iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Trend Myanmar
ပို့သပေးပါတယ်။
Unicode Version
သင်ဟာ တကယ်သင့်တော်တဲ့ လက်တွဲဖော်တစ်ယောက်နဲ့ ချစ်သူရည်းစားဖြစ်လာခဲ့တာ သက်တမ်းတစ်ခု အကြာမှာ သူနဲ့ အတူနောက်တစ်ဆင့်ကို တက်လှမ်းဖို့ စိတ်ဝင်စားလာမှာပါ။ အဲဒီအခါမှာ သင်ဟာ အိမ်ထောင်ပြုခြင်းဆိုတဲ့ အဆင့်ကို တကယ်သွားသင့်၊ မသွားသင့် စဉ်းစားရတော့မယ့် အချက်တွေကို သိထားသင့်ပါတယ်။
၁။အိမ်ထောင်ရေးရဲ့ အဓိပ္ပာယ်ကို ၂ ယောက်လုံးက တူညီစွာ နားလည်သဘောပေါက်နေရင်
သင့်ရဲ့ အိမ်ထောင်ဖက်ဖြစ်လာမယ့်သူနဲ့ သင်နဲ့ဟာ အိမ်ထောင်ရေး အပေါ်မှာတူညီတဲ့အမြင် တစ်ခုရှိနေပြီဆိုရင်တော့ ဒါဟာ ကောင်းတဲ့ လက္ခဏာပါ။ အိမ်ထောင်ရေးဆိုတာကတော့ ဆွေးနွေးမှုပါပဲ။ တူညီတဲ့အမြင်ရှိဖို့ကို အရင်ဆွေးနွေးရပါမယ်။
၂။ချစ်သူအနားမှာနေရာတာပျော်နေပြီဆိုရင်
သင်ဟာ relationship တစ်ခုမှာ တကယ်ကျေနပ်နေလားဆိုတာက အရေးကြီးပါတယ်။ သင်ဟာဒီအိမ်ထောင်ဘက်နဲ့ အတူနေရတဲ့အခါ တစ်သက်လုံး ပျော်ရွှင်နိုင်မယ်ဆိုတာ သေချာရင် လက်ထပ်ဖို့ ဆုံးဖြတ်သင့်ပါပြီ။
၃။သင်ဟာ သင့်ရဲ့အကောင်းဆုံး အနေအထားမှာရှိနေပြီဆိုရင်
ချစ်သူရည်းစားနှစ်ယောက်ရဲ့ သက်တမ်းဟာ အတိုင်းအတာတစ်ုကိုရောက်လာတာနဲ့အမျှ အဲဒီ Relationship က သင့်ကို ပိုပြီး ယုံကြည်မှုရှိလာစေမယ်၊ ပိုပြီးပျော်ရွှင်လာစေမယ် ၊ ချစ်သူနဲ့အတူတူ ရှိနေရရင် အရာရာကို ရင်ဆိုင်နိုင်စွမ်းတွေ ရှိလာမယ်ဆိုရင်တော့ သင်တို့နှစ်ယောက်ဟာ လက်ထပ်သင့်နေပါပြီ။
၄။သင်ဟာတခြားအခွင့်အရေးတွေ လက်လွှတ်ရမှာကို ကျေနပ်နိုင်ပြီဆိုရင်
သင်ဟာ အိမ်ထောင်မပြုခင်မှာ အလွယ်တကူရနေတဲ့ အခွင့်အရေးတွေဖြစ်တဲ့ အလုပ်အသစ်လက်ခံခြင်း၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့တွေ့ဆုံခြင်း၊ အဝတ်အစားဝယ်ယူခြင်း ကဲ့သို့သော အခွင့်အရေးမျိုးတွေကို ဆုံးရှုံးရတဲ့အခါမှာ ကျေနပ်နိုင်တယ်ဆိုရင်တော့ သင်ဟာ အိမ်ထောင်ရေးမှာလည်းကျေနပ်နေရမှာပါ။
၅။သင်ဟာရည်းစားဟောင်းတွေနဲ့ မပတ်သတ်တော့တာ သေချာပြီဆိုရင်
လူတွေဟာ အထက်တန်းကျောင်းကတည်းက ရည်းစားနဲ့ အိမ်ထောင်ကျလေ့ မရှိပါဘူး။အဲဒီအတွက် အိမ်ထောင်တစ်ခု မထူထောင်ခင်မှာ ရှိခဲ့တဲ့ ရည်းစားဟောင်းတွေနဲ့ပတ်သက်ပြီး သူ၊သူမ မှာ ချစ်သူအသစ် ရသွားတာကို သဝန်တိုတာမျိုး မဖြစ်တော့တာ သေချာပါစေ။ သင်ရဲ့လက်ရှိ လက်တွဲဖော်ဟာ သင်နဲ့အတူ ဘဝအသစ်ကို ထူထောင်ရမှာပါ။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top