iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးတစ္ေယာက္ဟာ ေမြးရာပါ ရုပ္မလွခ်င္ေန ဒါေပမဲ့ ဘ၀မွာ လွလွပပေတာ့ ရွင္သန္သင့္တယ္။
ဘယ္အခ်ိန္အခါပဲျဖစ္ျဖစ္ ျပည့္စံုတဲ့အသိပညာ၊ ေကာင္းမြန္တဲ့စရိတၱ၊ ထက္ျမက္တဲ့ အျပဳအမူ၊
သိမ္ေမြ႔တဲ့အေျပာအဆို၊ ႀကီးျမတ္တဲ့ စိတ္သေဘာထားနဲ
႔ ေမတၱာနဲ႔ျပည့္တဲ့ ႏွလံုးသားတစ္စံုရွိတဲ့
မိန္းကေလးတစ္ေယာက္ဟာ ရုပ္ရည္မလွသည့္တိုင္ ဘ၀ကို အမွန္တကယ္ လွပေစႏိုင္ပါတယ္။
ဘ၀မွာ လွလွပပရွင္သန္ႏိုင္သူဟာ လွပတဲ့စိတ္ခံစားမႈ၊ အဆင့္တစ္ခု၊ စိတ္၀ိညာဥ္တစ္ခုကို ပိုင္ဆိုင္ႏိုင္မွာျဖစ္တယ္။
ကိုယ့္ကိုယ္ကိုမစြန္႔လြတ္သေရြ႕ ဘယ္သူကမွ ကိုယ့္တက္လွမ္းကို တားဆီးပိတ္ပင္ႏိုင္မွာ မဟုတ္ဘူး။

တခ်ဳိ႕က မိန္းကေလးေတြဟာ “ေတာင္တန္း”ပါတဲ့။ ခန္႔ညား၀င့္ထည္ၿပီး သေဘာထားႀကီးသတဲ့။
တခ်ဳိ႕က မိန္းကေလးေတြဟာ “ေရ” ပါတဲ့။ ႏူးညံ့ေပ်ာ့ေပ်ာင္းၿပီး ညင္သာသတဲ့။

မိန္းမေကာင္းဆိုတာ စာအုပ္ျဖစ္တယ္။ အသိပညာေတြနဲ႔ ျပည့္ႏွက္လို႔ေနတယ္။
မိန္းမေကာင္းဆိုတာ ဆိပ္ကမ္းျဖစ္တယ္။ ေဘးဒုကၡႀကံဳသူကို လံုလံုၿခံဳၿခံဳ နားခိုခြင့္ေပးတယ္။
မိန္းမေကာင္းဆိုတာ အရက္ျဖစ္တယ္။ ေမႊးႀကိဳင္ျခင္းနဲ႔ ျပည့္စံုတယ္။
မိန္းမေကာင္းဆိုတာ ေရေႏြးၾကမ္းျဖစ္တယ္။ အရသာခံေသာက္ေလ ေမႊးေလျဖစ္တယ္။
မိန္းမေကာင္းဆိုတာ တက္မျဖစ္တယ္။ အိမ္ေထာင္ေရးလမ္းေၾကာင္းကို ပဲ့ကိုင္ေပးတယ္။
မိန္းမေကာင္းဆိုတာ ရူခင္းျဖစ္တယ္။ ရာသီအလိုက္ ေရာင္စံုပန္းမန္ေတြနဲ႔ လွပေစတယ္။

မိန္းမေကာင္းဆိုတိုင္းရုပ္ရွည္လွပေနမွမဟုတ္ဘူး။ ျဖဴစင္ရိုးသားတဲ့စိတ္ရွိတယ္
ေက်ာ္ၾကားျခင္းနဲ႔ၾကြယ္၀ျခင္းရဲ႕ ျဖားေယာင္းျမဴဆြယ္မႈေၾကာင့္ စိတ္ကို မညစ္ႏြမ္းေစဘဲ ကိုယ့္လမ္းကိုယ္ဆက္ေလွ်ာက္သူ၊
လုပ္သင့္တာကို ဆက္လုပ္သူျဖစ္တယ္။ အေနနိမ့္က်၊ ဆင္းရဲဒုကၡနဲ႔ရင္ဆိုင္ရသည့္တိုင္ ရင္ကိုေကာ့ ေခါင္းကိုေမာ့ၿပီး
အၿပံဳးမပ်က္သူျဖစ္တယ္။

