iMyanmarHouse.com - Best Property Website for Myanmar
×

အခုေနာက္ပိုင္းမွာ ရက္ပ္ပါ အဆုိေတာ္တစ္ေယာက္နဲ႕ေၾကာ္ျငာေတြ၊ အမ္တီဗီေတြ အရိုက္မ်ားေနတဲ့ နန္းဆုဦးကို သူ႕ကိုခ်စ္တဲ့ ပရိသတ္ေတြက အခ်စ္သစ္မ်ားရသြားျပီလားဆုိျပီး သိခ်င္ေနၾကပါတယ္။ ဒါ့အျပင္ ေဖ့စ္ဘြတ္ခ္မွာလည္း သူတုိ႕ႏွစ္ေယာက္ အတူတူတြဲကာ အႏုပညာလႈပ္ရွားမႈေတြျပဳလုပ္ေနတာကို ျမင္ၾကရတာကတစ္ေၾကာင္း၊ Full Moon Party မွာလဲ အတူတူတြဲကာကဲေနၾကတယ္ဆိုၿပီး စေတးတပ္စ္ေတြတင္ၾကတဲ့အတြက္ သူမရဲ႕ အခ်စ္ေရး အေၾကာင္းအရာနဲ႕ပတ္သက္ၿပီး ကာယကံရွင္နန္းဆုဦးကို သြားေရာက္ေမးျမန္းျဖစ္ခဲ့သလို အႏုပညာလႈပ္ရွားမႈေတြကိုလည္း ေမးျမန္းခဲ့ပါေသးတယ္။

-အခုလက္ရွိ ရိုက္ေနတဲ့ ကားေလးအေၾကာင္းကို အရင္ေျပာျပေပးပါဦး။

ဇာတ္ကားနာမည္က လေရာင္၀ိုင္တဲ့။ ဒါရိုက္တာက ကိုရာဇ၀င္ကို၊ မင္းသားက ကုိေဇရဲထက္ပါ။ ဒီကားက အခ်စ္ဖန္စီကားေလးပါပဲ။ ညီမကဒီကားေလးထဲမွာ ညီမနာမည္က ၀ိုင္ပါ။ ေကာင္ေလးက ျမင္ျမင္ခ်င္းေကာင္မေလးကုိခ်စ္မိသြားတယ္။ ဒါေပမဲ့ ကာရိုက္တာခ်င္းက မတူဘူး။ သူက အရမ္းေၾကာက္တတ္တယ္။ မလုပ္ရဲ၊ မကုိင္ရဲေပါ့။ ညီမကေတာ့ ခပ္မာမာ၊ ခပ္တည္တည္ပံုစံမ်ိဳးေလးပါ။ သူနဲ႕ကုိယ္နဲ႕ပံုစံမတူဘူး။ သူကၾကိဳက္ေပမဲ့ ညီမကို ဖြင့္မေျပာရဲဘူး။ ညီမကလဲသူ႕ကိုသေဘာက်တယ္။ ဒါေပမဲ့မိန္းကေလးဆိုေတာ့ သူကဖြင့္မေျပာတာကို အားမလိုအားမရျဖစ္တယ္။ အဲ့ဒီလိုပံုစံေလးေပါ့။

-ရုိက္ရတဲ့ ဇာတ္လမ္းေတြမ်ားလာတဲ့အခါ တစ္ကားနဲ႕တစ္ကားထပ္မသြားေအာင္ ကာရိုက္တာပိုင္းကို ဘယ္လိုေရြးခ်ယ္ရုိက္ကူးျဖစ္လဲ။

နန္းဆုအခု အႏုပညာေလာထဲမွာ လုပ္တဲ့ သက္တမ္းက သံုးႏွစ္ေလာက္ေတာ့ရွိၿပီ။ ကာရိုက္တာေတြကေတာ့ စံုလာၿပီ။ ဒါေပမဲ့ မလုပ္ရေသးတာေတြလဲ အမ်ားၾကီးရွိေသးတယ္။ အခုေနာက္ပိုင္းလုပ္ခ်င္လာတဲ့ ကာရိုက္တာကေတာ့ ဘ၀ဒဏ္ကိုအရမ္းခံရတဲ့ ကာရိုက္တာမ်ိဳးေလးေတြ၊ ေနာက္ရပ္ကြက္ထဲက ခပ္ဆိုးဆိုး ေကာင္မေလးတို႕၊ရပ္ကြက္ပံုစံမ်ိဳးေပါ့။ ခ်မ္းသာတဲ့ပံုစံမဟုတ္ပဲ ကာလာကြဲသြားတာေလးေတြကို အမ်ားၾကီးလုပ္ခ်င္တယ္။ ေနာက္နယ္ဇာတ္လမ္းေလးေတြလဲ အမ်ားၾကီးလုပ္ခ်င္တယ္။

