iMyanmarHouse.com - Best Property Website for Myanmar
×

ပိန်ပိန် ဝဝ ပြဿနာမဟုတ်သလို အသားဖြူတာ မည်းတာကလည်း အကြောင်းမဟုတ်ပါဘူး။ ရုပ်ရည်နဲ့ပတ်သက်လာရင် ကိုယ်လုံးကိုယ်ပေါက်က သဘောကျနှစ်ခြိုက်မှု၊ လိင်မှုကိစ္စ၊ ရွယ်တူတွေရဲ့ တန်ဖိုးထားလေးစားမှုနဲ့ မထိုက်တန် ဖြစ်စေတာမျိုး မရှိပါဘူး။ နောက်တစ်ချက်က ဝတဲ့မိန်းကလေးတွေဟာ မိမိကိုယ်ကိုယ် တန်ဖိုးထားမှု ကင်းမဲ့စရာမရှိဘူးဆိုတာပါပဲ။ တကယ်လို့ သင်ဟာ ဝဝတုတ်တုတ်အမျိုးသမီးတစ်ယောက်ဆိုရင် ဒီလိုခန္ဓာကိုယ်ရှိတာ မိမိတစ်ယောက်တည်းမဟုတ်ပါဘူး၊ ဒါဟာ တမူထူးခြားသူဆိုတာ သိစေချင်ပါတယ်။ သင့်ကို အကောင်းဆုံးချစ်သူရည်းစားဖြစ်စေတဲ့ အကြောင်းအရင်း (၅) ချက်ကို ဝေမျှချင်ပါတယ်။

၁။ သန်မာတယ်

ဝဝတုတ်တုတ်မိန်းကလေးတွေဟာ စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်ကြပါတယ်။ ဒီလိုခန္ဓာကိုယ်မျိုး ရရှိပိုင်ဆိုင်တဲ့အခါ ကိုယ့်ကို ကျီစယ်မယ့်သူ များစွာ ရှိပါလိမ့်မယ်။ ဒီလိုဘဝမျိုးဖြတ်သန်းတာက ဝဝတုတ်တုတ်အမျိုးသမီးတိုင်းကို မိမိကိုယ်မိမိ ယုံကြည်မှုစံနမူနာ၊ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံသူဖြစ်အောင် တွန်းပို့ပေးပါတယ်။

၂။  ပျော်ပျော်နေတတ်တယ်

ဒီအမျိုးသမီးတွေ သူတို့ရဲ့ ဟာသဥာဏ်ကို ဝတုတ်မလို့ လှောင်ပြောင်ကျီစယ်ခံရတဲ့ နာကြည်းချက်ကို ကာကွယ်ဖို့ လက်နက်သဖွယ် အသုံးပြုကြပါတယ်။ ဒါပေမယ့် အများအားဖြင့် ဝဝတုတ်တုတ်အမျိုးသမီးတွေ ပျော်ပျော်နေတတ်ကြပါတယ်။

၃။ ခန္ဓာကိုယ်ကောက်ကြောင်းတွေ ရှိကြတယ်

ဘယ်ခန္ဓာကိုယ်အမျိုးအစားမှာမဆို အလှတစ်မျိုးစီရှိကြပါတယ်။ ဝဝတုတ်တုတ်အမျိုးသမီးကို ဘာက လှစေပါသလဲ။ သူမရဲ့ ပျော့ပျော့ပျောင်းပျောင်း၊ အဆီပိုခန္ဓာကိုယ်ကောက်ကြောင်းတွေကပဲ ဖြစ်ပါတယ်။

၎။ လေးနက်သူတွေ

ဝဝတုတ်တုတ်မိန်းကလေးနဲ့ ချစ်သူရည်းစားတွေ ဖြစ်လာတဲ့အခါ ရုပ်ချောလွန်းလို့ သူမ သင့်ကို သဘောကျရုံသက်သက်မဟုတ်ဘဲ သင့်ရဲ့မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေ၊ အိပ်မက်တွေနဲ့ ရည်ရွယ်ချက်တွေကြောင့် သူမ သင့်ကို စိတ်ဝင်စားနေတယ်ဆိုတာ သဘောပေါက်ပါလိမ့်မယ်။ ဝဝတုတ်တုတ်မိန်းကလေးတွေ ပေါ့တန်တန်နေသူတွေ မဟုတ်ကြပါဘူး။ အိပ်မက် ကြီးကြီးမားမား မက်ကြသူတွေသာ ဖြစ်ပါတယ်။

၅။ အိပ်ရာအတွင်း သက်လုံကောင်း 

လိင်မှုကိစ္စ ဆောင်ရွက်တဲ့အခါမှာ ဝဝတုတ်တုတ်အမျိုးသမီးတွေဟာ ချစ်တင်းနှောမှု အံ့မခန်းဖွယ်ဖြစ်စေတဲ့ endorphin ဟော်မုန်း ထုတ်လုပ်မှု ပိုကောင်းကြပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top