ရိုးသားၾကင္နာျခင္းဆိုတာ ေလာကမွာ အလွဆံုးပန္းတစ္ပြင့္ျဖစ္တယ္။ဘယ္သူတစ္ဦးတစ္ေယာက္ကမွ
အဲဒီပန္းဖူးပြင့္ဖို႔ မျငင္းဆန္တတ္ၾကဘူး။ မိန္းမေကာင္းဆိုတာ မိခင္ေကာင္း၊ဇနီးေကာင္းတစ္ဦးျဖစ္တယ္။
မိန္းမေကာင္းဆိုတာ အဲဒီအလွဆံုးပန္းျဖစ္တယ္။ မိန္းမေကာင္းေတြဟာကိုယ့္ဘ၀ခရီးတစ္ေလ်ာက္ကို ပန္းတစ္ပြင့္ရဲ႕
ၾကန္အင္လကၡဏာေတြနဲ႔ ျပည့္စံုေစတယ္။

မိန္းမေကာင္းေတြက မ်က္ရည္နဲ႔အၿပံဳးကို ကြယ္၀ွက္ထားစရာမလိုဘူး။
ရိုးသားၾကင္နာျခင္းဟာသာမန္မိန္းကေလးတစ္ဦးကို ပိုလွပေစတယ္။ ပိုႏွစ္လိုေစတယ္။ ကိုယ့္ကိုယ္တိုင္ကိုခ်စ္ခင္ႏွစ္သက္မယ္၊
ေဆြမ်ဳိးသားခ်င္းေတြကို ခ်စ္မယ္၊ သူငယ္ခ်င္း မိတ္ေဆြေတြကိုခ်စ္မယ္၊ သဘာ၀၊သက္ရွိအားလံုး
ေလာကမွာ ခ်စ္လို႔ရတဲ့အရာေတြကို ခ်စ္ခင္ႏွစ္သက္မယ္။ ႏွလံုးသားထဲခ်စ္ျခင္းေမတၱာရွိတဲ့
မိန္းကေလးတစ္ေယာက္ဟာ ဘယ္ေလာက္ပဲ ရုပ္ဆိုးေနပါေစ သူ႔မ်က္၀န္းထဲကေန ေႏြးေထြး၊ၾကင္နာတဲ့
အရိပ္ေတြကို ေတြ႔ႏိုင္တယ္။ လင္းလက္တဲ့အၿပံဳးကို ေတြ႔ျမင္ႏိုင္တယ္။

မိန္းမေကာင္းဆိုတာ စားပဲြေပၚမွာ အလွထားတဲ့ ပန္းအိုးမဟုတ္ဘူး။ သူတစ္ပါးတန္ဆာဆင္မွ
လွပတာမဟုတ္ဘူး။ မိန္းမေကာင္းဆိုတာ ကိုယ့္ကိုယ္ေလးစားမႈရွိတယ္၊
ေပ်ာ့ညံ့သူမဟုတ္ဘူး။ ေယာက္်ားေတြကိုမွီခိုသူမဟုတ္ဘူး။ ဘုရားသခင္က အာဒံကို ဖန္ဆင္းခဲ့တယ္။ ဧ၀ကိုလည္း
ဖန္ဆင္းခဲ့တာဟာ ေယာက္်ားသားေတြနဲ႔အတူဒီေလာကကို ကူညီထမ္းပိုးဖို႔ျဖစ္တယ္။
မိန္းကေလးတိုင္း ထူးခၽြန္ထက္ျမက္မွာမဟုတ္ဘူး။ ထင္ရွားမွာမဟုတ္ဘူး။
ဒါေပမဲ့ ရိုးရွင္းတဲ့ဘ၀မွာ သမီးက သမီး၀တၱရား၊ မယားက မယား၀တၱရား၊ မိခင္ကမိခင္၀တၱရားနဲ႔
ကိုယ့္၀တၱရားကို အတတ္ႏိုင္ဆံုး၊ အေကာင္းဆံုး ေက်ေက်ပြန္ပြန္ ေဆာင္ရြက္ၿပီးနားလည္မႈနဲ႔ ေလးစားမႈကို
ေအာင္ႏိုင္ရယူသူေတြျဖစ္တယ္။