-ခ်စ္သူမ်ားေန႕ကုိေရာ ဘယ္လုိျဖတ္သန္းျဖစ္မလဲ။

ညီမ ဒီကားပဲရိုက္ေနမွာပါ။ ဘာမွေတာ့ေထြေထြထူးထူးမလုပ္ျဖစ္ပါဘူး။

-အရင္ႏွစ္ေတြကေရာ ခ်စ္သူမ်ားေန႕ကိုဘယ္လိုျဖတ္သန္းျဖစ္လဲ။

အရင္ႏွစ္ေတြကလဲ အလုပ္လုပ္ၿပီးျဖတ္သန္းျဖစ္တယ္။ ေနာက္ၿပီး အေမနဲ႕တူတူ ဒင္နာစားၿပီးေတာ့ျဖတ္သန္းျဖစ္တယ္။

-အဲ့ဒီေန႕မွာ ကုိယ့္ဆီကုိ Surprise ေတြေရာက္လာတာမ်ိဳးေရာရွိလား။

လက္ေဆာင္ေတြကေတာ့ အမ်ားၾကီးေပးၾကတယ္။ ခ်စ္သူမ်ားေန႕ဆို Fans ေတြက Suprise လုပ္ေပးတယ္။ ဟိုးႏွစ္ကဆိုရင္လဲ ရႈတင္ကအျပန္ အိမ္ေရွ႕မွာ နန္းဆု Fans ေတြက နန္းဆုကို Suprise လုပ္ေပးတာေပါ့။ ကိုယ္ေတာင္မွ ဘာလို႕လာလုပ္တာပါလိ့မ္ေပါ့။ ငါ့ေမြးေန႕လဲ မဟုတ္ပဲေပါ့။ ေနာက္မွ ခ်စ္သူမ်ားေန႕မွန္းသိတယ္။

-ကိုယ္ကုိတုိင္ေရာ တစ္စံုတစ္ေယာက္ကို Suprise လုပ္ေပးတာမ်ိဳးရွိဖူးလား။

ငယ္ငယ္ေက်ာင္းတက္တုန္းက နန္းဆုရဲ႕ အခ်စ္ဆံုးသူငယ္ခ်င္းမိန္းကေလးနဲ႕ခ်စ္သူမ်ားေန႕တိုင္း အမွတ္တရေလးေတြ လုပ္ေပးျဖစ္တယ္။ သူနဲ႕ကိုယ္နဲ႕က အရမ္းခ်စ္တယ္။ ညီအစ္မလိုေရာ၊ သူငယ္ခ်င္းလိုေရာ တစ္ခုခုဆို စိတ္ေကာက္တယ္။ ျပန္ေခ်ာ့တယ္။ အရမ္းကို Close ျဖစ္တဲ့ သူငယ္ခ်င္းေပါ့။ ေက်ာင္းမွာ ခ်စ္သူမ်ားေန႕ဆုိ သူ႕ေလာ့ခ္ကာထဲမွာ သူ႕အတြက္ အမွတ္တရပစၥည္းေလးနဲ႕စာေလးေတြေရးၿပီး ထည့္ေပးထားတယ္။ သူလဲကုိယ့္ကို အဲ့ဒီလိုေလးလုပ္ေပးတယ္။ နန္းဆုတို႕သူငယ္ခ်င္းႏွစ္ေယာက္ အျမဲတမ္းလုပ္ေပးေနက် အမွတ္တရေလးေပါ့။

-မနက္ျဖန္မွာေရာတစ္စံုတစ္ေယာက္အတြက္ တစ္ခုခုစီစဥ္ထားတာမ်ိဳးရွိလား။

ညီမဖက္ကေတာ့ အဲ့ဒီလိုမ်ိဳးလုပ္ေပးဖို႕မရွိေတာ့ပါဘူး။ ေက်ာင္းလဲၿပီးၿပီဆိုေတာ့ေလ။ သူငယ္ခ်င္းေတြကလဲ ႏုိင္ငံျခားသြားၿပီးေက်ာင္းတက္တဲ့ သူက တက္ေနၿပီ။ အသက္ေတြလဲၾကီးလာၿပီဆုိေတာ့ ငယ္ငယ္တုန္းကလိုေတာ့ မလုပ္ျဖစ္ေတာ့ပါဘူး။ ကုိယ့္အလုပ္ေတြနဲ႕ကိုယ္ျဖစ္ေနၾကၿပီဆိုေတာ့ေလ။

