iMyanmarHouse.com - Best Property Website for Myanmar
×

သားဦးမိခင္တိုင္းဟာ ကေလးေမြးၿပီးတဲ့အခါ အိမ္နဲ႔ ေဝးတဲ့ လုပ္ငန္းခြင္ကို ျပဳစုရင္း ေနသင့္သလားဆိုတဲ့ ေမးခြန္း ႏွစ္ခုၾကား ဆံုးျဖတ္ရခက္ေနမွာပါ။ သားသမီးမေမြးခင္အထိ လုပ္ငန္းခြင္မွာ ႀကိဳးစားတည္ေဆာက္ ခဲ့တဲ့ ကိုယ္ရဲ႕ ေနရာ ရပ္တည္မႈကို တန္ဖိုးထားၿပီး စြန္႔ပစ္ရမွာ ႏွေျမာတဲ့စိတ္နဲ႔ ရင္ကျဖစ္တဲ့ ရင္ေသြးငယ္ကို ကိုယ့္ရင္ေငြ႕မွာပဲ ႀကီးျပင္းေစလိုတဲ့စိတ္ ႏွစ္ခုၾကား ေတြေဝေနၾကတဲ့ အမ်ဳိးသမီးေတြလည္း အမ်ားႀကီး ရွိေနပါလိမ့္မယ္။

လက္ရွိအလုပ္ကို ခ်စ္ျမတ္ႏိုးသူျဖစ္လွ်င္
႐ံုး ဒါမွမဟုတ္ ကုမၸဏီတစ္ခုက ဝန္ထမ္းတစ္ဦးျဖစ္ၿပီး ကိုယ္လုပ္ေနရတဲ့ အလုပ္နဲ႔ ရာထူးကို မက္ေမာ တြယ္တာတဲ့သူျဖစ္ရင္၊ ဒါမွမဟုတ္ အလုပ္ကေန ဝင္ေငြအမ်ားႀကီး ရေနရင္ အလုပ္ကို စြန္႔ပစ္ဖို႔ဆိုတာ ခက္ခဲပါလိမ့္မယ္မ။ ဒါေပမဲ့ မိခင္တစ္ေယာက္ျဖစ္လာတဲ့အခါမွာေတာ့ သင့္ခံစားခ်က္က တစ္မ်ဳိးတစ္မည္ ျဖစ္သြားႏိုင္ပါတယ္။ တခ်ဳိ႕မိခင္ေတြက ကေလးထိန္းရမွာကို ပ်င္းရိတတ္ၾကေပမယ့္ တခ်ဳိ႕မိခင္ေတြကေတာ့ ရင္ေသြးအနားမွာပဲ အခ်ိန္ျပည့္ ေစာက္ေရွာက္လိုစိတ္ျဖစ္ေပၚတတ္ပါတယ္။ ဒါဟာ မိသားစုအတြက္ လံုေလာက္တဲ့ ဝင္ေငြကို ခင္ပြန္းသည္က ရွာေဖြေပးႏိုင္မႈ အေပၚမွာလည္း မူတည္ေနပါတယ္။

ရင္ေသြးငယ္ဘက္မွၾကည့္လွ်င္
ကေလးအတြက္ကေတာ့ တျခားသူေတြရဲ႕ အနီးကပ္ေစာင့္ေရွာက္မႈကို ဘယ္ေလာက္ရရ မိဘအထူးသျဖင့္ မိခင္ဆီကရတဲ့ ေႏြးေထြးမႈမ်ဳိးမျဖစ္ႏိုင္ပါဘူး။ ၿပီးေတာ့ ကေလးလိုအပ္တဲ့အခ်ိန္တိုင္း မိခင္ႏို႔ခ်ဳိကို အဆင္သင့္ရရွိႏိုင္ဖို႔ အနည္းဆံုး အသက္ေျခာက္လအထိ လိုအပ္ေနတယ္မဟုတ္လား။ အလုပ္သြားတဲ့ မိခင္အေနနဲ႔ အလုပ္မသြားခင္ မိခင္ႏို႔ခ်ဳိကို ညႇစ္ထားၿပီး ေရခဲေသတၱာထဲ ထည့္သိမ္းထားလို႔ရတယ္ဆိုေပမယ့္ ႏို႔ဘူးရဲ႕ သန္႔ရွင္းေ၇းနဲ႔ ႏို႔ခ်ဳိရဲ႕ လတ္ဆက္မႈေတြကလည္း လိုအပ္ေနပါေသးတယ္။ မိခင္ႏို႔ခ်ဳိစို႔ၿပီး မိခင္ရင္ေငြ႕ကို ခိုလႈံကာ ႀကီးျပင္းရတဲ့ ကေလးငယ္ေတြဟာ ႀကီးလာတဲ့အခါ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈ ပိုရွိတတ္ေၾကာင္း သုေတသနေတြက ဆိုထားပါတယ္။