ေမြးဖြားရာေဒသကို ကၽြန္မတို႔ ေရြးခ်ယ္ခြင့္မရွိခဲ့ဘူး။
ေမြးရာပါရုပ္ရွည္လွပဖို႔လည္း ကၽြန္မတို႔မစြမ္းသာခဲ့ဘူး။ ဆင္းရဲသားမိသားစု၊ ခ်မ္းသာတဲ့မိသားစုမွာ
ေမြးဖြားႏိုင္ဖို႔လည္း ကၽြန္မတို႔ေရြးခ်ယ္ခြင့္မရွိခဲ့ဘူး။ ဒါေပမဲ့ ရုပ္ရွည္မလွပလို႔၊ မခ်မ္းသာလို႔ ကၽြန္မတို႔
သိမ္ငယ္စရာမလိုဘူး။စိတ္လွဖို႔ကိုေတာ့ ကၽြန္မတို႔ကိုယ္တိုင္ ဖမ္းဆုပ္ႏိုင္ပါတယ္။

တကယ့္ မိန္းမေခ်ာ၊ မိန္းမလွဆိုတာ ပိန္တာ၊ ၀တာနဲ႔မဆိုင္ဘူး။ မ်က္ႏွာေပါက္လွတယ္၊ မလွဘူးနဲ႔
မဆိုင္ဘူး။ သဘာ၀နဲ႔ဆိုင္တယ္။ ဆဲြေဆာင္ႏိုင္တဲ့ အရည္အခ်င္းနဲ႔ ပိုဆိုင္တယ္။
ျပင္ပအလွျဖစ္တဲ့ ရုပ္ဆိုးတယ္၊ ၀တယ္၊ပိန္တယ္ဆိုတာကို ေျပာင္းလဲဖို႔ခက္ေပမယ့္ တကယ့္စိတ္ထဲကျဖစ္လာတဲ့
ႏွစ္လို႔ဖြယ္အလွကိုေတာ့ လူတိုင္းလုပ္ႏိုင္တယ္၊က်င့္ႀကံႏိုင္ပါတယ္။

(၁) နာလိုစိတ္မရွိတဲ့ မိန္းကေလးေတြဟာ ေအးေဆးတည္ၿငိမ္တယ္။ မ်က္ႏွာက လမင္းလို
ၾကည္လင္၀င္းပတယ္။

(၂) အမုန္းရန္ၿငိဳးမရွိတဲ့ မိန္းကေလးေတြဟာ ႏူးညံ့သိမ္ေမ႔ြတယ္။ မ်က္၀န္းထဲမွာ
စစ္မွန္တဲ့
ရိုးသားမႈေတြရွိတယ္။

(၃) စကားေျပာ ညင္သာေပ်ာ့ေပ်ာင္းၿပီး စကားၾကမ္းမေျပာတဲ့ မိန္းကေလးေတြဟာ
ပန္းေလးတစ္ပြင့္နဲ႔တူတယ္။ ခူးယူသူရဲ႕လက္ကို ရနံ႔ေတြနဲ႔ ေမႊးႀကိဳင္ေစတယ္။

(၄) ရမၼက္ေလာဘ ကင္းရွင္းတဲ့ မိန္းကေလးေတြဟာ ျမင့္ျမတ္တဲ့ရုပ္ကိုေဆာင္တယ္။
ရည္မြန္ေက်ာ့ရွင္းတယ္။

(၅) စိတ္ႀကီးမ၀င္တဲ့ မိန္းကေလးေတြဟာ ရိုးသားစစ္မွန္တယ္။ စိမ့္စမ္းေရလို
ေအးျမတယ္။

(၆) သက္ရွိေတြအေပၚ ခ်စ္ခင္ႏွစ္သက္တဲ့ မိန္းကေလးေတြဟာ တန္းတူေမတၱာနဲ႔
ေပးဆပ္တဲ့မိခင္လို
ေမတၱာေရာင္ျခည္မ်ဳိး ထြန္းေတာက္တယ္။ ညွာတာၾကင္နာတယ္။

(၇) အလိုမႀကီး၊ မၿငီးတြားတဲ့ မိန္းကေလးေတြဟာ ၾကည္လင္ၿပီး စိတ္ေရာကိုယ္ပါ
က်န္းမာတယ္။

(၈) အာရံုစိုက္ၿပီး လုပ္တတ္တဲ့၊ စိတ္ရိုးရွင္းတဲ့ မိန္းကေလးေတြဟာ
အသားအရည္၀င္းပၿပီး တည္ၾကည္တယ္။
လရဲ႕အလင္းတန္းလို ၾကည္လင္ၿပီး ဆဲြေဆာင္မႈနဲ႔ျပည့္လို႔ေနပါတယ္။