-မနက္ျဖန္မွာေရာက္လာမဲ့ Suprise တစ္ခုခုကိုေရာ ေမွ်ာ္လင့္ရင္ခုန္ေနတာမ်ိဳးရွိလား။

ခ်စ္သူမ်ားေန႕ဆိုတာ ခ်စ္သူရွိေနတဲ့သူေတြအတြက္ေတာ့ ေန႕တုိင္းက ခ်စ္သူမ်ားေန႕ျဖစ္ခ်င္ျဖစ္မယ္။ အဲ့ဒီေန႕ေလးေတာ့ ခ်စ္သူေတြအတြက္ သတ္မွတ္ထားတဲ့ ေပ်ာ္ရႊင္စရာေန႕ေလးတစ္ေန႕ျဖစ္ရင္လဲျဖစ္မယ္။ နန္းဆုကက်ေတာ့ Single ျဖစ္ေနတယ္။ ခ်စ္သူမရွိဘူးဆိုေတာ့ ခ်စ္သူရွိတဲ့သူေတြအတြက္ကုိပဲနန္းဆု ဆုေတာင္းေပးပါတယ္။ ကိုယ့္ခ်စ္သူနဲ႕ေပ်ာ္ရႊင္ပါေစ။ နန္းဆုကေတာ့ ဒီႏွစ္ခ်စ္သူမ်ားေန႕မွာ ခ်စ္သူမရွိတဲ့ အတြက္ေၾကာင့္မို႕လို႕အလုပ္လုပ္ရင္းနဲ႕ပဲ နန္းဆုခ်စ္တဲ့ေမေမနဲ႕ျဖတ္သန္းပါမယ္။

-အခုေနာက္ပိုင္း အဆိုေတာ္ X-box နဲ႕ညီမေလး အမ္တီဗီေတြ ေၾကာ္ျငာေလးေတြမွာ တြဲရုိက္လာၾကတယ္။ ၿပီးေတာ့ Full Moon Party တုန္းကလဲ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက အတူတူတြဲၿပီး ေတြ႕ၾကတယ္ဆိုၿပီး စေတးတပ္ေတြတင္ေနၾကေတာ့ အခုလက္ရွိ တြဲေနၾကတာလားဆိုတာကုိလဲသိခ်င္ပါတယ္။

ညီမအခ်စ္ေရးကေတာ့ Single ပဲ။ အခုကို X-box နဲ႕က အစ္မေမးလို႕ေျပာရတာပါ။ ဒါကလဲ ေျပာစရာဘာမွမရွိပါဘူး။ ဘာလုိ႕လဲဆိုေတာ့ သူနဲ႕ကိုယ္နဲ႕ကအႏုပညာေမာင္ႏွမေတြပါ။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အခုနောက်ပိုင်းမှာ ရက်ပ်ပါ အဆိုတော်တစ်ယောက်နဲ့ကြော်ငြာတွေ၊ အမ်တီဗီတွေ အရိုက်များနေတဲ့ နန်းဆုဦးကို သူ့ကိုချစ်တဲ့ ပရိသတ်တွေက အချစ်သစ်များရသွားပြီလားဆိုပြီး သိချင်နေကြပါတယ်။ ဒါ့အပြင် ဖေ့စ်ဘွတ်ခ်မှာလည်း သူတို့နှစ်ယောက် အတူတူတွဲကာ အနုပညာလှုပ်ရှားမှုတွေပြုလုပ်နေတာကို မြင်ကြရတာကတစ်ကြောင်း၊ Full Moon Party မှာလဲ အတူတူတွဲကာကဲနေကြတယ်ဆိုပြီး စတေးတပ်စ်တွေတင်ကြတဲ့အတွက် သူမရဲ့ အချစ်ရေး အကြောင်းအရာနဲ့ပတ်သက်ပြီး ကာယကံရှင်နန်းဆုဦးကို သွားရောက်မေးမြန်းဖြစ်ခဲ့သလို အနုပညာလှုပ်ရှားမှုတွေကိုလည်း မေးမြန်းခဲ့ပါသေးတယ်။