ကေလးေမြးၿပီး လုပ္ငန္းခြင္သို႔ ခ်က္ခ်င္းဝင္လွ်င္
အေၾကာင္းေၾကာင္းေၾကာင့္ သင့္ဟာ အိမ္နဲ႔ေဝးတဲ့ လုပ္ငန္းခြင္မွာ အလုပ္လုပ္ရၿပီဆိုရင္ ကေလးကိုအိမ္မွာ ထားခဲ့ရတဲ့အတြက္ မေပ်ာ္ရႊင္ပါက သင့္အတြက္ေရာ ကေလးအတြက္ပါ မေကာင္းပါဘူး။ ကေလးအတြက္ စိတ္မခ်တဲ့ ခံစားမႈမ်ဳိးနဲ႔အတူ “မိခင္ေကာင္း ပီသရဲ႕လား” ဆိုတဲ့အေတြးနဲ႔ ဝမ္းနည္းေနရႏိုင္ပါတယ္။
ကေလးကို လုပ္ငန္းခြင္ ေခၚသြားႏိုင္တဲ့ အလုပ္မ်ဳိးဆိုရင္ ျပႆနာမရွိပါဘူး။ မဟုတ္ရင္ေတာ့ ေငြေၾကးဆိုင္ရာ လုိအပ္ခ်က္ေၾကာင့္ လသားကေလးငယ္ကို ထားခဲ့ၿပီး အလုပ္လုပ္ရတယ္ဆိုတာကလည္း မျဖစ္သင့္တဲ့ ကိစၥပါပဲ။ ဒါေၾကာင့္ ကေလးမယူခင္ကတည္းက ကေလးေမြးၿပီးတဲ့အခ်ိန္ကာလ၊ အထူးသျဖင့္ မိခင္ႏို႔ခ်ဳိတစ္မ်ဳိးတည္း တိုက္ေကၽြးရမယ့္ အခ်ိန္ေျခာက္လအတြက္ ႀကိဳတင္စဥ္းစားၿပီး ေငြေၾကးစုေဆာင္းထားသင့္ပါတယ္။

အဲဒီအခ်ိန္အတိုင္းအတာအတြင္း အိမ္မွာေနရတာ ၿငီးေငြ႕ရင္ အိမ္နဲ႔ မခဲြမခြာဘဲ လုပ္လို႔ရမယ့္ အလုပ္ေတြ၊ ဥပမာ-လက္မႈလုပ္ငန္း၊ အိမ္ဆိုင္ဖြင့္ျခင္းကို ျပဳလုပ္ႏိုင္ဖို႔ ႀကိဳတင္စဥ္းစားထားသင့္ပါတယ္။ ဒါမွမဟုတ္သင့္လက္ရွိအလုပ္ကို အိမ္ကေနၿပီး လုပ္ေဆာင္လို႔ရေအာင္ အလုပ္ရွင္နဲ႔ ညိႇႏႈိင္းသင့္ပါတယ္။ ဒါဆိုရင္ သင့္ကေလးကို လက္လႊတ္ရတဲ့အခ်ိန္မွာ လုပ္ငန္းခြင္ကို ျပန္ဝင္ဖို႔ သင့္အတြက္ အခက္အခဲရွိေတာ့မွာ မဟုတ္ပါဘူး။


Credit:Good Health

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သားဦးမိခင်တိုင်းဟာ ကလေးမွေးပြီးတဲ့အခါ အိမ်နဲ့ ဝေးတဲ့ လုပ်ငန်းခွင်ကို ပြုစုရင်း နေသင့်သလားဆိုတဲ့ မေးခွန်း နှစ်ခုကြား ဆုံးဖြတ်ရခက်နေမှာပါ။ သားသမီးမမွေးခင်အထိ လုပ်ငန်းခွင်မှာ ကြိုးစားတည်ဆောက် ခဲ့တဲ့ ကိုယ်ရဲ့ နေရာ ရပ်တည်မှုကို တန်ဖိုးထားပြီး စွန့်ပစ်ရမှာ နှမြောတဲ့စိတ်နဲ့ ရင်ကဖြစ်တဲ့ ရင်သွေးငယ်ကို ကိုယ့်ရင်ငွေ့မှာပဲ ကြီးပြင်းစေလိုတဲ့စိတ် နှစ်ခုကြား တွေဝေနေကြတဲ့ အမျိုးသမီးတွေလည်း အများကြီး ရှိနေပါလိမ့်မယ်။

လက်ရှိအလုပ်ကို ချစ်မြတ်နိုးသူဖြစ်လျှင်
ရုံး ဒါမှမဟုတ် ကုမ္ပဏီတစ်ခုက ဝန်ထမ်းတစ်ဦးဖြစ်ပြီး ကိုယ်လုပ်နေရတဲ့ အလုပ်နဲ့ ရာထူးကို မက်မော တွယ်တာတဲ့သူဖြစ်ရင်၊ ဒါမှမဟုတ် အလုပ်ကနေ ဝင်ငွေအများကြီး ရနေရင် အလုပ်ကို စွန့်ပစ်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်မ။ ဒါပေမဲ့ မိခင်တစ်ယောက်ဖြစ်လာတဲ့အခါမှာတော့ သင့်ခံစားချက်က တစ်မျိုးတစ်မည် ဖြစ်သွားနိုင်ပါတယ်။ တချို့မိခင်တွေက ကလေးထိန်းရမှာကို ပျင်းရိတတ်ကြပေမယ့် တချို့မိခင်တွေကတော့ ရင်သွေးအနားမှာပဲ အချိန်ပြည့် စောက်ရှောက်လိုစိတ်ဖြစ်ပေါ်တတ်ပါတယ်။ ဒါဟာ မိသားစုအတွက် လုံလောက်တဲ့ ဝင်ငွေကို ခင်ပွန်းသည်က ရှာဖွေပေးနိုင်မှု အပေါ်မှာလည်း မူတည်နေပါတယ်။

