားစေပြီး စိတ်ဓာတ်ကျဆင်းခြင်းအား သက်သာစေဖို့ သုံးတဲ့ ကုသနည်းတစ်ခုလည်းဖြစ်ပါတယ်။


Credit : duwun



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top