-အခုလက်ရှိ ရိုက်နေတဲ့ ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

ဇာတ်ကားနာမည်က လရောင်ဝိုင်တဲ့။ ဒါရိုက်တာက ကိုရာဇဝင်ကို၊ မင်းသားက ကိုဇေရဲထက်ပါ။ ဒီကားက အချစ်ဖန်စီကားလေးပါပဲ။ ညီမကဒီကားလေးထဲမှာ ညီမနာမည်က ဝိုင်ပါ။ ကောင်လေးက မြင်မြင်ချင်းကောင်မလေးကိုချစ်မိသွားတယ်။ ဒါပေမဲ့ ကာရိုက်တာချင်းက မတူဘူး။ သူက အရမ်းကြောက်တတ်တယ်။ မလုပ်ရဲ၊ မကိုင်ရဲပေါ့။ ညီမကတော့ ခပ်မာမာ၊ ခပ်တည်တည်ပုံစံမျိုးလေးပါ။ သူနဲ့ကိုယ်နဲ့ပုံစံမတူဘူး။ သူကကြိုက်ပေမဲ့ ညီမကို ဖွင့်မပြောရဲဘူး။ ညီမကလဲသူ့ကိုသဘောကျတယ်။ ဒါပေမဲ့မိန်းကလေးဆိုတော့ သူကဖွင့်မပြောတာကို အားမလိုအားမရဖြစ်တယ်။ အဲ့ဒီလိုပုံစံလေးပေါ့။

-ရိုက်ရတဲ့ ဇာတ်လမ်းတွေများလာတဲ့အခါ တစ်ကားနဲ့တစ်ကားထပ်မသွားအောင် ကာရိုက်တာပိုင်းကို ဘယ်လိုရွေးချယ်ရိုက်ကူးဖြစ်လဲ။

နန်းဆုအခု အနုပညာလောထဲမှာ လုပ်တဲ့ သက်တမ်းက သုံးနှစ်လောက်တော့ရှိပြီ။ ကာရိုက်တာတွေကတော့ စုံလာပြီ။ ဒါပေမဲ့ မလုပ်ရသေးတာတွေလဲ အများကြီးရှိသေးတယ်။ အခုနောက်ပိုင်းလုပ်ချင်လာတဲ့ ကာရိုက်တာကတော့ ဘဝဒဏ်ကိုအရမ်းခံရတဲ့ ကာရိုက်တာမျိုးလေးတွေ၊ နောက်ရပ်ကွက်ထဲက ခပ်ဆိုးဆိုး ကောင်မလေးတို့၊ရပ်ကွက်ပုံစံမျိုးပေါ့။ ချမ်းသာတဲ့ပုံစံမဟုတ်ပဲ ကာလာကွဲသွားတာလေးတွေကို အများကြီးလုပ်ချင်တယ်။ နောက်နယ်ဇာတ်လမ်းလေးတွေလဲ အများကြီးလုပ်ချင်တယ်။

-ချစ်သူများနေ့ကိုရော ဘယ်လိုဖြတ်သန်းဖြစ်မလဲ။

ညီမ ဒီကားပဲရိုက်နေမှာပါ။ ဘာမှတော့ထွေထွေထူးထူးမလုပ်ဖြစ်ပါဘူး။

-အရင်နှစ်တွေကရော ချစ်သူများနေ့ကိုဘယ်လိုဖြတ်သန်းဖြစ်လဲ။

အရင်နှစ်တွေကလဲ အလုပ်လုပ်ပြီးဖြတ်သန်းဖြစ်တယ်။ နောက်ပြီး အမေနဲ့တူတူ ဒင်နာစားပြီးတော့ဖြတ်သန်းဖြစ်တယ်။

-အဲ့ဒီနေ့မှာ ကိုယ့်ဆီကို Surprise တွေရောက်လာတာမျိုးရောရှိလား။

လက်ဆောင်တွေကတော့ အများကြီးပေးကြတယ်။ ချစ်သူများနေ့ဆို Fans တွေက Suprise လုပ်ပေးတယ်။ ဟိုးနှစ်ကဆိုရင်လဲ ရှုတင်ကအပြန် အိမ်ရှေ့မှာ နန်းဆု Fans တွေက နန်းဆုကို Suprise လုပ်ပေးတာပေါ့။ ကိုယ်တောင်မှ ဘာလို့လာလုပ်တာပါလိ့မ်ပေါ့။ ငါ့မွေးနေ့လဲ မဟုတ်ပဲပေါ့။ နောက်မှ ချစ်သူများနေ့မှန်းသိတယ်။