ရင်သွေးငယ်ဘက်မှကြည့်လျှင်
ကလေးအတွက်ကတော့ တခြားသူတွေရဲ့ အနီးကပ်စောင့်ရှောက်မှုကို ဘယ်လောက်ရရ မိဘအထူးသဖြင့် မိခင်ဆီကရတဲ့ နွေးထွေးမှုမျိုးမဖြစ်နိုင်ပါဘူး။ ပြီးတော့ ကလေးလိုအပ်တဲ့အချိန်တိုင်း မိခင်နို့ချိုကို အဆင်သင့်ရရှိနိုင်ဖို့ အနည်းဆုံး အသက်ခြောက်လအထိ လိုအပ်နေတယ်မဟုတ်လား။ အလုပ်သွားတဲ့ မိခင်အနေနဲ့ အလုပ်မသွားခင် မိခင်နို့ချိုကို ညှစ်ထားပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားလို့ရတယ်ဆိုပေမယ့် နို့ဘူးရဲ့ သန့်ရှင်းရေးနဲ့ နို့ချိုရဲ့ လတ်ဆက်မှုတွေကလည်း လိုအပ်နေပါသေးတယ်။ မိခင်နို့ချိုစို့ပြီး မိခင်ရင်ငွေ့ကို ခိုလှုံကာ ကြီးပြင်းရတဲ့ ကလေးငယ်တွေဟာ ကြီးလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိတတ်ကြောင်း သုတေသနတွေက ဆိုထားပါတယ်။

ကလေးမွေးပြီး လုပ်ငန်းခွင်သို့ ချက်ချင်းဝင်လျှင်
အကြောင်းကြောင်းကြောင့် သင့်ဟာ အိမ်နဲ့ဝေးတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ရပြီဆိုရင် ကလေးကိုအိမ်မှာ ထားခဲ့ရတဲ့အတွက် မပျော်ရွှင်ပါက သင့်အတွက်ရော ကလေးအတွက်ပါ မကောင်းပါဘူး။ ကလေးအတွက် စိတ်မချတဲ့ ခံစားမှုမျိုးနဲ့အတူ “မိခင်ကောင်း ပီသရဲ့လား” ဆိုတဲ့အတွေးနဲ့ ဝမ်းနည်းနေရနိုင်ပါတယ်။
ကလေးကို လုပ်ငန်းခွင် ခေါ်သွားနိုင်တဲ့ အလုပ်မျိုးဆိုရင် ပြဿနာမရှိပါဘူး။ မဟုတ်ရင်တော့ ငွေကြေးဆိုင်ရာ လိုအပ်ချက်ကြောင့် လသားကလေးငယ်ကို ထားခဲ့ပြီး အလုပ်လုပ်ရတယ်ဆိုတာကလည်း မဖြစ်သင့်တဲ့ ကိစ္စပါပဲ။ ဒါကြောင့် ကလေးမယူခင်ကတည်းက ကလေးမွေးပြီးတဲ့အချိန်ကာလ၊ အထူးသဖြင့် မိခင်နို့ချိုတစ်မျိုးတည်း တိုက်ကျွေးရမယ့် အချိန်ခြောက်လအတွက် ကြိုတင်စဉ်းစားပြီး ငွေကြေးစုဆောင်းထားသင့်ပါတယ်။

အဲဒီအချိန်အတိုင်းအတာအတွင်း အိမ်မှာနေရတာ ငြီးငွေ့ရင် အိမ်နဲ့ မခွဲမခွာဘဲ လုပ်လို့ရမယ့် အလုပ်တွေ၊ ဥပမာ-လက်မှုလုပ်ငန်း၊ အိမ်ဆိုင်ဖွင့်ခြင်းကို ပြုလုပ်နိုင်ဖို့ ကြိုတင်စဉ်းစားထားသင့်ပါတယ်။ ဒါမှမဟုတ်သင့်လက်ရှိအလုပ်ကို အိမ်ကနေပြီး လုပ်ဆောင်လို့ရအောင် အလုပ်ရှင်နဲ့ ညှိနှိုင်းသင့်ပါတယ်။ ဒါဆိုရင် သင့်ကလေးကို လက်လွှတ်ရတဲ့အချိန်မှာ လုပ်ငန်းခွင်ကို ပြန်ဝင်ဖို့ သင့်အတွက် အခက်အခဲရှိတော့မှာ မဟုတ်ပါဘူး။


Credit:Good Health



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top