မိန္းကေလးတိုင္း ေမြးရာပါ ရုပ္ရွည္မလွပခ်င္ေနပါေစ ဘ၀ကိုေတာ့ လွလွပပ
ရွင္သန္ေနထိုင္သင့္ပါတယ္။
လူသားတုိင္း ဘ၀နွင္႔ဆႏၵ တထပ္တည္း က်ႏုိင္ၾကပါေစ။


Credit: ba gyi thet


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘဝမှာ လှလှပပတော့ ရှင်သန်သင့်တယ်။
ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊
သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ
့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့
မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘဝကို အမှန်တကယ် လှပစေနိုင်ပါတယ်။
ဘဝမှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။
ကိုယ့်ကိုယ်ကိုမစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။

တချို့က မိန်းကလေးတွေဟာ “တောင်တန်း”ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။
တချို့က မိန်းကလေးတွေဟာ “ရေ” ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။

မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။
မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။
မိန်းမကောင်းဆိုတာ အရက်ဖြစ်တယ်။ မွှေးကြိုင်ခြင်းနဲ့ ပြည့်စုံတယ်။
မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမကောင်းဆိုတာ ရူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။

မိန်းမကောင်းဆိုတိုင်းရုပ်ရှည်လှပနေမှမဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ်ရှိတယ်
ကျော်ကြားခြင်းနဲ့ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊
လုပ်သင့်တာကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး
အပြုံးမပျက်သူဖြစ်တယ်။

ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။ဘယ်သူတစ်ဦးတစ်ယောက်ကမှ
အဲဒီပန်းဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။ မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ဇနီးကောင်းတစ်ဦးဖြစ်တယ်။
မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။ မိန်းမကောင်းတွေဟာကိုယ့်ဘဝခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့
ကြန်အင်လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။

မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။
ရိုးသားကြင်နာခြင်းဟာသာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။ ပိုနှစ်လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကိုချစ်ခင်နှစ်သက်မယ်၊
ဆွေမျိုးသားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊သက်ရှိအားလုံး
လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။ နှလုံးသားထဲချစ်ခြင်းမေတ္တာရှိတဲ့
မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ကြင်နာတဲ့
အရိပ်တွေကို တွေ့နိုင်တယ်။ လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။

မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါးတန်ဆာဆင်မှ
လှပတာမဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊
ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကိုမှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧဝကိုလည်း
ဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့အတူဒီလောကကို ကူညီထမ်းပိုးဖို့ဖြစ်တယ်။
မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာမဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။
ဒါပေမဲ့ ရိုးရှင်းတဲ့ဘဝမှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်ကမိခင်ဝတ္တရားနဲ့
ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီးနားလည်မှုနဲ့ လေးစားမှုကို
အောင်နိုင်ရယူသူတွေဖြစ်တယ်။

မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။
မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့မိသားစုမှာ
မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ မချမ်းသာလို့ ကျွန်မတို့
သိမ်ငယ်စရာမလိုဘူး။စိတ်လှဖို့ကိုတော့ ကျွန်မတို့ကိုယ်တိုင် ဖမ်းဆုပ်နိုင်ပါတယ်။

တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ဝတာနဲ့မဆိုင်ဘူး။ မျက်နှာပေါက်လှတယ်၊ မလှဘူးနဲ့
မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။
ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုးတယ်၊ ဝတယ်၊ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့
နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ကျင့်ကြံနိုင်ပါတယ်။

(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို
ကြည်လင်ဝင်းပတယ်။

(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မေ့ွတယ်။ မျက်ဝန်းထဲမှာ
စစ်မှန်တဲ့
ရိုးသားမှုတွေရှိတယ်။

(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေဟာ
ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။

(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။
ရည်မွန်ကျော့ရှင်းတယ်။

(၅) စိတ်ကြီးမဝင်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို
အေးမြတယ်။

(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့
ပေးဆပ်တဲ့မိခင်လို
မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။

(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ
ကျန်းမာတယ်။

(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ
အသားအရည်ဝင်းပပြီး တည်ကြည်တယ်။
လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။

မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘဝကိုတော့ လှလှပပ
ရှင်သန်နေထိုင်သင့်ပါတယ်။
လူသားတိုင်း ဘဝနှင့်ဆန္ဒ တထပ်တည်း ကျနိုင်ကြပါစေ။


Credit: ba gyi thet


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top