-ကိုယ်ကိုတိုင်ရော တစ်စုံတစ်ယောက်ကို Suprise လုပ်ပေးတာမျိုးရှိဖူးလား။

ငယ်ငယ်ကျောင်းတက်တုန်းက နန်းဆုရဲ့ အချစ်ဆုံးသူငယ်ချင်းမိန်းကလေးနဲ့ချစ်သူများနေ့တိုင်း အမှတ်တရလေးတွေ လုပ်ပေးဖြစ်တယ်။ သူနဲ့ကိုယ်နဲ့က အရမ်းချစ်တယ်။ ညီအစ်မလိုရော၊ သူငယ်ချင်းလိုရော တစ်ခုခုဆို စိတ်ကောက်တယ်။ ပြန်ချော့တယ်။ အရမ်းကို Close ဖြစ်တဲ့ သူငယ်ချင်းပေါ့။ ကျောင်းမှာ ချစ်သူများနေ့ဆို သူ့လော့ခ်ကာထဲမှာ သူ့အတွက် အမှတ်တရပစ္စည်းလေးနဲ့စာလေးတွေရေးပြီး ထည့်ပေးထားတယ်။ သူလဲကိုယ့်ကို အဲ့ဒီလိုလေးလုပ်ပေးတယ်။ နန်းဆုတို့သူငယ်ချင်းနှစ်ယောက် အမြဲတမ်းလုပ်ပေးနေကျ အမှတ်တရလေးပေါ့။

-မနက်ဖြန်မှာရောတစ်စုံတစ်ယောက်အတွက် တစ်ခုခုစီစဉ်ထားတာမျိုးရှိလား။

ညီမဖက်ကတော့ အဲ့ဒီလိုမျိုးလုပ်ပေးဖို့မရှိတော့ပါဘူး။ ကျောင်းလဲပြီးပြီဆိုတော့လေ။ သူငယ်ချင်းတွေကလဲ နိုင်ငံခြားသွားပြီးကျောင်းတက်တဲ့ သူက တက်နေပြီ။ အသက်တွေလဲကြီးလာပြီဆိုတော့ ငယ်ငယ်တုန်းကလိုတော့ မလုပ်ဖြစ်တော့ပါဘူး။ ကိုယ့်အလုပ်တွေနဲ့ကိုယ်ဖြစ်နေကြပြီဆိုတော့လေ။

-မနက်ဖြန်မှာရောက်လာမဲ့ Suprise တစ်ခုခုကိုရော မျှော်လင့်ရင်ခုန်နေတာမျိုးရှိလား။

ချစ်သူများနေ့ဆိုတာ ချစ်သူရှိနေတဲ့သူတွေအတွက်တော့ နေ့တိုင်းက ချစ်သူများနေ့ဖြစ်ချင်ဖြစ်မယ်။ အဲ့ဒီနေ့လေးတော့ ချစ်သူတွေအတွက် သတ်မှတ်ထားတဲ့ ပျော်ရွှင်စရာနေ့လေးတစ်နေ့ဖြစ်ရင်လဲဖြစ်မယ်။ နန်းဆုကကျတော့ Single ဖြစ်နေတယ်။ ချစ်သူမရှိဘူးဆိုတော့ ချစ်သူရှိတဲ့သူတွေအတွက်ကိုပဲနန်းဆု ဆုတောင်းပေးပါတယ်။ ကိုယ့်ချစ်သူနဲ့ပျော်ရွှင်ပါစေ။ နန်းဆုကတော့ ဒီနှစ်ချစ်သူများနေ့မှာ ချစ်သူမရှိတဲ့ အတွက်ကြောင့်မို့လို့အလုပ်လုပ်ရင်းနဲ့ပဲ နန်းဆုချစ်တဲ့မေမေနဲ့ဖြတ်သန်းပါမယ်။

-အခုနောက်ပိုင်း အဆိုတော် X-box နဲ့ညီမလေး အမ်တီဗီတွေ ကြော်ငြာလေးတွေမှာ တွဲရိုက်လာကြတယ်။ ပြီးတော့ Full Moon Party တုန်းကလဲ ပရိသတ်တော်တော်များများက အတူတူတွဲပြီး တွေ့ကြတယ်ဆိုပြီး စတေးတပ်တွေတင်နေကြတော့ အခုလက်ရှိ တွဲနေကြတာလားဆိုတာကိုလဲသိချင်ပါတယ်။

ညီမအချစ်ရေးကတော့ Single ပဲ။ အခုကို X-box နဲ့က အစ်မမေးလို့ပြောရတာပါ။ ဒါကလဲ ပြောစရာဘာမှမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူနဲ့ကိုယ်နဲ့ကအနုပညာမောင်နှမတွေပါ။


Credit:Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top